Monday, February 4, 2013

ဆီးနှင်းပွင့်


Snowflake flower


Snowflake flower plant


ပန်းတွေက အများကြီးပါပဲ။ တကူးတက စိုက်ပျိုးထားတာ မဟုတ်ပဲ သူ့ အလိုကျ ပေါက်နေသလိုမျိုးပဲ။ နေရာတကာ လမ်းဘေးတွေမှာ တွေ့ - တွေ့ နေရလို့လေ။


လှတာတော့ တော်တော်လှတယ်။


 အဲဒီ နှင်းပွင့်ဖတ်ပန်းကို သမီးလေးက အရမ်းသဘောကျတယ်။


Angel နှင့် Snowflake

 

 

 

ပထမ အလှ - ရေပန်းပွင့် နောက်ခံပီး ဓာတ်ပုံရိုက်တာပါပဲ။


ရေပန်းတွေက အော်တိုမစ်တစ် လည်ပီး ရေဖျန်းသွားကြတော့ သမီးက နည်းနည်းရေစိုသွားတာနဲ့ ရေဆော့ချင်လာတယ်။

 

 

လည်ပတ်နေတဲ့ ရေပန်းမှုန်တွေကို မထိအောင် ရှောင်ပြေးရင်း ...


ရေပန်းနဲ့ ထိအောင်လည်း ရေဆော့ရင်း


သားသားက သူ့မမ ဆော့တာ ကြည့်ပီး သဘောကျလာပါပီ။


သမီးကို လှမ်းခေါ် .. အအေးမိသွားမှာစိုးလို့ .. ဒါပေမယ့် ကလေးတွေက အရမ်း ရေဆော့ချင်နေတော့လည်း ပေးဆော့ခွင့်ပြုလိုက်ရတာပေါ့။


မမက သားသားကို အတူ ခေါ်မဆော့လို့ သားသားက " ဟွန့် " ဆိုပီး စိတ်ကောက်ပြနေတဲ့ပုံစံ


သားသားက ဆော့လည်း ဆော့ချင် - ရေစိုမှာလည်း စိုးနဲ့လေ


ရေတွေ ဒီဘက်လာပီ ဆိုတာနဲ့ မမတို့ ပြေးကြမယ်ဆိုပီး တိုင်ပင်နေကြတာပေါ့ ...


ရေပန်းမှုန်တွေ လာပါတော့မယ်။


အရှောင်အတိမ်းလေးတွေနဲ့


ပြေးကြမယ်ဟေ့


ရေပန်းက ၃ ခုဆိုတော့ ဟိုဘက်ထိပ် - ဒီဘက်ထိပ်ကို ပြေးပီး ဆော့နေကြတာ။


အဲဒီနေ့က သမီးလေးနဲ့ သားသားတို့ အရမ်းကို လွပ်လပ်ပျော်ရွှင်နေကြတဲ့ နေ့လေး တစ်နေ့ရယ်ပေါ့ ...


သားသားဆို အူးယား .. အသည်းယားပီး .. ရေစိုမှာလည်းစိုး ... ဆော့လည်း ဆော့ချင်နဲ့ အသံမျိုးစုံ ထွက်ပီး ဆော့နေကြတာ။


ကားပေါ်က လူတွေကော .. ရပ်ကြည့်နေကြတဲ့လူတွေပါ .. သမီးနဲ့ သားနဲ့ လွပ်လပ်ပျော်ရွှင်စွာ ရေဆော့နေတာကို ကြည့်ပီး အရမ်းသဘောကျနေကြတာလေ။


ကလေးဘ၀ရဲ့ လွတ်လပ် - ပျော်ရွှင်မှု့ကို မှတ်တမ်းတင်ထားပါ။


ဒါ ကွန်နတ်တီကတ် ( စတိတ် ) ရဲ့ ဆေးဆိုင် အဆောက်အဦး

0 comments :