" Fall in Leaves "

I love fall season. Fall season like colorful pictures. It's the most colorful time of the year. The leaves are beginning to turn, with trees taking on golden, amber and scarlet hues.

Shwe Kyi Sa Nywin Makin

( "Shwe Kyi Sa Nywin Makin" include Cashew Nuts, Raisins, Walnut, Almond, Coconut Cream, Butter and ..... I can only eat a little, because after I took about 5 bites, I feel full already.) My son like "Shwe Kyi Sa Nywin Makin" because there are mix nuts .... My son also likes poppy seeds that are on the "Shwe Kyi Sa Nywin Makin" very much, that's why I have to give my son extra poppy seeds about 1 small cup.

မုန့်ဟင်းခါး ....

blog မှာ ပိုစ့် မတင်ဖြစ်တာ ကြာနေပြီမို့ ... ဘလော့လည်း အသက်သွင်းရင်း ... ဘာရေးရမှန်းလည်း မသိဖြစ်ရင်း ... ထုံးစံ အတိုင်း ဓာတ်ပုံပဲ တင်လိုက်ပါတယ်။ ... ဓါတ်ပုံကတော့ ...

Have a lucky and wonderful 2014!

Happy new year everyone! Wishing you all a healthy, prosperous, and love filled new year. May the New Year bring to you warmth of love, and illuminates your path of life towards a positive direction.

ရွှေတောင်ခေါက်ဆွဲ အတွက် ကြက်သား အုန်းနို့ချက်

ကြိုက်နှစ်သက်သော . . . အန်တီစု စကားလုံး - ကျွန်မအခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမှာ တာဝန်ထဲမှာ စိတ်နှစ်ထားတာထက် ဘ၀မှာ အရေးကြီးတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အားတင်းခဲ့ပါတယ်။ အဲဒီစိတ်ကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။

Tuesday, May 29, 2012

အစုံ


သဘောင်္သား ၀က်သားသုပ်


ဝက်သားသုံးထပ်သားပြုပ်


ပဲငံပြာရည်နှင့် ချဉ်၊ ငံ၊ စပ် နံနံပင် နှင့် သံပုရာနံ မွှေးမွှေးလေးမို့


စားလို့ကောင်းတယ်။

 

ဒယ်ဒီက ၀က်သားသုံးထပ်သားကို အတုံးကြီးကြီးလှီးပီး သုပ်စားတာကို ကြိုက်တယ် ...


မာမီက အတုံးစိတ်စိတ်လေးလှီးပီး သုပ်စားရတာကို ကြိုက်တယ်။


ပဲပင်ပေါက်သုပ်


ဝက်ခေါက်ကင်


ဝက်သားသုံးထပ်သားကင် နှင့် တို့စားဖို့ ပဲငံပြာရည်အကြည်


အခေါက်ကို ကြွပ်နေအောင် ဆီသုပ်ပီး ကင်လို့ရတယ်။



အတုံးသေးသေး စိတ်လိုက်ပီး ပဲငပိ၊ ပဲငံပြာရည်ကြည် နှင့် ဆမ်းလိုက်ရင် ရန်ကုန်က အခေါက်ကင်လိုမျိုးပါပဲ။


ကြက်ဥ ခေါက်ဆွဲကို ပဲငံပြာရည်အကြည်၊ အနောက်၊ ဟင်းခတ်မှုန့်၊ ဆား၊ ဆီချက် နှင့် နှယ်ထားသော ဆီချက်ခေါက်ဆွဲ



အိမ်မှာ ဆီချက်ခေါက်ဆွဲကို ပဲငံပြာရည် နှင့်ပဲ ခေါက်ဆွဲ နှယ်စားပါတယ်။


အမဲသား ပဲငပိဟင်းရည်


အမဲသားပြုပ်မှာ ပဲငပိထည့်ချက်ထားတာပါ။


ထမင်းနှင့် စားတဲ့ အခါမှာ ငရုတ်သီးဆီချက်၊ မုန်ညင်းချဉ် နှင့် တွဲဖက်စားပါတယ်။


ပြောင်းဖူးပြုပ် ဆီဆမ်း ဆားနှယ်

ပြောင်းဖူးကို ဖုတ်ပီး၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဆားနှင့် သုပ်စားတာကိုလည်း ကြိုက်တယ်။


ဝက်ခြေထောက်၊ မျှစ်ချဉ်ဟင်း ( အရင်ပိုစ့်မှာလည်း တင်ခဲ့ဖူးတယ်။ မနှစ်က )


ဝက်ခြေထောက် ချဉ်စပ်မို့ စားကောင်းတယ်။


ငပိချက်၊ တို့စရာ သခွါးသီးစိပ်၊ တညင်းသီးပြုပ်


ဝက်သား တညင်းသီးဆီပြန်ဟင်း



ဝက်သား တညင်းသီးဆီပြန်ဟင်း



မုန်လာဥ ချဉ်ရည်ဟင်းကို ချက်နေကျ ချဉ်ရည်ဟင်းအတိုင်း အချဉ်နေရာမှာ ခရမ်းချဉ်သီး နှင့် မုန်လာဥစိပ် လုံးချက်ပီး ချဉ်ရည်ဟင်းအိုး ဆူလာမှ မန်းကျည်းမှည့်ရည် ထည့်ချက်တာလည်း ကြိုက်သလို ဒီလိုမျိုး မုန်လာဥ နှင့် မျှစ်ချဉ်ကို မျှစ်ချဉ်နူးတဲ့ အထိ ချဉ်ရည်အိုး ကျကျလေး ချက်ထားတဲ့ ချဉ်ရည်ဟင်းကိုလည်း ကြိုက်တယ်။


မုန်လာဥ မျှစ်ချဉ် ချဉ်ရည်ဟင်း


ထမင်းဝိုင်း


ကိုက်လန်ကို ပဲငပိ၊ ၀က်သား နှင့် အစပ် ချက်ထားတယ်။


သံလွင်သီး နှင့် ချက်ထားသော ၀က်နံရိုး အချိုချက်


ဒယ်ဒီ သူငယ်ချင်း - လက်ဆောင်ပေးသော မုန့်လက်ဆောင်း ... ကိုယ်တို့ ကွန်နက်တီကတ် စတိတ်မှာလည်း ရောင်းပေမယ့် ဒယ်ဒီက သူ့သူငယ်ချင်း စတိတ်က မုန့်လက်ဆောင်းက ပိုကောင်းတယ်တဲ့။ 

ကိုယ်တို့ စတိတ်က ရောင်းတဲ့ မုန့်လက်ဆောင်းက အရင်ပိုစ့်မှာ -


မုန့်လက်ဆောင်း လက်ဆောင်ရတော့ .. ကျောက်ကျော ကျိုလိုက်တယ်။ ကောက်ညင်းကို RICE COOKER နဲ့ ချက်လိုက်တယ်။ သာကူ လက်တဆုပ်စာလောက် ကျိုလိုက်တယ်။ သာကူ မျက်စေ့ ပျောက်တဲ့ အထိ ( ခဏလေး ကျိုလိုက်ပီး ) အုန်းနို့ COCONUT MILK ကို သကြားရည် နှင့် ခပ်ကျဲကျဲလေး ဖျော်လိုက်တော့ ...


ရွှေရင်အေး ဖြစ်သွားတာပေါ့ -


ရွှေရင်အေး




အိမ်က ကလေးများ ကြိုက်တဲ့မုန့်








ဘဲဥ တလုံး - ၇၅ ပြား USD - 0.75


နံနံပင်၊ သံပုရာသီး


မုန့်ဟင်းခါးမုန့်ဖတ်


ကြက်သွန်ဖြူ ဆီချက်


ငရုတ်သီးအကျက်မှုန့်


မုန့်ဟင်းခါးဟင်းရည်အိုး

ကိုယ်ကြိုက်တာက ကုလားပဲမှုန့်ကို လှော်ပီး ချက်တာပါ။ မုန့်ဟင်းခါး နှင့် အုန်းနို့ခေါက်ဆွဲကို ကုလားပဲမှုန့်ကို လှော်ပီးမှ ချက်တာ ပိုကြိုက်ပါတယ်။ နို့မို့ဆို ပဲ အနံ နံတယ်။

ဒယ်ဒီက ကုလားပဲကို ပြုပ်ပီး ညက်နေအောင် ချေပီး ချက်တာ ပိုကြိုက်တယ်။ 

ကိုယ်လည်း ကြိုက်ပါတယ်။ ကုလားပဲကို ပြုပ်ရတာနဲ့ ချေရတာ အလုပ်ပိုရှုပ်လို့ ကိုယ် မုန့်ဟင်းခါး နှင့် အုန်းနို့ခေါက်ဆွဲ ချက်ရင် ကုလားပဲမှုန့်ကို လှော်ပီးမှ ချက်တာကို ပိုကြိုက်ပါတယ်။

ကိုယ် အိမ်က ကိုယ် မီးဖိုချောင်မှာ ကိုယ့် စိတ် နှင့် ကိုယ့်ကိုယ်  စိတ်တိုင်းကျ ချက်စားတာ ကြိုက်တာကို ပြောတာ။

သူများချက်တာကိုတော့ table manner အနေနဲ့ ဘယ်တော့မှ မဝေဖန်ပါဘူး။


ပဲကြော်


ကုလားပဲ အစိမ်းမှုန့်ပါလို့ .. ပဲကြော်က အကြော်မွသလို .. ကောက်ညှင်းမှုန့် ပါလို့ ပဲကြော်က အထားခံပါတယ်။ ကုလားပဲက ၂၄ နာရီလောက် ရေစိမ်ထားတယ်။ 




အိုးဘဲဥ မုန့်ဟင်းခါး


ဒီက ဘဲဥ က အနှစ် ၂ ခုပါတယ်။


အိုးဘဲဥ ၊ ပဲကြော် မုန့်ဟင်းခါး


ငါးအသာဖတ်ပါ ထည့်ထားတယ်။




မုန့်ဟင်းခါး နှင့် ကော်ဖီခါး


ကောက်ညှင်းဆီထမင်း နှင့် ပဲပြုပ်




ဝယ်စားသော ဌက်ပျော်သီး ကောက်ညှင်းထုပ် ( ဗီယက်နမ် ဆိုင်က ၀ယ်လာတာ )


ပဲပြုပ်ပူပူလေး


နှမ်းဗူး


ဗူးထဲက ၄ ပုံ ၁ ပုံ လက်ကျန် နှမ်းတွေကို မီးဖိုပေါ်မှာ မီးမြေးမြေး နှင့် လှော်ပီး ဆားက လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံလောက်ပဲ နည်းနည်းပဲ ထည့်ပီး ကြိတ်စက်ဖြင့် ညက်နေအောင် ကြိတ်ထားသော နှမ်းထောင်း


ဌက်ပျော်သီး ကောက်ညှင်းထုပ် နှင့် ပဲကောက်ညှင်းထုပ်၊ နှမ်းထောင်း


ကောက်ညှင်းပေါင်း၊ နှမ်းထောင်း၊ အုန်းသီး၊ ပဲပြုပ်



ငါးပုတ်ခြောက်ဖုတ်



ကောက်ညှင်းပေါင်းနဲ့ ငါးပုတ်ပြားခြောက်ဖုတ်ကို နည်းနည်းခြင်းစီ ဖဲ့စားတာမို့ ငါးပုတ်ခြောက် နည်းနည်းပဲ ထည့်တယ်။


ကန်စွန်းရွက်၊ မှိုကြော်



မြေအိုး



ဝက်နံရိုး မြေအိုး ထမင်းပေါင်း


အရင်ပိုစ့် - ပိန်းဥ ထမင်း ချက်နည်းအတိုင်းပဲ ၀က်နံရိုး မြေအိုး ထမင်းပေါင်း ။ ဆန်ဗီနီကာ နည်းနည်းပဲ ထည့်ချက်ထားတယ်။




ဝက်နံရိုး နှင့် ဆေးဘဲဥ ကို တို့စားဖို့ ပဲငံပြာအကြည်ကို ကြက်သွန်ဖြူ စိမ်ထားတာ။



PS 3 နဲ့ ရန်အောင် ဟာသ ကား ကြည့်ရင်း စားတဲ့ အုန်းသီးနု၊ ကြံသကာ၊ ကော်ဖီကြမ်း


အုန်းသီးနု၊ ကြံသကာ၊ ရေနွေးကြမ်း


လက်ဆောင်ရတဲ့ ဆိတ်ကလီဇာဟင်း


ဆိတ်ကလီဇာ



တနေ့ တနေ့ အိမ်အလုပ်၊ ကလေးတွေကို ပြုစု စောင့်ရှောက်နေတဲ့ အချိန်၊ အန်တီစု ရဲ့ ခရီးစဉ် သတင်း၊ အမေရိကားရဲ့ update သတင်းတွေဖတ်၊ အိမ်ရှင်မ တယောက်ရဲ့ အားလပ်ချိန်မှာ ဟာသကားတွေ ကြည့် .. 

အားချိန်ကို မရှိ။ 

ကလေးတွေကို နေ့တိုင်းနီးပါး ကစားကွင်း ( သို့ ) အိမ်ရှေ့ နှင့် အိမ်နောက်က မြက်ခင်းမှာ ဆော့တော့ လိုက်ကြည့်ရတာမို့ အားချိန်နည်းသွားတာ။ အရင်လတွေက စနိုးကျတော့ အိမ်ထဲမှာ ဂိမ်း နှင့် အရုပ်တွေဆော့တာမို့ အိမ်မှာ အနေများတယ်။ 









 



Life is short, live it.
Love is rare, grab it.
Anger is bad, dump it.
Fear is awful, face it.
Memories are sweet, cherish it.

FB မှာ မဆင့် အင်တာဗျူး share ထားတာတွေ့လို့ .. ကိုယ့်ရဲ့ personal blog မှာ share ပေးလိုက်ပါတယ်။ အမှတ်တရ ဖြစ်မိတာက .. ကိုယ့် အမေရိကားကို မြန်မာနိုင်ငံက အမေရိကန်သံရုံးမှာ ဗီဇာဝင်ခါနီး 2010 လောက်က  အမေရိကားဘက်မှာ ၀ိုင်းစုခိုင်သိန်း အနုပညာဖျော်ဖြေပွဲ နောက်ပိုင်း ... မဆင့်ကို အမေရိကန်ဗီဇာ ထုပ်ပေးပီးမှ ပြန် သိမ်းသွားတယ် ဆိုပီး ပါးစပ် စကား နှင့် အပြင်ကနေ ကြားလိုက်သေးတာ မှတ်မိနေသေးတယ်။ 

ဒါကြောင့်မို့ မဆင့်ရဲ့ ဒီတခေါက် အမေရိကန် ခရီးစဉ် အစစ အရာရာ အဆင်ပြေပါစေ။ လွှဲချော်မှု့ မရှိပါစေနှင့်လို့ ဆုတောင်းပေးပါတယ်။

အကယ်ဒမီများရှင် - မေသန်းနု အင်တာဗျူး -



YouTube : http://youtu.be/_QbpaipylGc

အကယ်ဒမီများရှင် - ရန်အောင် အင်တာဗျူး -




အရမ်းတော်တဲ့ ခွေးလေး ...


This dog has perfect pitch : http://youtu.be/Y82sYIDxDoc