Saturday, January 19, 2013

ခရမ်းချဉ်သီးမီးဖုတ် ငါးပိရည်


ခရမ်းချဉ်သီးမီးဖုတ် ငါးပိရည်


ငါးပိရည် နှင့် ( တို့စရာ - မျှစ်ပြုပ်၊ ငရုတ်သီးစိမ်း )



Fish Sauce ( ရေချို ငါးပိ )


ဈေးနှုန်း


ရေချို ငါးပိ - ထမင်းစားဇွန်းမောက်မောက် ကို ရေ ၂ ခွက်၊ ဆနွင်းမှုန့် အနည်းငယ်ထည့်ပီး ငါး အသားများ ကြေတဲ့အထိ ရေ ၁ ခွက်စာ ကျန်တဲ့ အထိ မီးမြေးမြေးဖြင့် အဖုံးအုပ်ပီး  ငါးပိရည်ကျိုပါ။


ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ကို မီးဖုတ်ပီး
ငရုတ်ဆုံဖြင့်သော်လည်းကောင်း .. ကြိတ်စက်ဖြင့် ညက်နေအောင် ကြိတ်ပါ။


ရေချို ငါးပိရည်
ခရမ်းချဉ်သီးမီးဖုတ်
ကြက်သွန်ဖြူ မီးဖုတ်
ငရုတ်သီးစိမ်း မီးဖုတ်
ဟင်းခတ်မှုန့် ( သို့ ) အချိုမှုန့်
ပုစွန်ခြောက်မှုန့်
ငရုတ်သီးအကျက်မှုန့်
နံနံပင်


အေရှန်ဆိုင်ကနေ ၀ယ်လာသော မျှစ် .. တပတ်လောက် ကြာရှည် အထားခံအောင် ရေခဲသေတာထဲမှာ .. ရေစိမ်ပီး ဗူးလေးနှင့် သိမ်းထားပါတယ်။
ဆိုင်ကနေ မျှစ်ဝယ်လာရင်တော့ ရေမထည့်ဘူး။ အလေးချိန် စီးမှာ စိုးလို့။ အိမ်ရောက်မှ ဗူးထဲ ထည့်ရင်း ရေပါ မျှစ်မြုပ်ရုံလောက် ရေဖြည့်ပီး ရေခဲသေတာ အောက်ထပ်ထဲ သိမ်းထားလိုက်တယ်။

0 comments :