" Fall in Leaves "

I love fall season. Fall season like colorful pictures. It's the most colorful time of the year. The leaves are beginning to turn, with trees taking on golden, amber and scarlet hues.

Shwe Kyi Sa Nywin Makin

( "Shwe Kyi Sa Nywin Makin" include Cashew Nuts, Raisins, Walnut, Almond, Coconut Cream, Butter and ..... I can only eat a little, because after I took about 5 bites, I feel full already.) My son like "Shwe Kyi Sa Nywin Makin" because there are mix nuts .... My son also likes poppy seeds that are on the "Shwe Kyi Sa Nywin Makin" very much, that's why I have to give my son extra poppy seeds about 1 small cup.

မုန့်ဟင်းခါး ....

blog မှာ ပိုစ့် မတင်ဖြစ်တာ ကြာနေပြီမို့ ... ဘလော့လည်း အသက်သွင်းရင်း ... ဘာရေးရမှန်းလည်း မသိဖြစ်ရင်း ... ထုံးစံ အတိုင်း ဓာတ်ပုံပဲ တင်လိုက်ပါတယ်။ ... ဓါတ်ပုံကတော့ ...

Have a lucky and wonderful 2014!

Happy new year everyone! Wishing you all a healthy, prosperous, and love filled new year. May the New Year bring to you warmth of love, and illuminates your path of life towards a positive direction.

ရွှေတောင်ခေါက်ဆွဲ အတွက် ကြက်သား အုန်းနို့ချက်

ကြိုက်နှစ်သက်သော . . . အန်တီစု စကားလုံး - ကျွန်မအခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမှာ တာဝန်ထဲမှာ စိတ်နှစ်ထားတာထက် ဘ၀မှာ အရေးကြီးတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အားတင်းခဲ့ပါတယ်။ အဲဒီစိတ်ကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။

Thursday, August 9, 2012

ချယ်ရီသီးသုပ်


ချယ်ရီသီးသုပ်


Cherry


ချယ်ရီသီးကို ရေသေချာဆေးပီး အညာကို ခြွေပါ။
ငံပြာရည်၊ သကြား၊ ငရုတ်သီးအကျက်မှုန့်တို့နှင့် သုပ်ပါ။
အေးအေးလေး စားချင်တာမို့ သုပ်ပီး ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားလိုက်ပါတယ်။ 
ချို၊ ချဉ်၊ ငံ၊ စပ် ချယ်ရီသီးသုပ်ကို အေးအေးလေး စားရတာ တကယ် စားလို့ကောင်းပါတယ်။


ရန်ကုန်မှာဆို ဇီးယိုထုပ်တွေကို ငံပြာရည်၊ ငရုတ်သီးအကျက်မှုန့် နှင့် ချို၊ ချဉ်၊ ငံ၊  စပ် သုပ်စားဖူးပါတယ်။


ကိုယ့်က ဇီးယိုထုပ်တွေနဲ့ ဇီးသီးသုပ် သုပ်စားတဲ့ အခါတိုင်းမှာ ပါးပါးလှီးထားသော ကြက်သွန်နီ ထည့်မသုပ်တတ်ပါဘူး။

ဇီးယိုထုပ်က ဇီးယို ထညက်ရည် ပြစ်ပြစ်ပါ ထည့်သုပ်ထားတာမို့ အချို အရသာကို လည်း ရသလို ..
ငံပြာရည်ကို မီးမြေးမြေးနဲ့ မီးဖိုပေါ်မှာ ကျိုပီး ငံပြာရည် ၂ ဇွန်းလောက်ထည့်နှယ်ရင် .. ဇီးသီးသုပ် စားတဲ့ အခါမှာ အငံ အရသာ ပေးတာမို့ နောက်ထပ် တဇွန်းပီး တဇွန်း စားချင်စဖွယ်ပါ။
ဇီးယိုထုပ်တွေက အစေ့မပါ အထုပ်ပဲ ဖြစ်ဖြစ်၊ အစေ့ပါ အထုပ်ပဲ ဖြစ်ဖြစ် သုပ်စားလို့ ကောင်းပါတယ်။ 
အချဉ် အရသာပါတဲ့ ဇီးယိုထုပ်တို့၊ မရမ်းပြားထုပ်တို့က သုပ်စားရတာ ပိုတောင်မှ အရသာ ရှိပါသေးတယ်။
ငရုတ်သီး အကျက်မှုန့်ကတော့ နည်းနည်း များများလေး ထည့်သုပ်စားပါ။ နို့မို့ရင် .. သိပ်မစပ်တော့ တော်တော်များများက စားနိုင်ကြတယ်။ ဇီးယိုသုပ် တပန်းကန်က ခဏလေးနဲ့ ကုန်မှာ သေချာပါတယ်။

ချယ်ရီသီးသုပ်ကျတော့ ဇီးယိုသုပ်လိုမျိုး ထညက်ရည် မပါတာမို့ သကြားကို ထည့်သုပ်ထားပါတယ်။


စတော်ဘယ်ရီကတော့ .. အိမ်မှာ ဖျော်သောက်တာ များတယ်။ စတော်ဘယ်ရီကို မညှက် တညှက် ဖျော်စက်နဲ့ မွှေပီး နို့ဆီ၊ ဒိန်ချဉ် နဲ့ ဖျော်သောက်တော့ စတော်ဘယ်ရီ လက်ဖျော် အရသာမျိုးပါပဲ။ အပေါ်ကနေ မလိုင်ပြစ်ပြစ် ထည့်စားရင် ပိုတောင်မှ အရသာ ရှိပါသေးတယ်။


နောက်တမျိုး .. စတော်ဘယ်ရီသီးကို အပြင်းပြေ စားတတ်တာက ငရုတ်သီး အစိမ်းမှုန့်၊ ဆား၊ သကြား ( သို့မဟုတ် ) နွယ်ချိုမှုန့် ကို သုံးမျိုးစပ်ပီး စတော်ဘယ်ရီသီးနဲ့ တို့ --- တို့ စားတတ်တာပါ။

မာလကာသီး အကြွပ်သီး၊ သစ်တော်သီးလည်း အဲလိုမျိုး တို့စားရင် အရသာရှိတယ်။


ကိုယ့် ဘလော့က ဓာတ်ပုံများတယ်။ စာနည်းပေမယ့် ဘလော့မှာ ဖိုင်ဆိုဒ်က များနေပါပီ။
ကိုယ့် ရဲ့ ပထမဦးဆုံး ဘလော့ wordpress ကျတော့ 2326.25 MB ( 76% ) လောက် သုံးပီးပီမို့ ဘလော့အဟောင်းကို ပြန်သုံးရင်လည်း ၃ လ လောက်ဆို 100% သူတို့ပေးထားတဲ့ wordpress blog space 3072MB ( Free space - 3 GB ) ပြည့်သွားမှာပါ။ 

အဲဒီအခါကျရင် upgrade လုပ်ရမှာ -- upgrade က 99$ 10GB အထိ သုံးလို့ရပါတယ်။

blog တွေက အလကားတော့ ပေးသုံးတယ်။ File size တွေ များလာရင် upgrade လုပ်ရတယ်။ ပိုက်ဆံသွင်းရတယ်။

 ဒီဘလော့က picasa photo file size ( Free - 1 GB ) လည်း limit ပြည့်သွားပါပီ။

ဒီ ဘလော့ကိုတော့ မပိတ်ပါဘူး။ 
တခါတလေမှ maintenance လုပ်နေတဲ့ အချိန်လေး ခဏလေး နာရီပိုင်းလောက် ပိတ်ထားတတ်တာပါ။

အဆက်အစပ်နဲ့ ကြည့်သွားပေါ့နော်။ 

ဘလော့ - ၁ 
ဘလော့ - ၂
ဘလော့ - ၃ ဆိုပီး

2009 - wordpress < thiriyatanar.wordpress.com >
2011 - blogspot < thiriyatanar.blogspot.com >

My New Blogs 

2012 - wordpress < favouritememories.wordpress.com > - Personal Blog
2012 - wordpress < colourfulrecipes.wordpress.com > - Recipes Blog

wordpress blog - free space 3GB ပေးပါတယ်။ ကျန်တာ upgrade လုပ်ရပါတယ်။ 
ကိုယ့် အဲဒီမှာ ... wordpress blog ကို personal blog နှင့် recipe blog ၂ ခု ထပ်ခွဲထုတ်လိုက်ပါ့မယ်။ အဲဒါဆို space မစားတော့ပါဘူး ..

စကားမစပ် - ကိုယ့်ရဲ့ ငယ်သူငယ်ချင်းတွေကို ပြောပြချင်တာက ကိုယ့် ကိုယ်တိုင် ဒီဘလော့က ပိုစ့် အဟောင်းတွေကို တခါတလေ ရှာရ ခက်တာမို့ တခု ခု လိုချင်ရင် Google ကနေပဲ တန်းပီးရှာပါ။ ကိုယ့်ဘလော့မှ မဟုတ်ပါဘူး။ တခြားဘလော့ကပါ .. အကြောင်းအရာတွေကို ရှာဖွေ တွေ့ရှိမှာပါ။ 

ကွန့်မန့်တွေ ကို .. ဒီဘလော့မှာ moderation မလုပ်နိုင်ရင် sorry ပါ။ ကိုယ့် ဘလော့ အသစ်နဲ့ အချိန်ကုန်နေလို့ပါ။

Google - blogspot ကော .. wordpress ကော .. How many wordpress blog can i have ? ဆိုပီး မေးလိုက်ရင် ထွက်လာပါလိမ့်မယ်။ blog က အများကြီး လုပ်လို့ရပါတယ်။ ဘလော့ တခုကို space နဲ့ပဲ Free ပေးထားတာပါ။

gmail လည်း space နဲ့ပဲ နော်။ Gmail Free Space - 10GB ... ကိုယ့် gmail ၂၀၀၅ က သုံးတဲ့ မေးလ် အကောင့်ဆို spam တွေ FWD, Facebook mail တွေကြောင့် အခု ၈၀ ရာခိုင်နှုန်း ကုန်သွားပီ။ upgrade လုပ်ရင် ပိုက်ဆံသွင်းပဲ .. အခု အသစ်ပဲ သုံးတယ်။ spam တွေ fwd, facebook mail တွေကို ပိတ်ထားတယ်။ space lose ဖြစ်သွားမှာ စိုးလို့ ... gmail အောက်နားမှာ ကိုယ့် ဘယ်လောက် သုံးထားလည်းဆိုတာ ကြည့်လို့ရပါတယ်။ 

အရင်ပိုစ့် ...







Wednesday, August 8, 2012

Favourite TV Series


တီဗီကြော်ငြာ


အသက်ကြီးတဲ့လူတွေအတွက် ... တနည်းအားဖြင့် လမ်းကောင်းကောင်း မလျှောက်နိုင်တော့တဲ့ လူကြီးတွေ ( disabled people ) အတွက် ခလုတ်ပါတဲ့ scooter .. ကြော်ငြာ ... လှေကားတွေ ဘာတွေကိုလည်း အဲဒီ Scooter နဲ့ ဘေးတိုက်ကြီး ထိုင်ရက်နဲ့ တက်သွားလို့ရတယ်။ 


ကလေးတွေကို ကျောင်းပိတ်ရက် လိုက်ပို့ပေးမယ့် Museum http://www.thechildrensmuseumct.org
 


ဒီ TV Series က my Favourite TV series ပါ။  သဘောကျတယ်။ အမှု အသွားအလာကို တယောက်နဲ့ တယောက် အခြေအတင် စကား ပြိုင်ငြင်းရင်း လူတွေအကြောင်းကို ရိုက်ထားတဲ့ ဇာတ်လမ်း။ တခါတလေ ပြသနာလေး သေးသေးမွှားမွှားကို ပုံကြီးချဲ့ပီး ရုံးရောက် ဂတ်ရောက်သွားတဲ့ အမှုမျိုးတွေ ... ခွေးကို လုနေတဲ့ အမှုမျိုးတွေ နဲ့ အိမ်နီးချင်း ပြသနာတက်တဲ့ အမှုမျိုးတွေ ... အထူးသဖြင့် မိန်းမ အမှုတွေ များတယ်။


သူတို့ စကားပြောတာ ပိုရှင်းလင်းပီး နားလည်အောင် TV မှာ English Subtitle ဖွင့်ထားလိုက်တယ်။ ကြည့်ရတာ မျက်စိရှုတ်တယ်။ အမြင်မရှင်းဘူး။ ပိတ်ချင်တယ်ဆိုလည်း ရပါတယ်။ 
တခါတလေကျရင် အပေါ်က ဓာတ်ပုံလိုမျိုး စကားပြော စာသားတွေကြောင့် လူတွေ မျက်နှာ ဖုံးနေတတ်ပါတယ်။


နောက် series က အိမ်က ပရိဘောဂတွေ ပျက်ဆီးနေလို့ အသစ်ပြင်ဆင်ချင်တယ်။ ပိုက်ဆံလည်း သိပ်အများကြီး မကုန်တဲ့ Home decoration မျိုး။ အိမ်ရှင်လင်မယားနဲ့ ဒီဘက်က မဲမဲက Home decoration လုပ်ပေးမယ့်လူ ...


ဗီဒိုတွေ ပျက်ဆီးနေတာ။ ခုံတွေ ပေါက်ပြဲနေတာ။ စားပွဲတွေ ပွန်းနေတာကို ... 
အသစ်ဖြစ်အောင် ဆေးသုတ်တန် သုတ်၊ အဟောင်းတွေကို ရောင်းတဲ့ ဟာ ရောင်းပီးတော့ ...
နောက်ထပ် .... တပတ်နွမ်း အရောင်းဆိုင်က ပစည်းမျိုးတွေကို သွားဝယ်ပီး အဲဒီ ကပလီက ဆေးသုတ်၊ ပေါ်လစ်တိုက်၊ ဆိုဖာ ပိတ်သား အသစ်ပြန်ချုပ်လိုက်တာ ဒီလိုမျိုး ဧည့်ခန်းအလှ ပရိဘောဂတွေကို ပစည်းဖိုးအပါ ... ပြင်ဆင်စရိတ် ဒေါ်လာ ၃၀၀ ကျော်ပဲ ကျပါတယ်။

ခုံ အ၀ါ ဘေးနားက သေတာ အနီက Toy chest ပါ။ အဟောင်းဆိုင်မှာ ၀ယ်တာ ဒေါ်လာ ၂၀ ကို ဈေးဆစ်ပီး ၁၅ ဒေါ်လာနဲ့ ၀ယ်လာတယ်။ ဆေးပြန်သုတ်လိုက်တော့ အခုလိုမျိုး လှပ သွားသလို ... အဲဒီ သစ်သားနဲ့ လုပ်ထားတဲ့ Toy chest ရဲ့ အဖုံး အတွင်းပိုင်းမှာ ကပ်ထားတဲ့ စာက ၁၉၄၁ ခုနှစ်က လုပ်ထားတာတဲ့။ ရှေးဟောင်းပစည်းအနေနဲ့ ရောင်းရင် တော်တော် တန်နေပါပီတဲ့။






အဲဒီ side table ... အဟောင်းဆိုင်မှာ သူတို့ သွားဝယ်တာ ဘယ်လောက်မှ မပေးရဘူး။ အဲဒါကို ကော်ပတ်စားပီး အပြာရောင်ဆေးသုတ်လိုက်တော့ လှသွားပါတယ်။ 

( ကိုယ်ကတော့ မဟော်ဂနီရောင်ကိုပဲ ပိုသဘောကျပါတယ်။ ခေတ်က ပြောင်းသွားတော့ မဟော်ဂနီရောင်က ရှေးဟောင်း အရောင်ကာလာဖြစ်သွားပီး၊ လိမော်ရောင်၊ အပြာရောင်၊ အစိမ်းရောင် တောက်ပတဲ့ ကာလာ က ခေတ်ပိုဆန်သွားတယ် ...  )


ဒီ ဆိုဖာ အဟောင်းကိုလည်း ၀ယ်လာပီး ဆိုဖာ ပိတ်သား ပြန်ပြင်ချုပ်ထားတာပါ။ အတွင်းပိုင်း သစ်သားတွေ ခိုင်မာမှု ရှိနေ မရှိနေတော့ မပြပါဘူး။ 

ရန်ကုန်မှာတုန်းက ဆိုဖာ ၀ယ်ရင် အရင်ဆုံး ဆိုဖာ ဒီဇိုင်းနဲ့ အရောင်ကို ရွှေးလိုက်တယ်။ သေချာပီဆိုမှ ဆိုဖာကို လှန်ကြည့်လိုက်တယ်။ ဘာ သစ်သားနဲ့ လုပ်ထားတာလည်း ဆိုပီး။ တောသစ်နဲ့ လုပ်ထားရင် ချ စားတယ်။ လူမနေတာ ကြာတဲ့ အခန်းတို့ ... ချ ရှိတဲ့ မြေကြီးမှာ ဆောက်ထားတဲ့ တိုက်တို့မှာ ဆိုရင် .. သစ်သားပရိဘောဂတွေက သေချာ ဂရုစိုက်မှ ရပါတယ်။ ပျဉ်ကတိုးသားတို့ ကျွန်းသားတို့က ပူတော့ ချ က အပူဒဏ်ကို မခံနိုင်ဘူး။ ကျွန်းသစ်နဲ့ လုပ်ထားတဲ့ ပရိဘောဂ ဘီဒိုတို့ ကုလားထိုင်တို့၊ စားပွဲ၊ မျက်နှာကျက်က စိတ်ချရပေမယ့် အခြားသား၊ တောသစ်နဲ့ လုပ်ထားတဲ့ ပရိဘောဂ၊ နံရံကပ်ဘီဒို၊ မျက်နှာကျက် တို့က စိတ်မချရဘူး။
 

ပြန်ပြင်ဆင်လိုက်တော့လည်း ဆိုဖာ ကုလားထိုင်လေးက ချစ်စရာ ... ထိုင်ခုံ အရှည်နဲ့ တယောက်ထိုင် ကုလားထိုင်က ဒီဇိုင်းမတူပေမယ့် ထိုင်ခုံပေါ်တင်တဲ့ ခေါင်းအုံးလေးတွေကို ၀မ်းဆက် ဒီဇိုင်း တူတူ ဆင်လိုက်တော့ ဧည့်ခန်းထဲက ပရိဘောဂတွေက အမြင်မှာ ၀မ်းဆက်ဖြစ်ပီး ကြည့်လို့ကောင်းသွားပါတယ်။


ဒီ မီးဖိုချောင်နဲ့ ဧည့်ခန်းကို နံရံကန့်တဲ့ စားပွဲက ကောပတ်စားပီး အရောင် ချွတ်ထားတဲ့ ပုံစံမှာ ပေါ်လစ်ကို Natural တင်ထားတာ။ 
ရန်ကုန်မှာလည်း ပရိဘောဂတွေကို ပေါ်လစ်တင်တဲ့အခါ တချို့က ပေါ်လစ်ထဲ အ၀ါရောင်အမှုန့်ထည့်ပီး ပေါ်လစ် အရောင်တောက်တောက်ကို ကြိုက်နှစ်သက်လို့ ပေါ်လစ်တင်သလို ... တချို့ကလည်း သစ်သားရဲ့ နဂိုမူလ အရောင်ကို ကြိုက်တာမို့ ပေါ်လစ်တင်ရင် အရောင်မှုန့် မထည့်ပဲ ပေါ်လစ်တင်တယ်။ 

နောက်ပိုင်း ပေါ်လစ်တင်တာ စပ်ပီးသား ပေါ်လစ်ဗူးများလည်း နိုင်ငံခြားမှ ဆေးသုတ်ဗူး ပုံစံမျိုးနဲ့ လာသလို၊ ကိုယ် ကြိုက်တဲ့ ကာလာ ရဖို့အတွက် တိုနာနဲ့ ပေါ်လစ် ဆေး အရောင် စပ်ပီး Brush နဲ့ သုပ်လိုက်ရုံပါပဲ။ 

အရင်တုန်းက ပုံစံမျိုး စွပ်ကျယ် အထုပ် သေးသေးလေးနဲ့ သုပ်တဲ့ ပေါ်လစ်သုပ်တဲ့ ပုံစံမျီုးလည်း ရှိသလို ... Brush နဲ့ သုပ်တာ ပိုလည်း မြန်တယ်။ Brush အမျိုးအစား အထူအပါး ... အမျိုး အမျိုး ရှိတယ်။ Brush ဘေးတစောင်း၊ ညာတစောင်း ပုံစံအမျိုးမျိုး ရှိတယ်။ ထောင့်နားတွေကို ပေါ်လစ်သုပ်ရင် အဲလို Brush မျိုးနဲ့ သုပ်မှ ပိုအဆင်ပြေတယ်။


မဟော်ဂနီရောင် သစ်သားဗီဒိုကြီးကို ကော်ပတ်စားလိုက်ပီး ...  ဆေးတွေ ချွတ်ထားတဲ့ ပုံစံ ဗီဒိုကြီးကို ပေါ်လစ် အရောင်ပြေပြေလေး သုပ်ထားတဲ့ စတိုင်ကို သဘောကျနေကြပါတယ်။ 
ကိုယ့်ကတော့ နှမြောစရာကြီးလို့ မြင်တယ်။ ခေတ်အမြင် မရှိတာလား မသိဘူး။ မဟော်ဂနီရောင်ဗီဒိုပုံစံဆို ရှေးစတိုင်ပေါ့။ ကော်ပတ်ချွတ်လိုက်တဲ့ ပုံဆို ခေတ်ပုံစံ ဖြစ်သွားပါတယ်။
 

အဲလိုမျိုး ပြင်ဆင်လည်း ပီးရော ... အဲဒီ ဘီဒိုကြီးက ရှေးဟောင်းပစည်းမို့ ဒေါ်လာ တသောင်း ခုနှစ်ထောင်လောက် တန်သွားပါတယ်။

ကိုယ့်ရဲ့ Good Value Guest ကော ... အိမ်မှာ ရှေးဟောင်းပစည်းတွေ ဘာတွေ ရှိလည်း ... သေချာ သိမ်းထားပါ။ သစ်သားပရိဘောဂဆို တော်တော် တန်ဖိုးရှိနေပါပီ။ နည်းနည်းလေး ပျက်ဆီးသွားခဲ့ရင်လည်း ပြုပြင်ပီး ပြန်သုံးပါ။ အမှိုက်ပုံမှာ မလွှင့်ပစ်ပါနဲ့ ။ လွန်ခဲ့တဲ့ အနှစ် ၅၀ က ဆေးလိပ်ပြာခွက်တောင် ဒီနေ့ အချိန်ထိ ထိန်းသိမ်းထားနိုင်သေးရင် တော်တော် တန်ဖိုးရှိနေပါပီ။
ရှေးဟောင်းပစည်းတွေကို စုဆောင်းတတ်သူ .... ရှေးဟောင်းပစည်းတွေနဲ့ ရန်ကုန်မှာ နာမည်ကြီး ကော်ဖီဆိုင် ဖွင့်ထားတဲ့သူကိုတောင် သတိရမိပါသေးတယ်။

ကိုယ့်ကတော့ ရှေးဟောင်းပစည်းဆိုတာထက် ဆွေစဉ် မျိုးဆက် ...မပျက်မဆီးအောင် ခေတ် အဆက်ဆက် ထိန်းသိမ်းနိုင်လွန်းတဲ့ မိသားစုဂုဏ်၊ ခိုင်မာမှုကို ပိုသဘောကျတာပါ။

အခု ကိုယ် သဘောကျနေတာ ပစည်းနည်းနည်းလေးနဲ့ တန်းဖိုးကြီးတဲ့ ပစည်းတွေပါ။ :D

ဈေးပေါပေါ ပစည်းများနဲ့ တအိမ်လုံး အပြည့် မျက်စိရှုတ်နေအောင် ထားတာကို မကြိုက်တော့ပါဘူး။ :D

အိုးဘားမား ရဲ့ ပီးခဲ့တဲ့ အင်္ဂါနေ့က မိန့်ခွန်းထဲက အတိုင်း တကယ်ဖြစ်လာရင်တော့ နောက်ဆို အမေရိကန်တွင် လုပ်သည်ဆိုပီး အရည်အသွေးကောင်းပစည်းတွေကို  ကောင်းကောင်းတန်ဖိုးထား သုံးရတော့မယ် ထင်တာပါပဲ ..........

ဒီ တီဗီဇာတ်လမ်းတွေက လတ်တလော ကိုယ်ကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းလေးတွေပါ။



Tuesday, August 7, 2012

ကြက်သား ကုလားပဲရည်သုပ်


အေရှန်ဆိုင် ( ဗီယက်နမ် ဆိုင် ) က ၀ယ်လာတဲ့ မြန်မာကြက်သားနဲ့ တူတဲ့ ကြက်သားကို ဆား၊ ဟင်းခတ်မှုန့်၊ ဆနွင်းမှုန့် များများထည့်နှယ်ပီး pressure cooker ထဲမှာ အသားတွေကို အိုးပူတိုက်ပီးတာနဲ့ ရေကို ခွက် တ၀က်လောက်ထည့် .. မီးမြေးမြေးနဲ့ နာရီဝက် လောက် ကြက်သားကို အသား နူးအောင် ပြုပ်ထားပါ။

 ကုလားပဲ အစိမ်းမှုန့်ကို ရေအေးနဲ့ အရင်ဖျော်ပီး မီးဖိုပေါ်မှာ ဆနွင်းမှုန့် နည်းနည်းထည့်၊ ဆား နည်းနည်းထည့် ... မီးမြေးမြေးဖြင့် ကုလားပဲရည် မပြစ်မကျဲ ချက်ပါ။

ကြက်သားပြုပ်ရပီဆိုရင် အအေးခံပီး အတုံးသေးသေး အသားတုံးထားပါ။

ဂေါ်ဖီ၊ ပူစီနံ၊ ငရုတ်သီးစိမ်း၊ သံပုရာသီး ( သို့မဟုတ် ) ရှောက်သီး၊ ကုလားလေး မဆလာ အမှုန့်၊ ငရုတ်သီး အကျက်မှုန့်၊ ကုလားပဲရည် များများဆမ်းပီး၊ ဆား ( သို့မဟုတ် ) ဟင်းခတ်မှုန့် ( သို့မဟုတ် ) အချိုမှုန့် နည်းနည်းထည့်ပီး ... ချဉ်၊ ငံ၊ စပ် သုပ်ထားပါတယ်။


ကြက်သား ကုလားပဲရည်ဆမ်း မဆလာသုပ် 


လက်ဆောင်ရထားသော အသားတုကြော်ထုပ်



ပဲပြုပ်ထမင်းနှင့် အရမ်းကို လိုက်ဖက်ပါတယ်။ ကော်ဖီကြမ်းဖြစ်ဖြစ် .. ရေနွေးကြမ်း နဲ့ဆို အရမ်းကောင်းပါတယ်။

ဆေးပေါ့လိပ်


လက်ဆောင်ရထားသော ဂျိုးသိန်း ဆေးပေါ့လိပ်




အိမ်မှာ လက်ဖက် အကြော်စုံ ရှိနေတာမို့ ... ဗီယက်နမ်ဆိုင်က ၀ယ်လာသော ဂျပန်ဂျင်းနု ပုလင်း


လက်ဖက်သုပ် ပိုစ့် တင်ပီးပီ ဆိုတော့ ဂျင်းသုပ် ပိုစ့် လာပါမည်။

ပဲငပိချက် ( အစပ် )


ပဲငပိချက်


ဆီ - 1/2 ခွက်
ကြက်သွန်ဖြူ - ၃ မွှာ
ကြက်သွန်နီ - ၁ ဥ
ဂျင်း - လက်တဆစ်
ခရမ်းချဉ်သီး - ၃ လုံး
ပဲငပိ ( soy bean paste with chilli ) - ထမင်းစားဇွန်း ( ၅ ) ဇွန်း
နံနံပင်


ပဲငပိ ( အစပ် )


ဆီ ... ခွက်တ၀က်ကို အပူပေးပီး .. ဆီကျက်ပီဆိုတာနဲ့ ကြိတ်ထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းထည့် ဆီသတ် ...
အရည်ရွှမ်း ခရမ်းချဉ်သီးမှည့် အနေတော်ကို ရှစ်စိတ်ခြမ်း ( ၃ ) လုံးကို ထည့် မွှေ ...
ခရမ်းချဉ်သီးများ လိပ်တက်လာအောင် အဖုံးခဏ အုပ်ပေးထားပီး
အပူငွေ့ကြောင့် ခရမ်းချဉ်သီးများ နူးသွားပီးမို့ ဟင်းချက်တဲ့ ဇွန်းနဲ့ ဖိပီး ခရမ်းချဉ်သီးများကိုချေပေးပါ ....
ခရမ်းချဉ်သီးများ ကြေသွားပီးဆိုတာနဲ့ ပဲငပိ ( အစပ် ) ပုလင်းထဲက ထမင်းစားဇွန်းနဲ့ ၅ ဇွန်း ထည့်မွှေပေးပါ။
ရေလေး အနည်းငယ်လောက် ခပ်စပ်စပ်လေး ဖြန်းပေးပီး အဖုံး ခဏအုပ်ထားပါ။
ပွက်ပွက်ဆူပီဆိုတာနဲ့ ပါးပါးလှီးထားသော နံနံပင် အုပ်ပီး ချက်ပါ။

..... ။။။ ..... ။။။ .....

  • ပဲငပိချက်ကို ဆီများများနဲ့ ပဲငပိ ချက်ချင်တယ်။ ပဲငပိက ဆီများများနဲ့ ချက်ရင် ပဲငပိ အငန် အရသာထဲမှာ ဆီများ စိမ့်ဝင်နေတာမို့ ထမင်းနဲ့ နှယ်စားတဲ့ အခါမှာ ဆီဝ နေတဲ့ ပဲငပိဟာ အရသာ စိမ့်နေတာပါပဲ .. ပဲငပိ အရသာ လေးလေးပင်ပင် နဲ့ စိမ့်စိမ့်လေး အရသာမျိုး ... အဲလိုမျိုး ကြိုက်တတ်ရင် .. ဆီကို ခွက် တ၀က်ကျော် ( ၂/၃ သုံးပုံ နှစ်ပုံ ခန့် ဆီသတ်ပီး ချက်ပါ )

  • အငန်ကို ပိုကဲအောင် .. ခံတွင်းရှင်းပီး ခံတွင်းလိုက်ချင်သပ ဆိုရင် ... ပဲငပိအိုး ကျက်ခါနီး နံနံပင် မအုပ်သေးခင်မှာ မန်းကျည်းမှည့်ရည် ပြစ်ပြစ် - ထမင်းစားဇွန်း နဲ့ ၂ ဇွန်းလောက် ထည့်ချက်ပီးမှ နံနံပင် အုပ်ပါ ... ( အဲဒါဆို ပဲငပိချက်က ချဉ်၊ ငံ၊ စပ် အရသာဖြစ်ပီး မန်းကျည်းသီးမှည့်အရသာကြောင့် ခံတွင်းလည်း လိုက်ပါတယ် )

  • ပဲငပိချက်ကို အရည်သောက်လိုမျိုး အရည် ကျဲကျဲလေးနဲ့ ချက်ချင်သပ ဆိုရင်လည်း ခရမ်းချဉ်သီးများ လိပ်တက်ပီး ပဲငပိ ( ၅ ) ဇွန်း ထည့်မွှေပီးတဲ့ အခါမှာ အရည်စပ်စပ် ဖြန်းရုံ မဟုတ်ပဲ .. ရေ တခွက်လောက် ထည့်ချက်ပါ .. ပွက်ပွက်ဆူမှ နံနံပင် အုပ်ပေါ့ .. ဒါဆို ပဲငပိချက်က အရည်သောက် မပြစ်မကျဲ အနေနဲ့လည်း စားလို့ ကောင်းပါတယ်။ ခပ်စပ်စပ်လေး စားချင်ရင်လည်း ... ငရုတ်သီးစိမ်း ထက်ခြမ်းခွဲပါ ထည့်ချက် ... လို့ ရပါသေးတယ်။



ဒီနေ့ အိမ်မှာ ချက်တဲ့ ပဲငပိချက်က ဆီ နှင့် ရေလည်း အနေတော် ပုံမှန်ပါပဲ ...
ဆား၊ ဟင်းခတ်မှုန့် ထပ်ကူစရာ မလိုပါဘူး။ ဗီယက်နမ် ဆိုင်က ၀ယ်လာတဲ့ ပဲငပိဗူးက အရသာ ပြင်ထားပီးသားမို့ အဆင့်သင့် ပဲငပိ ဆီပြန်ချက်ဟင်း ချက်လိုက်ရုံပါပဲ ....


ပဲငပိချက်



ပဲငပိ အဖတ်တွေ မြင်သာအောင် ဓာတ်ပုံရိုက်ချင်တာ သိပ် မသိသာဘူးဖြစ်နေတယ်။ အရသာကတော့ လေးလေးပင်ပင် စိမ့်စိမ့်လေးနဲ့ ထမင်းနဲ့ နှယ်စားပီး ... တို့စရာ သခွါးသီး အကြွပ်သီး ( သခွါးသီး အလုံးသေးသေး ) နဲ့ တို့စားရင် တော်တော် အရသာ ရှိပါတယ်။



ဂျူးမြစ် ( ရေခဲသေတာ ထဲမှာ ရှာရှည် အထားခံအောင် ဂျူးမြစ် တစည်းဆီကို တစ်သျူးနဲ့ လိပ်ပီး၊ ပလတ်စတစ်နဲ့ ထုပ်သိမ်းရင် ... တစ်သျှူးက ရေစုပ် သွားတာမို့ အအေးလည်းရတယ်။ ဟင်းသီးဟင်းရွက်လည်း မနွမ်းလွယ်ဘူး။ ကြာရှည်လည်း ခံတယ် )



ဂျူးမြစ် နှင့် ပဲငပိချက်

သတိထားဖို့



credit YouTube Link : http://youtu.be/_xf3ELqb6kc

escalator စီးရင် သတိထားဖို့ပါ .... 

Monday, August 6, 2012

မိုင်ဆန်း




သားသား ( ၁၅ ) လ သား အရွှယ်တုန်းက နံရံမှာ ချိတ်ထားတဲ့ ဖုန်းကို ယူဖို့ ကြိုးစားနေပုံ ....






မွေးကတည်းက ဖုန်း နှင့် ကင်မရာ၊ ကားကို အရမ်းကြိုက်တဲ့ သားသား

Saturday, August 4, 2012

မြန်မာအကျီ


2009 ILBC ၀ါဆိုကန်တော့ပွဲ ကျောင်းသွားတော့မယ့် Angel

2009 ILBC ၀ါဆိုကန်တော့ပွဲ ကျောင်းသွားတော့မယ့် Angel

မြန်မာအကျီ မြန်မာထမီ မြန်မာဘိနပ်နဲ့ အမှတ်တရ

မြန်မာအကျီ မြန်မာထမီ မြန်မာဘိနပ်နဲ့ အမှတ်တရ

ပုဝါ ခြုံချင်တယ်ဆိုလို့

ပုဝါ ခြုံချင်တယ်ဆိုလို့

ပြုံးလိုက်တော့လည်း

ပြုံးလိုက်တော့လည်း

မြန်မာအကျီနဲ့ အမှတ်တရ

မြန်မာအကျီနဲ့ အမှတ်တရ

မြန်မာစာသည် တို့စာ

မြန်မာစာသည် တို့စာ