Wednesday, January 16, 2013

FB

 အခု .. တစ်အိမ် တက် .. ဆင်း .. ဘလော့ လိုက်ဖတ် နေရင်းနဲ့ .. Blogger တစ်ယောက်ရဲ့ ဘလော့ပိုစ့်မှာ comment ရေးရင်း ... အဲဒီ ကွန်မန့်လေးကို ကိုယ့်ရဲ့ ဘလော့မှာ မှတ်တမ်း အနေနဲ့ သိမ်းချင်လာတာမို့ ပိုစ့် တင်လိုက်တာပါ။

ကိုယ် ရေးထားတဲ့ ကွန်မန့်က ...

အင်္ဂလန်က ဆရာဝန် တစ်ယောက်ရဲ့ လစာ ၀င်ငွေကိုတော့ မသိပါဘူး။
တလောက .. Facebook မှာ တူမလေး တစ်ယောက်လို ခင်နေရတဲ့ မြန်မာက ဟောက်ဆာဂျင် ဆရာဝန်မလေး တစ်ယောက်က သူ့ရဲ့ လစာကို ဓာတ်ပုံရိုက်ပီး ဖေ့ဘွတ်ပေါ် မှာ တင်ထားပါတယ်။
ရုတ်တရက် ကြည့်လိုက်တာ .. ငါးထောင်တန်တွေ ဆိုတော့ အများကြီးပေါ့ ..
ငါးထောင်တန် - ဆယ်တစ်၇ွက်ကို ယပ်တောင်ပုံစံ .. ဖြန့်ပီး ဓါတ်ပုံ ရိုက်ထားတာလေ ...
တလကို ငါးသောင်း ငါးထောင်ဆိုတော့ .. ဘာပဲ ပြောပြော နည်းတာပေါ့နော် ...
အမေရိကားမှာ ( လုပ်သက်ရင့်တဲ့သူ ) တရက်ကို  တစ်ရာလောက် ရတာ ... ( ပညာတတ် လစာ မဟုတ်သေးဘူး )
သူ့ဆို နေ့ဂျူတီ၊ ညဂျူတီ တာဝန်တွေရော .. စီနီယာနာစ့် .. ဆရာဝန် ဆရာကြီးတွေရဲ့ အပြောအဆို လူမှုဆက်ဆံရေးတွေရော  .. အများကြီးပေါ့ ...
 ဆရာဝန်လည်း လူပဲ ..
ရိုးရိုး သာမာန်လူတောင် အလုပ်ရှုပ်လာရင် စိတ်တိုတတ်တာ ..
ဆရာဝန် ဆိုတာ သေရေး၊ ရှင်ရေး ကိစကို ကိုင်တွယ်ရတာဆိုတော့ ပိုပီး ကေ့စ်ကြီး ..
အလုပ်ရှုပ်လာရင် ..
နားလည်မှု့ မရှိတဲ့ အလိုက်ကန်းဆိုး မသိတဲ့ သူနဲ့ ကြုံလာရင် သူ .. သူ .. ကိုယ် .. ကိုယ်  စိတ်တိုတတ်ပါပဲ ...

ရန်ကုန်မှာက အဆင်ပြေတဲ့ ဆရာဝန်လည်း အရမ်း အဆင်ပြေသလို .. အဆင်မပြေတဲ့ ဆရာဝန်လည်း အများကြီးပါပဲ ...
အဲဒီ အချိန်မှာ .. ဂျာနယ်လစ်တယောက်က ဆေးရုံပေါ်မှာ ဓာတ်ပုံ ရိုက်တာကို ပိတ်ပင်တာနဲ့ ပတ်သက်ပီး .. ဖေ့ဘွတ်ပေါ်မှာ ဆရာဝန်တွေကို ၀ါးလုံးရှည်ရှည်နဲ့ ရမ်းပီး ပြောပါသေးတယ်။
ဆေးရုံတို့ တရားရုံးတို့ ဌာနဆိုင်ရာ ရုံးတို့ဆိုတာ ဓာတ်ပုံ မရိုက်ရဘူးဆိုတာ ပြောစရာတောင် မလိုပါဘူး။ သိနေရမယ့် ကျင့်ဝတ်ပါ။

အဲဒီတုန်းက ၀င်ပြောချင်တယ်။ ဒါပေမယ့် .. ကိုယ်တွေက အမေရိကားမှာ နေတာဆိုတော့ .. ဖေ့ဘွတ်ကို သတိထားပီး သုံးနေရတယ်။

ဖေ့ဘွတ်က သုံးတတ်ရင် အကျိုး အရမ်း ရှိပါတယ်။
မသုံးတတ်ရင် တကယ့်ကို ဆိုးကျိုး အများကြီးပေးပါတယ်။

Posts Facebook Status About Drunk Driving, Gets Arrested

ဒါက အမေရိကားမှာ ဆယ်ကျော်သက် ကောင်လေး တယောက် နှစ်သစ်ကူးညက အရက်သောက်တယ်။ ကားမောင်းတယ်။ သူ့ဘာသာ သူ အရက်သောက်၊ ကားမောင်းတာ .. ရဲ ကားနဲ့ မတွေ့လို့ အဖမ်း မခံရပေမယ့် အဲဒါကို သူ့က ဖေ့ဘွတ်မှာ သွားပီး ရေးတော့ သူ့ Friend list ထဲက တယောက်က ရဲ ကို report လုပ်လိုက်တာနဲ့ သူလည်း အချုပ်ထဲ အိပ်ရပါတော့တယ်။

အမေရိကားမှာ အရက်မူးနေရင် ကားမောင်းလို့ မရပါဘူး။

အခု .. အမေရိကားက ရဲတွေက ဖေ့ဘွတ်၊ တွစ်တာ ကို စုံစမ်း စစ်ဆေးတဲ့ နေရာအဖြစ် တည်ကျက်ထားထားပါတယ်။

ဖေ့ဘွတ်မှာ နာမည် အမှန်ပဲ ပေး .. ပေး .. မပေး .. မပေး .. ကိစ မရှိဘူး။

Facebook .. setting .. ထဲက Active မှာ ကိုယ့်ရဲ့ တည်နေရာ နဲ့ ip က ပေါ်နေပီးသားမို့ .. ရဲ က စုံစမ်းရင် .. ခြေရာခံရင် အရမ်းလွယ်တယ်။

ဓာတ်ပုံတောင် .. ကင်မရာ၊ ဟမ်းဖုန်းနဲ့ ရိုက်တဲ့ ပုံတောင် .. ရိုက်တဲ့သူက location ကို on ထားရင် .. အဲဒီပုံ ဘယ်မှာ ရိုက်ထားတာလဲးဆိုတာက အစ ခြေရာခံလို့ အရမ်းပဲ လွယ်တာပါပဲ ...

အဲဒါက နမူနာပဲ ရှိပါသေးတယ်။
ဒါကြောင့်မို့ ဖေ့ဘွတ်မှာ သတိထားပီး သုံးမှ တော်ကာကြတာပါ။

*** ကွန်မန့်က ရှည်ရှည် ရေးလို့ မရလို့ ..

ရန်ကုန်က လူတွေအတွက်တော့ ရီစရာကြီး ဖြစ်နေမှာပဲနော်။
အမေရိကားမှာ အရက်သောက်ထားတဲ့လူ .. ကားမောင်းရင် ရဲ က ဖမ်းတယ်ဆိုတာရယ် ...
အဲဒါလေး ဖေ့ဘွတ်မှာ ပိုစ့်တင်တာလေးနဲ့ ဂျေလ်းထဲမှာ အိပ်ရတယ်ဆိုတာကိုပါ ...

ဒါတောင် ကျန်သေးတယ်။
ဖေ့ဘွတ်က ကိုယ့်ရဲ့ စတေးတက်စ်လေး .. ရင်တွင်းဖြစ်လေး တင်ရုံ ရှိသေး .. ယုံထင် .. ကြောင်ထင်နဲ့ အကိုလည်း လူသတ်သမား ဖြစ်လိုဖြစ်နဲ့ လက်ထိပ်ခတ် .. ကုတ်ပိုးဆွဲပီး တရားရုံးမှာ အမှုဆိုင်ရတဲ့ အဖြစ်တွေလည်း ရှိသေးတယ်။

တွစ်တာမှာဆိုလည်း အများကြီးပဲ ...

 ဘလော့ဆိုလည်း .. ip - trace လိုက်လို့ရတာပဲ ... ဒီ ၀ပ်ဆိုဒ် ရေးတဲ့လူ .. ဘယ်မှာနေတယ်။ ဘယ်သူ့လဲး ဆိုတာလည်း trace လိုက်လို့ရတာပါပဲ ...

ဂျီးမေလ်းဆို .. အောက်နားမှာ အိုင်ပီ နံပါတ်တွေကော .. ကွန်ပြူတာ ဗာရှင်းတွေကော .. စုံ စိနေအောင် ပြနေသေးတယ်။

အမေရိကားမှာ ကလေး တစ်ယောက်  ဖေ့ဘွတ် အကောင့် ရှိတယ်ဆိုရင် အထူးအဆန်းဖြစ်နေတတ်ကြပါတယ်။ အမှန်က တကယ့် ပိုက်ဆံနဲ့ ဖေ့ဘွတ်ဂိမ်းတွေ ဆော့နေတာမို့ ကလေးတစ်ယောက်မှာ ဖေ့ဘွတ် အကောင့် ရှိနေတာပါ။


သမီး Facebook a/c ဆို June 06 2008 မှာ ဖေ့ဘွတ်ဂိမ်း စ ဆော့တာ။
အမေရိကားက သမီး သူငယ်ချင်းတွေမှာ Facebook a/c မရှိဘူး။
ကိုယ့် ရဲ့ Facebook a/c က January 18 2010 မှ ဖေ့ဘွတ်ဂိမ်း စဆော့တာ .. သူငယ်ချင်း နည်းနည်းလေးပဲ ရှိတယ်။ အကုန်လုံးနီးပါးက တကယ့် ပိုက်ဆံနဲ့ ဖေ့ဘွတ်ဂိမ်း ဆော့တဲ့ နိုင်ငံပေါင်းစုံက သူငယ်ချင်းတွေ ...
အခု .. Facebook graph search နဲ့ဆိုရင် .. Google search engine ထက်တောင် ပိုကောင်းမလားပဲ ...

ပျော်ပျော်ပါးပါးပေါ့ ...

ကောင်းကောင်း search ရှာကြည့်အုံးမယ်။

နောက်တခု .. ကိုယ်ရေးချင်တာက .. ခဲတံနတ် အကြောင်းပါ။
ငယ်ငယ်တုန်းက လသာ ၂ မှာ ရှစ်တန်း .. မုန့်စားဆင်း မြညီလာခန်းမက စတိတ်စင်ကို မီးထိုးတဲ့ ထပ်ခိုးမှာ သူငယ်ချင်းတွေနဲ့ အတူ မေးခဲ့ဖူးတဲ့ ခဲတံနတ် အကြောင်း ရေးချင်တာ။

ကိုယ့်က ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြန်ပြောင်း အောင်းမေ့စရာ အဖြစ် မရေးတတ်တော့ .. ခဲတံနတ်ဟေ့ လိုပဲ ရေးလိုက်တော့မယ်။

ဘာလို့လဲးဆိုရင် .. အခု ခဲတံနတ် မေးချင်လာလို့ ...

မယုံ မရှိနဲ့နော်။ အဲဒီ ခဲတံက တကယ်ကို ၀င်ပီး .. ခဲတံ လှုပ်တာ .. မှန်လည်း မှန်တယ်။
သရဲလား .. နတ်လားတော့ မသိဘူး။
ခဲတံကတော့ တပတ် လည်နေတာပဲ ..
အပေါ်တွေ ထောင်လိုက် .. အောက်ဆိုက် ပြလိုက် .. တပတ်လည်ပြလိုက်နဲ့ ..
အိမ်ထဲမှာတော့ အိမ်စောင့်နတ် ရှိလို့ ခဲတံနတ် မေးလို့ မရဘူး။

ကလေးတွေနဲ့အတူ မေးလို့လည်း မရဘူး။

2 comments :

Anonymous said...

ဂျပန်မှာလဲ မူးရင်မောင်းလို့မရဘူး
လွန်ခဲ့တဲ့၃နှစ်ကစပီး ဥပဒေတမျိုးထပ်ထုတ်တယ်။ မူးပီးမောင်းရင် ဒဏ်ငွေအများကြီးဆောင်ရသလို မူးပီးမောင်းတဲ့ကားပေါ်မှာ စီးသူတွေပါ ဒဏ်ငွေအတူတူ(ပမာဏ အများကြီး)ဆောင်ရတယ်။
ဒါကြောင့် မူးရင် ကားမမောင်းကြဘူး။

မြန်မာပြည်မှာအဲလိုလေးလုပ်ရင်သိပ်ကောင်းမှာပဲနော်....။

အမြဲလိုစာလာဖတ်ဖြစ်ပါတယ်။း)

နောင်ဂျိန်

သီရိရတနာ said...

@ နောင်ဂျိန် - မူးရင် ကားမမောင်းရဘူး ဆိုတာရယ် ..

တနင်္ဂနွေနေ့မှာ ကွန်နက်တီကတ် စတိတ်က ဈေးဆိုင်တွေမှာ အရက်၊ ဘီယာ ရောင်းခွင့် မရှိပါဘူး။

ဘီယာဗူး၊ အရက်ပုလင်းကိုလည်း လူမြင်ကွင်းမှာ ကိုင်ပီး သောက်ခွင့် .. ပိတ်ပင်ထားပါတယ်။
( အရက်ပုလင်း ကိုင်ပီး မူးတာလေ :P )

မြန်မာပြည်ကတော့ .. သူ့ရိုးရာ နှင့် သူ့ဓလေ့ မို့ .. ဟုတ်နေတာပါပဲ ... :P

အိမ်လာလည်တာကော .. အချိန်ပေးပီး ကွန့်မန့်ရေးပေးတာရော .. ဂျပန် အကြောင်းပါ မျှဝေ ပေးတာရော .. ကျေးဇူးပါ။