Friday, February 22, 2013

2012 နွေရာသီမိုး



သားသားချစ်တဲ့ Baby tiger ကို ကျောသပ်ပေးနေတာ။


baby tiger နှင့် ပြောင်းဆန်အောင် ဆော့နေပုံ။
( Angel ဖန်တီးထားသော ဓာတ်ပုံ ၂ ပုံ )


သည်ရက်ပိုင်း မိုးဆက်တိုက်ရွာနေတယ်။



တနေကုန် မိုးဆက်တိုက်ရွာလည်း ရေကြီးတာတို့ ဘာတို့တော့ မရှိပါဘူး။
တခြားရပ်ကွက်မှာတော့ ရေကြီးတယ်။ Shopping mall တွေ မြေအောက် ကားပါကင်တွေမှာ ရေမြုပ်တယ်။
သတင်းတွေမှာ တွေ့နေရတာပါပဲ။ ဒီဘက် ရပ်ကွက်က တနေကုန် မိုးရွာလည်း .. တောင်ပေါ် မှာမို့ ရေမကြီးဘူး။




ပြူတင်းပေါက်ကနေ မြင်ရသော မိုးသည်းပုံ


အမျိုး အမေရိကားလာလည်တုန်းက  သမီး တကူးတက မှာလိုက်သော ရန်ကုန်မှာ ကျန်ခဲ့သော ကြောင် နှစ်ကောင် အရုပ် ..
သမီး မမွေးခင်က လက်ဆောင်ရထားသော ကြောင် ၂ ကောင် ..
သမီးထက်တောင် အဲဒီ ကြောင် နှစ်ကောင်က အသက်ကြီးတယ်။ သမီးက အဲဒီ အရုပ်ကို အရမ်းကြိုက်နှစ်သက်တယ်။


ဒီ ဓာတ်ပုံလေးက သမီးလေး ၂ လ သမီးအရွယ်တုန်းက ရေချိုးရင် ထိုင်တဲ့ ကော်ခွက်ပေါ်မှာ ထိုင်ပီး သမီးလေး ချစ်တဲ့ ကြောင် နှစ်ကောင် အရုပ် အပါအ၀င် အရုပ်တွေ ပတ်ပတ်လည်လည် ၀ိုင်းနေသော အမှတ်တရ ဓာတ်ပုံ


ကလေးများ အရုပ်စင်


အံဆွဲတွေကတော့ စာရွက်စာတမ်းတွေ သိမ်းတာ။
ဘီလ်တွေလည်း သီးသန့် အံဆွဲ တကန့်စီ သိမ်းထားတာ။
အမေရိကားမှာ ပုံစံ - ၁၀ မရှိဘူး။ သန်းခေါင်စာရင်းကိုပြောတာပါ။
အမေရိကား .. ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းတွေမှာ .... ဒီအိမ်လိပ်စာမှာ နေထိုင်ကြောင်း ထောက်ခံစာ အတွက် ... မီတာဘီလ် ( သို့မဟုတ် ) အင်တာနက်ဘီလ် တခု ခု မူရင်း ပေးရတယ်။
ရန်ကုန်မှာလိုမျိုး ပုံစံ - ၁၀ မူရင်းပြ .. ကော်ပီ ပေးရသလိုမျိုးပေါ့။

ဒါကြောင့်မို့ ဘီလ်တွေကို သိမ်းထားတယ်။ ပစည်းတွေ ၀ယ်ပီးလို့ ပြန်လဲချင်တာပဲ ဖြစ်ဖြစ်၊ မကြိုက်လို့ ပိုက်ဆံ ပြန်လိုချင်တာပဲ ဖြစ်ဖြစ် ၀ယ်ပီး တလ အတွင်း ဘောက်ချာ ပြနိုင်ရင် ရတယ်။ ဒါကြောင့် တန်ဖိုးကြီးတဲ့ ပစည်း ၀ယ်တဲ့ ဘောက်ချာတွေပါ သိမ်းထားတတ်ပါတယ်။




သားသား ကားအရုပ်များ

မနက်ဖြန် သားသား ကျောင်းမှာ Fire truck လာမည်။ ကလေးများ လက်တွေ့ ဗဟုသုတ ရအောင် ရှင်းပြမည် ဆိုပီး သားသားရဲ့ သူငယ်တန်း တပတ်စာ စာသင်မယ့် စာရွက်မှာ ဖော်ပြထားပါတယ်။
ကြာသပတေး နေ့ဆိုရင် နောက်အပတ်မှာ ဘာ သင်ခန်းစာတွေ သင်မယ် ဆိုတာ တပတ်စာ သင်မယ့် သင်ခန်းစာ .. အစီအစဉ် စာရွက် ပေးတယ်။


သမီးလေး အရုပ်များ ..

အရုပ်က သေးတော့ သေးတယ်။ တရုပ်ကို ၅ဒေါ်လာကနေ ၇ ဒေါ်လာ လောက် ရှိတယ်။
ဝယ်တုန်းကတော့ တရုပ်ခြင်းစီ ၀ယ်တာပဲ။ တဖြည်းဖြည်း အ၇ုပ်တွေက များလာတယ်။


သား နှင့် သမီး


ထီးသိုင်း






ကျောက်တုံးပေါ်မှာ ရှဉ့်တကောင် .. သစ်ပင် ခြေရင်းနားမှာ ရှဉ့်တကောင်




ရှဉ့်အမဲ .. လူယဉ်တယ်။ ထွက်မပြေးဘူး။ အေးအေးဆေးဆေး စားစရာ ရှိတာ စားနေတယ်။






သစ်ပင်ပေါ် ပြန်တက်သွားနေပုံ








မောင်နှမ နှစ်ယောက် နေ့လည်စာ ... ထမင်းစားနေကြပုံ အမှတ်တရ ...


ညစာ


ညစာ စားနေတဲ့အချိန်


မနက်စာ ...




Peace


What?

0 comments :