Tuesday, January 15, 2013

ကြက်သားခုတ်နည်း :P


wordpress blog အသစ်ကို 08.11.12 မှာ ... ဘလော့ အသစ် စရေးတာက မြန်မာလို zawgyi one fonts နဲ့ ရေးပါတယ်။

လာဖတ်တဲ့သူတွေ .. Like တဲ့လူတွေက မြန်မာလို မတတ်သော နိုင်ငံခြားသားတွေများနေပါတယ်။

ကိုယ့်ဘလော့ရဲ့ ရည်ရွယ်ချက်က ...
Sharing ခေတ်ကြီးထဲမှာ .. ကိုယ့် သိလိုက်တဲ့ အသိ ...
ကိုယ့်ရဲ့ အတွေ့အကြုံကို မျှဝေချင်ရုံ သပ်သပ်ပါပဲ ...
တခြား ဘာမှ မရှိပါဘူး။

နာမည်ကြီးဖို့လည်း မဟုတ်တာမို့ ... ကိုယ့်ဘလော့ လိပ်စာကို အကြီးအကျယ် မကြေငြာဖြစ်ပါဘူး။
ဖြစ်ချင်တာက ... တကယ် ဖတ်ချင်တဲ့လူ .. တကယ် အကူအညီ လိုနေတဲ့လူမျိုးကို ပြောပြပေးချင်ရုံ သပ်သပ်မို့ .. search engines က လာတဲ့ လူတွေ ကိုပဲ ဦးစားပေးမိတာပါ။

အခု လာဖတ်တဲ့လူတွေ ရဲ့ ဘလော့တွေ trace နှင့် သွားကြည့်မိတော့မှ ကိုယ့် ရဲ့ ချက်နည်းတွေမှာ ဆီများနေတာ ...

ဒါတောင် ဆီကို အရင် ဘလော့အဟောင်း BLOGSPOT က ပိုစ့်တွေလို ဆီ - သုံးထားတာ မဟုတ်ပါဘူး။

အခု နောက်ပိုင်း ချက်တဲ့ ဟင်းတွေမှာ ဆီကို ... ခွက်ရဲ့ လေးပုံ ၁ ပုံ ပဲ ထည့်ချက်ထားပါတယ်။

အရင် ပိုစ့် အဟောင်းတုန်းက ဆီ က ခွက် - ၁ ခွက်
ဆား ဆို အရင် ပိုစ့် အဟောင်းတုန်းက လက်ဘက်ရည်ဇွန်း ( ၃ ) ဇွန်း
အခု ဘလော့ အသစ်မှာ -
အခု လက်တလော ချက်နေတဲ့ ဟင်းတွေမှာ ... လက်ဘက်ရည် ဇွန်း ( ၁ ) ဇွန်း နှင့် ငံပြာရည် ဖြည့်စွက် ...

ဟင်းခတ်မှုန့်ကို ရှိသမျှ ဟင်းတိုင်း .. ထည့် မချက်ထားပါဘူး။

သူတို့ ချက်နည်းမှာ ဆီက ထမင်းစားဇွန်း - ၁ ဇွန်း၊ ဆားက နှမ်းပက်သလောက် ...

ပီးတော့ .. ဘလော့ဂါ တယောက်ဆိုရင် ကျန်းမာရေး အသိပညာပေး ဘလော့ပိုင်ရှင်ပါ။ ကိုယ့်ဘလော့က ပိုစ့်ကို လာလည်ပီး like သွားပါသေးတယ်။

သူ့ရဲ့ ဘလော့က ဗဟုသုတ ရပါတယ်။ ဒါတွေကို ရှောင်လို့လည်း အခု နောက်ပိုင်း အမေရိကားမှာ အသက်ရှည်လာတဲ့ လူတွေ အများကြီးပါပဲ။

အမေရိကားမှာ အသက် ၈၅ နှစ်ဆိုတာ ကားတောင် ကိုယ်တိုင် မောင်းနေတုန်းပါပဲ။


ကိုယ့် ကို - တကယ့်ကို အပြုသဘောနဲ့ မသိမသာ ... အမုန်းလည်း မပွားပဲ လာပီး ထောက်ပြပေးနေတယ်လို့ ကိုယ့်ကိုကိုယ် ထင်မြင် ယူဆမိပါတယ်။


ကိုယ့်ရဲ့ အရင်ဦးဆုံး ၂၀၀၈ ခုနှစ်က wordpress ဘလော့မှာတုန်းက ဒီလို အဖြစ်အပျက်မျိုးတွေ မရှိခဲ့ဖူးဘူး။

အခု wordpress ဘလော့က တဖြည်းဖြည်း ဘလော့ ဗားရှင်း မြင့်နေတာမို့ .. ဘလော့ တခု နှင့် တခု ဆက်ကြောင်းမိနေပါတယ်။

blogspot မှာ အဲလိုမျိုး ရှိမရှိ မသိဘူး။ ကိုယ့် သေချာ မသိတာလည်း ပါတယ်။

colouful ဖြစ်တော့မှ ဒီလိုမျိုးလေးတွေ ကြုံနေရတာမို့ ... ကိုယ့်အတွက် အထူးအဆန်းဖြစ်နေတယ်။

blogspot တုန်းက blog roll ကနေ လာတာမို့ မြန်မာ ဘလော့ဂါ နှင့် ဧည့်သည်လောက်ပဲ ရှိပါတယ်။

ဒီလိုမျိုး နိုင်ငံခြားသားတွေ မတွေ့ဖူးဘူး။

တဖြည်းဖြည်းနဲ့ ကိုယ့် ရဲ့ ဘလော့ ကို -

  • ကျန်းမာရေး .. အထောက်အကူပြု အစားအသောက်ချက်နည်းများ၊ ( ရေးဖို့ လိုပါသေးတယ် :P )
  • ချက်ရင်း ပြုပ်ရင်း ကြုံတွေ့လာသော ပြသနာ များကို ဖြေရှင်းနည်းများ၊
( ဥပမာ - ကွတ်ကီး မုန့်ဖုတ်တာ ဗန်းကို oven အလယ်နေရာမှာ မထားပဲ .. မီး နှင့် အရမ်း ဝေးဝေး စင်မှာ ထားပီး ဖုတ်တာတို့ ... oven ကို ပူအောင် အရင် ကြို မဖွင့်ထားပဲ ... ကိုယ့်ရေးတဲ့ ၁၂ မိနစ်မှာ ... သူတို့ ဖုတ်တဲ့ မုန့်က မကျက်သေးတာတို့ ။ ဌက်ပျော်သီး ဆနွင်းမကင်းဆို ... ဌက်ပျော်သီး မှည့်ဆိုရင် .. ချေပီး ဆနွင်းမကင်းဖုတ်ဖို့ ... ဌက်ပျော်သီး မှည့်ကို blender နှင့် မွှေပီး ဆနွင်းမကင်းမုန့်ဖုတ်ရင် မုန့်နှစ်ရည် များသွားတတ်တာတို့ .. ဆိတ်သားလို ညှီတဲ့ အသား များကို မညှီအောင် ချက်တာတို့ ) အဲလိုမျိုးလေးတွေပေါ့ ... နောက်များမှပါ။ အခု လတ်တလောတော့ ဘလော့မှာ ပိုစ့်ရေးရင်းနှင့် ထည့် ရေး သွားတတ်ပါတယ်။ တခြားသူများရဲ့ မေးလာတဲ့ ကွန့်မန့်တွေကို ပြန်ပေးရင်း .. တခြားလူရဲ့ problem တွေကို သိနေတာပါ။  ကြက်သား မခုတ်တတ်တာ ဘာမှ ရှက်စရာ မဟုတ်ဘူးနော်။ လာမေးတဲ့လူက ကိုယ့်ရဲ့ အသက် ခေါက်ချိုး ငယ်ပေမယ့် .. နိုင်ငံခြားမှာ တတ်နေတဲ့ ကျောင်းက စီးပွားရေး စီမံခန့်ခွဲမှု့ နည်းပညာ ... တနေ့မှာ မြန်မာနိုင်ငံမှာ အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင် အလောင်းအလျာ လေးမို့ ...
ကြက်သား ခုတ်နည်းပါ .. ဓာတ်ပုံ နှင့် အတူ ရှင်းပြပေးလိုက်ပါတယ်။ အဲဒီလူတွေက gtalk က လူတွေပါ။ အသိတွေလေ ... သူ့တို့က မေးရဲ .. ပြောရဲနေတော့ .. ကိုယ်လည်း ဘလော့ရေးနေရင်းနဲ့ problem တွေ ဘယ်နေရာမှာ ဖြစ်တတ်တယ်ဆိုတာ သိလာတာပါ။
ကိုယ့်ဘာသာ ကိုယ် ချက်နေတုန်းက ဒီလိုမျိုးလေးတွေ ကြုံနိုင်တယ်ဆိုတာ မသိဘူးလေ။
မချက်တတ်တဲ့လူ .. စ ချက်တော့ သူတို့လည်း အခက်အခဲလေးတွေ ကြုံလာတာကို မေးတာပေါ့ ။ ကိုယ်လား .. အားမှ ဖြေတာ။ မအားရင် မဖြေဘူး။
ဈေးကိုင်မိတာ စိတ်မကောင်းဘူး။ သူတို့ အလှည့်ကျရင် ဈေးကိုင်မလား မသိဘူး။
" အန်တီသက်က .. ကလေးထိန်းနေရလို့ မအားလို့ပါကွယ် " :)

Have a nice day!
Enjoy your life,
Thet Nandar @ Thiri Yatanar
09/18/2012
09:45 A.M ( EDT Time )


102-Year-Old woman still drives her 82-Year-old car

YouTube : http://youtu.be/CHwwwJ83oWo
 
 
 
ပလပ်စတစ်ဖြင့် ထုတ်ပိုးထားသော ကြက်သား



ကြက်သား ဈေးနှုန်း
ကြက်တကောင် - ၄.၈၅ ပေါင်


ကြက်သားကို ထုတ်ထားသော ပလပ်စတစ်ကို ခွာပီးနောက်


အထဲမှာ - ကြက်အသဲ အမြစ် နှင့် လည်ပင်းရိုး ပါတယ်။


ကြက်သားကို အရင်ဆုံး .. ပေါင်ရင်း နေရာကနေ စခုတ်ပါ။
ပေါင်ရင်း ၂ ဖက် ကို ခုတ်ပီးလျှင် ..
ကြက်ရင်ဘုံကို လက်ဖြင့် ဆွဲ ခွါ ချလိုက်ပါ။


ကြက် - ၂ ပိုင်း ပြတ်သွားပါလိမ့်မည်။


ပေါင်ရင်း ၂ ဖက်ကို ဖြတ် ခုတ်ပီးလျှင် အလည်ပိုင်းကို -

 


အနေတော် ခုတ်ထစ်ပါ။


ပေါင်ရင်းပိုင်း


အိမ်မှာ ပေါင် နှင့် ပေါင်းရင်းပိုင်း ကို ၂ ပိုင်းလောက်ပဲ ခုတ်ထစ်၊ ချက်တာ များပါသည်။


အတောင်ပံ ၂ ဖက်ကို ခုတ်ပါ။


အလယ်ကို တ၀က် ဖြတ်


အတောင်ပံ ကို တ၀က်ဖြတ်


အလယ်ပိုင်းကို တပိုင်းစီ


အနေတော် ကြက်သားတုံးပါ။

 



ကြက်သားများ ခုတ်ထစ်အပီး ...

2 comments :

thu ma said...

ကြက်သားခုတ်နည်း ရှယ်ယာပေးတာ ကျေးဇူးတင်လိုက်တာ။ ဒီမှာက ခုတ်မပေးဘဲ ကောင်လုံးလိုက် ရောင်းတဲ့ ဆိုင်တွေက ဈေးပိုချိုတယ်လေ။ အရင်တုန်းက ဝယ်ပြီး သေချာမခုတ်တက်ပဲ ဟိုနားလိုက် ခုတ် ၊ ဒီနားလိုက်ခုတ် နဲ့ အတုံးတွေက မလှဘူးရယ်။ အခုကျ အစ်မသက် ရှယ်ယာပေးတာ ကောင်း၂ ခုတ်တက်လို့ အိမ်ကို ဖုန်းဆက်တော့တောင် မာမီကို ကြွားလိုက်သေးတယ်။ :D

သီရိရတနာ said...

@ Thu Ma - အိမ်လာလည်တာ ကျေးဇူးနော် သူမ ...

ကိုယ် သူမ ကို အမြဲသတိရတတ်ပါတယ်။ ဒီဘလော့မှာ 2012 ကနေ အခု အချိန်အထိ ပေါ်ပြူလာပိုစ့် အဖြစ်နဲ့ နံပါတ် တစ် ချိတ်နေတာ သူမ၏ ဟင်းချက်နည်း ပိုစ့်လေ ...

ဒီ ဘလော့ ရောက်တိုင်း သူမကို အမြဲ သတိရတတ်နေတယ်။

ကြက်သားခုတ်နည်းက အမှန် ပိုစ့်တင်ဖို့ လုံးဝ ကို စိတ်ကူး မရတာပါ။

ခင်မင်ရပါသော တူ၊ တူမအရွယ် သူငယ်ချင်းက မေးလာလို့ ..

သူလည်း ဘလော့ လာဖတ်ရင်းနဲ့ ကြက်သား ဒိန်ချဉ် မဆလာချက် ကို ချက်စားချင်လာတယ်လေ .. ကြက်တကောင်လုံးဆို ကင်တာ ပိုစားကောင်တယ်။ ကြက်ကင်ကို အသားမခုတ်ပဲ ဒီအတိုင်း လက်နဲ့ ဖဲ့စားတာ ပိုအားရပေမယ့် ဟင်းတို့ ဘာတို့ကျတော့ ကြက်သားက ခုတ်ပီး ချက်မှ ကောင်းတာပေါ့နော်။

ဒီမှာက ခုတ်ပီးသား အသားတုံးလည်း ရှိပါတယ်။ ဒါပေမယ့် .. တမျိုးစီ ဖြစ်နေပါတယ်။

ဥပမာ -
ကြက် ပေါင် ဆို ကြက်ပေါင်ကြီးပဲ ..
ကြက်ပေါင်ရင်းသား ( chicken thighs ) ဆိုလည်း ကြက်ပေါင်ရင်းသားချည်းပဲ၊
ရင်ဘုံ ဆိုလည်း ရင်ဘုံချည်းပဲ ရောင်းတာမို့ ..
သူ့က တကောင်လုံးကို မြန်မာက သူ့အမေ အိမ် ဟင်းအိုးလိုမျိုး ချက်ချင်တယ် ဆိုပီး မေးလာလို့ ပြောပြတာပါ။ သူ့သာ မမေးရင် လုံးဝ ကို ပိုစ့်တင်ဖို့ စိတ်ကူးတောင် မရပါဘူး သူမရယ် ...

ကိုယ်တို့တွေ .. ရေခြား .. မြေခြား ရောက်မှ ကိုယ်ထူကိုယ်ထ ကိုယ်ဘာသာကိုယ် အစ .. အဆုံး လိုက်လုပ်နေရတယ်နော် ...

မိဘနဲ့ နေတုန်းကဆို .. အားလုံး အဆင့်သင့်ပဲ ... အကောင်းဘက်က ကြည့်ရင် ကိုယ့်အား ကိုယ်ကိုးတတ်လာတယ်။ ကိုယ့်ဘ၀ ကို ကိုယ်တိုင် စီမံ ခန့်ခွဲတတ်လာတယ်။ ရင့်ကျက်လာတယ်။

မိဘကလည်း သားသမီးနဲ့ အဝေးမှာ နေရပေမယ့်လို့ အရည်အချင်းရှိပီး ရင့်ကျက်လာတဲ့ သားသမီးအတွက် ကျေနပ်နေမှာပါ။