" Fall in Leaves "

I love fall season. Fall season like colorful pictures. It's the most colorful time of the year. The leaves are beginning to turn, with trees taking on golden, amber and scarlet hues.

Shwe Kyi Sa Nywin Makin

( "Shwe Kyi Sa Nywin Makin" include Cashew Nuts, Raisins, Walnut, Almond, Coconut Cream, Butter and ..... I can only eat a little, because after I took about 5 bites, I feel full already.) My son like "Shwe Kyi Sa Nywin Makin" because there are mix nuts .... My son also likes poppy seeds that are on the "Shwe Kyi Sa Nywin Makin" very much, that's why I have to give my son extra poppy seeds about 1 small cup.

မုန့်ဟင်းခါး ....

blog မှာ ပိုစ့် မတင်ဖြစ်တာ ကြာနေပြီမို့ ... ဘလော့လည်း အသက်သွင်းရင်း ... ဘာရေးရမှန်းလည်း မသိဖြစ်ရင်း ... ထုံးစံ အတိုင်း ဓာတ်ပုံပဲ တင်လိုက်ပါတယ်။ ... ဓါတ်ပုံကတော့ ...

Have a lucky and wonderful 2014!

Happy new year everyone! Wishing you all a healthy, prosperous, and love filled new year. May the New Year bring to you warmth of love, and illuminates your path of life towards a positive direction.

ရွှေတောင်ခေါက်ဆွဲ အတွက် ကြက်သား အုန်းနို့ချက်

ကြိုက်နှစ်သက်သော . . . အန်တီစု စကားလုံး - ကျွန်မအခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမှာ တာဝန်ထဲမှာ စိတ်နှစ်ထားတာထက် ဘ၀မှာ အရေးကြီးတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အားတင်းခဲ့ပါတယ်။ အဲဒီစိတ်ကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။

Friday, April 27, 2012

သူမ၏ ဟင်းချက်နည်း



ဒီနေ့ သူမ၏ ဘလော့ဂ် မှာ ပိုစ့် တင်ထားသော Nasi Lemak 
ချက်နည်းလေး ... အိမ်မှာ ချက်စားဖြစ်ပါတယ် ...
ကျေးဇူးပါ သူမ ရေ ...

နေ့လည်စာ စားပီးကတည်းက ပို့စ်တင်မလို့ပါပဲ ... FB မှာ Hot နေတဲ့ Hot News ကို သွားစပ်စု 
( ကိုယ့်ကိုကိုယ် စပ်စုတယ်လို့ မသတ်မှတ်ချင်ပါ ... စူးစမ်း အကဲခတ်နေတယ်လို့ ထင်မြင်မိပါတယ် :D )  

FB က .. အဲလိုမျိုးကျတော့လည်း မဆိုးဘူး .. တော်တော် လူစုံတယ် ....


သူမ၏ ဘလော့မှ ချက်နည်းမှာတော့ ငနီတူခြောက်ကြော်ပါ ပါတယ် ... အိမ်မှာ .. မရှိလို့ မချက်စားဖြစ်ပါဘူး ..
မူရင်းက ကြက်တောင်ပံကြော်ပါ ... အိမ်မှာ တောင်ပံ မရှိလို့ ရှိတဲ့ အပိုင်းပဲ ကြော်စားဖြစ်ပါတယ် ..


မနက်က သူမ၏ ဘလော့ပိုစ့် ဖတ်ပီး ပီးချင်း ... စင်ကာပူမှာ ၂၀၀၆ ခုနှစ်တုန်းက Food Court မှာ SGD - 2 နဲ့ ၀ယ်စားတဲ့ အချိန်တွေကို ပြန် အမှတ်ရမိပါတယ် ... 

အဲဒီတုန်းက ကိုယ့်တို့တွေ ... Food Court မှာ အတန်ဆုံးသော ထမင်းဆိုပီး .. မကြာ မကြာ ၀ယ်စားဖြစ်သလို .... ကြိုက်လည်း ကြိုက်တယ် .. သမီးက အဲဒီဆိုင်က ကြာဇံကြော် ဖြစ်ဖြစ်၊ ခေါက်ဆွဲကြော် ၀ယ်စားပါတယ် .. 


ကြက်ကြော်


ကြက်ဥပြုပ် နှင့် မြေပဲကြော်


သခွါးသီး


ငရုတ်သီး ဆီချက် နှင့် သခွါးသီး


အုန်းနို့ အနံသင်းသင်း ထမင်းကို ဒီလို ငရုတ်သီးဆီသတ် အနှစ်လေးနဲ့ နှယ်စားတာ စပ်လည်းစပ် ... ခံတွင်းလည်းလိုက်ပါတယ် ... 

သူ့ ထမင်းပွဲက အစုံ လိုက်ဖက်အောင် အစပ်အဟပ်တည့်အောင် စပ်ပေးထားတာ ... တော်တော် လိုက်ဖက်တယ် ...


ကိုယ့် အဓိက ချက်စားဖြစ်သွားတာ ... ငရုတ်ပွ ဆီချက်ဟင်းအနှစ်ကြောင့်ပါ ....


ငယ်ငယ်တုန်းက မေမေ ဟင်းချက်တဲ့ အခါ ၀ိုင်းကူတဲ့ အချိန်တွေတုန်းက မေမေက ငရုတ်ပွခြောက်လေးတွေကို အရင် ရေစိမ်ပီး ကိုယ့်ကို ငရုတ်ဆုံနဲ့ ထောင်းခိုင်းပါတယ် ... ငရုတ်သီး မမွှန်အောင်လည်း ဆားလေး နည်းနည်း ထည့်ထောင်းတာပေါ့ ....

ဒါကြောင့် .. ငယ်ငယ်လေးကတည်းက ဟင်းတွေဆို ငရုတ်ပွထောင်းထားတဲ့ ငရုတ်သီး အနှစ်နဲ့ ချက်တဲ့ဟင်းတွေကို ပိုပီးကြိုက်တယ် ...

ကလေးတွေ ရှိလာတော့ ကိုယ့် မီးဖိုချောင် ၀င်တဲ့ အခါ .. အလွယ်တကူ ငရုတ်သီး အနှစ်နေရာမှာ ငရုတ်သီး အစိမ်းမှုန့် ( ငရုတ်သီး အရောင်တင်မှုန့် ) ကို အစားထိုးပီး ချက်လာတာ ဒီနေ့ ဒီအချိန်ထိပါပဲ ... 
ငရုတ်ဆုံနဲ့ ထောင်းစရာ မလိုတော့ .. အလုပ်မရှုပ်တော့တာလည်းပါသလို ဟင်းလည်း စပ်တယ် ... အရောင်လည်း လှတယ် ဆိုပီး ချက်၊ စားဖြစ်နေတာပါ ..


သူမ၏ ချက်နည်းအတိုင်း ကိုယ့် အိမ်မှာ ငရုတ်ပွခြောက်ကို ရေနွေးနဲ့ ပြုပ်ရင်း ... တလက်စတည်း ကြက်သားကြော်တယ် ... Pressure cooker နဲ့ မီးမြေးမြေး အနေအထား ( ၁၂ မိနစ် ) လောက် အုန်းထမင်းချက်တယ် ... Pressure cooker lock ကျတဲ့ အထိ မီးဖိုပေါ်မှာ တည်ထားလိုက်ပါတယ် ...


အုန်းနို့ သင်းရုံလေး ချက်ထားတဲ့ အုန်းထမင်း ... စင်ကာပူမှာတုန်းက ကိုယ့်စားခဲ့ဖူးတဲ့ ထမင်းက အုန်းနို့က ပါတယ်ဆိုရုံလေး .. သတိထားကြည့်မှ . တော်ရုံဆို အုန်းနို့ ပါမှန်းတောင် သိပ်မသိသာဘူး အဲဒီဆိုင်က ထမင်းချက်ထားတာလေးက ...


Food Processor နဲ့ ငရုတ်ပွတွေကို အညာခြွေပီး ကြိတ်လိုက်တယ် ... ညက်နေအောင် ကြိတ်လိုက်တယ် ...

လာထား ... နောက်ပိုင်းဟင်းတွေကျရင် ... ငရုတ်သီး အနှစ်တွေကို Food Processor နဲ့ ကြိတ်ပီး ချက်တော့မည် .... ငရုတ်ဆုံတောင် နောက်ပိုင်း သုံးဖြစ်ပါတော့မလား မသိ ... Food Processor က သုံးရတာ အရမ်းလည်း လွယ်သလို အရမ်းလည်း အဆင်ပြေတယ် ... အချိန်ကုန်လည်း သက်သာတယ် ... ၁ မိနစ်လောက်ပဲ အချိန် သုံးလိုက်ရတယ် .... ဈေးနှုန်းကလည်း ၉ ဒေါ်လာ လောက်ပဲ ရှိတယ် ....

ရန်ကုန်မှာ blender ၀ယ်ရင် ၃ မျိုးပါတယ် ..ရန်ကုန်အိမ်မှာ 5 in 1 လည်း ရှိတယ် ..
ဒီမှာ ၀ယ်ရင် တမျိုးစီပဲ ရောင်းတယ် ... 3 in 1 မရှိဘူး ...


ငရုတ်သီးအနှစ် ကြိတ်ပီးတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီပါ ထည့်ကြိတ်အပီး


ဆီအနည်းငယ် ကို အပူပေးပီး ငရုတ်သီးအနှစ်တွေကို ချက်ထားလိုက်တယ် ... ဆားလေး နည်းနည်း ထည့်သေးတယ် ...


လာထား နောက်ရက်တွေကျရင် ... ငံပြာရည်ချက်တို့ ... ခရမ်းချဉ်သီး ငံပြာရည်ချက်တို့ ပဲငပိချက်တို့ ကျရင် ဒီလိုမျိုး ငရုတ်သီး အနှစ်ဖတ်နှင့်ပဲ ချက်စားအုံးမည် ..

ငရုတ်သီးဖတ်လေးတွေ မြင်ချင်တဲ့ အခါ ကိုယ့် ကြိတ်စက်နဲ့ ကြိတ်စဉ်မှာ အရမ်းကြီး ညက်နေအောင် မကြိတ်ပဲ ငရုတ်ဖတ်လေး ပေါ်လွင်နေအောင် ကြိတ်မည် ...

ဒါမှ ထမင်းနှင့် နယ်စားတဲ့ အခါမှာ အားရ ပါးရ ရှိတာ ..

အဲဒီ ငရုတ်ပွခြောက်ကလေ ... ကြက်သားကုန်းဘောင် ချက်စားကတည်းက အိမ်မှာ ၀ယ်ထားတာပါ ... 
အခုတော့ တော်တော်လေးကို အသုံးတည့်သွားပီ ....

ကိုယ့် ချဉ်ပေါင်ကြော်တို့ ဘာတို့ ဆိုရင်လည်း အဲလို ငရုတ်ပွ ငရုတ်သီး အနှစ်ဖတ်နှင့် ကြော်ထားတာကို ပိုသဘောကျတယ် ...

ဒယ်ဒီ အသိတယောက် ပေးတဲ့ ရန်ကုန်က ချဉ်ပေါင်ကြော် : ချဉ်ပေါင်ကြော် လိုမျိုးလေ ...


ဒီနေ့ မြင်ရတဲ့ Maple leaf အနေအထား


ရောက်ခါစက မျက်စိ ကယောင်းကတမ်းနဲ့ အဲဒီ အပင်ကို ချဉ်ပေါင်လို ထင်နေတာလေ ...

ကိုယ့် ချဉ်ပေါင်ကို အရမ်းကြီး crazy မဖြစ်ပါဘူး ... ကိုယ့် အကို က စားမရတော့ ... ကိုယ့်လည်း ကျောက်ကပ် အနည်ထိုင်စေတဲ့ အစားအသောက်တွေ ကို အရမ်းမမက်တော့တာပါ ...

ဒီ သီချင်းကတော့ စာသားလေးကို သဘောကျလို့ အခု လောလောဆယ် နားထောင်နေတဲ့ သီချင်း ...
ဘာသာပြန်ထားတဲ့ အင်္ဂလိပ်စာသားပါ ထည့်ပေးထားပါတယ် ...
ကိုရီးယား အသံထွက်ပါ ထည့်ပေးထားပါတယ် ...



 This sound can also be seen on the YouTube website : http://youtu.be/8I10EtBWIYU

I'm in Love By: Narsha  

To be honest, when we first met, saying i love you
was difficult for me to say.
If i don't contact first i was afraid of loosing you.
I wrote letters. hesitate, then erased it repeatedly.

If my love for you gets deeper i knew it would only hurt me more.
Its true that my mind is full of fears.
With my anxious heart i prayed and hoped.
I Believe that person is you.

I'm in love
I fall in love
I'm not scared anymore as long as I'm with you.
The world is so beautiful.
I thought i was never gonna fall in love
but i'm in love cuz i wanna love you baby.

To be honest when i first met you somewhere in my heart
you crashed in like a strong wave
Youre the only one i think about all day
i can be a good lover
Make you never gonna leave
i won't be suspicious i will trust you

I'm in love
I fall in love
I'm not scared anymore as long as I'm with you:
The world is so beautiful.
I'm in love, i'm so deep in love i fall in love
I am not scared anymore as long as i'm with you.
You are so beautiful.

♥ Enjoy ♥

:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~

I'm in Love By: Narsha

Jasireun jeongbalseot daereoteon
Geudae chuwahaedageo malragiga naegaen
Jeon eodweoweotdeon geojyeo
Meonjyeok yeolleyokaji animyeon
Geudael nopsigeulgeobwa
Geuchareulseulgeo deobeogeo
Jiwugaebael beogaejyeo

Gipeojimyeon sangjeopeuni georaneun saengakhae
Teutyeoumi ipseongeon sasirijima
Ganjeoran mameulreo gideohago baraetdeon
Sarangmi geudaerageomyeon mideoyeo

Ooh I'm in love, ooh I'll fall in love
Deureopji anayeo geudaewa hamkkeramyeon
Saesangeun neomu areumdapjyeo

I thought I'll never gonna fall in love
But I'm in love, cuz I wanna love you baby
Sasireuncheon beonsaetdae beoteonaemeomseo
Ureobeoteon geudaeparyeo cheoreom
Milreodeureo otdeonhareul jeonghae geudaelmal deoneollyeo

I can be your good lover, wanna be your AP lover
Saesanghae seokhajanghae beokhangyeojagam
Dwangeomeon gatalyeo geudae galbirimi
Make u never gonna leave me, eulsinhajinaneunayo
Geudae midapgaeyeo

Ahh I'm in love you're my baby, ahh I'll fall in love
Deureopjianayo geudaewa hamkkeramyeon
Saesangeun neomu areumdapjyeo

Ooh I'm in love, I'm so deep in love
Ooh I'll fall in love, deureopjianayo geudaewa hamkkeramyeon
Saesangeun neomu areumdapjyeo
Geudaeneun neomu areumdapjy

:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~:~

Wednesday, April 25, 2012

ဘုံဘဝ

သမီးလေးကို တစ္ဆေ၊ သရဲ အကြောင်းတွေ ရှင်းပြရင်း အဖိုး ဖြစ်သူ (မာမီ အဖေ) ဦးနန္ဒ ရေးသား စီစဉ် ထုတ်ဝေတဲ့ ဦးနန္ဒ (၀ိဇ္ဖာဂုဏ်ထူး) ဒီဂျေ ရဲ့ ဘုံဘ၀ ပုံပြတရားတော် စာအုပ်ကို ဖတ်ပြ ရှင်းပြခဲ့တယ်။

 ဘဘ ... က မာမီတို့ ငယ်ငယ်တုန်းက ရန်ကုန် ဆေးတက္ကသိုလ်မှာ မြန်မာစာ ကျောင်းဆရာတစ်ယောက်ပေါ့။ နောက်တော့ ပင်စင်ယူပြီး ဘာသာရေး စာအုပ်တွေ ရေးသား ထုတ်ဝေ ဖြန့်ချီခဲ့တာ ဒီနေ့ ဒီအချိန်ထိပါပဲ သမီးလေး။

ဦးနန္ဒ ၏ ဘုံဘ၀ ပုံပြတရားတော် စာအုပ် မျက်နှာဖုံး

ဦးနန္ဒ ၏ ဘုံဘ၀ ပုံပြတရားတော် စာအုပ် မျက်နှာဖုံး

စာအုပ်က စာမျက်နှာ ၄၉ မှာ -

ပြိတ္တာဆိုတာ ချမ်းသာမှ ဝေးရာသို့ ရောက်နေတဲ့ သတ္တ၀ါလို့ အဓိပါယ် ရတယ်။ သူတို့ဟာ လူတွေ စွန့်ပစ်ထားတဲ့ ထမင်းကျန်၊ ဟင်းကျန်၊ အပုပ်အသိုး၊ နှပ်၊ တံတွေး၊ သလိပ်၊ မစင် စသည်တို့ကို စားသောက်ကြရပါသတဲ့။ တချို့ကတော့ သစ်ပင်များ၊ အိမ်ကြို အိမ်ကြားများမှာ နေကြလျက်၊ စိတ်ဓာတ်အားငယ်တဲ့ ယောကျာ်း၊ မိန်းမ၊ ကလေး သူငယ်စသူတို့ကို ခြောက်လှန့် ပူးကပ်ပြီး တစ္ဆေစာပစ်တဲ့အခါ စားသောက်လေ့ ရှိကြပါတယ်တဲ့။

ပြိတ္တာ ဘ၀သို့ ရောက်ရှိလာကြရခြင်းဟာ ရှေးက မိမိတို့ ပြုခဲ့ဖူးတဲ့ အကုသိုလ်ကံ တစ်ခုခုကြောင့် ဖြစ်လာကြရပါတယ်တဲ့။ တချို့လဲ ငရဲဘ၀မှာ ကြာရှည်စွာ ခံစား ကြရပြီးမှ ပြိတ္တာဘ၀သို့ ရောက်ရှိလာကြရတာ ဖြစ်ပါတယ်။ တချို့လဲ လူ့ဘ၀တုန်းက ကုသိုလ်ကောင်းမှုတွေ များစွာ ပြုခဲ့ကြပါရဲ့။ ဒါပေမယ့် သေခါနီဆဲဆဲမှာ သားသမီး သံယောဇဉ် ပစ္စည်းသံယောဇဉ် စွဲလမ်းမှုနဲ့ သေဆုံးခဲ့ကြတဲ့အတွက် သူတို့ရဲ့ အိမ်အနီးအပါးမှာပဲ ပြိတ္တာဘ၀ဖြစ်ပြီး နေကြရရှာပါသတဲ့။ သူတို့ အဖို့ကတော့ ကုသိုလ် ကောင်းမှု ပြုပြီး အမျှအတန်းဝေလို့ သာဓုခေါ်နိုင်ခဲ့ယင်တော့ ပြိတ္တာဘ၀မှ ကျွတ်လွှတ်နိုင်ပြီး လူပြန်ဖြစ်ဖို့ နီးစပ်လှပါသတဲ့။

စာမျက်နှာ ၅၄ -

ပြိတ္တာအမျိုးမျိုး

ပြိတ္တာတွေရဲ့ အမျိုးအစားနဲ့ ပတ်သက်ပြီး လောကပညတ္တိကျမ်းမှာ (၁၂)မျိုး ပြဆိုထားပါတယ်။

အဲဒါတွေကတော့ -

၁။ တံတွေး နှပ်စားတဲ့ ပြိတ္တာ၊
၂။ အကောင်ပုပ်စားတဲ့ ပြိတ္တာ၊
၃။ မစင်စားတဲ့ ပြိတ္တာ၊
၎။ ခံတွင်းမှ မီးလျှံထွက်တဲ့ ပြိတ္တာ၊
၅။ အပ်နဖားမျှ ပါးစပ်ပေါက်ရှိတဲ့ ပြိတ္တာ၊
၆။ ရေငတ် ထမင်းငတ်တဲ့ ပြိတ္တာ၊
၇။ မီးလောင်ငုတ်တိုလို ခံရတဲ့ ပြိတ္တာ၊
၈။ ဓားနဲ့တူတဲ့ လက်ရှိတဲ့ ပြိတ္တာ၊
၉။ တောင်လုံးမျှ ကိုယ်ခန္ဒာ ရှိတဲ့ ပြိတ္တာ၊
၁၀။ စပါးကြီးမြွေလို ကိုယ်ခန္ဒာရှိတဲ့ ပြိတ္တာ၊
၁၁။ ဗိမာန်ရှိတဲ့ ပြိတ္တာ၊
၁၂။ တန်ခိုးကြီးတဲ့ ပြိတ္တာမင်းတို့ ဖြစ်ကြပါတယ်။
 
အဋ္ဌကထာဋီကာကျမ်းမှာလဲ ပြိတ္တာ ၄ မျိုး ပြဆိုထားပါသေးတယ်။ အဲဒါတွေကတော့ -
 
၁။ သူတစ်ပါးပေးမှ စားရတဲ့ ပြိတ္တာ၊
၂။ ထမင်းငတ် ရေငတ်တဲ့ ပြိတ္တာ၊
၃။ ပူပန်နေရတဲ့ ပြိတ္တာ၊
၎။ အသုရကာယ်တို့ ဖြစ်ကြပါတယ်။

ဘုရားရှင်က တန်ခိုးတော်ဖြင့် ပြတော်မူသဖြင့် ပြိတ္တာတို့၏ ဆင်းရဲဒုက္ခကို လူတို့ တွေ့မြင်ကြရပုံ။

ဘုရားရှင်က တန်ခိုးတော်ဖြင့် ပြတော်မူသဖြင့် ပြိတ္တာတို့၏ ဆင်းရဲဒုက္ခကို လူတို့ တွေ့မြင်ကြရပုံ။ 
 ပြိတ္တာမြင်ရတဲ့ ဆေးမြစ်
တစ်ခါက သီဟိုဋ္ဌ်ကျွန်းမှာ မြေဖုတ်ဘီးလူးမ (ပြိတ္တာမ) တစ်ယောက်ဟာ သား ၂ ယောက်ကို ထူပါရုံဘုရား တံခါးအနီး၌ ထားခဲ့ပြီး အစာရှာဖို့ အနုရာဓမြို့တွင်းသို့ ၀င်ခဲ့ပါတယ်။ မြေဖုတ်ဘိးလူးမဟာ နေမြင့်သည့်တိုင်အောင် ပြန်မရောက်လာတဲ့အတွက်ကြောင့် သား ၂ယောက်တို့ဟာ ဆာလောင် မွတ်သိပ်ပြီး နေကြရပါတယ်။ ဒီအခါ မထေရ်တစ်ပါးကို မြင်တွေ့ကြပြီး ”အရှင်ဘုရား၊ အကျွန်ုပ်တို့မိခင်သည် မြို့တွင်းသို့ ၀င်သွားသည်မှာ ကြာမြင့်လှပါပြီ။ ထိုအမိအား ဆိုပါလေ။ ဟူးဟူးငြားငြားရသမျှ အစာတို့ကို လျင်မြန်စွာယူ၍ လာခဲ့ပါ။ သားသူငယ်တို့သည် ဆာမွတ်လှကုန်ပြီ”လို့ မှာကြားကြပါတယ်တဲ့။ ဒီအခါ မထေရ်က ”အဘယ်သို့လျှင် သင်တို့ မိခင်ကို ငါ မြင်နိုင်အံ့နည်း” လို့ မေးတဲ့အခါ မြေဖုတ် သူငယ်တို့က ”အရှင်ဘုရား၊ ဤဆေးမြစ်ကိုယူ၍ ကြည့်ပါလေ” လို့ ဆိုပြီး ဆေးမြစ်ကို ပေးလိုက်ကြပါသတဲ့။

မထေရ်ဟာ ဆေးမြစ်ကို ယူလိုက်တယ်ဆိုယင်ပဲ တစ်ထောင်မျှမကသော ပြိတ္တာ ဘီးလူးတို့ကို ထင်ထင်ရှားရှား မြင်တွေ့ရပါတော့သတဲ့။ လမ်းခရီးမှာ ကြောက်မက်ဖွယ် အဆင်းရှိပြီး ကိုယ်ဝန် အညစ်အကြေးစသည်တို့ကို ရှာကြံစားနေတဲ့ မြေဖုတ် ဘီးလူးမကို တွေ့ရှိတဲ့အခါ သားငယ်များ မှာကြားလိုက်တဲ့ အတိုင်း ပြောကြားပါသတဲ့။ ဒီအခါ မြေဖုတ်ဘီးလူးမက ”အဘယ်သို့လျှင် အရှင်သည် အကျွန်ုပ်ကို မြင်ပါသနည်း”လို့ မေးတဲ့အခါ မထေရ်က ဆေးမြစ်ကို ထုတ်ပြီး ပြသပါသတဲ့။ ဒီအခါ ဘီးလူးမဟာ မထေရ်မြတ်ထံမှ ဆေးမြစ်ကို လုယူပြီး ထွက်ပြေးသွားခဲ့ပါလေသတဲ့။

(မဇျွိမပဏ္ဍာသအဋ္ဌကထာ)
မထေရ်မြတ်၏ လက်ထဲမှ ဆေးမြစ်ကို မြေဖုတ်ဘီးလူးမက အတင်းလုယူ ထွက်ပြေးသွားပုံ။

မထေရ်မြတ်၏ လက်ထဲမှ ဆေးမြစ်ကို မြေဖုတ်ဘီးလူးမက အတင်းလုယူ ထွက်ပြေးသွားပုံ။
စာမျက်နှာ - ၆၀

ကိုယ်တွေ့ ပြိတ္တာများ

တစ်ချိန်က မော်လမြိုင်မြို့နယ်၊ ကမ်းခြေရွှာ တစ်ရွှာမှ တံငါသည် (၃)ယောက်တို့ဟာ လှေပျက်ပြီး တစ်ယောက်ကတော့ လှေပျက်နဲ့အတူ ကမ်းခြေတစ်ခုသို့ ရောက်ရှိသွားခဲ့ပါတယ်တဲ့။ ကမ်းပေါ်သို့ တက်ပြီး ဟိုဟိုသည်သည် အကူအညီရှာတဲ့အခါ ကွယ်လွန်သွားခဲ့ပြီးဖြစ်တဲ့ ဇနီးဟောင်းကို ပြန်တွေ့ရပြီး၊ သူ့ခေါ်ရာနောက်သို့ လိုက်သွားပါတယ်တဲ့။ သူတို့ နေတဲ့ ရွှာကို ရောက်ရှိတဲ့အခါ ဇနီးဟောင်းက အစားအသောက်များ ကျွေးမွေးပြုစုပြီး ကောင်းစွာ ထားပါတယ်တဲ့။

အဲ .... နေ၀င်ပြီး မှောင်လာတဲ့အခါ တစ်ရွှာလုံး ”လာကြဟေ့ .... လာကြဟေ့”လို့ ခေါ်ပြီး တစ်ယောက်မကျန် ထွက်ခွာသွားကြပါတယ်တဲ့။ မနက်လင်းမှ တစ်ရွှာလုံးပြန်လာတာ တွေ့ရတဲ့အခါ ယောက်ျားက ဇနီးဟောင်းကို ”မင်းတို့က ဘာတွေတုံး”လို့ မေးပါတယ်တဲ့။ ဇနီးဟောင်းက ”ကျုပ်တို့က နေ့စံ ညခံရတဲ့ ပြိတ္တာတွေပဲ၊ ညကျယင် အားလုံး တောင်ပေါ်သွားပြီး ခွေးစားခံကြရတယ်”လို့ ပြောပါသတဲ့။

နေ၀င်ရီတရိုး မှောင်စပျိုးသည့်အချိန်တွင် တစ်ရွာလုံး ”လာကြဟေ့ လာကြဟေ့”ဟု အော်ဟစ်ကာ ထွက်သွားကြပုံ။

နေ၀င်ရီတရိုး မှောင်စပျိုးသည့်အချိန်တွင် တစ်ရွာလုံး ”လာကြဟေ့ လာကြဟေ့”ဟု အော်ဟစ်ကာ ထွက်သွားကြပုံ။
ဒီအခါ ယောက်ျားလဲ ကြောက်ရွှံထိတ်လန့်ပြီး မနေ၀ံ့တော့ပဲ ”ပြန်တော့မယ်”လို့ ပြောတဲ့အခါ ဇနီးဟောင်းက လူသွားလမ်းရောက်အောင် လိုက်ပို့ပြီး ”သူ့အတွက် ကုသိုလ်ပြုပြီး အမျှဝေပါ” လို့ မှာလိုက်ရှာပါသတဲ့။ အဲဒီ တံငါသည်ယောကျာ်းလဲ မိမိရပ်ရွာသို့ ပြန်ရောက်တဲ့အခါ ကိုယ်တွေ့မြင်ခဲ့ရတဲ့ ပြိတ္တာတွေ ရဲ့ ဒုက္ခကို ကြောက်ရွှံပြီး လူ့ဘောင်၌ မနေ၀ံ့တော့ပဲ ဘုန်းကြီးဝတ်သွားပါသတဲ့။ အသားမစားပဲ သစ်သီး သစ်ရွက်တို့ကိုသာစားပြီး အလွန်အကျင့်ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ပါး ဖြစ်ခဲ့ပါတယ်တဲ့။

(အရှင်ဇနကာဘိဝံသ၏ နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဒမှ)

သရဲဘ၀ဖြစ်ခဲ့ရသူ

၁၃၀၁-ခုနှစ်လောက်က မန္တလေးမြို့ ဘုရားကြီးတိုက်မှ ဦးအာစိဏဆိုတဲ့ စာသင်သား ရဟန်းတစ်ပါးရှိခဲ့ပါတယ်တဲ့။ ရုပ်ရည်ထွားကျိုင်းပြီး ဖြူစင်တယ်။ သဒ္ဒါတရားကောင်းတယ်။ ပိဋကတ်စာပေကို ကြိုးကြိုးစားစား ကျက်မှတ်ပါတယ်။ အဲဒီ ဦးအာစိဏက တစ်နေ့သောအခါ သပိတ်ဆေးယင်း ”အရှင်ဘုရားတို့ သတိပြုကြပါ၊ သူတစ်ပါးလှုတဲ့ ဆွမ်းတွေကို စားပြီး ကောင်းကောင်းကျင့်သုံးနေထိုင်ကြပါ၊ တပည့်တော်ကတော့ ၃-ဘ၀တိုင်တိုင် ကိုယ်တွေ့ဖြစ်ခဲ့ရလို့ အထူးသတိပြုနေပါတယ်” စသည်ဖြင့် အတူနေ ရဟန်းများအား ပြောကြားခဲ့ပါတယ်တဲ့။

အဲဒီလို ပြောပြီးတဲ့နောက် သူ့အကြောင်း သိချင်တာနဲ့ ကိုယ်တော်တစ်ပါးက မေးကြည့်ပါတယ်။ အဲဒီအခါ သူက ဒီလို ပြောပါတယ်။ ”သူ့ဟာ လူ့ဘ၀မှ သေတဲ့အခါ သရဲမကြီး ဖြစ်ခဲ့ရတယ်။ အဲဒီတုန်းက စားစရာလဲ မပြည့်စုံ၊ နေစရာလဲ ကောင်းကောင်းမရှိတဲ့အတွက် ဟိုသွားရ၊ ဒီသွားရနဲ့ အင်မတန် ဆင်းရဲခဲ့ရတယ်။ အဲဒီဘ၀မှ သေတော့ နွားထီးကြီး ဖြစ်ခဲ့ရတယ်။ အဲဒီ နွားဘ၀မှ သေတော့ ယခုဘ၀ရောက်လာရတယ်။ ဒါကြောင့် သံဝေဂရပြီး ရဟန်းပြုလာခဲ့တယ်”လို့ ပြောပါတယ်တဲ့။

(မဟာစည်ဆရာတော်၏ ဓမ္မစကြာတရားတော်ကြီး - မှ)

တစ္ဆေလူဝင်စား

မန္တလေးမြို့ ဈေးချို အနောက်ဘက်မှာရှိတဲ့ အိမ်မှ အမျိုးသမီးတစ်ယောက်ဟာ သေဆုံးပြီးတဲ့နောက် ဆယ်လကျော်တဲ့အခါ အဲဒီအိမ်မှာပဲ လူဝင်စားမိန်းကလေး ဖြစ်လာခဲ့ပါတယ်တဲ့။ စကားပြောတတ်တဲ့အရွှယ်ရောက်တဲ့အခါ ”ဒီအ၀တ်လဲ ငါ့ဟာ၊ ဒီပစ္စည်းလဲ ငါ့ဟာ” စသည်ဖြင့် ရှေးဘ၀တုန်းက သူ့ပိုင်ခဲ့တဲ့ ပစ္စည်းဥစ္စာများကို ပြောပြနိုင်ခဲ့ပါသတဲ့။

အခြားလူများက ” ညည်း ... ဒီအိမ်မှာ မ၀င်စားခင်က ဘယ်မှ ဖြစ်နေခဲ့သလဲ” လို့ မေးကြတဲ့အခါ ” ဒီလမ်းထဲမှာပဲ တစ္ဆေဖြစ်ခဲ့တယ်”လို့ ပြောပါသတဲ့။ ”ညည်း ... လူတွေကို မကြောက်ဘူးလား”လို့ မေးတဲ့အခါ ”လူကြီးတွေကို မကြောက်ပါဘူး၊ ကလေးတွေကိုတော့ ကြောက်တယ်၊ သူတို့ တုတ်နဲ့ ခဲနဲ့ ဟိုဟိုဒီဒီ ပစ်တဲ့အခါ သူတို့ကိုလဲ မှန်တတ်တယ်”လို့ ပြောပါသတဲ့။

”အဲဒီတုန်းက ညည်း ... မပျင်းဘူးလား”လို့ မေးကြတဲ့အခါ ”မပျင်းပါဘူး၊ ဒီလမ်းထဲမှာ အဖော် တစ္ဆေတွေ အများကြီးပဲ”လို့ ပြောသတဲ့။ ”ညည်းတို့ ဘာစားနေကြတုံး”လို့ မေးတဲ့အခါ ”လူတွေ ပစ်တဲ့ ထမင်းလုံး ဟင်းဖတ်နဲ့ သလိပ်ချွဲတွေကို စားနေကြတယ်၊ အမေ ဆွမ်းတော်တင်ပြီး အမျှဝေထဲအခါ သာဓုမခေါ်ပါဘူး၊ ဆွမ်းတော်စွန့်တော့ လုစားကြတာပဲ”လို့ တစ္ဆေ ပြိတ္တာ တို့ရဲ့ သဘာဝကို ပြောပြပါတယ်တဲ့။

(အရှင်ဇနကာဘိဝံသ၏ အနာဂတ်သာသနာရေး - မှ)

ကိုယ့်တွေ့ သရဲဝတ္ထု

ဦးစံဖေနဲ့ မိသားစုတို့ဟာ ၁၉၂၈-ခုနှစ်လောက်က ဇီးကုန်းမြို့မှ အင်းစိန်မြို့သို့ ပြောင်းရွှေ့လာခဲ့ကြရပါတယ်။ နယ်ပိုင် ၀န်ထောက်အဖြစ်မှ အခွန်ဝန်အဖြစ် ရာထူးပြောင်းပြီး အင်းစိန်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်တဲ့။

အင်းစိန်မြို့မှာ ၀န်းကျယ်ကျယ်ရှိတဲ့အိမ်ကြီးတစ်လုံးကို ရှာဖွေပြီး၊ ၄င်းအိမ်မှာ နေထိုင်စဉ် (၃)လခန့်ကြာတဲ့အခါ ဥိးစံဖေဟာ နေထိုင်မကောင်း ဖြစ်လာပါသတဲ့။ ဒါနဲ့ ရုံးမတက်ပဲ အိမ်မှာ အနားယူ လဲလျောင်းနေတဲ့အခါ နေ့လည် ၂-နာရီ လောက်မှာ အရပ်ပုပု ဆံပင် ဖားလျားချထားတဲ့ မိန်းမတစ်ယောက်ဟာ ခုတင် ခြေရင်းမှာ လာရပ်နေတာကို တွေ့ရပါသတဲ့။ အနားမှာ ဦးစံဖေရဲ့ ဇနီး ရှိနေပါသော်လဲ ထိုမိန်းမကို မမြင်ရ၊ ဦးစံဖေသာ မြင်ရပါသတဲ့။
နေ၀င်ရီတရိုး မှောင်စပျိုးသည့်အချိန်တွင် တစ်ရွာလုံး ”လာကြဟေ့ လာကြဟေ့”ဟု အော်ဟစ်ကာ ထွက်သွားကြပုံ။

ဦးစံဖေ နေထိုင်မကောင်းစဉ် အရပ်ပုပု ဆံပင်ချထားသည့် မိန်းမတစ်ယောက် ခုတင် ခြေရင်း၌ လာရပ်နေပုံ။
လွန်ခဲ့တဲ့ ၃-ရက်လောက်ကလဲ ဦးစံဖေရဲ့ ဇနီးနဲ့ သားတို့ အိပ်နေကြစဉ် သားငယ်ဟာ နံရံဘက်က အိပ်ပါလျက်နဲ့ ခုတင်အောက်ကို လိမ့်ကျသွားခဲ့ဖူးပါသတဲ့။ ဦးစံဖေရဲ့ မိခင်ကြီး ဘုရားမီး ပူဇော်ပြီး ဘုရားဝတ်ပြုစဉ်မှာလဲ ဘုရားမီး ၄-ခါလောက် အလိုလို ငြိမ်းသွားခဲ့ဖူးပါတယ်တဲ့။ ဒါပေမယ့် ဂရုမပြုမိကြပဲ အမှုမဲ့ အမှတ်မဲ့သာ နေခဲ့ကြပါသတဲ့။

အဲဒီရက်အတွင်းမှာ ဦးထွန်းအောင်ဆိုသူ ရောက်လာတဲ့အခါ ဦးစံဖေနဲ့ တွေ့လျှင် တွေ့ချင်း ”၀န်မင်း၊ ဒီအိမ်မှာ မနေပါနဲ့၊ ကျွန်တော် ဒီအိမ်ဝင်လာတော့ အိမ်ရှင်မသရဲကို တွေ့ရပါတယ်။ သူက မဆိုင်တဲ့သူများ ဒီအိမ်မှာ နေတာကို မကြိုက်ပါ”လို့ ပြောပါသတဲ့။ ဦးထွန်းအောင် ဆိုသူဟာ ဆေးဝါးကုတဲ့ဆရာ မဟုတ်ပေမယ့် ပယောဂကိုတော့ နိုင်သူဖြစ်ပါသတဲ့။

ဦးထွန်းအောင်က ”၀န်မင်း၊ ဒီအိမ်မှာပဲ ဆက်နေချင်ယင် အိမ်ရှင်သရဲကို နှင်ပေးပါ့မယ်” လို့ ပြောပါသတဲ့။ ဒါပေမယ့် ဦးစံဖေတို့ကလဲ ကိုယ်ချင်းစာတဲ့ သဘောနဲ့ ”သူ့ မနေစေချင်ယင် မနေရုံပေါ့၊ နှင်တော့ မနှင်ပါနဲ့”လို့ ဆိုပြီး တခြားအိမ်သို့ မိသားစု ပြောင်းရွှေ့ခဲ့ကြပါတယ်တဲ့။

အဲဒီအိမ်ကြီးအကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်တဲ့အခါ ”ဒီအိမ်ရှင်မဟာ ဗုဒ္ဒဘာသာဝင်ဖြစ်သော်လဲ ဘာသာမတူတဲ့ အင်္ဂလိပ်ကပြားနဲ့ အကြောင်းပါခဲ့တယ်။ လင်က အယင်သေသွားခဲ့တယ်။ အဲဒီအိမ်ရှင်မ သေခါနီးမှာ အလှုလုပ်လိုလို့ ဘဏ်က ငွေထုတ်ပေးဖို့ ပြောပေမယ့် ထုတ်မပေးတဲ့အတွက် စိတ်မကောင်းဖြစ်ပြီး သေဆုံးသွားခဲ့ရကာ ဒီအိမ်မှာပဲ သရဲ ဖြစ်နေတယ်။ အဲဒီ မိန်းမရဲ့ အရပ်ကလဲ ပုပုပျပ်ပျပ်ပါပဲ”လို့ ပြောပြခဲ့ကြပါတယ်တဲ့။

[အရှင်ဇနကာ ဘိဝံသ“ ဘာသာသွေး - မှ]

........................

အရင်ပိုစ့် ....


04.25.2012 - ဒီနေ့ မနက် blog ဖွင့်ကြည့်တော့ ဇင်မျိုး ဘလော့ : ၃၈ဖြာ မင်္ဂလာ မှာ တင်ထားတဲ့ ဓာတ်ပုံ ကို ထင်းကနဲ မြင်တာနဲ့ ဖွင့်ကြည့်လိုက်တာ ... ဖေဖေ ရဲ့ ကောင်းကျိုးချမ်းသာ မင်္ဂလာ စာအုပ် ဖြစ်နေတယ် ....

စာအုပ်ထက် ... အထဲက ... ဖေဖေ ရေးသားထားတဲ့ တရားတွေက အဝေးရောက်နေတဲ့ အငယ်ဆုံးသမီးကို ဆုံးမ .. တရားလမ်းပြ နေသလိုပါပဲ ...

ဖေဖေ ကျန်းမာပါစေ ... ဖေဖေ ... ပျော်ရွှင်ချမ်းမြေ့ပါစေ ... ဖေဖေ အသက်ရာကျော်ရှည်ပါစေ ....



‘မင်္ဂလာတရား’ ဆိုသည်မှာ ‘ကောင်းသောတရား’ ဟု ဘာသာပြန်ပါက သင့်တော်ပေမည်။ မင်္ဂလာတရားသည် တိုးတက်ကြီးပွား ချမ်းသာများခြင်း၏ အကြောင်းဖြစ်၏။ အလုံးစုံသော မကောင်းမှုကို ပယ်ဖျောက်တတ်သောကြောင့် မင်္ဂလာဟု ခေါ်ပါသည်။

၁)         ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး
၂)         နေရေး ထိုင်ရေး မင်္ဂလာ ၃-ပါး
၃)         သင်ကြားရေး မင်္ဂလာ ၄-ပါး
၎)         ၀တ္တရားကျေပွန်ရေး မင်္ဂလာ ၃-ပါး
၅)         လိုက်နာကျင့်သုံးရေး မင်္ဂလာ ၄-ပါး
၆)         ရှောင်ကြဉ်ရေး မင်္ဂလာ ၄-ပါး
၇)         စိတ်ထားပြည့်ဝရေး မင်္ဂလာ ၅-ပါး
၈)         သည်းခံရေး မင်္ဂလာ ၄-ပါး
၉)         ခြိုးခြံရေး မင်္ဂလာ ၄-ပါး
၁၀)       စိတ်ဓါတ်ကြံ့ခိုင်ရေး မင်္ဂလာ ၄-ပါး

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊ လိုက်နာကျင့်သုံး ပန်သူတွေ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့၊ ကောင်းကျိုးစည်ပွင့် တဝေေ၀။
ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊ စိတ်ရော ကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရ ကျိန်းသေမလေ။
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလပန်းခိုင်တွေ။

မှတ်ချက်။
၁-မှ ၃၂-အထိ လောကီ မင်္ဂလာ။ ကျန် ၆-ပါး လောကုတ္တရာ မင်္ဂလာ။
၁-မှ ၃၃-အထိ အကြောင်း မင်္ဂလာ။ ကျန် ၅-ပါး အကျိုး မင်္ဂလာ-ဟု မှတ်ပါ။


( ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃-ပါး )
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

( နေရေး ထိုင်ရေး မင်္ဂလာ ၃-ပါး )
ကုသိုလ်ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊ မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊ မြှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

( သင်ကြားရေး မင်္ဂလာ ၄-ပါး )
တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။

လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေး တတ်ပါစေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

( ၀တ္တရားကျေပွန်ရေး မင်္ဂလာ ၃-ပါး )
မြင်းမိုရ်ရွှေတောင် မိဘများကို၊ ကောင်းစွာဆင်ပေး ၀တ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယားကို၊ မြှောက်စားချီးမြှင့် ၀တ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး မြှော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

 ( လိုက်နာကျင့်သုံးရေး မင်္ဂလာ ၄-ပါး )
သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပစ်မထားနဲ့၊ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး လူထုကျိုး သယ်ပိုးရွက်ဆောင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

( ရှောင်ကြဉ်ရေး မင်္ဂလာ ၄-ပါး )

မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်က ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့၊ အထူးသဖြင့် စောင့်စည်းလေ။
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

( စိတ်ထားပြည့်ဝရေး မင်္ဂလာ ၅-ပါး )
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုနှိမ်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်စေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြား မပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

( သည်းခံရေး မင်္ဂလာ ၄-ပါး )
ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား၊ ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှ၊ မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

( ခြိုးခြံရေး မင်္ဂလာ ၄-ပါး )
လောကီအာရုံ ဇိမ်ယစ်မူးလို့၊ အပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း အလင်းပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။

( စိတ်ဓါတ်ကြံခိုင်ရေး မင်္ဂလာ ၄-ပါး )
ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။




Monday, April 23, 2012

Flower

=)













Today is a rainy day here in Connecticut. Rainy, but not freezing. I like the hot black coffee drink with watching the rain drops of water on a cold day. <3



































Life is so short, so fast the hours fly. Sometimes - you just can't tell, how you really feel. Well I was hoping - I'd love to see you if your not too busy, MML =)

Sunday, April 22, 2012

ပုစွန် ချဉ်ပေါင်ဟင်းရည်


ဒယ်ဒီ ချက်သော ပုစွန် ချဉ်ပေါင် ချဉ်ရည်ဟင်း


စားလို့ကောင်းတယ် ..





ဒါက ဘဲသားဆီပြန်ဟင်း


နူးနူးအိအိ .. အသားများများ ... ဘဲသားဆီပြန်ဟင်း


ငပိရည်


ဒါလည်း .. ဒီနေ့ Sunday ပိတ်ရက် .. ဒယ်ဒီ ချက်သော ငပိရည် ....
ထမင်းမစားခင် ဒယ်ဒီ ချက်ထားသော ဟင်းများကို မာမီက အဆင့်သင့် ခူးစားဖို့ ဟင်းအိုး အဖုံးများကို ဖွင့်ပီး ဓာတ်ပုံ အမှတ်တရ ရိုက်ထားတာ ...


ဒီမှာ ၀ယ်လို့ရသော ချဉ်ပေါင်ရွက် ဈေးနှုန်း


ဒီက ရိုးတံနီ ချဉ်ပေါင်ရွက်

အဲဒီ Food Zone Super Market ကလေ ... ကိုယ်တို့ ရန်ကုန်က City Mart Super Market လိုမျိုးပဲ .. Delivery ရှိတယ် ....
ရန်ကုန်က City Mart မှာ .. ကိုယ် ၂၀၀၂ လောက်က ဖုန်းဆက်ပီး အိမ်ကို လာပို့ခိုင်းတယ် ...
Delivery က အဲဒီ အချိန်တုန်းက ... နှစ်သောင်း နှင့် နှစ်သောင်းအထက် ဆိုရင် Delivery Free
ရန်ကုန်မှာ ဗုံး ၃ နေရာ ဆက်တိုက်ပေါက်ပီး ၂၀၀၅ ပတ်ဝန်းကျင် ကျတော့ သုံးသောင်း နှင့် သုံးသောင်းအထက် ဖြစ်သွားတယ် .... အဲဒါဆို Delivery Free
၂၀၀၇ လောက်ကျတော့ အိမ်ဘေးနားမှာ city mart မို့လို့ ... ပို့စရာ မလိုတော့ဘူး ....
City Mart က ၀န်ထမ်းတွေက ဈေးဝယ်လာတဲ့  ပလတ်စတစ်အထုပ် တွေကို အိမ်အောက်ထပ်ထိ လိုက်ပို့ပေးတယ် ... ကိုယ့်က ခလေး တဖက်နဲ့မို့ ၀ယ်နေကျ ဖောက်သည်မို့လို့ service ကောင်းကောင်းပေးတာလည်း ပါသလို ... မြန်မာ့စိတ်ရင်းနဲ့ ကလေးတဖက်နဲ့ ဈေးဝယ်အထုပ်တွေ အများကြီး သယ်ရမှာမို့ ... အိမ်အောက်ထပ်ထိ လိုက်ပို့ပေးတာလည်း ပါ ပါတယ် ... City Mart Staff တွေကို ပို့ခ မုန့်ဖိုး ပေးတာတောင် မယူဘူး ... 
ဝန်ထမ်းတွေကို စနစ်တကျ Training လုပ်ပေးထားတာ အရမ်းကောင်းတယ် ...

City Mart က Gift Card ကလည်း သုံးရတာ အဆင်ပြေတယ် ... အဲဒီ အချိန်တုန်းက ခလေး တဖက် ချီထားတာဆိုတော့ လက်တဖက်က မအားဘူး ပိုက်ဆံတွေ ဘာတွေ မရည်တွက်နိုင်ဘူး ... City Mart က Gift Card ပေးလိုက်ရုံပဲ ... အဲဒီ အချိန်တုန်းက ငွေအကြွေတွေက ဟောင်းနွမ်းတာလည်း ပါတယ် ...

အဲလို ဖုန်းဆက်မှာပီး ၀ယ်တော့ ကိုယ့်နာမည်က city mart member အလိုလို နေရင်း member ၀င်နေပီး ... တနှစ်တခါ လက်ဆောင် ပို့ပေးတယ် ... city mart က diary book လည်း ရဖူးတယ် ...

ကိုယ် ဒီကို လာခါနီးတုန်းကတော့ city mart က နေ ဖုန်း နှင့် ဈေးဝယ်ရင် .... ၁ သိန်း နှင့် ၁ သိန်း အထက် ( အဲဒီ အောက် .. ဈေးဝယ်တာဆိုရင်တော့ ပို့ခ ( ကားခ ) ပေးရတယ် )

ဒီက Food Zone က ဒေါ်လာ ၅၀ ဖိုး နှင့် အထက် ၀ယ်ရင် အိမ်တိုင်ရာရောက် ပို့ပေးတယ် ... Delivery Free ...


Saturday, April 21, 2012

ခရမ်းချဉ်သီးပဲငံပြာရည်ချက်

ခရမ်းချဉ်သီး ပဲငံပြာရည်ချက်


အိမ်မှာ ... ဒီနေ့ ချက်တဲ့ ကြက်ဆီထမင်းနှင့် တွဲစားဖို့ ခရမ်းချဉ်သီး ပဲငံပြာရည်ချက် ....


ကြိတ်ထားတဲ့ ... ( ကြက်သွန်ဖြူ - ၃မွှာ၊ ကြက်သွန်နီ - အရွယ်တော် ၁ လုံး၊ ဂျင်း - လက်တဆစ် ) ကို
ဆီ - 1/2 cup ကို အပူပေးပီး 
ဆီကျက်ပီဆိုတာနဲ့
ပါးပါးရိတ် .. လှီးထားတဲ့ နံနံပင် အရိုးလေးတွေ ( နံနံပင် အရွက် မပါ ) ထည့်မွှေ ...
တဆက်တည်းမှာ ...
ကြိတ်ထားတဲ့ ( ကြက်သွန်နီ + ကြက်သွန်ဖြူ + ဂျင်း ) တို့ကို ထည့် ဆီသတ် ... 
ဆနွင်းမှုန့် ... 1/4 tsp ...
ငရုတ်သီး အစိမ်းမှုန့်  = 1 tsp ထည့်မွှေ ...
ကြိတ်ထားတဲ့ ခရမ်းချဉ်သီး ... အရွှယ်တော် ၃ လုံး ထည့်မွှေ ...
ပဲငံပြာရည် - 1/3 cup  ထည့်မွှေ
ထက်ခြမ်းခွဲ ... ငရုတ်သီးစိမ်း ၁၅ တောင့်လောက် ထည့် ....
ရေ - 1 1/2 cup ထည့်
ပွက်ပွက်ဆူပီ ဆိုတာနဲ့ ...
ဆား - 1/2 tsp ထည့်
ပါးပါးရိတ် ... လှီးထားတဲ့ နံနံပင် အုပ် ...
( ကြိုက်တတ်ရင် .. ဟင်းခတ်မှုန့် ... 1/2 tsp ) ပါ ထည့်လိုက်ရင် လျှာဖျားစွဲ ...

ပိုပီး အစပ်ကြိုက် .... ရင် .. ငရုတ်သီးအစိမ်းမှုန့် နေရာမှာ ငရုတ်ပွခြောက် အနီကို ရေစိမ်ပီး ညက်နေအောင် ကြိတ်ထားတဲ့ ငရုတ်သီးဖတ်တွေ ထည့်ပီး ချက်ရင် စပ်လည်း စပ်တယ် .. အရောင်လည်း ပိုလှတယ် ...


အဲဒီ ပဲငံပြာရည်ချက်ကို ကြက်ဆီထမင်းနှင့် နှယ်စားရတာကို ကြိုက်တယ် ...


အိမ်မှာ သုံးနေတဲ့ ပဲငံပြာရည် ( အကြည် ) တံဆိပ်

ကြက်ဆီထမင်း


အရေခွံများကို ခွါပလိုက်ပီးတော့ အသားသပ်သပ်၊ အရေခွံသပ်သပ်မှာ ဆား ၊ သကြား ၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည် အကြည် နဲ့ နှယ်ပေးထားလိုက်ပါ။
ကြက်အရေခွံများကို ချန်ထားပီး ...
ကြက်သား၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ကောင်းမှုန့် ထည့်၊ ရေထည့်ပီး .... Pressure cooker နဲ့ မီးမြေးမြေး အနေအထား - မိနစ် ( ၂၀ ) ... ချက်ပါ။



ဇကာထဲကို ဆန် ထည့်ပီး ရိုးရိုးရေ နဲ့ ဆန်ဆေး ... ပီးတာနဲ့ ဇကာထဲမှာပဲ ရေစစ်ထားလိုက်တယ် ...

ဆီကို ထမင်းစားဇွန်း ၄ ဇွန်းလောက် ထည့်ပီး မီးအပူပေး။ ဆီကျက်ပီ ဆိုတာနဲ့ ကြက်အရေခွံများကို ကြော် .. ပီး .... အရေခွံကြော်များကို ဆယ်ထားလိုက်တယ်။ 
ဇကာထဲမှ ရေစစ်ထားတဲ့ ဆန်များကို ထည့် ...  ဆန်လှော်လိုက်ပီး ...



ဆား - ၂ ဇွန်း၊ သကြား - ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့် - ၁ ဇွန်း ထည့်နှယ်ပီးမှ 


Pressure cooker နဲ့ ချက်ထားသော ကြက်ပေါင်းရည်များကို အရည်ချည်း သပ်သပ် ယူပီး ထမင်းကို 
ပုံမှန် ချက်နေကျ ရေပမာဏ ထက် နည်းနည်းလေးပဲ လျှော့ပီး ... Pressure cooker နဲ့ မီးမြေးမြေး အနေအထား ပဲ မီးအပူပေးပီး - 12 မိနစ် ချက်လိုက်ပါတယ်။
၁၂ မိနစ် ပြည့်တာနဲ့ မီးဖိုမီး ပိတ်ထားလိုက်ပီး Pressure cooker Lock ကျမှပဲ အဖုံးဖွင့် ... ယောင်းမနဲ့ ကြက်ဆီထမင်းများကို ခပ် ဖွဖွလေး ဖွပေးထားလိုက်တယ် ...
 

Pressure cooker နဲ့ ချက်ထားသော ကြက်ဆီထမင်း
 

Jasmine rice နဲ့ ချက်ထားသော ကြက်ဆီထမင်း


ကြက်သားများကို ကင်မယ့် oven foil ထဲ ထည့်ပီး oven မှာ 350º F နဲ့ နီရောင်သန်းတဲ့ အထိ ကင်ပေးပါတယ်။
 






နောက်တနည်း ...

မနက်က ချက်တဲ့ ကြက်ဆီထမင်း မလောက်လို့ ညစာ ထပ်ချက်တဲ့ ကြက်ဆီထမင်း ...


ဒီ တံဆိပ် ကြက်ပေါင်းရည် သံဗူးက cup နဲ့ ချိန်ကြည့်ရင် 2 cups ရှိတယ် ...



အိမ်မှာ ချက်စားတဲ့ Jasmine Rice တံဆိပ် ...
အိမ်မှာ Jasmine Rice ကို 1:1 နှုန်း ဖြင့် ရေထည့်ချက်တယ် ....


ဇကာထဲ Jasmine Rice - 2 cups ထည့် ရိုးရိုးရေဖြင့် ဆေးပီး ရေစစ်ထားလိုက်တယ် ...


ဒီ cup နဲ့ ချိန်တာပါ ....


ကြက်သွန်ဖြူ - ၂ မွှာ .. ဂျင်း အနည်းငယ်ကို 


ကြိတ်စက်ဖြင့် ညက်နေအောင် ကြိတ်ပီး


ဆီ ကို 2 tbs ( ထမင်းစားဇွန်း - ၂ ဇွန်း ) ထည့်တယ် .. 
( အပေါ်က ကြက်အရေခွံက ကြော်လိုက်ရင် ဆီ + ကြက်ဆီ ပါ ထပ်ပွားထွက်တယ် .. အခုက ကြက်အရေခွံ ကြော်တဲ့ဆီ မပါဘူး .. ရိုးရိုး ဆီပဲ ) 
ဆီပူပီဆိုတာနဲ့ ညက်နေအောင် ကြိတ်ထားတဲ့ ကြက်သွန်ဖြူ + ဂျင်းထည့် ....
ရေစစ်ထားတဲ့ ဆန် ထည့်
ဆား - 1/2 tsp + သကြား - 1/2 tsp + ငရုတ်ကောင်းမှုန့် - 1/4 tsp ထည့်မွှေ ... 
နှံစပ်နေအောင် မွှေပီးမှ ကြက်ပေါင်းရည်ဗူး တဗူးလုံး - 2 cups ထည့်ပီး rice cooker နဲ့ ချက်ထားလိုက်တယ် ...


ခလုပ်တက်လာတာနဲ့ ထမင်းကို ယောင်းမဇွန်းနဲ့ ခပ်ဖွဖွလေး ဖွပေးလိုက်ပီး


 တအောင့်လောက် အဖုံးပိတ်ပီး ပြန်နှပ်ထားလိုက်တယ် ...


ဒါ .. အိမ်မှာ ကိုယ့် ချက်ထားတဲ့ ကြက်ပေါင်းရည် သံဗူးနဲ့ ချက်ထားတဲ့ ကြက်ဆီထမင်း ...
ကြက်ဆီထမင်းချက်ဖို့ ready made ဗူးတွေလည်း ရှိပါတယ် .... တခါမှတော့ မချက်စားဖြစ်သေးဘူး ... ဒီတခေါက်တော့ မနက်က ချက်ထားတဲ့ ကြက်ဆီထမင်း မလောက်လို့ ထပ်ချက်တဲ့ ကြက်ဆီထမင်း ...

အရင်ပိုစ့် ...