Tuesday, January 1, 2013

ငါးခြောက်ထောင်းကြော်


ငါးခြောက်ထောင်းကြော် နှင့် ဒန့်သလွန်သီးကုလားပဲဟင်းရည်


ငါးခြောက်ထောင်းကြော် မွမွ


ငါးခြောက်ထောင်းကြော် ( အနီးကပ် )


ငရုတ်သီး အကြမ်းမှုန့်ပါ ထပ်ထည့်ကြော်ရင် ငါးခြောက်ထောင်း အစပ်ကြော်မို့ ပိုစားကောင်းပေမယ့် -


အိမ်မှာ သားသားနဲ့ သမီးလေးက ငါးခြောက်ထောင်းကြော် နှင့် အတူ ကြက်သွန်ကြော်ပါ အရမ်းကြိုက်ကြတော့ ငရုတ်သီး အကြမ်းမှုန့် ရောထည့် မကြော်ထားတာမို့ အချို ကြော်နည်း ...


ငါးရံခြောက်


ငါးရံခြောက် အသားများများ


အရင်ဆုံး ငါးရံခြောက်ကို ရေသေချာဆေးပီး


အိုးထဲမှာ ရေ နှင့်အတူ ငါးရံခြောက်ကိုထည့် .. ငါးရံခြောက် နူးသည့်အထိ ရေခမ်း ပြုပ်ထားလိုက်ပါတယ်။
ငါးရံခြောက်များရသည့်အခါမှာ အအေးခံပါ။ ငါးရံခြောက် အသားများကို နွှင်ပေးထားပါ။ အသား သပ်သပ်၊ အရိုးသပ်သပ်စီ ထားပါ။


ကြက်သွန်ဖြူကို ကြော်ဖို့ ဓါးဖြင့် မထူမပါး လှီးထားပါ။


ဆီ - 1 cup ကို အပူပေးပါ။ ဆီ ပူပီဆိုတာနဲ့ ကြက်သွန်ဖြူထည့်၊ ဆနွင်းမှုန့် 1/4 tsp ထည့်ပီး ကြော်ပါ။ ကြက်သွန်ကြော်များ ကြွပ်ခါနီးရင် မီးကို Low Heat အထိ လျှော့ချပီး ကြက်သွန်ဖြူကြော် ကြွပ်ကြွပ်လေး ရသည်အထိ ကြော်ရင် ငါးခြောက်ထောင်းကြော်နှင့် ပိုလိုက်ဖက်ပါသည်။


ကြက်သွန်နီများကို ပါးပါးလှီးပါ။ ဇကာထဲထည့် - ရေဆေးပီး ဇကာထဲမှာ ရေစစ်ထားပါ။


ဆီပူအိုးထဲမှာ ကြက်သွန်နီများ ထည့်ကြော်ပါ။ ဆနွင်းမှုန့် ထည့်ပါ။ ကြက်သွန်ကြော်များ ကြွပ်ခါနီးရင် Low Heat အထိ မီးအရှိန်ကို လျှော့ချပီး ကြော်သည့် ယောင်းမဖြင့် မွှေကြော်ပေးသွားပါ။ ပီးရင် ကြက်သွန်နီကြော်များကို ဇကာဖြင့် ဆီစစ်ထားပါက ကြက်သွန်နီကြော်များ ပို ကြွပ်ပီး စားကောင်းပါသည်။


ငါးရံခြောက် ပြုပ်ပီး နွှင်ထားသော အသားများကို ကြိတ်စက်ဖြင့်သော်လည်းကောင်း - ငရုတ်ဆုံဖြင့် ထောင်း ထားပါ။


ဆီပူအိုးထဲမှာ  - ကြက်သွန်ဖြူ အနည်းငယ်၊ ပါးပါးလှီးထားသော  ကြက်သွန်နီ အနည်းငယ် ထည့်၊ ဆနွင်းမှုန့် ထည့် ဆီသတ်ပီးမှ ထောင်းထားသော ငါးရံခြောက်ထောင်းများ ထည့်မွှေပါ။
ငါးခြောက်ထောင်းများ ဆီ - ကြွပ်ပီ ဆိုမှ ကြော်ပီးသား ကြက်သွန်ဖြူကြော်၊ ကြက်သွန်နီကြော်များထည့်ပါ။
အချို့မှုန့် အနည်းငယ် ထည့်ကြော်ပါက အရသာ ပိုကဲ - ကောင်းမွန်သည့် အတွက် ဟင်းခတ်မှုန့် ဖြစ်ဖြစ် အချိုမှုန့် အနည်းငယ် ထည့် ..
မီးကို အရှိန် လျှော့ချပီး - ငါးခြောက်ထောင်းကြော်များ ကြွပ် မွ သည့် အထိ မီးဖိုမီး - Low Heat အပေါ်မှာ ခဏလောက် ထားပေးပါ။


ငါးခြောက်ထောင်းကြော်


ချက်ရတာလည်း အရမ်းလွယ်သလို စားလို့လည်း အရမ်းကောင်းပါသည်။ ငါးရံခြောက်အသားက စားကောင်းတာမို့ ပုစွန်ငပိ၊ ပုစွန်ခြောက် ထပ်ကူစရာ မလို ... ထပ်ထည့်စရာ မလိုပါ။
အာဗြဲခြောက်ကိုလည်း ထောင်း၊ ကြော်စားတာ ကောင်းပါသည်။
ငရုတ်သီး အကြမ်းမှုန့်ပါ ထပ်ထည့်ကြော်တာလည်း စားကောင်းပါသည်။

6 comments :

Anonymous said...

I love this fried dried fish as well. Thank you so much for sharing and Have an Awesome Year 2013!!!
Mon Petit Avatar

သီရိရတနာ said...

@Mon Petit Avatar - Thank you very much for your wonderful message and wish you the same.

♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫♪ We Wish You a Merry ♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫♪Christmas ♥ ♥ ♥ We Wish You A Merry ♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫♪Christmas ♪♫•*¨*•.¸¸♥ ¸¸.•*¨*•♫♪...And A Happy New Year!♪♫•*¨*•.¸¸♥

۰̮̑●̮̑۰★⋰⋱☆⋰⋱★⋰⋱☆⋰⋱★⋰⋱☆⋰⋱★۰̮̑●̮̑۰
──────█─█ █▀█ █▀█ █▀█ █─█─────
──────█▀█ █▀█ █▀▀ █▀▀ ▀█▀─────
──────▀─▀ ▀─▀ ▀── ▀── ─▀──────
█▄─█ █▀▀ █─█─█──█─█ █▀▀ █▀█ █▀█
█─██ █▀▀ █─█─█──▀█▀ █▀▀ █▀█ ██▀
▀──▀ ▀▀▀ ─▀▀▀────▀─ ▀▀▀ ▀─▀ ▀─▀
۰̮̑●̮̑۰★⋰⋱☆⋰⋱★⋰⋱☆⋰⋱★⋰⋱☆⋰⋱★۰̮̑●̮̑۰
░░░█████░█████░░███░█████░░░
░░░█░░██░██░██░████░█░░██░░░
░░░░░░██░██░██░░░██░░░░██░░░
░░░░░██░░██░██░░░██░░░██░░░░
░░░░██░░░██░██░░░██░░░░██░░░
░░░██░██░██░██░░░██░██░██░░░
░░░█████░█████░░░██░█████░░░
۰̮̑●̮̑۰★⋰⋱☆⋰⋱★⋰⋱☆⋰⋱★⋰⋱☆⋰⋱★۰̮̑●̮̑۰

Crystal said...

ရန်ကုန်က ပါလာတဲ့ ငါးကျဉ်းကြပ်ကင်ကို ငါးခြောက်ထောင်းကြော်လို ကြော်လိုက်တယ်။ မွှေလိုက်ရတာ လက်ကို ညောင်းရောပဲ ... :P

သီရိရတနာ said...

@ Crystal - ငါးကျဉ်းခြောက်ထောင်းကြော်ပေါ့ .. Crystal ကြော်ရင် ... စားကောင်းမှာပဲ .. ငါးကျဉ်းဆို အရမ်းကြိက်တယ်။

ငါးကျဉ်းကြော်ကို ခပ်ကြွပ်ကြွပ်လေး ကြော်ပီး ... ငရုတ်သီး အကြမ်းမှုန့်၊ ကြက်သွန်ကြော်၊ ငံပြာရည်နဲ့ မွှေကြော်လိုက်ရင် ရှယ်ပဲ ... ငါးကျဉ်းကြော် အရမ်းကြိုက်တယ် .. ပြောရင်းနဲ့တောင် သတိရလာပီ ..
ငါးကျဉ်းကြပ်ကင်တို့ ငါးကျဉ်းကြော်တို့က ပါဆယ် သယ်ရတာ လွယ်တယ်နော်။ မှတ်ထားအုံးမယ်။ ရန်ကုန်ကို မှာမယ့်စာရင်းထဲ ဖြည့်ထားလိုက်မယ် ...:P

littletaster said...

bite sar nay tar...yumm yumm

သီရိရတနာ said...

@ Little Taster - Thanks for visiting. :)