Saturday, January 5, 2013

မြေအိုးထမင်းပေါင်း

 

မြေအိုး ၀က်နံရိုး ထမင်းပေါင်း


  • ချက်ပီးသား ၀က်နံရိုး  - Pork Rib
  • ၀က်အူချောင်း - Chinese Sausage
  • ကြက်သွန်ဖြူ - Garlic
  • ဂျင်း - Ginger
  • ခရုဆီ - Oyster Sauce
  • ပဲငံပြာရည် ( အကြည် ) - Dark Soy Sauce
  • ပဲငံပြာရည် ( အပြစ် ) - Sweet Soy Sauce
  • ကော်မှုန့် - Corn Starch
  • ဆား - Salt
  • ငရုတ်ကောင်းမှုန့် - Pepper
  • သကြား - Brown Sugar
  • ကြက်သွန်မြိတ် - Spring Onion
  • ဆေးဘဲဥ - Preserved Duck Egg
  • ပုစွန်ခြောက် - Dried Shrimp
  • ဆန် - 2 cups rice
  • ကြက်ပေါင်းရည် - 3 cups Chicken Stock
  • ဆီ - 1tbsp


  • ဆီ ထမင်းစားဇွန်း တဇွန်းကို အပူပေးပါ။
  • ဆီပူပီ ဆိုတာနှင့် ကြိတ်ထားသော ကြက်သွန်ဖြူ၊ ဂျင်း ထည့် ဆီသတ်ပါ။
  • ဆန် ထည့်ပါ။
  • ခရုဆီ၊ ပဲငံပြာရည် ( အကြည် + အပြစ် ) ထည့်၊ ဆား၊ သကြား၊ ကော်မှုန့် အနည်းငယ် ထည့်မွှေပါ။
  • ပုစွန်ခြောက်၊ ၀က်အူချောင်း ထည့်ပါ။
  • ကြက်ပေါင်းရည် ထည့်ပါ။
  • ( Medium Heat ) - 15 Minutes  မီးမြေးမြေးဖြင့် ချက်ပါ။
  • ၁၅ မိနစ် လောက် ချက်ရင် ထမင်း ကျက်ပါလိမ့်မည်။
  • ထမင်း ကျက်ခါနီးရင် ... ၀က်နံရိုး ကို ထမင်း အပေါ်မှာ တင်ထားပီး မြေအိုး အဖုံးကို ပြန်ဖုံးထားပါ။
  • ( Low Heat ) - 15 Minutes ဖြင့် နောက်ထပ် ၁၅ မိနစ် ချက် အပီး ...
  • ငရုတ်ကောင်းမှုန့် ထည့်ဖြူးပါ။
  • ကြက်သွန်မြိတ်ဖြူးပါ။
  • ဆေးဘဲဥ ထည့်ပါ။

ဝက်နံရိုး မြေအိုး ထမင်းပေါင်း


ပဲငံပြာရည်ထဲမှာ ငရုတ်သီးစိမ်း နှင့် ကြက်သွန်ဖြူ စိမ်ပီး တို့စရာ လုပ်ထားပါ။
ဆေးဘဲဥ၊ ၀က်နံရိုးဖြင့် တို့စားပါက စားလို့ကောင်းပါသည်။

0 comments :