Saturday, January 19, 2013

မြင်းခွါရွက်ကြော်


မြင်းခွါရွက်ကြော် နှင့် အချဉ်ရည်


Indian Pennywort ( မြင်းခွါရွက် )
Botanical name is Centella Asiatica


မြင်းခွါရွက်


မြင်းခွါရွက်  ၁၀ပင်လောက်ကို မြင်းခွါရွက် ၁ ပင်နှင့် ကြိုးချီသလိုမျိုး ... ချီထားလိုက်ပါ။


Chickpeas Flour ( Coarse ) ကုလားပဲမှုန့် အစိမ်းမှုန့်
( Coarse = မညက်သော၊ ကြမ်းထော်သော )


Rice Flour ( ဆန်မှုန့် )


Glutinous Flour ( ကောက်ညှင်းမှုန့် )


From - Indian Grocery
Rice Flour ( ဆန်မှုန့် )


Chickpeas Flour - 2 cups
Rice Flour - 1/2 cup
Glutinous Flour - 1/2 cup
Water - 2 cups +
Salt - 1 tbsp
Medium Heat
Deep Fried


ကုလားပဲမှုန့် ( အစိမ်းမှုန့် ) = ၂ ခွက်
ဆန်မှုန့် = ခွက် တ၀က်
ကောက်ညှင်းမှုန့် = ခွက် တ၀က်
ရေ = ၂ ခွက် ကျော်ကျော်
ဆား = ထမင်းစားဇွန်း ၁ ဇွန်း
မီးမြေးမြေး ( အလယ်မီး ) ဖြင့်
ဆီ နှစ်ပီး ကြော်ပါ။


ကြော်နေရင်း မီး အရှိန်တက်လာပါက အလယ်မီးနေရာမှ မီး တထစ်လျှော့ပီး ဆက်ကြော်ပါ။
မုန့်နှစ်ထဲသို့ မြင်းခွါရွက် တစည်းစီကို မုန့်နှစ်ထဲ နှစ်ထည့်ပီး .. မုန့်နှစ်များကို ခါချပါ။
ဒါမှ မြင်းခွါရွက်များပေါ် မုန့်နှစ် တင်ရုံလေးမို့ .. ကြော်စားသည့်အခါ မြင်းခွါရွက် မုန့်နှစ်ကပ်ကြော်ထားတာမို့ မြင်းခွါရွက် အရွက် ကြွပ်ကြွပ်လေး .. အနေအထားဖြင့် ပိုမို စားကောင်းပါသည်။
( ခါချတာ = အရွက်တွေ ရေဆေးပီးရင် ရေခါချသလိုမျိုးပါပဲ )


မြင်းခွါရွက်ပေါ် မုန့်နှစ် ကပ်ပီး တင်နေရုံကြော်စားမှ စားလို့ ပိုကောင်းပါသည်။
ဘူးသီးကြော် ကျတော့ မုန့်နှစ်ထူထူ ကပ်နေမှ ကြော်စားသည့်အခါမှာ ပိုစားကောင်းပါသည်။
အကြော်စုံတွေကို ကြော်စားသည့်အခါမှာ ...
မြန်မာအကြော်စုံ မုန့်နှစ်များက ဆန်မှုန့်နှင့် ဖျော်ပီး ကြော်စားတတ်ကြပါသည်။
ဘူးသီးကြော် ( နောက်တမျိုး အခေါ်အဝေါ် ) ဘူးသီး ငပေါင်းကြော် ဆိုလျှင်
ဆန်မှုန့် - ၂ ဆ
ကောက်ညှင်းမှုန့် - ၁ ဆ
ဆား - အနည်းငယ်
စားဆော်ဒါမှုန့် - အနည်းငယ် ထည့်၊  မုန့်နှစ်ပျစ်ပျစ်ဖျော်ပီး ဘူးသီးကြော် ကြော်စားတတ်ကြပါသည်။
ဘူးသီးကြော် မုန့်နှစ်စပ်သည့် နေရာမှာ - ဖီးကြမ်း ဌက်ပျော်သီးမှည့်မှည့် တစ်လုံးမှ နှစ်လုံး ချေထည့်၍ မုန့်နှစ်စပ်ပီးလည်း ဘူးသီးကြော် ... ကြော်စားကြပါသည်။
ကြော်သည့်အခါ ဆီများများနှင့် ကြော်မှ မုန့်များက ပိုကြွပ်ရွပါသည်။
အိမ်မှာ ကြော်စားသော ဘူးသီးကြော် မုန့်နှစ် အချိုးက ...
ဆန်မှုန့် - ၂ ခွက်
ကောက်ညှင်းမှုန့် - ၁ ခွက်
ကုလားပဲမှုန့် - ၁ ခွက်
ရေ - ၂ ခွက်
ဆား - လက်ဘက်ရည်ဇွန်း ၁ ဇွန်း
ဟင်းခတ်မှုန့် - လက်ဘက်ရည်ဇွန်း ၁ ဇွန်း
ဖြင့် မီး အလယ်မီး .. ( သို့ ) မီးဖိုမီး နံပါတ် ၄ ဖြင့် ဆီ နှစ်ပီး ကြော်စားပါတယ်။
မန်းတလေး ပဲကြော်တို့ .. ပဲကြော်တို့ကို ပဲကြော် လှလှ ၀ိုင်းဝိုင်းလေး လိုချင်တယ်ဆိုရင် ...
အေရှန်ဆိုင်တွေမှာ သံဇကာခွက် ( သံဂေါ်ပြား ) အ၀ိုင်း ကြီးကြီးလေးတွေ ရှိပါတယ်။
သံဇကာကွက်တွေက .. ကော်ဖီ ပန်းကျန်ပြား ဆိုဒ်နီးပါးလောက် ရှိပါတယ်။
သံဇကာကွက် ( သံဂေါ်ပြား ) ကို ဆီပူထဲ အရင်နှစ်ထားပီး
အဲဒီ သံဇကာခွက်ထဲကို ကုလားပဲနှင့် မုန့်နှစ် နှယ်ထားတာ .. ခပ်ပါးပါး ထည့်ကြော်လို့ ရှိရင် ... ပဲကြော် ၀ိုင်းဝိုင်းလေးတွေ ရရှိနိုင်ပါတယ်။
ကြော်သည့်အခါမှာ .. ယောင်းမ ဖြင့် အကြော်ကို ခပ်ဖွဖွ .. ဖိ .. ပုတ် ပေးနိုင်လျှင် အကြော်များ ပိုကြွပ်ပီး ပိုရွပါသည်။


မြင်းခွါရွက် လိုမျိုး အရွက်ကို .. အိမ်မှာ မုန့်နှစ်စပ်တော့ ..
ကုလားပဲမှုန့်ကို ပိုသုံးလိုက်ပါတယ်။
မြင်းခွါရွက် အရသာ နှင့် အတူ .. ပဲမှုန့် အရသာ ခပ်ပါးပါး လိုချင်တာမို့ ကုလားပဲမှုန့်ဖြင့် မုန့်နှစ် စပ်ကြော်ထားခြင်း ဖြစ်ပါသည်။
ကုလားပဲ နှင့် ချက်သည့်အခါ ဟင်းခတ်မှုန့်ထက် ဆား အရသာ က ပိုစားကောင်းတာမို့ ဆားကိုပဲ အဓိက ထည့်သုံးထားပါသည်။
အကြော်များ နီရောင် သန်းလာသည် အထိ ကြော်ပါ။
ဒါမှ မြင်းခွါရွက် ကြွပ်ကြွပ်လေးနှင့် ပိုစားကောင်းပါသည်။
ရွှေမြန်မာ ( မြန်မာတိုင်းရင်းသား အားလုံး ) .. ချက်တတ်စေချင်တာမို့ .. စေတနာ အဓိက ထားပီး .. မြင်အောင် အရသာ ကို ပိုသိအောင် ရှင်းပြထားတာပါ။
ကိုယ့်အိမ်မှာ .. ကိုယ့်စိတ်တိုင်းကျ မုန့်နှစ်စပ်ပီး ကြော်စားပါ။
ဒီ အမှုန့်ကို သုံးရင် ဒီလို အရသာမျိုး ပိုပိုသာသာ ပေးတယ်ဆိုတာ သိစေချင်ရုံ သပ်သပ်ပါ။


ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ၊ ဂျင်း၊
ပါးပါးလှီးထားသော ... နံနံပင်
ငရုတ်သီး အကျက်မှုန့်
ငံပြာရည်
မန်းကျည်းမှည့်ရည်
ဟင်းခတ်မှုန့်


အချဉ်ရည် နှင့် ငရုတ်ဆီ

0 comments :