Saturday, January 19, 2013

လေထန်ကုန်းမှ ထမင်းကြော်

၃၃လမ်း ( လေထန်ကုန်း ) လက်ဘက်ရည်ဆိုင်မှ မနက်စာ ပဲပြုပ်ထမင်းကြော် နှင့် ၀က်သားဆီပြန်ဟင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တော်မှာ နေထိုင်စဉ် .. မနက် ၇း၃၀ .. ၈ နာရီ ပတ်ဝန်းကျင်လောက်ဆို .. အိမ်ရှေ့ ၀ါရံတာကနေ လက်ခုပ်တီးပီး ထမင်းကြော် ၃ ပွဲ၊ ၀က်သားဟင်း ၁ ပွဲ၊ လက်ဖက်ရည် ကျစိမ့် ( ရှယ် ) ၂ ခွက်၊ စမူဆာကြော်  ၁ပွဲ မှာစားနေကြပါ။
လက်ဖက်ရည် ကျစိမ့် တခွက်က မနက်စာ ထမင်းကြော် စားရင်း သောက်ဖို့၊ နောက်တခွက်ကို ရေခဲသေတ္တာ အပေါ်ထပ်ထဲ ထည့်လိုက်ပီး နေ့ခင်းနေ့လည်မှာ လက်ဖက်ရည် ကျစိမ့် အေးအေးလေးကို သားတော်မောင်က အလွန် နှစ်ခြိုက်စွာ သောက်သုံးပါတယ်။
လေထန်ကုန်းက လက်ဖက်နှပ်ထားတဲ့ လက်ဖက်ရည် အရသာကို သောက်ဖူးတဲ့သူတိုင်း သိမှာပါ။
ကိုယ့် တို့ ကြိုက်တာက လက်ဖက်ခြောက်ကို ခပ်ကျကျလေး ..လက်ဖက်ခြောက်နှပ်တဲ့ ရေစစ် နှင့် အထပ်ထပ် . နှပ်ပီး နို့ဆီ၊ နို့စိမ်းများများနှင့် လက်ဖက်ရည် ကျကျ စိမ့်စိမ့်လေးပါ။
လေထန်ကုန်း လက်ဖက်ရည်ဆိုင်က အဲဒီလိုမျိုး လက်ဖက်ရည် နှပ်ပါတယ်။



ပါဆယ်မှာ ပီးပီးဆိုရင် စားပွဲထိုး ကောင်လေးက အိမ်တိုင်ရာရောက် လာပို့ပေးပါတယ်။ အိမ်ရှေ့မှာ ခေါင်းလောင်းကျိုး တပ်ထားတယ်လေ။ ခေါင်းလောင်းကျိုးမှာ ချိတ်ပေးလိုက်ရုံပါပဲ။
ထမင်းကြော် နှင့် အတူ ငရုတ်သီးသုပ်လည်း ပါ ပါတယ်။

ငရုတ်သီး အကြမ်းမှုန့်ကို ကြော်လိုက်ပီး ... ပါးပါးလှီးထားသော် ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ဆား၊ သံပုရာသီးညစ်ပီး သုပ်ထားတဲ့ ငရုတ်သီးသုပ်ပါ။



ငရုတ်သီးသုပ်


ဝက်သားဟင်း

စမူဆာကြော်

ငရုတ်ဆီ ပါတယ်။ ကိုယ် မစားရဲလို့ ငရုတ်ဆီ မတောင်းတော့ဘူး။
ပဲပြုပ်ထမင်းကြော်၊ ၀က်သားဟင်း နှင့် လက်ဖက်ရည် ကျစိမ့်

လက်ဖက်ရည် ကျစိမ့် ( ရှယ် ) ပါဆယ် တခွက်ကို မတ်ခွက် တခွက်စာ မပြည့်တပြည့် နီးပါးလောက် ရှိပါတယ်။

လေထန်ကုန်းရှေ့က ဆိုင် မုန့်ဟင်းခါး ..
မနက်ဆိုရင် အိမ်ရှေ့ဝါရံတာကနေ လက်ခုပ်တီးလိုက်၊ ထမင်းကြော်၊ မုန့်ဟင်းခါးမှာလိုက်ရုံပါပဲ။ ခေါင်းလောင်းကျိုးမှာ လာချိတ်ပေးတယ်လေ။
သင်္ကန်းကျွန်းမှာ နေတုန်းကဆိုရင် အိမ်ရှေ့ ဆိုင်ကို ဖုန်းလေး ဆက်လိုက်တာနှင့် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ နန်းပြားသုပ်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ပြည်ပလာတာသုပ်၊ အားလူးပူတီ၊ ပြည်ထမင်းသုပ်၊ မြီးရှည်၊ ရှမ်းခေါက်ဆွဲ၊ ရွှေတောင်ခေါက်ဆွဲ၊ ကြက်ဥပလာတာ၊ သကြားပလာတာ အကြွပ်၊ အီကြာကွေး၊ ပေါက်ဆီ၊ ပဲပြုပ် နံပြား ... အစုံပဲ လာပို့ပေးပါတယ်။
အခုများတော့ ..

The_ROPE from Minn_Thaik on Vimeo.

ကြိုး
ရိုက်ကူး၊ တည်းဖြတ် - မင်းသိုက်
Loctaion : Yangon, Myanmar

4 comments :

Phyo Evergreen said...

စားချင်လိုက်တာ..ကျွန်တော့်အကြိုက်ဘဲ..။ ထမင်းကြော် ဝက်သားဟင်း နဲ့ ငရုတ်သီးသုပ်စပ်စပ်လေး လိုက်တယ်.. ။

သီရိရတနာ said...

@ Phyo Evergreen - ကွန်ပြူတာ မှန်သားပြင်ကနေ တဆင့် အကြိုက်ချင်းတူလို့ လေထဲကနေ ... လက်ဖ၀ါးချင်းရိုက်လိုက်ကြရအောင် ...
Give me five :)

Aungnyc said...

ရန်ကုန် ၃၃ လမ်း ထဲ မှာ နေ ဘူး ရင် မြန်မား ထမင်းဆိုင် တဆိုင် ကောင်းတာ ရှိ တယ်.. အခု တော့ ရှိ မရှိ မသိ ဘူး။
မတိုး ထမင်းဆိုင် ဆို တာ.. ကျွန်တော် ကျောင်း သား ဘ၀ က စား နေ ကျဆိုင်..အနော်ရထာလမ်း နဲ့ ၃၃ လမ်း တောင့် နား မှာ ရောင်းတယ်။ လေထန်ကုန်း ဆိုင် လည်း စား ဘူး တယ်.. ဒီ ပိုစ် ဖတ် မှ ရန်ကုန်ကို သတိ ရ တယ် ၃၃ လမ်း မှာ ထိုင် နေ ကြပါ..

သီရိရတနာ said...

@ Aung NyC - အခု အဲဒီနေရာ အနော်ရထာလမ်း နဲ့ ၃၃ လမ်းထိပ် .. ( ၃၃ လမ်းရဲ့ လမ်းထဲက ကြည့်ရင် ညာဘက်ခြမ်း ) ကို လမ်းထိပ်ကနေ လမ်းကြားအထိ ကွန်ဒို တိုက် ဆောက်နေတယ်။

၂၀၁၁ ဧပြီလတုန်းက တိုက်ဖြိုချနေတာဆိုတော့ အခုလောက်ဆို .. အဲဒီ ကွန်ဒို ဆောက်ပီး ပီးလား မသိဘူး။

မတိုး ဆိုတာ ဦးသောင်း ထမင်းဆိုင်ကို ပြောတာလား မသိဘူး။

( မတိုးဆိုတာ ဦးသောင်း သမီးနာမည်လား မသိဘူး )

လမ်းထိပ်မှာ ထမင်းဆိုင်တွေ .. အုန်းနို့ခေါက်ဆွဲ၊ အကြော်စုံဆိုင်တွေ ရှိတာတော့ သိတယ်။ ဆိုင်နာမည်တွေ မသိဘူး။