Sunday, January 20, 2013

ဝက်သားတုပ်ထိုး


ဝက်သားတုပ်ထိုး


ဝက်အူမကြီး၊ ၀က်လျှာ၊ ၀က်အစာအိမ်၊ ၀က်နားရွက်ကို အရင်ဆုံး ရေသေချာဆေးပါ။
အူမကြီးကို ရှာလကာရည် အနည်းငယ်စိမ်ပီး ဆေးလည်း ရပါသည်။

ရေသေချာဆေးပီးရင် -
ဆား
ဟင်းခတ်မှုန့်
သကြား
ပဲငံပြာရည် အနောက်
ပဲငံပြာရည် အကြည်
ရှာလကာရည် ဖြင့် နှယ်ပါ။

အိုးထဲမှာ အသားများကို အိုးပူတိုက်ပီးမှ

ကြက်ဥပြုပ်
ဓါးပြားရိုက် ကြက်သွန်ဖြူ
ဓါးပြားရိုက် ဂျင်း
နာနတ်ပွင့် ထည့်မွှေပီး
ဘီယာ ( သို့ ) ရေ ကို ထည့်ပီး
မီးမြေးမြေးဖြင့် ၃ ရေလောက် နူးတဲ့ အထိ ပြုပ်ပါ။


ဝက်အူပိတ်များကို အရင်ဆုံး ရေဖြင့် သေချာ ဆေးပါ။
ရှာလကာရည်ဖြင့် တနာရီလောက် စိမ်ထားပီး ရေဆေးချပါ။

Pork intestine price - 1lb - $2.25


ရေသေချာဆေးပီးသော အူပိတ်များကို
ဆား
ဟင်းခတ်မှုန့်
သကြား
ငရုတ်ကောင်းမှုန့်
ပဲငံပြာရည် အကြည်
ပဲငံပြာရည် အနောက်
ရှာလကာရည် ဖြင့် နှယ်ပါ။


အိုးထဲမှာ နာနတ်ပွင့်
ဓါးပြားရိုက် ကြက်သွန်ဖြူ
ဓါးပြားရိုက် ဂျင်းထဲပီး
အိုးထဲမှာ အသားများကို အိုးပူတိုက်ပီးမှ
မီးဖိုပေါ်မှာ အိုးဖွင့်ပီး တည်ထားပါ။


အူပိတ်များ တွန့်လိမ်လာပီဆိုမှ

ရေဖြည့်ပီး
မီးမြေးမြေး
၃ ရေ ကျော်လောက်
အိုးအဖုံးဖွင့် ပြုပ်ပါ။


ပြုပ်ထားသော အူပိတ်



ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း နှင့် အချဉ် ( ငရုတ်ဆီ၊ ကြက်သွန်ဖြူ။ ထညက်ရည် )




ကလေးများက ပဲငံပြာရည်ဖြင့် ပြုပ်ထားသော ကြက်ဥပြုပ် နှင့် ၀က်အူမကြီး နူးနူး၊ ၀က်လျှာ နူးနူး၊ ၀က်နားရွက် နူးနူး ( စားလိုက်ရင် ဒုတ် .. ဒုတ် .. နှင့် အရသာကို ကြိုက်ပါတယ်။ )
သူတို့ပါ စားတာမို့ နူးမြေ့နေအောင် ချက်ပေးထားရပါတယ်။

ကာလာစုံမှ ပိုစ့် အဟောင်းဖြစ်ပါတယ်။

12 comments :

Anonymous said...

A Ma,

I just wondering that the one you called Au Pate is same with A Chin ??? Because I always think it's call A Chin and A Chin Taing (the harder one at the end ) I just knew it is called Au Pate hee hee. Thanks. All looks Yummy.

PN

သီရိရတနာ said...

@PN - ဒီပိုစ့်မှာ ချက်ထားတဲ့ အူပိတ်က Pork intestine ပါ ..

PN ပြောတဲ့ ၀က် အခြင်း က မြန်မာမှာလည်း အဲလိုမျိုး ခေါ်ဝေါ်ပါတယ်။

ဝက်ကြေးအိုး ပိုစ့်မှာ .. အူပိတ် .. အသားကဒ်ကို မြန်မာ Market မှာ Fresh Pork ( Diameter ) လို့ ရေးထားပါတယ်။

ဒီမှာ ( ၀က်ကြေးအိုး ) ကလစ်နှိပ်ပီး သွားကြည့်လိုက်နော် ...

ဝက်အူမကြီးကိုကျတော့ .. ဒီမှာ Pork LG Intestine လို့ ခေါ်တယ်။

ဒီပိုစ့်မှာ ၀က်အူမကြီး အသားကဒ် ဓာတ်ပုံ ပါတယ်။

ဝက်အူမ ဆီချက်ခေါက်ဆွဲ ဒီပိုစ့်ကို ကလစ်နှိပ်ကြည့်လိုက်ပါ။

အိမ်လာလည်တာ ကျေးဇူးပါ PN ...:)


Anonymous said...

Thank you so much to explain me with photos. It's very useful for me and now I know how to choose Au Pate, A Chin and Au Ma Gyi. Thanks a lot.
PN

သီရိရတနာ said...

@ PN - ရပါတယ် PN ရယ် ... ဒီက ၀က်သားတွေက အနံပြင်းတယ်။ ရှာလကာရည်နှင့် သေချာဆေးပီး .. အိုးပူတိုက် ချက်ရင် .. အူပိတ်၊ အချင်း၊ အူမကြီး၊ အူချို အားလုံး စားကောင်းတယ်။ ဒီမှာကတော့ အူဆို Intestine ပဲပေါ့နော် ... မြန်မာလို အခေါ်အဝေါ် မများဘူး။

အခုထိ အမ မအိပ်ရသေးဘူး။ စနိုးတွေလည်း ကျနေတယ်။ ဒီမှာ ည ဆယ်နာရီခွဲ .. အခု ရက်ပိုင်း ဒီဘက်က ဖေ့ဘွတ်တွေက အရမ်း .. အရမ်းကို alert ဖြစ်နေတာပါပဲ ...

အခုလည်း အိုဟိုင်းရိုး ဘက်က အလယ်တန်းပြ ဆရာမ တစ်ယောက်က သူ့တပည့် တယောက်ကို ပါးစပ်ကို ပလာစတာတိတ် နဲ့ ကပ်ထားပီး .. " ငါ နောက်ဆုံး တိတ်ဆိတ်အောင် ဘယ်လိုလုပ်မလဲးဆိုတာ သိသွားပီး" စာတန်းနှင့်အတူ .. ဖေ့ဘွတ်ပေါ်ကို ဓာတ်ပုံ တင်လိုက်တာ .. အဲဒီ အလယ်တန်းပြ ဆရာမ အလုပ်ထုတ်ခံရတယ်။ အခုပဲ သတင်းတက်လာတာ။

ဟိုတနေ့ကလည်း သူငယ်တန်း ကလေးမ က ကျောင်းကို ကစ်တီ ဆပ်ပြာပူပေါင်း မှုတ် တဲ့ ကစားတဲ့ သေနတ်လေး ယူလာပီး ဘေးက သူငယ်ချင်း မိန်းကလေးကို ပစ်တန်း ကစားတာ .. အဲဒီ ကလေးကို ကျောင်းကနေ ၁၀ ရက် မလာခိုင်းဘူး။ မိဘက ရှေ့နေ နဲ့ လိုက်တာ ။ ၂ ရက်ပဲ ကျောင်း မတက်ရတာ ...

အမေရိကားမှာ ၉၁၁ တုန်းက .. လည်း အဲလိုပဲ .. အဲဒီ ၉၁၁ ပီးတော့ အမေရိကားမှာ လေယာဉ်စီးတဲ့လူတွေကို အရမ်းကျပ်တာပဲ ...

အခုလည်း ကွန်နတ်တီကတ်မှာ .. ဆန်ဒီဟုဒ် ပြသနာ ပီးတော့ ကျောင်းတွေမှာ အရမ်း .. အရမ်းကို ကျပ်တာပဲ .. ဖေ့ဘွတ်မှာ ပိုကျပ်တယ်။ ကိုယ်တော့ ဖေ့ဘွတ် မသုံးဘဲ နေရင် ကောင်းမလားတောင် စဉ်းစားရလောက်အောင်ပဲ .. ဟူး ... အိုး .. ( PN ) သူ့ စိတ်ဝင်စားမှန်း မသိ .. စိတ်မ၀င်စားမှန်းမသိ .. ကိုယ်က စွတ်ပြောနေတယ်။ အမှန်က ကိုယ် ပေါက်ကွဲတာ သိလား ..

Anonymous said...

စိတ်ဝင်စားပါတယ်အမရယ်။ ဗမာလိုက်ရိုက်ဖို့ ကြိုးစားနေရလို့ပါ။ ကွန်နတ်တီကတ် သေနတ်ပစ်တုန်းကလဲ အမတို့ကို စိတ်ပူလို့ လာလာကြည့်ဖြစ်သေးတယ်။ သားလေး မူကြိုသွားတဲ့ပုံတွေလဲ တွေ့ထားတော့ မေးလဲမေးချင်၊ မမေးလဲ မမေးရဲနဲ့။ နောက်တော့မှ အမပို့စ်တက်လာတော့မှ စိတ်အေးသွားတယ်။ ဒီလိုပါပဲ။ ခင်ရာဆွေမျိုးလေ။ အပြင်မှာမတွေ့ဖူးပေမယ့် စာဖတ်ပြီး စိတ်ထဲမှာတော့ ရင်းနှီးနေတယ်။ အမေရိကားမှာလဲ ကလေးကျောင်းပို့ပြီးတောင် ကျောင်းမှာ ဘာဖြစ်မလဲ စိတ်ပူနေရတာ ရင်မောစရာ။ ကိုယ်ချင်းစာပါတယ်အမရယ်။
PN

သီရိရတနာ said...

@PN - အကောင်းဘက်ကနေ လှည့်ပတ်ပီး တွေးရင် .. နာနီ အိုးဘားမားလို့တောင် ခေါ်လို့ရတယ် ...

အဲဒါ .. ဒီနှစ်ဆန်းပိုင်းမှ စတဲ့ ဥပဒေတော့ မဟုတ်ပေမယ့် ...ကွန်နတ်တီကတ်က ခရိုင်ရဲများ ( အော့ဖ်စ်ဆာ ) များ ပိုပီး တင်းကျပ်လာတယ်။

ကွန်နတ်တီကတ် ပြည်နယ် က မေရာ ဆို အဲဒီ ဆန်ဒီဟုဒ် မတိုင်ခင် ..
ဆန်ဒီ ဟာရီကိန်း မုန်တိုင်း တိုက်တော့ .. အစိုးရ ဘတ်ဂျက် အများကြီး ကုန်ပါတယ်။
အဲဒီ ဆန်ဒီ ဟာရီကိန်း မတိုက်ခင် .. ကွန်နတ်တီကတ် ပြည်နယ်ကို ဘတ်ဂျက် လျှော့ချမယ်ဆိုပီး ကြော်ငြာပီး ပါပီ ..
အမ ပိုစ့်တခုမှာတော့ ရေးဖူးတယ်။ အစိုးရက ဘတ်ဂျက် လျှော့တော့ ရဲကားတွေက အရင်လို မလာတော့တာ .. အရမ်း အရေးကြီးမှ ရဲ ကို ဖုန်းဆက် အကူအညီ တောင်းလို့ရတာ ရေးဖူးပါတယ်။

ကွန်နတ်တီကတ် တိရစာန်ရုံ ခြောက်ကပ်ကပ် နိုင်တာ ..

စနိုး ကျရင် လမ်းရှင်းကားတွေ တချိန်လုံး မရှင်းနိုင်တာ ...

အမေရိကန် စီးပွားရေး မကျခင်တုန်းကဆို .. တခု ခု ဖြစ်လို့ ဖုန်းဆက်လိုက်တာနှင့် ရဲကား၊ မီးသတ်ကား၊ ဆေးရုံကား သုံးစီး တပြိုင်တည်း လာပါတယ်။

ကလေးများ ... ကျောင်းကို အရုပ်တွေ မယူလာတာလည်း ကောင်းပါတယ်။

ကျောင်းကို လာတာ စာသင်ဖို့ဆိုတဲ့ စိတ် တခုတည်း ဖြစ်တာပေါ့ ...

ဆရာမ အနေနှင့်လည်း .. တပည့်များနှင့် ရင်းရင်းနှီးနှီး နောက်ပြောင်ပီး ဖေ့ဘွတ် ဆိုရှယ်မီဒီယာမှာ ဓာတ်ပုံ တင်လိုက်တာ .. ဆရာမနှင့် အမေရိကားမှာ ရှိသော ဆရာမများ အားလုံးကို သင်ခန်းစာ ပေးလိုက်သလိုမျိုးပါပဲ ...

ဖေ့ဘွတ်သုံးတာ .. မြန်မာ အသိုင်းအ၀ိုင်း ဖေ့ဘွတ် သုံးပုံ သုံးနည်းနှင့် အမေရိကား အသိုင်းအ၀ိုင်း ဖေ့ဘွတ် သုံးပုံ သုံးနည်း တော်တော်လေး မှ တော်တော်လေးကို ကွာခြားတာပါ ....

ဒီ နှစ်စပိုင်းမှ အမေရိကန် ရဲများက ဖေ့ဘွတ် alert လုပ်ထားတယ်ဆိုတာ သိတာ ..
အမ .. Google မှာ alert လုပ်ထားတတ်တာ .. 2011 က စပီး alert လုပ်ထားတတ်တာပါ။ Google alert ကိုတော့ သုံးတတ်တယ်။ ဖေ့ဘွတ် alert ကိုတော့ မသုံးဖူးသေးဘူး။
ရဲ တွေက ဖေ့ဘွတ်ကို alert လုပ်ထားပီး တခုခု ဆို ဖေ့ဘွတ်ပိုစ့် တင်လိုက်တာနှင့် သူတို့ဆီကို ချက်ချင်း တန်းပေါ်နေတယ်လို့ ပြောတယ်။

ဖေ့ဘွတ် အကောင့် ဆက်တင် .. ပရိုက်ဗေဆီ .. search engine မှာ off လုပ်ထားတယ်။

အမ gmail ( google alert ကျတော့ ဥပမာ - အမ နာမည်ကို create alert လုပ်ထားတယ်။ အဲဒါဆို ၀ပ်ဆိုဒ် တခုခုမှာ အမ နာမည်ပါတဲ့ စာလုံး ပိုစ့် တင်လိုက်တာနှင့် အမ ရဲ့ ဂျီမေလ်းကို alert လာပြပါတယ်။ စာလုံး တခုတည်း alert လုပ်ချင်လား။ နာမည် ၂ လုံးစလုံး လုပ်ချင်လား။ ရွှေးလို့ရသေးတယ်။ )

အမတို့ဆီက အင်တာနက် ဆားဗစ်က အမ အိုင်ပီ နှင့် ဘယ်ဆိုဒ်တွေ သွားတယ်။ ဘာတွေ သုံးနေတယ်။ ဘာတွေ ကြည့်နေတယ်ဆိုတာ .. အမ အသုံးပြုနေတဲ့ အင်တာနက် ဆားဗစ် ဌာနမှာ လမ်းကြောင်းတွေ အကုန်လုံး ပေါ်ပါတယ်။

အမေရိကားမှာက နည်းပညာ အရမ်း တိုးတက်သလို .. လုံခြုံရေးကို အရမ်း ဦးစားပေးတယ် ..

သတိတော့ ထားနေရတာပေါ့ ...

ကစားစရာ ဆပ်ပြာ ပူပေါင်း သေနတ် နှင့် သူငယ်တန်း စာသင်ခန်းမှာ ဆော့ကစားတဲ့ ကလေး တယောက်မှာ ဘာ အပြစ်မှ မရှိဘူးလို့လည်း မြန်မာလို မြင်တယ်။

ဆရာမ နှင့် တပည့် ချစ်ခင်စွာ နောက်ပြောင်ပီး ဖေ့ဘွတ်ပေါ်မှာ ဓာတ်ပုံတင် .. တယောက်ကို တယောက် စ နေကြတာကို အပြစ်မ၇ှိဘူးလို့လည်း မြန်မာလို မြင်ပါတယ်။

( အမ တမင် မြန်မာလို ရေးထားတာပါ ... တခါတလေ ကျရင် မြန်မာ ဇော်ဂျီ ဖောင့်ကို အရမ်း သဘောကျတယ်။ မြန်မာလို လျှို့ဝှက်သော စာရေးနည်းမို့ .. မြန်မာစာ Google translate ပေါ်လာရင်လည်း အဲဒီ ဘာသာပြန်က ယူနီကုတ် ကိုပဲ ပြန်ဖို့ များမှာပါ .. အဲဒီအခါကျရင် ဘာသာ မပြန်စေချင်တဲ့ စကားလုံးကို သတ်ပုံမှားအောင် ရေးမယ်လို့ စဉ်းစားထားတယ် .. နိုင်ငံခြားသားကို ပေးမသိစေချင်တဲ့ စကားဆိုရင်ပေါ့ )



MK said...

မရေ သွားရည်တွေလာ ကျသွားပါတယ်။ အားရက်ကလေးရမှ သေသေချာချာ ချက်နည်းယူပြီး လုပ်စားကြည့်ရဦးမယ် :)

သီရိရတနာ said...

@ MK - မအားလပ်တဲ့ကြားက .. အားတဲ့ အချိန်လေးမှာ အိမ်ကို လာလည် .. ကွန့်မန့် ခြေရာလေးအတွက် ကျေးဇူးပါ .. MK ရေ ...





Anonymous said...

မခံစားနိုင်တော့ဘူးအစ်မ..
သူငယ်ချင်းတွေစုပြီးလုပ်စားတော့မယ်း)

သီရိရတနာ said...

@ Anonymous - သူငယ်ချင်းတွေနဲ့ စုပီး ချက်၊ စားရင် ပျော်ဖို့ ကောင်းမှာ အမှန်ပဲ ...

Anonymous said...

ဝက်သားတုတ်ထိုးကနေပြီး အခုအစ်မပြောလို့ အမေရိကားက ဖေ့ဘွတ်သုံးတဲ့အကြောင်းကို ဗဟုသုတရလို့ ကျေးဇူးတင်ပါတယ်။ လျှို့ဝှက်စာရေးနည်းလို့ အစ်မပြောလို့ တော်တော်လဲတွေးတတ်တယ်လို့ သဘောကျမိတယ်။ ဟုတ်တယ်နော်။ နောက်ဆိုလျှို့ဝှက်နည်းနဲ့ အမြဲရေးနိုင်အောင် လေ့ကျင့်ရမယ်။ ဟီးဟီး။
PN

သီရိရတနာ said...

@ PN - Google translate မှာ မြန်မာဘာသာကို ဒီနှစ် သို့မဟုတ် လာမယ့်နှစ်တွေမှာ ပါလာတော့မှာပါ။

အမက ဖေ့ဘွတ်ကို ၂ ခု ခွဲထားတော့ မြန်မာအသိုင်းအ၀ိုင်း ဖေ့ဘွတ် သုံးပုံ သုံးနည်းနှင့် အမေရိကား အသိုင်းအ၀ိုင်း ဖေ့ဘွတ် သုံးပုံ သုံးနည်း တော်တော်လေးကို ကွာခြားတာကို သိတာပါ။

တွေးပုံ တွေးနည်းလည်း တော်တော်လေး ကွာတယ်။

အမဆီမှာ တွေးပုံတွေးနည်းက ၂ ခု ဖြစ်နေတော့ ... အကြောင်းအရာ တခု ခု ကို ကြည့်လိုက်ရင် ... သူက သေမှာ ကြောက်လို့ ကြိုတင် ကာကွယ်ပြောဆိုတာလား .. သူ့ အလုပ်ပြုပ်မှာ ကြောက်လို့လား၊

ဥပမာ - သူငယ်တန်း ကလေးတယောက် ကျောင်းကို ကစားစရာ ဆပ်ပြာ ပူပေါင်း သေနတ် ယူလာတာကို ဆရာမ တယောက်အနေနဲ့ ကလေးကို ကျောင်းက ၁၀ ရက် ထုတ်ပစ်တဲ့ အဖြစ်မျိုး ဆိုရင်ပေါ့ ... ရိုးသားမှု့ ရှိလား ...

အမေရိကားမှာက ကိုယ့် တာဝန် ယူနေတဲ့အချိန် ကိုယ့်ရဲ့ duty အချိန် .. duty မှာ လာနှောင့်ယှက်ရင် သည်းမခံနိုင်လောက်အောင် စိတ်ဆိုးတတ်ကြပါတယ်။

အမေရိကန်တိုင်း ကိုယ် တာဝန်ယူထားတဲ့ တာဝန်ကို ကျေပွန်အောင် လုပ်တတ်ကြတယ်။ လာနှောင့်ယှက်ရင်တော့ စိတ်ဆိုးတတ်တယ်။

စကားမစပ် - ဆန်ဒီဟုဒ် ပြသနာ ဖြစ်တုန်းက အဲဒ်ဒမ်က သူ့အမေ ကားမောင်းပီး ကျောင်းကိုလာတယ်။ ကျောင်းက တံခါးပိတ်ထားတယ်။ လုံခြုံရေး စကားပြောခွက်ကနေ တဆင့် တံခါးဖွင့်ခိုင်းတာ မဖွင့်ပေးလို့ ကျောင်းက မှန် ပြူတင်းပေါက်တွေကို သေနတ်နဲ့ ပစ်ပီး မှန်ခွဲ .. အဲဒီ အချိန်မှာ ဆရာမကြီးက အင်တာကွန်ကနေ တဆင့် ကျောင်းထဲကို သေနတ် သမား ၀င်လာတာ ပြောပီးပီ .. အဲဒ်ဒမ် အဲဒီ အခန်းထဲ ၀င်လာပီး ဆရာမကြီးနဲ့ အပြန်အလှန် ပြောဆိုသံ၊ သေနတ်ပစ်သံတွေကိုလည်း တကျောင်းလုံး အင်တာကွန်ကနေတဆင့် ကြားပီးပီ .. အဲဒီ ဆရာမကြီး ရုံးခန်းနှင့် မျက်နှာချင်းဆိုင်နားက ဆရာမ ဗစ်တိုရီးယားအခန်း ( ပထမတန်း အခန်း ) မှာ ဆရာမက ကလေးတွေ အားလုံးကို ကျောပိုးအိတ်နဲ့ အနွေးထည်ချိတ်တဲ့ Locker အကန့်ထဲ ၀င်ပီး ပုန်းခိုင်းတာ .. အဲဒ်ဒမ် အဲဒီ အခန်းဝ ရောက်တော့ ဆရာမ ဗစ်တိုးရီးယားက ကလေးတွေ အားလုံး အက်စမ်ဗရီ ( school assembly ) ရောက်နေတယ်။ အတန်းထဲမှာ မရှိဘူး။ ကာကွယ်ပြောဆိုလိုက်တဲ့ စကားတခွန်းဟာ အတန်းထဲမှာ ရှိတဲ့ ကလေး အယောက် ၂၀ ရဲ့ အသက်ကို ကာကွယ်ပြောဆိုသွားတာပါ။ ဆရာမရဲ့ အသက်တချောင်းနှင့် ကလေး အယောက် ၂၀ အသက်တွေကို လဲပေးသွားတာ .. တကယ့် သူရဲကောင်းစိတ်ဓာတ်မျိုးပါ။ ( ဘာပြင်ဆင်မှု့မှ မရှိ .. နဖူးတွေ့ ဒူးတွေ့ ပြသနာ ကြုံတွေ့လိုက်ရတဲ့အချိန်မှာ ဖြေရှင်းလိုက်တဲ့ ဆရာမရဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်ကို မချီးကျူးပဲ မနေနိုင်ပါဘူး။ )

အဲဒ်ဒမ်ရဲ့ DNA ကို ဟားဗတ်တကသိုလ်က စစ်တော့ သူ့ဟာ သေနတ်မီးမဖွင့်ခင် သူ့ဦးနှောက်က ပုံမှန်ပဲ .. ကွန်ပြူတာကိုလည်း ဖျက်ဆီးသွားတယ်။ ကွန်ပြူတာ hard disk ကို လုံးဝ သုံးလို့ မရအောင်၊ recovery လုပ်လို့ မရအောင်တောင် ဖျက်ဆီးသွားနိုင်တယ်။ မာစတာဘရိမ်းပဲ ... သူ့ အင်တာနက် သုံးတဲ့ လမ်းကြောင်းကို အင်တာနက် ဆားဗစ်ဌာနကနေ စစ်ဆေးနေပေမယ့် နောက်ပိုင်း သူရဲ့ update သတင်းတွေ သိပ်မတက်လာတော့ဘူး။ သူ့ အလောင်းတောင် .. အစိုးရဆီကနေ ပထမ ... ယူမယ့် အမျိုး မရှိဘူး။ သူ့ အလောင်းကို သူ့အဖေ သူဆုံးပီး တလ နီးပါး အကြာမှာ သွားထုတ်ပီး သဂြိုဟ်ပေးတာ ...

ဒီလ ၃၁ ရက်နေ့ဆို ... အမေရိကား အကယ်ဒမီ ကျောင်းမှာ တက်နေတဲ့ တီဂျေ ရဲ့ အမိန့်ချမယ့်နေ့ပဲ . မနှစ်က ဖေဖော်ဝါရီလမှာ အမေရိကား အကယ်ဒမီ အထက်တန်းကျောင်းမှာ အထက်တန်းကျောင်းသား ၃ယောက်ကို သေနတ်ပစ်သတ်သွားတဲ့ ၁၇ နှစ်အရွယ် ကျောင်းသားလေ ..

သူ့အရှေ့က ဆယ်ကျော်သက် ကောင်မလေးက အိမ်နီးချင်း ၃ နှစ်အရွယ်ကလေးမလေးကို သတ်လိုက်တဲ့အမှုက ထောင်ဒဏ်တသက်တကျွန်း .. အခု ဒီကလေး တီဂျေက ၃ယောက်ဆိုတော့ အမိန့်ဘယ်လိုချမလဲး မသိဘူး။

အဓိက အမ စိတ်ဝင်စားတာ .. ဆယ်ကျော်သက်တွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေပါ ..

ကိုယ့်တုန်းက ကြီးပြင်းလာတဲ့ ဆယ်ကျော်သက် အသိုင်းအ၀ိုင်းနှင့် ကိုယ်ကလေးတွေ လက်ထက်မှာ ကြီးပြင်းလာမယ့် ဆယ်ကျော်သက် အသိုင်းအ၀ိုင်း မတူဘူးလေ ...

ဆယ်ကျော်သက် စိတ်နေစိတ်ထားကို ကိုယ်လည်း အဲဒီ အသက်အရွယ်က ဖြတ်သန်းလာတာမို့ သိတယ်။ ပတ်ဝန်းကျင်ကိုပဲ လိုက်လေ့လာတာပါ ...

သားသားရဲ့ စာမျက်နှာသစ် ပိုစ့်မှာ သားသား သူငယ်တန်း စာသင်ခန်းမှာ locker အကန့် လေး ရှိတယ်။ အဲဒီ အကန့်လေးမှာ ကလေးများ ပြွတ်သိပ်ပီး ဘယ်လို ၀င်နေလဲးဆိုတာ ပုံဖော်လို့ ရတယ်နော် ...

တော်ပီနော် .. အပြန်အလှန် ပြောဆိုနေတာနှင့်ပဲ ...
ကိုယ့် " ၀က်သားတုပ်ထိုး " ကနေ " အတင်းတုပ် တုပ်ထိုး " ပိုစ့် ဖြစ်တော့မယ် :P