Thursday, January 17, 2013

ဖြစ်ပြန်ပြီ ...

ဒီနေ့ည ဖေ့ဘွတ်မှာ တက်လာတဲ့ သတင်း .. ဖတ်ရင်း ...
မြန်မာက လူငယ်တွေ ဖေ့ဘွတ်ကို စိတ်ထွက်ပေါက် .. ဆိုရှယ်ဆိုဒ် .. အပြည့်အ၀ သုံးနိုင်ကြတာ .. တော်တော် ကံကောင်းကြပါလားလို့ .. အတွေးဝင်မိပါတယ်။

Teen Posted Facebook Threat to Kill Fellow Students: Cops

ဒါက အခုလေးတင် ကိုယ်တို့ စတိတ်က သတင်းပါ။ လွန်ခဲ့တဲ့ ၃ နာ၇ီလောက်က တက်လာတဲ့ သတင်း ...
မနေ့ကကိုယ်ရေးထားတဲ့ပိုစ့် .. ဆယ်ကျော်သက် လူငယ်တယောက် .. နယူးရီးယားညမှာ အရက်သောက်ပီး ကားမောင်းတာ ရဲ နှင့် ပက်ပင်း မတိုးလို့ လွတ်သွားပေမယ့် ..
ဖေ့ဘွတ်မှာ သွားပီး မူးပီး ကားမောင်းတယ်ဆိုတာ .. ရေးလိုက်တာနှင့်ပဲ .. ရဲ က ..သူ စတေးတက်စ်  ရေးပီး ( ၂ နာရီ ) အကြာမှာ .. အိမ်တံခါး လာခေါက်ပီး ဖမ်းသွားပါရောလား ...

အခုလည်း .. ၁၆ နှစ် ဆယ်ကျော်သက်ကလေး တယောက်က ကိုယ့် ဖေ့ဘွတ် ပရိုဖိုင် .. ကိုယ့်ပေ့ခ်ျ မှာ ကိုယ့် ဘာသာကိုယ် ရေးချင်တာ ... လုပ်ကြံပီး ...  ရေးသားထားတာတောင်မှ .. အမေရိကန်ရဲများက .. မနေ့ည ၁၀ နာရီမှာ လာဖမ်းသွားရော .. သူ့ အိမ်မှာ ရဲများ ရှာဖွေတာ ဘာလက်နက်မှလည်း မတွေ့ဘူး။

သတင်းမှာတော့ .. အဲဒီ ဆယ်ကျော်သက် ကောင်လေး ဖေ့ဘွတ် စတေးတက်ဒ်ကြောင့် ရဲများက အချိန်မှီ ဟန့်တား .. တားဆီး .. ဖမ်းဆီး .. အဲဒီ ကောင်လေး ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများနှင့် မိဘ၊ ပြည်သူများက စိတ်ချမ်းသာ ... ( သေချာ မသိပေမယ့်၊ တကယ်လုပ်မယ့်လူက မကြံစည်ခင် .. အဲလိုပဲ ဖေ့ဘွတ်စတေးတက်ဒ် ရေးတတ်တာလား )

အဲဒီ ကလေးက အသက် ၁၈ နှစ်အောက်မို့ သူ့နာမည် မဖော်ပြတာ တော်ပါသေးရဲ့ .. ဒါပေမယ့် ... သူ့နာမည်က အမေရိကား ရီကော့ဒ် ၀င်သွားပီ ဆိုတော့ .. တခု ခု ဆို .. ဒါကြီးက အနောက်ကနေ ကပ်လိုက်နေတော့မှာပဲ ...

ပြောချင်တယ် .. အများကြီးပဲ ... မပြောတော့ဘူး။

တယောက် .. ယောက်က ကိုယ့် ပိုစ့်ကို ဘာသာပြန်ပီး ရဲ ကိုကို တွေကို ရီပို့ လုပ်လိုက်မှ .. ည ၁၀ နာရီ အိမ်တံခါး လာခေါက်နေအုံးမယ်။ :P

ဆယ်ကျော်သက် ယောကျာ်းလေးတွေဆိုတာ .. မာန် အရမ်းတက်တဲ့ အရွယ်လေးတွေပါ ..
သေချာ ကိုင်တွယ်နိုင်၊ ထိန်းသိမ်းနိုင်ရင် .. သူတို့ဘ၀ ဖြောင့်ဖြူးသွားတတ်ပါတယ်။
အညွှန့်တလူလူ တက်နေတဲ့ မာန်လေးတွေ.. အစွယ်မထွက်ရဲအောင်ပါလားကွယ် ...

တော်ပီ .. အိမ်က ကလေးများ ဖေ့ဘွတ်မှာ သွားပီး နာမည် ပြောင်းအုံးမယ်။
Friend list သွားစစ်ကြည့်အုံးမယ်။
တစုံတယောက်က ဒီကလေးဟာ အသက် ၁၄ နှစ်မပြည့်သေးပဲ ဖေ့ဘွတ် သုံးနေပါတယ် ဆိုပီး ရီပို့ လုပ်လိုက်မှဖြင့် ..( ဟား ) 3





0 comments :