" Fall in Leaves "

I love fall season. Fall season like colorful pictures. It's the most colorful time of the year. The leaves are beginning to turn, with trees taking on golden, amber and scarlet hues.

Shwe Kyi Sa Nywin Makin

( "Shwe Kyi Sa Nywin Makin" include Cashew Nuts, Raisins, Walnut, Almond, Coconut Cream, Butter and ..... I can only eat a little, because after I took about 5 bites, I feel full already.) My son like "Shwe Kyi Sa Nywin Makin" because there are mix nuts .... My son also likes poppy seeds that are on the "Shwe Kyi Sa Nywin Makin" very much, that's why I have to give my son extra poppy seeds about 1 small cup.

မုန့်ဟင်းခါး ....

blog မှာ ပိုစ့် မတင်ဖြစ်တာ ကြာနေပြီမို့ ... ဘလော့လည်း အသက်သွင်းရင်း ... ဘာရေးရမှန်းလည်း မသိဖြစ်ရင်း ... ထုံးစံ အတိုင်း ဓာတ်ပုံပဲ တင်လိုက်ပါတယ်။ ... ဓါတ်ပုံကတော့ ...

Have a lucky and wonderful 2014!

Happy new year everyone! Wishing you all a healthy, prosperous, and love filled new year. May the New Year bring to you warmth of love, and illuminates your path of life towards a positive direction.

ရွှေတောင်ခေါက်ဆွဲ အတွက် ကြက်သား အုန်းနို့ချက်

ကြိုက်နှစ်သက်သော . . . အန်တီစု စကားလုံး - ကျွန်မအခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမှာ တာဝန်ထဲမှာ စိတ်နှစ်ထားတာထက် ဘ၀မှာ အရေးကြီးတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အားတင်းခဲ့ပါတယ်။ အဲဒီစိတ်ကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။

Tuesday, July 31, 2012

နံရိုး ၀က်သားနီချက်

ဝက်သားနီချက်၊ ကြက်သားနီချက် ချက်နည်းအတိုင်း ၀က်နံရိုးဖြင့် ချက်စားသော နံရိုး ၀က်သားနီချက် ...


နံရိုး ၀က်သားနီချက်


မျှစ်၊ ချဉ်ပေါင်ဟင်းရည်


ငပိထောင်း


နံရိုး ၀က်သားနီချက်

ဝက်နံရိုး နဲ့ ချက်ထားသော နံရိုး ၀က်သားနီချက် .... ၀က်နံရိုးများကို ရေသေချာဆေး၊ အနေတော် အသားတုံးများ တုံးပီးတာနဲ့ ဆား၊ ဟင်းခတ်မှုန့်၊ ဆနွင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ရှာလကာရည်၊ ပဲငံပြာရည် အနောက်တို့နှင့် နှယ်ပီး နှပ်ထားပါ။

ဟင်းအနှစ်ဖတ်အတွက် ... ကြက်သွန်နီ ၃ ဥ ကို ပါးပါးလှီးပီး ကြော်ထားပါ။ အနေတော်လောက် ဆိုရင် ရပါပီ။ ကြက်သွန်ကြော်လိုမျိုး နီညိုရောင် သန်းတဲ့ အထိ ကြော်စရာ မလိုပါ။ ကြော်ပီးရင် ဆယ်ထားလိုက်ပါ။

ချက်မယ့် အိုးထဲမှာ ဆီ ထည့်။ ဆီပူပီ ဆိုတာနဲ့ သကြား ၂ ဇွန်းထည့် .. ချက်တဲ့ ဟင်းချက်ဇွန်းဖြင့် အဆက်မပြတ်မွှေပေးထားပါ။

ဆီပူအိုးထဲမှာ သကြားများ အရည်ပျော်တာနဲ့ တပြိုင်နက် ကြိတ်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့် .. နှပ်ထားသော ၀က်နံရိုးတုံးများ ထည့်ပါ။ သကြားဆီပူရည် နှင့် အတူ ကြက်သွန်အနှစ်ဖတ်များ ၀က်နံရိုးနှင့် သမ ရောစပ်သွားအောင် မွှေပေးပီးမှ ပါးပါးလှီးထားသော ခရမ်းချဉ်သီး အနေတော် ၃ လုံး ထည့်မွှေပါ။ ခရမ်းချဉ်သီးဖတ်များ ကြေပီး လိပ်တက်လာပါလိမ့်မည်။ အဲဒီ အခါကျမှ ၀က်နံရိုးများကို ခရမ်းချဉ်သီး အနှစ်ရည်များဖြင့် မီးမြေးမြေး အနေအထားနှင့် တရေ လောက် အဖုံးအုပ်ပီး ချက်ထားလိုက်ပါ။

ပီးမှ ရေ ကို အသားတုံး အနေအထားပေါ် မူတည်ပီး ရေ ကို ချိန်ထည့်ပေးပါ။ အိမ်မှာ ဒီနေ့ ချက်သော ၀က်နံရိုး အသားတုံးများသည် အရိုးနု အသားတုံးများ ဖြစ်တာကြောင့် ရေ စပ်စပ်လေး ထည့်ပီး ချက်လိုက်ရုံနှင့် နူးအိနေပါပီ။

နောက်ဆုံး .. ၀က်နံရိုး ဆီပြန်လာခါနီးမှာ ကြော်ထားသော ကြက်သွန်နီကြော်များကို ထည့်မွှေပေးပီး အဖုံးအုပ် .. မီး အရှိန်ကို နံပါတ် ၂ လောက်အထိ လျှော့ပါ။ ( Low Heat ) 

မီးအရှိန် နှေးနှေးဖြင့် ချက်ပါက ဟင်းအိုးလည်း မတူးတဲ့ အပြင် ရေခမ်းပီး ဆီပြန် နေပါလိမ့်မည်။


ထမင်းပွဲ


နံရိုး ၀က်သားနီချက်၊ ငပိထောင်း၊ မျှစ်၊ ချဉ်ပေါင်ဟင်းရည်


မျှစ်၊ ချဉ်ပေါင်ဟင်းရည်


နံရိုး ၀က်သားနီချက်၊

အနှစ်ဖတ်များနှင့် နံရိုး ၀က်သားနီချက်ဟင်းပါ။ သူ့အရသာက ချိုတယ်။ မအီဘူး .. အအီကို ထိန်းပေးဖို့ အချဉ် အနေနှင့်ရော .. ဟင်းအရောင်အဆင်း အနေနှင့်ပါ လတ်လတ်ဆတ်ဆတ် ခရမ်းချဉ်သီး အနှစ်ဖတ်များဖြင့် ထည့်ချက်ထားတာမို့ မအီပါဘူး။


ချဉ်ရည်ဟင်း နှင့် ငပိထောင်း

ဝက်သားနီချက်ဟင်း၊ ၀က်သားမျှစ်ချဉ်ဟင်းတို့နှင့် အလိုက်ဖက်ဆုံးက ငပိထောင်းပါ။

အိမ်မှာ ငပိထောင်းကို ပုစွန်ခြောက်အပါ ထည့်ထောင်းပီး ဆီစိမ်းဆမ်းတဲ့ အခါ ရှိသလို .. ဒီလိုမျိုး ငပိဖုတ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်း ( သို့ ) ကြိတ်ပီး သံပုရာသီးညစ်ထားတဲ့ ငပိထောင်းကို ပိုပီး ခံတွင်းလိုက်တာမို့ ဒီငပိထောင်းကိုပဲ မကြာခဏ ချက်စားဖြစ်ပါတယ်။

ချဉ်ပေါင်ဟင်းရည်က ရွှေမြန်မာက ... ချဉ်ပေါင်ကြော်ကို မီးဖိုပေါ်မှာ ချက်မယ့်အိုးထဲ အရင်လှိမ့် ... ပီးတာနဲ့ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ထည့်မွှေ၊ ပါးပါးလှီးထားသော ခရမ်းချဉ်သီး  ထည့်လုံး .. ဆူးဖြင့် ထိုးခြစ်ထားတဲ့ မျှစ် အမျှင်များနှင့် ထိပ်ဖျား အထူ နေရာကိုကျတော့ ဓါးဖြင့် အ၀ိုင်းလှီးထားသော မျှစ် အ၀ိုင်းတွေပါ ထည့်မွှေ ... ခရမ်းချဉ်သီးဖတ်များ နွမ်းသွားပီ ဆိုမှ ပုစွန်ငပိ အနည်းငယ်ကို ရေဖျော်ထည့်ပီး ထည့်လုံး .. ပီးမှ ရေထည့် ... ငရုတ်သီးစိမ်းတောင့်များ အညှာခြွေထည့်၊ ဆား နည်းနည်းထည့်၊ ချဉ်ရည်ဟင်းအိုး ကျတဲ့ အထိ တည်ပီးမှ နံနံပင် အုပ်ထားသော ချဉ်ပေါင်၊ မျှစ် ချဉ်ရည်ဟင်း ....


မျှစ်

ဗီယက်နမ်ဆိုင်မှာ ခြစ်ပီးသား မျှစ် လတ်လတ်ဆတ်ဆတ်များ ရောင်းပါတယ်။ ကိုယ်က ချဉ်ပေါင်ဟင်းရည်မှာ မျှစ် အမျှင် အပြင် မျှစ် အတုံး အဖတ် ကြီးကြီးနဲ့ စားချင်တာမို့ ကိုယ့်ဘာသာကိုယ် မျှစ်ကို ဆူးဖြင့် ခြစ်ပီး ချက်ထားတာပါ။

ဒီပိုစ့်မှာ ဗီယက်နမ်ဆိုင်က ၀ယ်လာသော မျှစ် ဓာတ်ပုံ ရှိပါတယ်။ မျှစ်ဖြင့် ကြော်ထားသော ချဉ်ပေါင်ကြော်


ချဉ်ပေါင်ကြော် ( ရွှေမြန်မာက လက်ဆောင်ရထားတာပါ )


ထမင်း နှင့် နှယ်ထားသော ချဉ်ပေါင်ကြော်

အရင်ပိုစ့်

ကြက်သားနီချက်၊ ငပိထောင်း၊ ချဉ်ပေါင် မျှစ်ချဉ်ရည်ဟင်း
ဝက်သားနီချက်၊ ပဲကြီး ဆူးပုပ်၊ ချဉ်ပေါင် မျှစ်ချဉ်ရည်ဟင်း
ဝက်သားနီချက်၊ ငပိထောင်း

ပြောင်းဖူး လက်ဘက်သုပ်


ဒယ်ဒီက ပြောင်းဖူး လက်ဘက်သုပ် ကို အရမ်းကြိုက်နှစ်သက်တာမို့ အိမ်မှာ မကြာခဏ လက်ဘက်သုပ်စားဖြစ်ပါတယ်။


ပြောင်းဖူးပြုပ် နှင့် လက်ဘက်သုပ်

အမေရိကားမှာ နွေရာသီဆို ပြောင်းဖူး လတ်လတ်ဆတ်ဆတ်တွေ ၀ယ်စားရတာ ဈေးပေါပါတယ်။
ကျန်တဲ့ ရာသီတွေကျတော့ ပြောင်းဖူး ရှားသွားပါတယ်။ ကျန်တဲ့ ရာသီတွေမှာ ပြောင်းဖူးစားချင်ရင်တော့ သံဗူးနဲ့ဆို တဒေါ်လာ နီးပါးလောက် ရှိပါတယ်။ ရိုးရိုး ပြောင်းဖူးကျတော့ နွေရာသီထက် ပိုဈေးများတယ်။

ဒီလို နွေရာသီမျိုးမှာ ပြောင်းဖူးကို ပြုပ်လိုက် မီးနဲ့ ဖုတ်လိုက် .. အမျိုးစုံ ချက်စားဖြစ်ပါတယ်။

2012 - USA Season

Spring season - March 20 ~ June 19
Summer season - June 20 ~ September 21
Fall season - September 22 ~ December 20
Winter season - December 21 ~ March - 19, 2013



ဒီ လက်ဘက် ပန်းကန်က နောက်တကြိမ် ထပ်စားဖြစ်တဲ့ လက်ဘက်ပွဲ


လက်ဘက်က - ချဉ်စပ်


သီဟိုဠ်စေ့ကြော်

ရေခဲမုန့်


စတော်ဘယ်ရီ များ ၀ိုင်းရံထားသော ရေခဲမုန့်


ချောကလက် အရသာ နှင့် Mint အရသာ


ရေခဲမုန့် ဝေဖာ ကတော့


Mint Ice Cream


စတော်ဘယ်ရီ


ချောကလက် အရည် နှင့် တို့စားဖို့ စတော်ဘယ်ရီ အသီးလေးများ


စတော်ဘယ်ရီ + ရေခဲမုန့်


စတော်ဘယ်ရီ ဗူးကြီး


စတော်ဘယ်ရီ လတ်လတ်ဆတ်ဆတ်များ


ပန်းပွင့်ပုံဖော် စတော်ဘယ်ရီသီးများနှင့် ရေခဲမုန့်



ရေခဲမုန့် ဝေဖာ နောက်တမျိုး

Sunday, July 29, 2012

တက်မယ်

သားသား တစ်နှစ်သားကျော် အရွှယ်တုန်းက ... ရိုက်ထားသော ဗီဒီယို .. ဒီနေ့ တနင်္ဂနွေနေ့မှာ မိသားစု ပြန်ကြည့်မိကျတော့ ပျော်ရွှင် ကြည်နူးမိပါတယ်။

၎ နှစ်သား .. အရွှယ်ရောက်နေပီ ဖြစ်တဲ့ သားသားကတောင် သူ့ရဲ့ ငယ်ဘ၀ ဗီဒီယိုကို ပြန်ကြည့်ပီး တခစ်ခစ်နဲ့ ကို ရီနေတော့တာပါပဲ ....

ရန်ကုန်မှာ နေတုန်းကတော့ သားနဲ့ သမီးရဲ့ အမှတ်တရ ဓာတ်ပုံတွေ ... ဗီဒီယိုတွေကို ရိုက်ပီးတာနဲ့ Picasa နှင့် Google video မှာ တင်ထားလိုက်တယ်။

အမေရိကား ရောက်မှ YouTube ကို ပြောင်းပီး တင်ထားလိုက်ပါတယ်။

မိသားစု အမှတ်တရ အချိန်လေးတွေကို အမှတ်တရ မှတ်တမ်းတင်ထားတာ ကြည်နူးစရာပါ။


YouTube : http://youtu.be/awLAL6yLaKI

ဒီဗီဒီယိုက .. သားသားက နှစ်ထပ်ကုတင်ကို ၁ နှစ်ကျော်ကတည်းက တက်လိုက် ဆင်းလိုက် ... နဲ့ ဆော့တတ်နေပါပီ။

၆လခွဲမှာ လေးဘက်ထောက်ပီး ... ၉ လ နဲ့ လမ်းလျှောက်တတ်တာမို့ ... တစ်နှစ်ကျော် ကျတော့ လှေကားတွေ တက်လိုက် ဆင်းလိုက် လုပ်တတ်နေတာကို အမှတ်တရ ဗီဒီယို ရိုက်ထားတာပါ။



YouTube : http://youtu.be/2rQJ7aln7ek


ဒီဗီဒီယိုကတော့ .. ကင်မရာကို မွေးကတည်းက ၁ လ သားကျော် .. မျက်စိ ကောင်းကောင်း ကြည့်တတ်တဲ့ အရွှယ်မှာကတည်းက ကင်မရာ ကို အရမ်းပဲ ကြိုက်နေပါပီ။

လေးဘက်ထောက် အရွှယ်မှာလည်း ကင်မရာ မြင်ရင် အတင်းကို လာယူတတ်သလို ...

လမ်းလျှောက်တတ်တော့လည်း အတင်းကို ကင်မရာ ယူချင်နေတော့တာပါပဲ ..


ဒီဗီဒီယိုထဲမှာလည်း ကင်မရာအိတ်ကို လှေကားထိပ်မှာ သမီးက ကိုင်ထားတော့ သမီးဆီက ကင်မရာ အိတ်ကို လှေကားပေါ်တက်ပီးယူ ... ယူပီးရင် လှေကားပေါ်က ဆင်း .. ကင်မရာအိတ်ထဲ ကင်မရာ ရှိတယ် အထင်နဲ့ ဖွင့်ကြည့်နေတဲ့ ဗီဒီယိုပါ။

ကင်မရာက မာမီ ဗီဒီယို မှတ်တမ်းတင်နေလို့ မာမီ ဆီမှာပါ။



* အရင်ပိုစ့် *

၂လ သား ကင်မရာကိုပဲ စိုက်ကြည့်နေသော သားသားလေး

၆လခွဲ နှင့် တအိမ်လုံး လျှောက်သွားနေတတ်သော သားသား က စက်ဘီးအောက်ကနေ မရမက ၀င်ပီး ၀ါရံတာကို သွားနေတဲ့ ဗီဒီယို

၇လ သား ... လေးဘက်ထောက် .. ပြေးလာပီး ကင်မရာကို ယူချင်နေသော သားသား

၉ လ သား .. လမ်းလျှောက် .. ပြေးလာပီး ကင်မရာကို ယူချင်နေသော သားသား

၁၁လ သား .. မမ ပုံဆွဲ ခံတံကို ယူပီး ပုံဆွဲချင်နေသော သားသား

Saturday, July 28, 2012

အမဲသား ထောပတ်ကင်



အမဲသားကို ဂီးလ်ထောပတ်နဲ့ ကင်ပီး ချက်စားဖြစ်ပါတယ်။ ဒီလို အမဲသား .. အသားမျိုးကို ကြိုက်တယ်။ အဆီလည်း ပါတယ်။ အသား ကို က ကောင်းနေတာမို့ အမဲသားရဲ့ အရသာ ပေါ်လွင်အောင် ဘာ ဟင်းခတ် အမွှေးအကြိုင်မှ ထည့်စရာ မလိုပဲ ကင်ပါတယ်။

အသားက မညှီအောင်ပြုလုပ်ပီး ရောင်းချထားတာမို့ ချက်ရတာလည်း အရမ်းလွယ်သလို အရသာလည်း ရှိပါတယ်။



ဂီးလ်ထောပတ်ဖြင့် ကင်ထားသော အမဲသားကင်




အမဲသားဈေးနှုန်း


အမဲသားကို ရေဆေးပီးတာနဲ့ ဆား၊ ဆနွင်းမှုန့်၊ ဟင်းခတ်မှုန့် နဲ့ နှယ်ပီး oven မှာ 300º F ဖြင့် တနာရီ ခွဲကျော်လောက် ဟိုဘက် ဒီဘက် လှန်ပီး ကင်ပေးရုံပါပဲ။ နောက်ဆုံးမှ ဂီးလ်ထောပတ်ကို သုပ်ပီး ၂ မိနစ်လောက် ထပ်ကင်ပေးလိုက်ရုံပါပဲ။

Thursday, July 26, 2012

မြင်းခွါရွက်သုပ်


မြင်းခွါရွက်သုပ်


မသုပ်ခင် ~


မြင်းခွါရွက်


မြင်းခွါရွက် 
ပုစွန်ခြောက်မှုန့် - ထမင်းစားဇွန်း ( ၂ ) ဇွန်း
မြေပဲမှုန့် - ထမင်းစားဇွန်း ( ၂ ) ဇွန်း
ပဲမှုန့် ( အကျက်မှုန့် ) - ထမင်းစားဇွန်း ( ၁ ) ဇွန်း
ကြက်သွန်ဖြူ ဆီချက် 
ငံပြာရည် - သင့်ရုံ
ဟင်းခတ်မှုန့် - အနည်းငယ်
ကြက်သွန်နီ - ၂ ဥ
သံပုရာသီး - တခြမ်း


မြင်းခွါရွက်များကို ရေ စင်ကြယ်အောင် ဆေးပြီး ပါးပါး လှီးထားပါ။
ကြက်သွန်နီ နှစ်ဥကိုလည်း ပါးပါးလှီး .. ရေဆေးပီး စစ်ထားပါ။
ကြက်သွန်ဖြူ တစ်ဥ ကို ဆီချက် ချက် ထားပါ။


အားလုံး အဆင့်သင့် ဖြင့်လျှင် ... ပါးပါးလှီးထားသော မြင်းခွါရွက်များကို ပုစွန်ခြောက်မှုန့်၊ ထောင်းထားသော မြေပဲမှုန့်၊ ပဲမှုန့်၊ ငံပြာရည်၊ ဟင်းခတ်မှုန့် ( သို့မဟုတ် ) အချိုမှုန့် တို့နှင့် ရောနယ် ဆီချက် လောင်းထည့်ပီးလျှင် သံပုရာရည်ညှစ်ထည့်ပေးပါ။

အစပ်စားချင်လျှင် ( ငရုတ်သီး အကျက်မှုန့် ဖြစ်ဖြစ်၊ ပါးပါးလှီးထားသော ငရုတ်သီးစိမ်း များ ထည့်သုပ်စားလို့လည်း ရပါတယ်။ )


Wednesday, July 25, 2012

HTC - Translate



Google translate ပုံစံမျိုးပါပဲ ... HTC hand phone မှာလည်း အသံထွက်ကို ဘာသာပြန်ပေးပါတယ်။ Google translate ကျတော့ တရုတ် စာသား ( words ) ကို အင်္ဂလိပ် လို ဘာသာ ပြန်ပေးသလို ... အခု HTC ဖုန်းကျတော့ တရုတ် စကားပြော ( speaking ) ကို ဖုန်းမှာ ပါတဲ့ မိုက် ခလုတ် ကို နှိပ်ပီး ( record ) လုပ် ... ပီးရင် .... ဘာသာ ပြန်စေချင်တဲ့ < ဥပမာ - ယိုးဒယား / ဗီယက်နမ် / အင်္ဂလိပ် / ဂျပန် > ရွှေးချယ်ပီး ဘာသာ ပြန်ခိုင်းလို့ ရပါတယ်။

ဓာတ်ပုံမှာ တရုတ် စကားပြော အသံထွက်ကို အင်္ဂလိပ်လို ဘာသာပြန်ထားတာပါ။



Spanish အသံထွက်ကို အင်္ဂလိပ် လို ဘာသာ ပြန်ထားတာပါ ။
အသံထွက် ( စကား ) - Speak နှင့် ဘာသာပြန် - Translate ကို ကိုယ် ကြိုက်နှစ်သက်တဲ့ ဘာသာ အမျိုးမျိုး ပြောင်းလို့ရပါတယ်။ ရုရှား က အစ ဂျပန် ... အမျိုးစုံ ဘာသာပြန်ပေးပါတယ်။


Spanish to English


HTC screen မှာ မြင်နေရတဲ့ ကိုယ်ရဲ့ Twitter a/c


HTC Screen


ဖုန်း ကြည့်လိုက်တာနဲ့ မြန်မာနိုင်ငံက အချိန်ကို တခါတည်း တမ်းမြင်နေရအောင် ... နာရီကို  ၄ နိုင်ငံ ထည့်ထားပါတယ်။ အမဲရောင် နာ၇ီက ည အချိန်ကို ညွှန်ပြနေတာပါ။

ရန်ကုန် နှင့် အမေရိကားက နေ့ နှင့် ည ကွာခြားတာမို့ ... တခါတလေ နာရီကို ကြည့်ပီး .. ရန်ကုန်မှာ ဆိုရင် ဒီ အချိန် ... ဖေဖေ့ကို ထမင်းခူး ပေး နေလောက်ပီ ဆိုပီး ... သတိရနေမိတတ်ပါတယ်။

ဖုန်းမှာ ရာသီဥတု ကိုပါ ထည့်ထားတယ်။ weather ~ Location နေရာမှာ ရန်ကုန်ပါ ထည့်ထားတာမို့ ရန်ကုန်မှာ မိုးရွာနေတဲ့ အချိန်ကိုလည်း အမေရိကားဘက်မှာ ဖုန်း screen ကြည့်ပီး မှန်းဆ လို့ ရနေပါတယ်။


FB မှာ ကိုယ့် ကြိုက်နှစ်သက်တဲ့ Quotes


ကိုယ့် ကြိုက်တဲ့ Bewitched TV Series ....
ကိုယ့် အမြဲတန်း ကြည့်ပါတယ်။
Bewitched နှင့် I dream of Jeannie ကို အကြိုက်ဆုံးပါ။


iPad နဲ့ အားတဲ့ အချိန်တိုင်း ကြည့်တတ်ပါတယ်။
Bewitched ထဲက ဇာတ်ဆောင်တွေ ... မင်းသမီး၊ မင်းသား နှင့် ဇာတ်ပို့များ ... ကွယ်လွန်သွားကြပါပီ။
I Dream of Jeannie မှ ဇာတ်ဆောင်တွေ က အခု အချိန်အထိ ကျန်းမာ၊ ပျော်ရွှင်ပီး အနုပညာ လုပ်ငန်းများ နှင့် လူမှု ၀န်ထမ်း လုပ်ငန်းများကို လုပ်ကိုင်နေတုံးပါပဲ .. အသက် ၈၀ ဆိုပေမယ့် ကျန်းမာ ... ပျော်ရွှင် နုပျိုနေတုန်းပါပဲ ...

Bewitched နှင့် Jeannie က ဇာတ်လမ်းတွဲ ရိုက်ကူးတာ နှစ် အနည်းငယ်လောက်ပဲ ကွာတာပါ။

Bewitched - 1964 ~ 1972
I Dream of Jeannie - 1965 ~ 1970


** အရင်ပိုစ့် ***

HTC rezound 4G Android
I Dream of Jeannie - Jeannie and Tony : Still magical after 40 years