Thursday, January 24, 2013

ကြက်သား ကြာစွယ် အချိုကြော်


ကြက်သား ကြာစွယ် အချိုကြော်


Indian Grocery မှ ၀ယ်လာသော ကြာစွယ်


Lotus Root ( ကြာစွယ် )


အိတ် ကျောဘက်ခြမ်း


ရေဆေးပီး .. ဇကာဖြင့် ရေစစ်ထားပါ။


3 - boneless chicken thighs
1 - Lotus Root Packet
1 tsp - Salt
1/2 tsp - Chicken Powder
1 tsp - Dark Soy Sauce
1 tsp - Sweet Soy Sauce
1 tsp - sugar
1/4 cup - oil
1/2 cup - water


ကြက်ရင်ဘုံ သုံးတုံးကို အသားတုံး သေးသေးလေး စိတ်ထားပါ။
ကြာစွယ် တစ်ထုပ်
ဆား - လက်ဘက်ရည်ဇွန်း တစ်ဇွန်း
ကြက်သားမှုန့် - လက်ဘက်ရည်ဇွန်း တ၀က်
ပဲငံပြာရည် အကြည် - လက်ဘက်ရည်ဇွန်း တစ်ဇွန်း
ပဲငံပြာရည် အနောက် - လက်ဘက်ရည်ဇွန်း တစ်ဇွန်း
သကြား -  လက်ဘက်ရည်ဇွန်း တစ်ဇွန်း
ဆီ - ခွက် လေးပုံ ၁ ပုံ
ရေ - ခွက် တ၀က် 
ကြက်သွန်မြိတ် - အနည်းငယ် 

ကြက်သားတုံးများကို ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည် ( အကြည် + အနောက် )၊ သကြားဖြင့် နှယ်ထားပါ။
ဆီကို အပူပေးပီး ..
ဆီ ပူပီ ဆိုတာနှင့် ကြက်သားထည့်မွှေပါ။ 
ကြာစွယ်များ ထည့်ရောကြော်ပီးမှ 
ရေထည့်ပါ။
ဆီပြန်လာပါက  ကြက်သွန်မြိတ် အုပ်ပါ။

ကြာစွယ်ကို ကြက်သားဖြင့် နောက်တမျိုး ချက်နည်းက .. ကြာစွယ်၊ ကြက်သား၊ တရုတ်ဆီးသီးဖြင့် ကြက်သားစွပ်ပြုပ် ချက်လျှင်လည်း စားလို့ အလွန်ကောင်းပါသည်။ 

ကြာစွယ်ကို ပဲငံပြာရည် အနောက် ( အချို ) ဖြင့် နူးမြေးနေအောင် ချက်ပီး နှမ်းဖြူးထားလျှင်လည်း စားလို့ အလွန်ကောင်းပါသည်။

ကြာစွယ်ကို ငါးဆုပ်လုံး၊ ဘေဘီ ပြောင်းဖူး၊ မှို၊ ပုစွန်များ၊ ဟင်းသီးဟင်းရွက်များ ထည့်ကြော်လျှင်လည်း စားလို့ ကောင်းပါသည်။

လောလောဆယ် တကယ် .. တကယ်ကို မအားလပ်နိုင်အောင် ဖြစ်နေပါသောကြောင့် ပို့တပုဒ်တည်းနှင့် ဟင်း အမျိုးမျိုး ချက်လို့ရတယ်ဆိုတာကို recommended ပေးထားတာပါ။



2 comments :

Aungnyc said...

ချက် တတ် တဲ့သူ တွေ ကျ တော့ အရော အနှော က အဆင် ကို ပြေ လို့.. မြင် တာ နဲ့ စား ချင် စ ရာ။ လိုက် ဖတ် အောင် လည်း စဉ်းစားတတ် တယ်။ ကျွန်တော် တို့ နဲ့တော့ ကွာ ပါ ဗျာ. စူပါ မတ်ကက် ထဲ မှာ ဒီ လောက် ပစ္စည်း စုံ တာ တောင် ဘာ ချက် ရ မှန်းမသိ လို့ ၀ယ် စား တဲ့ အကြိမ်ပေါင်း မနည်း တော့ ဘူး။

သီရိရတနာ said...

@Aung NYC - Ko Aung ( NYC ) ...

ကျွန်မက ၀ယ်စားရတာကို ပိုကြိုက်တယ်။ ရန်ကုန်မှာနေတုန်းက ၀ယ်စားတာ များတယ်။

တပတ်မှာ ၃ ရက်လောက်က ၀ယ်စားနေတတ်တာ ...

သူများ ချက်တဲ့ လက်ရာ ကို ကြိုက်လို့လေ ...

ရပ်ကွက် အလှူ .. စုပေါင်း ဆွမ်းကျွေးပွဲ တို့ဆို သူများအိမ်က ဟင်းခွက်တွေကို ပိုကြိုက်တယ်။

ကိုယ်အိမ်က ဟင်းထက် သူများအိမ်က သီးစုံ ကုလားပဲဟင်းပဲ ဖြစ်ဖြစ် .. မတင့်တင့်ထွန်းတို့အိမ်က ငါးပိရည် တို့စရာ ပဲ ဖြစ်ဖြစ် သဘောကျတယ်။