" Fall in Leaves "

I love fall season. Fall season like colorful pictures. It's the most colorful time of the year. The leaves are beginning to turn, with trees taking on golden, amber and scarlet hues.

Shwe Kyi Sa Nywin Makin

( "Shwe Kyi Sa Nywin Makin" include Cashew Nuts, Raisins, Walnut, Almond, Coconut Cream, Butter and ..... I can only eat a little, because after I took about 5 bites, I feel full already.) My son like "Shwe Kyi Sa Nywin Makin" because there are mix nuts .... My son also likes poppy seeds that are on the "Shwe Kyi Sa Nywin Makin" very much, that's why I have to give my son extra poppy seeds about 1 small cup.

မုန့်ဟင်းခါး ....

blog မှာ ပိုစ့် မတင်ဖြစ်တာ ကြာနေပြီမို့ ... ဘလော့လည်း အသက်သွင်းရင်း ... ဘာရေးရမှန်းလည်း မသိဖြစ်ရင်း ... ထုံးစံ အတိုင်း ဓာတ်ပုံပဲ တင်လိုက်ပါတယ်။ ... ဓါတ်ပုံကတော့ ...

Have a lucky and wonderful 2014!

Happy new year everyone! Wishing you all a healthy, prosperous, and love filled new year. May the New Year bring to you warmth of love, and illuminates your path of life towards a positive direction.

ရွှေတောင်ခေါက်ဆွဲ အတွက် ကြက်သား အုန်းနို့ချက်

ကြိုက်နှစ်သက်သော . . . အန်တီစု စကားလုံး - ကျွန်မအခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမှာ တာဝန်ထဲမှာ စိတ်နှစ်ထားတာထက် ဘ၀မှာ အရေးကြီးတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အားတင်းခဲ့ပါတယ်။ အဲဒီစိတ်ကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။

Saturday, June 30, 2012

Hand made Birthday card

BD card စာအိတ် (အရှေ့ဘက်ခြမ်း)

BD card စာအိတ် (အရှေ့ဘက်ခြမ်း)
Angel အတန်းထဲက ဆုရတနာမောင် ရဲ့ ညီမလေး 1 နှစ်ပြည့် မွေးနေ့ အတန်းထဲမှာ မွေးနေ့ အမှတ်တရ အနေနဲ့ ( File folder ) လက်ဆောင်ပေးပီး မိုင်လို တိုက်တယ်။

ဆုရတနာမောင် ညီမလေးအတွက် မွေးနေ့ လက်ဆောင်ပေးရင်း တစ်နေ့က shopping mall မှာ တွေ့လို့ ၀ယ်လာတဲ့ sticker လေးတွေနဲ့ သမီးက hand made birthday card လေး လက်ဆောင်ပေးတယ်။
 
သမီး Angel က ပထမ ဦးဆုံး A4 pink paper ကို ခေါက်ချိုး - ချိုးပီး ဘေး ၂ဖက်ကို double tape ကပ် အပေါ်ကို ဖွင့်ထားတဲ့ နေရာကို စာအိတ် ခေါက်ဖို့ အပြား သေးသေးလေး ခေါက်ချိုး ချိုးထားလိုက်သေးတယ်။
 
ပီးတော့ သူက စာအိတ် မှာ ပေတံနဲ့ မျဉ်းကြောင်း ဆွဲပီး To. Hsu Yadanar Mg ဘေးက sticker ကပ်ထားတဲ့ ပုံက စာတိုက်ပုံးလေး။
 
အောက်နားမှာ From, Angel Mg Mg ဘေးက ကပ်ထားတဲ့ မှို မှာ Good friend ဆိုတဲ့ စာတမ်းလေးလည်း ပါတယ်။
စာအိတ် ကျောဘက်

စာအိတ် ( ကျောဘက်ခြမ်း )
စာအိတ်က သူ လုပ်ထားတာ ရိုးရိုး ရှင်းရှင်းပါပဲ။ ( စာအိတ် - ကျောဘက်ခြမ်း ) ကိုတော့ သူ့က တစ်ပုံပဲ ကပ်ထားတယ်။ ပန်းခြင်းလေး best wishes ဆိုတဲ့ စာတမ်းပါတဲ့ ပန်းခြင်းလေး။
BD card (page 1)

Birthday Card ( Page - 1 )

အထဲက Birthday Card ကတော့ ပန်းေ၇ာင် စက္ကူပဲ ။ အဲဒီမှာလည်း သူ့က မျဉ်းကြောင်းဆွဲပီး Happy Birthday ကို သမီး ဆီမှာ ရှိတဲ့ color soft pen တွေနဲ့ စာတစ်လုံးကို တစ်ရောင်စီေ၇းထားတာ။ ပီးတော့ ကပ်ထားတဲ့ စတစ်ကာက မွေးနေ့ ကိတ်လေး။
BD card (page 2)

Birthday Card ( Page - 2 )

ဆုရတနာမောင် ညီမလေး မို့လို့ ဘေဘီ မစ်နီမော့စ် က နို့ဗူးနဲ့ လေးဘက်ထောက်ကလေး ပုံ။ ဘေး ၂ဖက်ကတော့ လှုပ်မြင်းလေး ၂ကောင်ပုံ အပေါ်ထောင့်နားကတော့ Birthday sticker
BD card (page 3)

Birthday Card ( Page - 3 )

ဒါကတော့ သမီး Angel ရေးထားတာ။ ထုံးစံအတိုင်း မျဉ်းကြောင်း အရင် ဆွဲပီး။ အဲဒီ လိုင်းပေါ်မှာ ရေးထားတာ။ အောက်နားက Angel Mg Mg ပေါ်မှာ ကစ်တီ အိန်ဂျယ်က သမီးလေးကို ကိုယ်စားပြုပုံ ကပ်ထားတာတဲ့။
သမီးက baby brother မှတ်လို့ ကတ်မှာ ရေးပီး ပေးလိုက်တာ။ baby sister ဖြစ်နေတယ်။ 
BD card (page 4)

Birthday Card ( Page - 4 )

Birthday card ရဲ့ ကျောဖုံးလေး။ ကလေး မွေးနေ့ကတ်ဆိုတော့ ဘေဘီ မစ်ကီမော့စ်နဲ့ ဘေဘီ မစ်နီ မော့စ်က ကားမောင်းနေတဲ့ ပုံလေးတွေ။
Bubble (birthday present)
Birthday present
sticker

sticker

ဒါကတော့ shopping mall က တွေ့လို့ ၀ယ်လာတာ။ အဲဒီ ကတ် တစ်ကတ်ကို ၅၀၀ ကျပ် (ပုံကတော့ ၈ ခုကျော်လောက်ပါတတ်တယ်) စတစ်ကာက ၂ထပ်ဆိုတော့ တစ်မျိုးလေး ဆန်းတယ်။ မွေးနေ့ကတ်တွေကို သမီးက သူ့ဘာသာ သူ့ ဖန်တီး ရတာ သဘောကျတယ်။ shopping mall တွေကနေ birthday card တွေ ၀ယ်လို့ရပေမယ့် သူ့ကိုယ်တိုင် စာလေးတွေရေး ပုံလေးတွေဆွဲပီး စတစ်ကာလေးတွေ ကပ်တာကို သမီးက ၀ါသနာ ပါတာလေ။
သမီး ကျောင်းစတက်တော့ class room မှာ ထားဖို့ ကျောင်းသားအားလုံးရဲ့ ပစ္စည်းလေးတွေယူလာဖို့ စာရင်းထဲမှာ story book လည်း ယူလာခိုင်းတယ်။

(အိမ်မှာရှိတဲ့ story book အပြင် သမီး ဖန်တီးပီး ရေးထားတဲ့ story book လေးကို စာအုပ်ပုံစံ ချုပ်ထားတဲ့ ပုံပြင်စာအုပ်ကိုပါ သမီးက ကျောင်းက အတန်းထဲမှာ ထားတယ်။) သမီးလေးရဲ့ ၀ါသနာလေ။
ပန်းအိုး (အိမ်မှာ ပန်းအိုးမရှိလို့ ၀ယ်ပီး အတန်းထဲမှာ ထားတယ်။ ပန်းအိုး မယူလာလည်း ရပါတယ်။ ဒါကတော့ as u like ပါပဲ)
ကတ်ကြေး၊ ကော်ဗူး၊ class room pet ဖိုး တစ်ယောက်ကို တစ်ထောင်ပဲ ပေးရတယ်။ ကျေးကျုတ်လို့ ထင်တာပဲ။ သမီး ပြောပုံအရကို ခန့်မှန်းကြည့်တာပါ။ သမီးကတော့ parrot လို့ ပြောတယ်။ ၂ကောင်။ pet monitor စုဝေေ၀က ငှက်ကလေးအိမ် အတွက် အစာဖြည့်ရ။ ရေဖြည့်ရတယ်လို့ သမီးက ပြောတယ်။ တစ်တန်းလုံးက ငှက်ကလေး ၂ကောင်ကို အရမ်းချစ်ကြတယ်။ သမီးကတော့ uniform monitor. ယူနီဖောင်းဝတ်ထားတာတွေ သပ်ရပ်မှု ရှိ မရှိ စစ်ဆေးရတာ။
3 နှစ်သမီးကတည်းက I.L.B.C - Private School ( Yangon, Myanmar ) ကျောင်းမှာ တက်လာခဲ့တော့လည်း သမီးက ကျောင်းမှာ တော်တော်ပျော်ပေါ့။ သူငယ်ချင်းတွေကလည်း ကျောင်းစတက်ကတည်းက ငယ်သူငယ်ချင်းတွေချည်းပဲ။ အတန်းတွေက အတန်းကြီးတွေကျမှပဲ အတန်းခွဲပါတယ်။

ဘလော့ အဟောင်းမှ ပိုစ့် (06/16/2009) : http://thetnandarfamily.wordpress.com/2009/06/16/home-made-bd-card/

Thursday, June 7, 2012

အခုရက်ပိုင်း

ဘလော့ပေါ်ကို ခဏလောက် တက်လာပါတယ် ...
အမှန်က ကိုယ် အားတဲ့ အချိန်လေးတွေမှာ ဟာသကားတွေ အကြည့်များနေလို့ပါ ...
ဒီလိုရာသီဆို ဘာဖြစ်လို့မှန်းမသိပါဘူး။ အသုပ်တွေ ချဉ်ချဉ်၊ စပ်စပ် စားချင်တယ်။
ဟာသကားတွေ ကြည့်ပီး ရီချင်တယ်။

အခုရက်ပိုင်း မအားတာလည်း အမှန်ပါပဲ ..
အားတဲ့ အချိန်လေး .. အင်တာနက်ကနေ သတင်းတွေ ကြည့်၊ အရင်တုန်းက ရွှေမြန်မာ - ၁ နိုင်ငံပဲ ကြည့်ရုံနဲ့ လုံလောက်တယ်။ အခုက ၂ နိုင်ငံလောက် ကြည့်နေရပါတယ်။

မနက်ဖြန် သမီး .. trip သွားရပါမည်။ စတိတ်က capital ပါ။ မိဘများလည်း လိုက်လို့ရပါသည်။

ဒါနဲ့ စကားမစပ် .. မနှစ်က ကိုယ်တို့ ရောက်ခါစ က ရဲကား အသံ နေ့တိုင်း ကြားရပါတယ်။ ဒါပေမယ့် ဒီနှစ် 2012 နှစ်စကနေ စလို့ ရဲ ကား အသံ သိပ် မကြားရတော့လို့ မေးကြည့်တော့ စတိတ်က ရဲတွေက အရင်လို မလာတော့ကြောင်း နှင့် သိပ် အရေးကြီးမှသာ ရဲကား လာတော့တယ်။ ဘတ်ဂျတ်ကြောင့်လို့ ပြောတယ်။ အရင်တုန်းက .. ဥပမာ - ကြောင် သစ်ပင်ပေါ် ရောက်နေရင်တောင် ၉၁၁ ဖုန်းဆက်ပီး .. ရဲကို အကူအညီတောင်းလို့ရတယ်။ အခုဆိုရင် - ရဲ က အရမ်း အရေးကြီးမှ လာပါတော့တယ်။ ကိုယ်တော့ တခါမှ အကူအညီမတောင်းဖူးဘူး။ ရဲကား အသံ မကြားတာ ကြာလို့ မေးကြည့်မိတာ။



သားသားကို ကျောင်းသွားအပ်စဉ် ...


ကျောင်းကောင်စီမှာ ချိတ်ထားတဲ့ ကလေးတွေရဲ့ ပန်းချီကားတွေ ....




ပျားအုံ သေးသေးလေး .. အနီးကပ် ကြည့်လို့ရတယ်။ ရန်မမူဘူး။ ပျားအုံ ထိရင်တော့ နာပီပဲ ....


သမီးက သစ်ပင် စိုက်ချင်လို့ မျိုးစေ့ ၀ယ်ပေးထားပါတယ်။


ပန်း - မျိုးစေ့



ဟင်းသီးဟင်းရွက် မျိုးစေ့


မျိုးစေ့ အထုပ် နောက်မှာ စိုက်ပုံ စိုက်နည်း ရှိတယ်။ ပန်းနဲ့ ဟင်းသီးဟင်းရွက်ပါ စိုက်လို့ရတဲ့ မြေဆွေး တထုပ် နှင့် မျိုးစေ့ ၀ယ်ပေးလိုက်ရုံပဲ ... ၄ လက်မ စီ ခွါစိုက်လိုက်ရုံပဲ။ မျိုးစေ့ တခု နှင့် တခု စိုက်ပုံ စိုက်နည်းပဲ ကွာတာပါ။ အရမ်းလွယ်တယ်။

မေဘဲလ် မျိုးစေ့တွေ လမ်းမပေါ် ပြန့်ကျဲနေလို့ သမီးက ကောက်ပီး စိုက်ထားသေးတယ်။


ကလေးများ ကြိုက်တဲ့ အမဲသားခြောက်




ရေကူးကန်က ငါးကန်


ရေကူးကန်မှာ ရောင်းတဲ့ ရေကူးအကျီများ


တနှစ်လုံး ဖွင့်သည့် မိုးလုံ လေလုံ ရေကူးကန်












သမီးက ရန်ကုန် ... YIS ရေကူးကန်မှာ ရေကူးသင်လာတာမို့ ရေကူးတတ်ပါတယ်။



အနောက်ဖက်နားမှာ အားကစားလေ့ကျင့်ခန်း - စက်တွေနဲ့ exercise လုပ်ရုံပဲ ...




Hydrotherapy Pool - လူကြီး နှင့် ( ၆ နှစ် ကနေ ၁၈ နှစ် ကလေးက လူကြီး နှင့် အတူ ) ရေနွေးစိမ်လို့ ရပါတယ်။


ရေချိုးခန်းမှာ ကလေး ကို ရေချိုးပေးရလွယ်အောင် ခေါက် ကုလားထိုင် .. 
လူကြီးချိုးတဲ့ အခါ ခေါက်ထားလိုက်ရုံပါပဲ ...


ဆပ်ပြာရည်၊ ခေါင်းလျှော်ရည် ပါပီးသား ဆံပင် အခြောက်ခံစက်ပါ ပါတယ်။ ရေကူးဖို့ ပိုက်ဆံ အပီး ယူထားတာမို့ ဒါတွေလည်း ပါတာပေါ့နော်။


ရေကူးပီးတော့ ဗိုက်ဆာပီလေ -


အအေးသောက်


နေ၀င်ချိန်








မြီးရှည် အတွက် -
ဝက်သား၊ ပဲငပိ၊  ပဲငံပြာရည် အကြည်၊ ကော်ရည်၊ မြေပဲထောင်း၊ ကြက်သွန်မြိတ်၊ ရေနွေးဖျော်ထားသော ပဲပင်ပေါက်၊ မုန်ညင်းချဉ်၊ ငရုတ်သီး ဆီချက်၊ ကြက်သွန်ဖြူ အနှစ်ရည်၊ ဆား၊ ဟင်းခတ်မှုန့်၊









credit : အသည်းအထူးကု ပါမောက္ခ ဦးခင်မောင်ဝင်း ၏ နိုင်ငံခြားဆိုတာ ( ၁ )

နိုင်ငံခြားဆိုတာ အပေါ်ကို အမြင်တွေ၊ အတွေးအခေါ်တွေဟာ လူတစ်ယောက်ရဲ့ ဘဝအခြေခံ လူမှုဆက်ဆံရေးပတ်ဝန်းကျင်ပေါ် မူတည်ပြီး ကွာခြားပါလိမ့်မယ်။

ဥပမာပြောရမယ်ဆိုရင် ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံကနေ ထမင်းနပ်မှန်အောင်မစားရတဲ့လူတွေ လှေတွေနဲ့ တခြားနိုင်ငံကို ခိုးဝင်ပြီး ရောက်လာတာ ရောက်တော့ တခြားတစ်နိုင်ငံဟာ သူတို့အဖို့ နတ်ပြည် နတ်နန်းကြီး လို အောက်မေ့ခံစားရမှာပါ။

ကျွန်တော်တို့မြန်မာတွေ နိုင်ငံခြားသွား အလုပ်လုပ်တယ်ဆိုတာက အခုဂျပန်သွားမယ်ဆိုရင် ပွဲခ ပေါက်ဈေး သိန်း၁ဝဝ ကျော်၊ မလေးရှားသွားမယ်ဆို ၁၈သိန်း ဆိုသလို ဖြစ်နေတော့ နိုင်ငံခြားသွားမယ့် မြန်မာတွေဆိုတာ တတ်နိုင်တဲ့လူ၊ ချမ်းသာတဲ့ လူတွေ အများစုပါ။ ဥပမာ ဆိုကြပါစို့ မြန်မာ ရွာတစ်ရွာကနေ နိုင်ငံခြားသွားဖို့ လုပ်တဲ့ ရွာသားတစ်ယောက်ဟာ အဲဒီရွာက လူကုံထံစာရင်းဝင်တဲ့ လူတွေထဲကပဲ ဖြစ်ရမှာပါ။ ဒါကြောင့် နိုင်ငံခြားရောက် မြန်မာသူဌေးတွေနဲ့ စားစရာမရှိလို့ တခြားနိုင်ငံကို ထွက်ပြေးလာရတဲ့ လူတွေရဲ့ အတွေးအခေါ်အယူအဆခြင်းဟာ လုံးဝကွာခြားမှာပါ။

နောက်ပြီးတော့ နိုင်ငံခြားသွားတဲ့ သူရဲ့ ပတ်ဝန်းကျင် နေထိုင်မှုဟာ ဘယ်လိုလဲဆိုတာ ပေါ်မူတည်ပြီး နိုင်ငံခြားကို အထင်ကြီး၊ အထင်သေး ဘယ်လိုထင်သလဲဆိုတာလည်း ကွာမှာလို့ ထင်မိပါတယ်။ ဘာလို့ ကျွန်တော် ဒီလိုတွေးမိတာလဲ ဆိုတာကို ပြောပြပါမယ်။ လွန်ခဲ့တဲ့ (၁၄)နှစ်လောက်တုန်းက ကျွန်တော့သမီးကြီး ၁ဝ တန်းအောင်တာနဲ့ စင်္ကာပူကို အင်္ဂလိပ်စာသင်တန်း တက်ဖို့ လွှတ်လိုက်ပါတယ်။ အီတန်ဟောက်စ် Eaton House လို့ ခေါ်တဲ့ အင်္ဂလိပ်တွေ ဦးစီးဖွင့်တဲ့ အင်္ဂလိပ်စာသင်တန်းမှာ တကယ့်အင်္ဂလိပ်စာ စစ်စစ် စင်္ကာပူသံမပေါက်ပဲ သင်ဖို့ဆိုပြီး လွှတ်လိုက်တာပါ။ သမီးကြီး သင်တန်းပြီး ခါနီးတော့ သမီးကြီးကို သွားကြိုကြဆိုပြီး ကျွန်တော့်ဇနီး ဒေါက်တာခင်လေးရီ၊ သမီးငယ်နှင်းနှင်းနဲ့ သားလေး ထူးခိုင်ဝင်းတို့ကို စင်္ကာပူကို လွှတ်လိုက်ပါတယ်။ သားလေးထူးခိုင်ဝင်းဟာ အဲဒီတုန်းက သူငယ်တန်းပဲ ရှိသေးတယ်။ စင်္ကာပူရောက်တော့ ကျွန်တော့်မိတ်ဆွေကြီး ဦးကင်းစိန် ဒေါ်ချိုချိုလွင်တို့ အိမ်မှာ တည်းကြပါတယ်။ စင်္ကာပူမှာ ၁ ပတ်လောက်နေပြီးတော့ ကျွန်တော့သား သူငယ်တန်းကျောင်းသားလေးကို "ဟေ့ မင်းစင်္ကာပူနဲ့ ရန်ကုန် ဘယ်မှာပျော်လဲ၊ ဘယ်မှာ နေလို့ ပိုကောင်းလဲ" လို့ စင်္ကာပူက မိတ်ဆွေတွေက ဝိုင်းမေးကြပါတယ်။ သားလေးက ဘယ်လိုပြောလဲဆိုတော့ "အိုး သားတို့ ရန်ကုန်က အများကြီး ပိုကောင်းတယ်၊ စင်္ကာပူက တိုက်ကြီးတွေမြင့်တာပဲရှိတယ်၊ ဘာမှ ပို မကောင်းဘူး" လို့ ပြောပါတယ်။ ဒါနဲ့ သူတို့က သားလေးကို "သားလေး စင်္ကာပူက ပိုကောင်းပါတယ်ကွာ၊ နိုင်ငံခြားမှာ နေရတာ သိပ်ကောင်းတယ် မဟုတ်လား" လို့ ထပ်မေးကြပြန်တော့ သားလေးက "မဟုတ်ပါဘူး စင်္ကာပူက ဘာမှ မကောင်းဘူး၊ သားသားတို့ အိမ်မှာဆိုရင် ကား (၃)စီး ရှိတယ်။ သားသားတို့ ဘယ်တော့မှ ဘတ်စ်ကား မစီးရဘူး။ ရန်ကုန်မှာ သားသားအိပ်တဲ့ အခန်းဆိုရင် အဲယားကွန်း အကောင်းစားနဲ့ အေးစိမ့်နေတာ၊ ရေချိုးတော့လည်း ရေပူရေအေးပါတယ်။ အခုဒီမှာက အဲယားကွန်းလည်း မရှိ၊ ရေပူလည်းမရှိနဲ့ စင်္ကာပူက ဘာကောင်းလို့တုန်း၊ သားသားဖြင့် အဲယားကွန်းမရှိပဲ အိပ်ရတာ သိပ်အိုက်တာပဲ၊ ပြီးတော့ သားသားတို့အိမ်မှာဆိုရင် ဗီဒီယိုစက်လည်း ရှိတယ်။ ဗီဒီယိုကားလည်း ကြည့်လို့ရတယ်။ ဂြိုလ်တု စလောင်းကနေ ကာတွန်းကားတွေလည်း ကြည့်လို့ ရတယ်။ အခု ဒီအိမ်မှာ အဲဒါတွေ ဘာမှ မရှိဘူး။ သားသားကတော့ ရန်ကုန်မှာပဲပျော်တယ်"လို့ အိမ်ရှင်ရှေ့မှာ ပြောလိုက်တော့ ကျွန်တော့်ဇနီးခမျာ "သားလေးကလည်း စင်္ကာပူမှာလည်း အကုန်ရှိတယ်လေ"လို့ အားနာပါးနာနဲ့ ပြောလိုက်ရပါတယ်။ သားလေးကလည်း ကလေးဆိုတော့ ဘာမှ စဉ်းစားမနေပဲ ဓအမေကလည်း ရန်ကုန်အိမ်က ဒီအိမ်ထက် ပိုကောင်းပါတယ်ဆိုဓ လို့ ထပ်ပြောလိုက်ပြန်ပါတယ်တဲ့။ သားလေးထူးခိုင်ဝင်းရဲ့ သူ့အသက်အရွယ် သူနေထိုင်ခဲ့ရတဲ့ ပတ်ဝန်းကျင်ပေါ် အခြေခံပြီး စင်္ကာပူနိုင်ငံခြားအပေါ် မြင်တဲ့ အမြင်ပါ။

ဒါကြောင့် ကျွန်တော့်သုံးသပ်ချက်ကတော့ နိုင်ငံခြားဟာ ကောင်းသလား၊ ဆိုးသလား၊ အထင်ကြီး စရာလား၊ အထင်သေးစရာလားဆိုတာဟာ ကိုယ့်ရဲ့ လက်ရှိဘဝ အခြေအနေနဲ့ နိုင်ငံခြားမှာ နေရတဲ့ အခြေအနေ နှစ်ခုကို စံထားနှိုင်းယှဉ်ချက်ပါပဲလို့ ပြောချင်ပါတယ်။ (para)ကိုယ်နေနေရတဲ့ လက်ရှိ ဘဝထက် သာအောင် တိုးတက်အောင် ဆိုပြီး သွားရတဲ့ သူတွေ အင်္ဂလိပ်လိုသမ ဘနအအနမူင်န ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားကြတဲ့ သူတွေအတွက် နိုင်ငံခြားဆိုတာ အထင်ကြီးစရာ နိုင်ငံခြားရောက်ရင် တို့ အခုနေရတဲ့ ဘဝထက် ပိုပြီး တိုးတက်ကြီးပွားမှာပဲ ဆိုတဲ့ အတွေး အမြင်တွေနဲ့ သွားကြတာပါ။

ဒါပေမယ့် တကယ်နိုင်ငံခြားရောက်သွားတော့မှ ကိုယ့်အိပ်မက် မက်ခဲ့သလို ထင်ခဲ့သလို ဖြစ်လာတဲ့ သူတွေရှိသလို ဘဝတွေပျက်၊ စိတ်ပျက် လက်ပျက်နဲ့ နိုင်ငံခြားဆိုတာ ဘာမှမဟုတ်ပါလား၊ ကိုယ့်ဘာသာကိုယ် ကိုယ့်နိုင်ငံမှာ နေရင် အကောင်းသားလို့ နိုင်ငံခြားရောက်ပြီးမှ ထင်ကြတဲ့ သူတွေလည်း တစ်ပုံတစ်ခေါင်းပါ။

ကျွန်တော့်အဖို့ကတော့ နိုင်ငံခြားဆိုတာကို အကြိမ်ပေါင်းများစွာရောက်ဖူးတယ်၊ နိုင်ငံတွေစုံနေ အောင်လည်း သွားဖူးတယ်ဆိုတော့ နိုင်ငံခြားသွားရမှာကို သိပ်လည်း စိတ်မဝင်စားတော့ဘူး။ တစ်နှစ်မှာ နှစ်ခေါက် အမေရိကန် အသည်းရောဂါပညာရှင် အဖွဲ့အစည်းအဝေးနဲ့ ဥရောပ အသည်းရောဂါ အစည်းအဝေး နှစ်ခုကိုပဲ တက်တယ်။ အဲလို တက်တာလည်း ကိုယ့်ပညာတိုးတက်ဖို့ အတွက်ပါပဲ။ တခြားဘာမှ လုပ်ချင်စိတ်မရှိတော့ပါဖူး။ ဒါကြောင့် တပည့်တွေကို "ငါတော့ နိုင်ငံခြားသွားရတာ သိပ်ပျင်းတာပဲ" လို့ ပြောလိုက်ရင် တပည့်တွေက "ဆရာကတော့ ရောက်ဖူးတာကိုး၊ ကျွန်တော်တို့က ရောက်မှ မရောက်ဖူးတာ၊ နိုင်ငံခြားကို သွားချင်တာပေါ့" လို့ ပြန်ပြောကြပါတယ်။

သူတို့ပြောတာလည်း ဟုတ်ပါတယ်။ ဘယ်သူတွေက ဘယ်လိုပဲပြောပြော နိုင်ငံခြားဆိုတာကို မရောက်ဖူးသေးတဲ့ လူတစ်ယောက်အဖို့ကတော့ နိုင်ငံခြားဆိုတာဟာ ရင်ခုန်စိတ်လှုပ်ရှားစရာ အိပ်မက်ထဲမှာပဲ တွေ့ဖူးတဲ့ နေရာ တစ်နေရာဖြစ်နေတာပါ။ အဲတော့ တစ်နေ့နေ့တော့ ငါရောက်ဖူးအောင် သွားရမယ်ဆိုပြီး စိတ်တွေကူး၊ ဟိုဒီလှုပ်ရှား နိုင်ငံခြားသွားဖို့ လုပ်နေကြရဦးမှာပါ။

အရင်ပိုစ့် -