Wednesday, January 9, 2013

အီကွေးကြက်ဥကြော်


ဓာတ်ပုံကို သေချာကြည့်ပါ။
အီကွေးနှင့် အတူ သင် တခုခုကို မြင်တယ်ဆိုရင် .. သင့် မျက်စိအမြင်အာရုံ ကောင်းမွန်နေတာမို့ ဘာမှ စိုးရိမ်စရာ မရှိပါ။
( စေတနာနှင့် အခမဲ့ မျက်စိ စမ်းသပ်ပေးတာပါ ) :P


အီကွေးကို ပါးပါးလှီးပီး .. ကြက်ဥခေါက်ထားတဲ့ ပန်းကန်ထဲ ထည့်ပါ။
ဆီပူမှာ ထည့်ကြော်ပါ။


သကြားဖြူးပီး စားပါ။
အီကွေးကို မြန်မာနိုင်ငံ တရုတ်တန်းမှာတင်မက .. စင်ကာပူနိုင်ငံ၊ အမေရိကန်နိုင်ငံ အေရှန်ဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။

ကိုယ့်ဘာသာကိုယ် အီကွေးကို အိမ်မှာ ချက်ချင်တယ်ဆိုရင်တော့ ...
ကောက်ညှင်းမှုန့် - ၃ ခွက်
ဆန်မှုန့် - 1/2 ခွက်
ကြံသကာ - တထုပ်
ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ရေထည့်ပီး ရောနှယ်ထားပါ။
ကြံသကာရည်ကို ညောင်စေး မကျတကျ ကျိုပီး အအေးခံထားပါ။
ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ကြံသကာရည်များကို ရောမွှေပါ။
ခပ်ပျစ်ပျစ် ဖြစ်လာလျှင် .. သံဗူးခွက် အ၀ိုင်းထဲ ဆီ အနည်းငယ် သုတ်ပီး မုန့်နှစ်ကို ထည့်ပါ။
အသီး သံဗူးခွက် အလွတ်တွေထဲ ထည့်လျှင် ရပါသည်။
ရေနွေး ပေါင်းအိုးဖြင့် ၂ နာရီ ~ ၅ နာရီ ပတ်ဝန်းကျင် ဖြင့် ပေါင်းလျှင် မုန့်ကျက်ပါလိမ့်မည်။


10 comments :

Shwe Aung San said...

ants :P

Q-te said...

ပွက်စိတ် :P :P

သီရိရတနာ said...

@Shwe Aung San & Q-te ...

သင်တို့ မျက်စိ အမြင်အာရုံတွေ ကောင်းမွန်နေတာမို့ .. ဘာမှ စိုးရိမ်စရာ မရှိပါရှင် ...

ဒီထက်ပိုပီး မျက်စိ အမြင်အာရုံ ပြူးပြူးပြဲပြဲ ... ရှင်းရှင်းလင်းလင်း .. ထင်ထင်ရှားရှား ... ကွက်ကွက်ကွင်းကွင်း ..မြင်ကွင်းကျယ်ကျယ် ... မြင်ရအောင် .. သီရိရတနာ မိသားစု အိမ်မှ ပုရွက်ဆိတ်ပါသော အီကွေးကြက်ဥကြော် စားလိုက်ရင် ... ပိုပီး မျက်စိပြူးသွားပါလိမ့်မယ်။
ဟီး .. ဟီး

Thu Ya Aung said...

Hi Ma Thiri,
Thanks for the post.
I got a question.
What(how) do we ask for in Chinese shop to get (e kway)?

Thu

သီရိရတနာ said...

@ Thu Ya Aung -

Brown Sugar New Year Pudding ( or ) Nian Gao
တခြား ဘလော့က recipe ၀ပ်ဆိုဒ်လင့် share မယ်နော်။

အီကွေး လုပ်နည်း recipe blog link : http://www.chinesecookingrecipes.net/2012/01/fujian-brown-sugar-new-year-pudding-nian-gao-%E7%A6%8F%E5%BB%BA%E5%B9%B4%E7%B3%95-%E7%BA%A2%E7%B3%96%E5%B9%B4%E7%B3%95/

Google မှာ .. " Nian Gao " ဆိုပီး ရှာကြည့်လိုက်ပါ။
အီကွေး လုပ်နည်း recipe နှင့် အတူ အီကွေး မုန့်ဆိုင်၊ အီကွေးမုန့်တွေကို ပုံစံ အမျိုးမျိုး .. တွေ့ပါလိမ့်မယ်။

အီကွေးထည့်တဲ့ ခွက်တောင် ကိတ်မုန့်ခွက်တွေကော .. ငါးပုံစံခွက်တွေကော .. အမျိုးကို စုံနေတာပါပဲ ...

မိစံ said...

ပေါဆိတ်စားပြီး မျက်လုံးကျယ်သွားပါပြီး)
အီကွေးကိုကြိုက်ရဲ့သားနဲ့
တစ်ခုလုံးကုန်အောင် မစားနိုင်သေးဘူး
သူက နာမည်စီးနေတာကိုး :D

စကားမစပ်..
ကားတစ်စီး ခဏယူသွားမယ်နော်အစ်မ
သိပ်မကြာပါဘူး။တစ်လလောက်ပါဘဲး))

NSA said...

အ၏ပုရွက်ဆိတ်အမြ်း ၃ ကောင်တော့ မြင်တယ်.. အီကွေ့အလည်မှာ ဆံခြည်မျှင်တစ်ချောင်းမြင်သေး... သေချာပြူးကြည့်မှ ကိုယ့်လက်ပတော့ စခရင်မှာ ဆံပင်ကပ်နေတာ :D

သီရိရတနာ said...

@ မိစံ နှင့် NSA -

အား .... ပါး .... ပါး ...
Six Million Dollar Man နီးပါး ...
Bionic Woman ထက်တောင် ပိုပီး အမြင်အာရုံ ထူးရှ ထက်မြက်နေသော .... အံမခန်း မျက်စိ စွမ်းအားပိုင်ရှင်တွေပဲ ...

သင်တို့ မျက်စိ စွမ်းအားက အရမ်း အရမ်းကို စူးရှ ထက်မြက်လွန်းလို့ လက်ဖျား ခါလောက်ပါတယ်။

သမီးစံ .. ဘယ်ကားလည်း မသိဘူး။ သားသားရဲ့ ကားတွေနဲ့ တူတယ်။ ပြန်မပေးနဲ့ .. အပိုင်သာ ယူသွားပါ ... :D

P.S - Six Million Dollar Man ( TV series ) - မျက်စိ စွမ်းအားပိုင်ရှင်
Bionic Woman ( TV Series ) - အကြား အာရုံ စွမ်းအား ပိုင်ရှင်

Thu Ya Aung said...

Thanks Ma Thiri...

သီရိရတနာ said...

@ Thu Ya Aung - You're Welcome, Ko Thuya Aung.
Thanks for visiting. :)