" Fall in Leaves "

I love fall season. Fall season like colorful pictures. It's the most colorful time of the year. The leaves are beginning to turn, with trees taking on golden, amber and scarlet hues.

Shwe Kyi Sa Nywin Makin

( "Shwe Kyi Sa Nywin Makin" include Cashew Nuts, Raisins, Walnut, Almond, Coconut Cream, Butter and ..... I can only eat a little, because after I took about 5 bites, I feel full already.) My son like "Shwe Kyi Sa Nywin Makin" because there are mix nuts .... My son also likes poppy seeds that are on the "Shwe Kyi Sa Nywin Makin" very much, that's why I have to give my son extra poppy seeds about 1 small cup.

မုန့်ဟင်းခါး ....

blog မှာ ပိုစ့် မတင်ဖြစ်တာ ကြာနေပြီမို့ ... ဘလော့လည်း အသက်သွင်းရင်း ... ဘာရေးရမှန်းလည်း မသိဖြစ်ရင်း ... ထုံးစံ အတိုင်း ဓာတ်ပုံပဲ တင်လိုက်ပါတယ်။ ... ဓါတ်ပုံကတော့ ...

Have a lucky and wonderful 2014!

Happy new year everyone! Wishing you all a healthy, prosperous, and love filled new year. May the New Year bring to you warmth of love, and illuminates your path of life towards a positive direction.

ရွှေတောင်ခေါက်ဆွဲ အတွက် ကြက်သား အုန်းနို့ချက်

ကြိုက်နှစ်သက်သော . . . အန်တီစု စကားလုံး - ကျွန်မအခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမှာ တာဝန်ထဲမှာ စိတ်နှစ်ထားတာထက် ဘ၀မှာ အရေးကြီးတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အားတင်းခဲ့ပါတယ်။ အဲဒီစိတ်ကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။

Saturday, March 31, 2012

ဒီနေ့ မနက်

မနေ့ညက အမေရိကားမှာ ထွက်သွားတဲ့ Mega million ပေါက်သွားတဲ့ လူက ...  Maryland,





ကိုယ် အမေရိကန် ထီ နဲ့တော့ အရမ်း .. အရမ်းကြီးကို ... မရင်းနှီးသေးပေးမယ့် ထီတော့ ထိုးတယ်။ Mega က တစောင်ကို တဒေါ်လာ ကနေ စပီး ထိုးလို့ရတာလည်း ပါတယ်။ 
၅ ဒေါ်လာဖိုးလောက် ထီထိုးပါတယ် ...

CT Lottery web site : http://www.ctlottery.org

March 30, 2012
2 4 23 38 46 MB: 23 MP: 3
NOTE: Results shown below are for tickets sold ONLY IN CONNECTICUT. If the Mega Millions jackpot is won outside CT it will not be shown in the table below, and the jackpot will return to $12 Million.
CT
Winning
Tickets
With
Megaplier
Match
White Balls
+ Mega Ball
Prize
Won
Prize With
Megaplier
0-5 + MBJackpot
105$250,000$1,000,000
804 + MB$10,000$30,000
553564$150$450
582773 + MB$150$450
9,6271,0582 + MB$10$30
25,9952,8403$7$21
58,2346,5751 + MB$3$9
109,00312,4390 + MB$2$6
Winning tickets sold in Connecticut: 204,003

Mega ball ( MB ) နံပါတ် တူမှ ... MB : 23
အရှေ့က တလုံး .. 1 + MB = $ 3
၂ လုံး ကနေ စ ..  2 + MB = $ 10

 ၅ လုံး တူရတာ .. 5 + MB = Jackpot

Mega ball နံပါတ် မတူ ရင် .. အရှေ့က ၃ လုံးတူ .. 3 = $ 7

စင်ကာပူက toto .. 4D လိုမျိုးပဲ .. မှတ်မိသေးတယ်။ ၂၀၀၆ လောက်က .. ကိုယ့် Tue လား Thu လား မသိဘူး .. toto ထိုး တာ .. ( တခါ တလေလည်း နံပါတ် ရွှေးပီး ထိုးတယ် ) များသော အားဖြင့်က စက်ထဲက ထွက်လာတဲ့ နံပါတ်ပဲ ထိုးလိုက်တာပါပဲ .. ထီဖွင့်တဲ့နေ့ဆို ... Starhurb ကနေ ပေါက်မဲ နံပါတ် message ပို့ပေးတယ် .. သတိရပါတယ် .. အဲဒီ အချိန်လေးတွေကို ... 

နောက်ဆက်တွဲ .. ထီပေါက်သူ ရဲ့ အကြောင်းလေးတွေ နဲ့ .. ထီမပေါက်သူတွေရဲ့ ပေါက်ကွဲသံတွေ .. FB ကနေ သွားဖတ်ကြည့်လိုက်ပါအုံးမယ် ....  :D ... :D  .. 

ကိုယ် .. သီရိရတနာ ဘလော့မှာ .. အင်တာနက်ကို ကျေးဇူးတင်ကြောင်း ပြောပီးသွားပီလား ဟင် ...
မပြောရသေးဘူးနဲ့တူတယ် ..

ပြောမယ်နော် .. ကိုယ့် .. အင်တာနက်ကို ကျေးဇူးတင်တယ် ..
ကိုယ့် မသိသေးတဲ့ အရာတွေကို အင်တာနက်ပေါ်ကနေ အလွယ်တကူ ရှာဖွေ .. သိရှိနိုင်သလို ... 
လူ သာ သေသွားတယ် .. သူ ထားခဲ့တဲ့ Sharing ခေတ်ကြီးထဲက သူ့ရဲ့ အတွေ့အကြုံတွေ .. သူ့ရဲ့ နည်းပညာတွေ .. ဆရာစား မချန် ထားခဲ့တဲ့ စိတ် စေတနာ ကောင်းတဲ့ လူတွေကိုလည်း အရမ်း ကျေးဇူးတင်ပါတယ် ..

ကိုယ့် .. အမေရိကားကို .. ဒယ်ဒီ အားကိုးနဲ့ ...  ဒီအတိုင်း .. ထ .. လာတာပါ .. 
ဘာပြင်ဆင်မှုမှကို မရှိပါဘူး ..

တခု ခု ဆို .. Google ဖွင့် .. ရှာလိုက်တာပါပဲ ..
How to do .. or .. How to make က နေ အစ ချီပီး ရှာလိုက်တာ .. အားလုံး အဆင်ပြေလွန်းတာမို့ .. အင်တာနက်ကို အရမ်းသဘောကျတယ် ..

ကိုယ့် ကွန်ပြူတာမှာ .. ကလေးတွေလည်း သုံးပါတယ် .. window .. control panel မှာပဲ .. Parental control လုပ်ထားတာမို့ ကလေးတွေ အတွက်လည်း စိတ်ချရတယ် ... 

ဒီ အကြောင်းပြောပြတာ .. ကိုယ့် အင်တာနက်ကို တကယ်ကျေးဇူးတင်ကြောင်း နှင့် အင်တာနက် သုံး တာ အကျိုးရှိကြောင်းလေး ကို ကိုယ့်ရဲ့ ရွှေမြန်မာက မိတ်ဆွေတွေကို ပြောပြတာပါ .. 

( ချွင်းချက် )  သိပီးသူများ အတွက် မပါ ... :P

အခု ဆိုရင် FB .. အရမ်း အသုံးဝင်တယ် .. FB ကနေ တဆင့် အမေရိကားက လူတွေရဲ့ အကြောင်းတွေလည်း တော်တော်များများ သိလာတယ်။ အရင်တုန်းက FB က ဂိမ်းကစားဖို့ပဲ .. အခုတော့ သုံးတတ်ရင် တော်တော်လေးကို အကျိုးရှိမှန်းသိလာတယ် .. ကိုယ့် Friend list ထဲမှာ လူစုံတယ် .. 

အသုံးများတာတော့ ဒီဘက် USA အကောင့်ကို အသုံးများပါတယ် .. အခု ရက်ပိုင်း စိတ်ဝင်စားနေတာက .. ကိုယ့် Friend list ထဲက ၂ယောက် .. လောက်က Mary Kay အလှကုန်ပစည်းတွေ ရောင်းတယ် .. FB ကနေ တဆင့် .. FB က အများကြီး အသုံးပြုလို့ရတာပဲနော် .. FB နဲ့ ဈေး .. ရောင်းတာ .. ၀ယ်တာ သိပ်တော့ မထူးဆန်းတော့ပါဘူး .. ဘာရယ် မဟုတ်ဘူး .. အဲဒီ အကောင့်ကနေ Feed လေးတွေ တက်လာရင် သွားဖတ်နေတတ်တာကို ပြောတာပါ .. ကိုယ့်မှာ .. အမေရိကား အသိုင်းအ၀ိုင်း ကျယ်ကျယ်ပြန့်ပြန့် မရှိတဲ့ အတွက် .. ကိုယ့် အဲဒါကို လိုက် မလုပ်ပါဘူး .. ဒီအတိုင်းပဲ .. စိတ်ဝင်စားလို့ .. သွား .. သွားပီး ဖတ်နေတာ ..

ရွှေမြန်မာမှာ .. အီးမေလ်း စ သုံးလို့ ရတဲ့ 2001 ခုနှစ်လောက်က ရုံးက system unit box ကို မ ပီး ဖုန်း ကျိုးတပ်တဲ့ ခေါင်းလေး ရှစ်မိုင်က တယ်လီဖုန်းရုံးမှာ သွားတတ်တာ မှတ်မိသေးတယ် .. အဲဒီ အချိန်တုန်းက ရွှေမြန်မာက ကွန်ပြူတာတွေမှာ တယ်လီဖုန်းတပ်တဲ့ ခေါင်း မရှိဘူး .. တယ်လီဖုန်း လိုင်းနဲ့ အီးမေလ်း သုံးရတာ .. အီးမေလ်းများ တစောင် ၂ စောင်လောက် ၀င်လာရင် ပျော်လိုက်တာ အရမ်းပဲ .. အခု အချိန်နဲ့များ ကွာပါ့ .... အခု ဆို အမှိုက်တွေ .. အမှိုက်တွေ ဆိုပီး .. အော်ရလောက်အောင် အီးမေလ်းတွေ များပါ့ .. Spam တွေ ... :D 

Bagn net က ၂၀၀၄ လောက်လား ပဲ .. အဲဒီတော့မှ အင်တာနက် ရတာ .. ၂၀၀၆ တုန်းက ကိုယ့် အသုံးများတဲ့ Friendster .. Live.com လည်း ဘယ်ရောက်သွားမှန်း မသိတော့ဘူး ...

အဲဒီ Friendster မှာ ခင်ခဲ့တဲ့ ၁၀ ယောက် နီးပါးလောက်ပဲ . အခု ထက်ထိ FB မှာ ဆက်ခင်နေတုန်းပဲ .. ပြောင်းလဲမှု့ ခေတ် ရေစီးကြောင်းတွေပါ ...


အဲဒီ account က password မေ့နေ့လို့ .. ဘယ်လို သွား ပီး log in လုပ်ရမလဲး မသိဘူး .. 

အမှန်က ဘယ် email နဲ့ myspace account လုပ်ထားမှန်း မမှတ်မိတော့တာ ...

ကိုယ့် ကြုံခဲ့ဖူးတာလေးနဲ့ ပြောပြရရင် ...

နောက် ... တက်လာတဲ့  အရာတွေက အရင် .. အဟောင်းတွေထက် လက်စောင်းထက်တယ် ... 

ကိုယ် 2006 တုန်းက Myspace က အရမ်း နာမည်ကြီးတဲ့ social site ပါ .. 

အခုတော့ FB က ပိုပီး နာမည်ကြီး လူကြိုက်များသွားသလို .. တော်တော်လေးလည်း သုံးလို့ ပိုကောင်းတယ် .. update ပိုမြန်တယ် ...

နောက်ထပ်ပီး .. နောက်နှစ်တွေမှာ ဘာ social site က ကောင်းလာမလဲး မသိသေးဘူးပေါ့နော် .. 

ဒီည မြန်မာ FB မှာ ရှိမည် .. 

ဆုတောင်း ပြည့်ပါရစေ ....


ဒီနေ့ ... မနက် အိပ်ရာက နိုးလာတော့ မိုးရွာနေသံ ကြားတယ်။ နောက်တော့ စနိုးတွေ ကျလာတယ်။ တနေ့ ည ကတည်းက စနိုးကျမယ် ဆိုတာ FB မှာ ဖတ်ပီးကတည်းက သိနေပါပီ .. စနိုး မကျတော့ .. April fool များ ရေးထားတာလား လို့ .. ဒီမနက် စနိုးလေးတွေ ကျမှ အော် .. သတင်း အမှန်မှန်း သိတော့တယ် .. အခု တော့ မိုးက ပါ ဆက်ရွာလိုက်လို့ စနိုးကျထားတာတွေလည်း အရည်ပျော်သွားပါပီ ...

myspace password ပြန်ရသွားပီ .. 

Friday, March 30, 2012

ဂဏာန်း မဆလာဟင်း


ဒယ်ဒီချက်သော ဂဏာန်း မဆလာဟင်းပါ ...


ဂဏာန်း အသားတော်တော်များတယ် ...
လတ်လတ်ဆတ်ဆတ်မို့လို့နဲ့တူတယ် .. 
ချိုပီး စားလို့ကောင်းတယ် ...
စပ်လည်း .. စပ်တယ် ...

 
အမေရိကားမှာလည်း ရေချို ဂဏာန်းတွေ ၀ယ်၊ ချက်၊ စားလို့ ရတယ် NNW ရေ ...

ကိုယ့်တို့ တရုတ်တန်း ၁၇ လမ်းဈေးမှာ သွား .. ၀ယ် ပီး ချက်စားရသလိုမျိုးပါပဲ ...


ဒီည အမေရိကားမှာ .. Mega Millions ထီ ည ပါ ..
 FB နဲ့ TV တွေမှာ .. Mega ထီ ကို ၀က်ဝက်ကွဲ ပဲ .. 
FB က သူငယ်ချင်းတွေ ပြောနေကြတာ ...


မနက်ဖြန်ကျမှ .. ကော်ရည်ခေါက်ဆွဲ နှင့် အီကြာကွေး ကြော်စားတဲ့ ပိုစ့်လေး တင်ပါမည် ...

မနက်ဖြန်ည .. အမေရိကားမှာ ... မတ်လ ၃၁ ရက် ည ..
 မြန်မာမှာ ဧပြီ ၁ ရက်နေ့ .. နေ့ဘက် ...
ကိုယ့် FB သတင်းများကို မျှော်ပါမည် ....


NNW ရေ .. ဒါ .. ကိုယ်တို့ စတိတ် ... A Dong Super Market မှာ ရောင်းတဲ့ ဂဏာန်း အရှင် ...
ညှပ်နဲ့ ဆွဲပီး ပလတ်စတစ် နဲ့ ထည့်ဝယ်ရပါတယ် ...


မျှစ် ပုလင်းများ


တညင်းသီး နှင့် ထန်းသီး 


မှို ...


အုန်းနို့ ဗူး ( အပြစ် ) COCONUT CREAM


အုန်းနို့ဗူး ( အကျဲ ) COCONUT MILK


ကိုရီးယား ဘာဘီကျူး ဆော့စ်


မြေအိုး ( မြေအိုး မြီးရှည် .. ၀က်နံရိုး မြေအိုး ထမင်းပေါင်း ) ချက်စားဖို့ အတွက်


ပေါက်စီ ပေါင်းဖို့ 



ဘုရားစင်မီး နှင့် အမွှေးတိုင်များ 


မြေအိုးတွေ ..


ဖင်ထိုင်ခုံ နှင့် ဆပ်ပြာ၊ ခြေအိတ်လေး ချိတ်တဲ့ အ၀တ်ချိတ်တဲ့ ဂျိတ် 

( ရွှေမြန်မာမှာ သုံးတဲ့ ပစည်းလေးတွေ အမေရိကားက အေရှန်ဆိုင်မှာ ၀ယ်လို့ရပါတယ် ... အဲဒီ ကလစ်ဂျိတ် ဆိုရင် ကိုယ့် ရန်ကုန်မှာ .. ပထမ .. မွေးကာစ သားသားရဲ့ လက်အိတ်၊ ခြေအိတ်လေးတွေ ကို အ၀တ်လှန်းတယ် .. သားသားကြီးလာတော့ .. သမီး ခေါင်းစီးကြိုးတွေကို ချိတ်တယ် )  ..

Wednesday, March 28, 2012

ကုလားပဲထမင်း


ဒီတခါ ချက်တဲ့ ပဲထမင်းက စမုံစပါးကို ထောပတ်ဆီသတ်ပီး ... ရေစိမ်ထားတဲ့ ကုလားပဲ နှင့် ချက်ထားသော ပဲထမင်းဖြစ်ပါတယ် ...


ဒီတခါ ကုလားပဲကို မနူးမနပ် အရင်ပြုပ်ပီး မချက်ပဲ .. 
ထမင်းနှင့် မချက်ခင် ၃ နာရီလောက် ရေစိမ်ထားသော ကုလားပဲ နှင့် ချက်ထားသော ...


ပဲထမင်း


ဒီတခါ ပဲထမင်းကို ဘလချောင်ကြော် နှင့် နှယ်မစားပဲ .. ကုလားပဲ ဒိန်ချဉ် .. အချဉ်ရည် စမ်းစားပါတယ် ...


အမဲသား ထောပတ် ကြော်နှပ် 


အမဲသားဟင်း နှင့် ပဲထမင်း

..... ချက်၊ စားနည်း .....

  
ကုလားပဲ ကို မချက်ခင် ၃ နာရီလောက် ရေ အရင် ကြိုစိမ်ထားလိုက်ပါတယ် ....

ဆန် - 1 cup
ကုလားပဲ - 1/2 cup
ဂီးလ် .. ထောပတ် - ထမင်းစားဇွန်း ၁ ဇွန်း
စမုံစပါး - လက်ဘက်ရည်ဇွန်း တ၀က်
ဆား - လက်ဘက်ရည်ဇွန်း တ၀က် 
ရေ - ၃ ခွက် 
မီးမြေးမြေး နှင့် မိနစ် ၂၀ 

မီးမြေးမြေး အနေအထားနဲ့ ထောပတ်ကို အရည်ပျော်အောင် အရင် ချက်လိုက်ပီး ..
ထောပတ် အရည်ပျော်တာနဲ့ စမုံစပါးကို ထည့် ...
၃ နာရီလောက် ရေစိမ်ထားသော ကုလားပဲများကို ရေစစ်ပီး ထည့်ကြော် ...
ကုလားပဲ ထည့်မွှေပီး .. တအောင့်ကြာမှ ဆန်၊ ဆား ထည့်မွှေပါ ...
rice cooker နဲ့ ချက်မယ် ဆိုရင် ပုံမှန် ထမင်း ချက်တဲ့ ရေပမာဏ ထက် နည်းနည်း ပိုထည့်ပေးပီး ...
မီးဖိုမီးနဲ့ ချက်မယ် ဆိုရင်တော့ မီးမြေးမြေး အနေအထားနဲ့ မိနစ် ၂၀ .. ၂၅ မိနစ်လောက်ဆို ပဲထမင်း ရပါပီ ....


ထောပတ်နှင့် ချက်ထားသော ပဲထမင်း 


အမဲသား ထောပတ် ကြော် နှပ် အတွက် .. ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ကို ထောင်း ...


ခရမ်းချဉ်သီး တလုံးကိုပါ ကြိတ်ထားလိုက်ပီး ...



အမဲသားကို ဆား၊ ဟင်းခတ်မှုန့် နဲ့ နှယ်ပီး ခဏလောက် နှပ်ထားလိုက်ပါတယ် ....

မီးဖိုပေါ်မှာ မီးမြေးမြေး အနေအထား နှင့် ထောပတ် ၄ အောင်စလောက်ကို အရည်ပျော်အောင် အပူပေးပီးတာနဲ့ ဖာလာစေ့ ၃ စေ့၊ နံနံစေ့ .. တို့ကို ထည့်ဆီသတ်၊ ပျဉ်တော်သိမ် ကို အရွက်တွေ ခြွေပီး ထည့်ဆီသတ်ပီးတာနဲ့ နှပ်ထားတဲ့ အမဲသားကို ထည့်ကြော်ပါတယ် ...

ဒီတခါ အမဲသားကို ထောပတ် နှင့် ကြော်ပီးမှ ဟင်း အနှစ်များနှင့် ပြန်နှပ်ချက်တာပါ ..

အမဲသားတုံးများကို ကြော်ပီး ခဏဆယ်ထားပါ ...

ကျန်နေတဲ့ ထောပတ်ဆီထဲ ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ထည့် ဆီသတ် ..

ဆနွင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့် ထည့် ...

ကြိတ်ထားတဲ့ ခရမ်းချဉ်သီး အနှစ်တွေ ထည့် ...

ကြော်ထားသော အမဲသားတုံးများထည့် ... လုံး ပီး .. 

နှံစပ်နေအောင် မွှေပီးမှ .. ရေ အလော်တော်လောက် ထည့် .. အဖုံးအုပ် ...

အမဲသား နူးလာခါနီးမှ သံပုရာရည် ( လတ်လတ်ဆတ်ဆတ် ) ညစ်ထားတာ လက်ဘက်ရည်ဇွန်း ၂ ဇွန်းလောက် ထည့်ပီး ဆီပြန်နေအောင် ချက်ထားသော  ...


အမဲသား ထောပတ်ကြော်နှပ်
 

ပဲထမင်းမှာ ဆမ်းစားဖို့ ကုလားပဲ ဒိန်ချဉ် ( အချဉ် ) ပါ ...

ဒိန်ချဉ် - 1 cup
ကုလားပဲမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
ထောပတ် - ထမင်းစားဇွန်း ၁ ဇွန်း
သစ်ကြားပိုးခေါက် - ၁ ခု
စမုံစပါး - လက်ဘက်ရည်ဇွန်း -တ၀က်
လေညင်းပွင့် - ၂ ခု
ကရဝေးရွက် - ၁ရွက်
မုန်ညင်းစေ့ - လက်ဘက်ရည်ဇွန်း - တ၀က်
ပျဉ်တော်သိမ်ရွက် - ၅ ရွက်
ငရုတ်သီးစိမ်း - ၂ တောင့်
ငရုတ်သီးခြောက် - ၂တောင့်
သကြား - လက်ဘက်ရည်ဇွန်း ၁ ဇွန်း
ရေ - 2 cups


မီးဖိုပေါ်မှာ ...
ထောပတ် ( ထမင်းစားဇွန်း - ၁ဇွန်း ) ကို အရင်ဆုံး ပျော်အောင် မီးမြေးမြေး နှင့် အပူပေးပီးတာနဲ့ တပြိုင်နက် ...
ငရုတ်သီးခြောက် အတောင့် ၂ တောင့်ကို မီးမြေးမြေးနှင့် ကြော်ပီး .. 
( ငရုတ်သီးကြော် ... အရမ်းကြီး မမဲခင်မှာ )  ..
စမုံစပါး ( လက်ဘက်ရည်ဇွန်း - တ၀က် )
မုန်ညင်းစေ့ ( လက်ဘက်ရည်ဇွန်း - တ၀က် )  
လေညင်းပွင့် - ၂ ခု
ကရဝေးရွက် - ၁ ရွက်
သစ်ကြားပိုးခေါက် - ၁ ခု
ပျဉ်တော်သိမ်ရွက် - ၅ ရွက် .. ဆီသတ်ကြော်ပီးတာနဲ့ တပြိုင်နက် ...

ဒိန်ချဉ် - 1 cup ထည့်မွှေ
သကြား ( လက်ဘက်ရည်ဇွန်း - ၁ ဇွန်း ) ထည့်မွှေပေးပီး .. 
( ဒိန်ချဉ် အဖတ်လေးတွေ မဖြစ်အောင် အဆက်မပြတ်မွှေနေရင်းနဲ့ .. ) 

ကုလားပဲမှုန့် ( ထမင်းစားဇွန်း - ၁ ဇွန်း ) + ရေ - 2 cups ဖျော်ထားသော ကုလားပဲ အရည်ကိုလောင်းထည့် .. 
အဖတ်တွေ မဖြစ်အာင် ဇွန်းနှင့် အဆက်မပြတ်မွှေပေးရင်း ...
ဆား အနည်းငယ် နှင့် အတူ .. ငရုတ်သီးစိမ်း ၂တောင့်ကို ထက်ပိုင်းချိုးပီး ထည့်မွှေပေးပါ ..
မပျစ်မကျဲ .. ပဲထမင်း နှင့် ဆမ်းစားလို့ ရတဲ့ အနေအထား ချက်ထားသော ... 


ကုလားပဲ ထောပတ် ဒိန်ချဉ် ( အချဉ် )  


ပဲထမင်း နှင့် အချဉ်

..... အရင်ပိုစ့် .....

သစ်ကြားပိုးခေါက်၊ ကရဝေးရွက်၊ နာနတ်ပွင့် နှင့် ချက်ထားသော ပဲထမင်း
ထောပတ်ထမင်း
ပိန်းဥထမင်း
အုန်းထမင်း
ကြက်ဆီထမင်း


စကားမစပ် ... ကိုယ် .. thetnandar.myanmar FB a/c ( အသစ် ) ဖွင့်ပီးကတည်းကလေ .. ဒီနေ့ မြန်မာ သတင်းတွေကို အလျင်မှီအောင် မနည်းလိုက်ဖတ်နေရတာမို့ .. ကိုယ့် FB a/c update မဖြစ်တာကို နားလည်ပေးပါ ..

ကိုယ်ပဲ .. သူငယ်ချင်း အဖြစ်နှင့် လိုက်အပ်ပါမည် ... ကိုယ့် ကို FB a/c အပ်ထားပီးမှ FB a/c က active မဖြစ်တဲ့ အတွက် .. လာအပ်ထားသောသူများကို အားနာလို့ပါ ...

သီရိရတနာ ဘလော့မှာပဲ update ဖြစ်မှာပါ ...
ကိုယ့်ရဲ့ personal တွေလည်း ဒီမှာပဲ update ဖြစ်မှာပါ ...

blog က မှတ်တမ်း သိမ်းပုံ သိမ်းနည်း အစဉ်တကျ နှင့် သပ်ရပ်တာမို့ blog မှာ မှတ်တမ်းလေးတွေ သိမ်းရတာကို ပိုသဘောကျပါတယ် ..

FB a/c တခါ ၀င်လိုက်ရင် ဖတ်စရာတွေ .. သတင်းထူး .. တွေလည်း အများကြီးပါပဲ ...
Friends list Feed တခု ကနေ တခု ကို သွားပီး ဖတ်နေတာနဲ့တင် ..
အနည်းဆုံး ... ၁ နာရီ ... ၂ နာရီလောက် ကြာပါတယ် ...

ရှမ်းမလေး အတွက် တကယ့်ကိုပဲ စိတ်မကောင်းပါဘူး ...

  ကောင်းရာသုဂတိလားပါစေ ... ငြိမ်းချမ်းစွာ အိပ်စက်နိုင်ပါစေ ....

Tuesday, March 27, 2012

သားသား နဲ့ အပြိုင် စားပါအုံး



မောင်နှမ နှစ်ယောက် ကွန်ပြူတာ web cam နဲ့ အစားအသောက်တွေ စားလို့ ကုန်သွားတဲ့ ဗီဒီယို ...

သမီးက အဲဒီဘက်မှာ ၀ါသနာ ပါတယ် ... web cam နဲ့ creation လည်း လုပ်နေတတ်သလို .. သူ့ဘာသာ သူ ကာတွန်းပုံတွေ ဆွဲပီး window movie maker နဲ့လည်း ကာတွန်းကားတွေ လုပ်နေတတ်တယ်။ 
English story ကို အသက် ၆ နှစ်ကတည်းက ကာတွန်းပုံ ဆွဲပီး စ .. ရေးနေပါပီ ....

သူ့ကို ဘယ်သူမှ မသင်ပေးပါဘူး .. မွေးရာပါ ... ပါရမီ ပါ ... 

ကွန်ပြူတာ ထဲမှာ ရှိတဲ့ Window movie maker ကို ကလိရင်းနဲ့ ကာတွန်းကား ဗီဒီယို လုပ်တတ်လာတာပါ ...

 
ရေခဲမုန့် အပြိုင် စားကြရအောင် ....  

 ပီဇာ လည်း ထပ်စားပါအုံးမယ် .... 

စားလို့ မ၀သေးဘူး ... ဖရဲသီး ထပ်စားအုံးမယ် ...

 
သားသား အကြိုက် sausage ကို ကုန်အောင် စားပလိုက်ပါပီ ...

** အရင်ပိုစ့် ....

Monday, March 26, 2012

ကိုသာနိုး နှင့် မြန်မာစကား


Share YouTube Link : http://youtu.be/K_yxK24m2E4


 Many Americans are learning the Burmese language and culture. Ko Thar Noe, a student at George Washington University explains how he came to learn the Burmese language and how the Burmese culture and Buddhism influence his daily life.

အသားတု .. အသားတု .. အသားတု 

Sunday, March 25, 2012

Morning Buns


ပန်းပွင့်ပုံ ပေါင်မုန့်လေးပါ ...


ကိုယ့်ရဲ့ ပထမဦးဆုံး အကြိမ် ပေါင်မုန့်ဖုတ်ထားတဲ့ အုန်းသီးပေါင်မုန့် ....


YouTube ထဲက How to make morning buns ချက်နည်း အတိုင်း step by step သေချာ ကြည့်ပီး ...  ပေါင်မုန့် ဖုတ်ထားတာပါ ...


နောက်တခေါက်ကျမှ ... ရန်ကုန် .. city mart က season and barkery မှာ ၀ယ်စားနေကျ ပေါင်မုန့်များ မုန့်ဖုတ်ကြည့်ပါဦးမည် ...


ပန်းပွင့်ပုံ ပေါင်မုန့်ထဲကမှ ပေါင်မုန့်လုံး တလုံးကို ဖဲ့ယူလိုက်တဲ့ အတွင်းပိုင်း ပေါင်မုန့် .. မုန့်ကျက်နေတဲ့ အနေအထား ...


oven ကို မုန့်မဖုတ်ခင် မိနစ် ၂၀  ကြိုဖွင့်ထားပီး .. 
ပူနေတဲ့ oven ထဲကို ဖုတ်မယ့် ပေါင်မုန့်ဗန်းကို ထည့် ..
 350ºF နဲ့ မိနစ် ၃၀ လောက် ပေါင်မုန့် ဖုတ်ထားတာပါ ... 


ပေါင်မုန့်လုံး ထဲမှာ .. ဘာမှ မထည့်ပဲ .. ပေါင်မုန့်ဖုတ်လို့ ရသလို ...
ပေါင်မုန့်လုံးထဲမှာ .. ပဲ .. အုန်းသီး .. ပူတင်း .. ခရမ် ...  ကြက်အူချောင်း sausage များ .. အမျိုးစုံ .. 
ကိုယ် ကြိုက်နှစ်သက်ရာများ ထည့်သွင်းပီး ပေါင်မုန့် ဖုတ်လို့ ရပါတယ် ...


ခရုပုံစံ မနက်ခင်းစာ စားတဲ့ ပေါင်မုန့်များ ဖြစ်ပါတယ် ....
သူ ချည်း သပ်သပ် စားရင်လည်း အရသာ ရှိပါတယ် .. 
ငါးသေတာ နှင့် တွဲဖက် .. စားသောက်ရင်လည်း စားလို့ ကောင်းပါတယ် ...


ခရုပုံစံ .. ပေါင်မုန့် အတွင်းပိုင်း အနေအထား ...


သူ့ကို တခု ချင်းစီ မုန့်ဖုတ် တာမို့ preheat oven ထဲမှာ 375ºF - ၁၅ မိနစ် လောက် မုန့်ဖုတ်ထားလိုက်ရင် ရပါပီ ... 

အတွင်းပိုင်း အနေအထားပါ မုန့် ကျက်ပါတယ် ....


... ချက်၊ စားနည်း ...

YouTube : http://youtu.be/kFFGgBVrlnI

YouTube ချက်နည်း ဗီဒီယို အတိုင်း ပေါင်မုန့် ဖုတ်ထားတာပါ ....

YouTube ဗီဒီယို ထဲမှာ step by step သေချာ .. မြင်အောင် ရှင်းပြထားတာမို့ အရမ်းကောင်းပါတယ် ...

ကိုယ်လိုမျိုး ပထမဦးဆုံး အကြိမ် ပေါင်မုန့်ဖုတ်တဲ့လူ အတွက် အရမ်းကို အဆင်ပြေပါတယ် ...

အခု .. အဲဒီ ဗီဒီယို ကြည့်ပီး .. အိမ်မှာ ချက်ထားတဲ့ ကိုယ့်ရဲ့ ချက်နည်း အတွေ့အကြုံလေးတွေကို Share ပါမယ် ...


Morning buns ( ပေါင်မုန့် လုံး - ၁၀ လုံး ) စာ အတွက် .. 
ပါဝင်သော ပစည်းများ ...

( မူရင်း ) ....

500 g / 18 oz flour
pinch of salt
20 g / 0.7 oz butter
25 g / 1 oz sugar
12 g / 0.4 oz fresh yeast
1 egg yolk
275 ml / 10 fl oz milk
50 g / 1.8 oz flour ( for dusting ) 
1 egg beaten with 2 tbsps water
0.5 tbsp rock salt
1 tbsp sesame seeds

............ ... ... ............
ဂျုံမှုန့် - 18 အောင်စ ( 2 1/3 cups ) 
ဆား - အနည်းငယ်
ထောပတ် - 1 အောင်စ .. သာသာလောက်
သကြား - 1/8 cup
Yeast - 1/4 oz
ကြက်ဥ အနှစ် - ၁ လုံး
နွားနို့ - 275 ml ( 1 cup ကျော်ကျော် )
ဂျုံ လုံး နှယ်ဖို့ ဂျုံမှုန့် အနည်းငယ်
ကြက်ဥ တလုံးကို ရေ ထမင်းစားဇွန်း ၂ ဇွန်း နှင့် အတူ ကြက်ဥ ခေါက်ထားပါ ...
ဆား အနည်းငယ်
နှမ်း အနည်းငယ် 


ပေါင်မုန့်ဖုတ်တဲ့ Yeast ( တစေး ) 
7g  ( 1/4 oz )


Yeast အထုပ် နောက်ကျော မှာ ဂျုံမှုန့် 500g ( 3 1/4 cups ) ကို အခု Yeast တထုပ်စာ ပါ ...

YouTube ဗီဒီယို အတိုင်း yeast ကို အိမ်မှာ 12g မထည့်ပဲ 7g ပဲ သုံးထားပါတယ် ...


1 cup = 8oz
1/3 cup = 2 2/3 oz

အိမ်မှာ ဂျုံမှုန့်ကို 2 1/3 cups ထည့်ပါတယ် ....


ဆား အနည်းငယ် 


ထောပတ်ကို အိမ်မှာ ၁ အောင်စ လောက် ထည့်ပါတယ် ... 

၎ အောင်စ ထောပတ်တုံးရဲ့ ၄ ပုံ ၁ ပုံ ထည့်ပါတယ် ... 

( ဓာတ်ပုံမှာ ထောပတ် အနေအထား မြင်စေချင်လို့ ၄ အောင်စ ထောပတ် ၂ တုံးကို ဓာတ်ပုံ ရိုက်ထားတာပါ .. ) 


သကြား - 1/8 cup = 1 oz


နွားနို့ - 275 ml 


ချိန်ခွက်  .. ဒီဘက်ခြမ်းကနေ ကြည့်ရင် 275 ml က အောင်စ နဲ့ ဆိုရင် 1 oz ကျော်ကျော်လေး ရှိပါတယ် ...


ကြွေဇလုံ ထဲမှာ .. 
ဂျုံမှုန့်၊ ဆား၊ ထောပတ်၊ သကြား၊ Yeast၊ ကြက်ဥ အနှစ် ထည့်ပီး ...
နောက်ပိတ်ဆုံးမှ နွားနို့ ထည့်ပီး ...
 မွှေစက် ဖြင့် ...
၅ မိနစ် slow speed မွှေပေးပီး ...
၅ မိနစ် ပြည့်ရင် ခဏလောက် ရပ်လိုက်ပီး မွှေတဲ့ အချောင်းမှာ ကပ်နေတဲ့ ဂျုံတွေကို ခွါချပီး ...
medium speed နဲ့ ၃ မိနစ်လောက်မွှေပေးပါတယ် ...

( ဂျိတ်ကောက်ပုံစံ မွှေစက် ဆို ပိုကောင်းပါတယ် .. 
အိမ်မှာတော့ ဒီ မွှေစက်ပဲ ရှိလို့ ဒီ မွှေစက် နှင့် မွှေတာလည်း အဆင်ပြေပါတယ် )


မွှေစက် ဖြင့် မွှေပီးတဲ့ ဂျုံသားတွေကို ဂျုံမှုန့် အနည်းငယ်လေးပဲ ဖြူးထားတဲ့ စားပွဲပေါ်မှာ ဂျုံသား ညက်အောင် လက်ဖနောင့်ဖြင့် ဖိ .. နှယ်ပေးပီး ညက်နေတဲ့ ဂျုံလုံးကို ပန်းကန်လုံးထဲ ထည့် ...


လက်ကိုင်ပုဝါ ဖြင့် မိနစ် ၃၀ လောက် အုပ်ထားပေးပါ ... 

( တနာရီလောက် လက်ကိုင်ပုဝါ ဖြင့် အုပ်ထားလည်း ရပါသည် ... ) 


လက်ကိုင်ပုဝါ ဖြင့် နာရီဝက်လောက် အုပ်ပေးထားလိုက်ရင် ဂျုံသားတွေက Yeast တန်ခိုး နဲ့ ဖောင်းကြွနေပါလိမ့်မယ် ...


ဂျုံသားထဲမှာ ခိုနေသော လေများ ထွက်သွားအောင် လက်သီးဖြင့် ခပ်နာနာလေး ထိုးလိုက်ပီး ဂျုံများကို ထုတ်လိုက်ပါ ...


ဂျုံမှုန့် အနည်းငယ်လေးပဲ ဖြူးထားသော စားပွဲပေါ်မှာ ဂျုံများကို အလုံးကနေ ... အလျားရှည် လုပ်လိုက်ပီး ... 


တ၀က် ၀က် .. တ၀က်ကနေ ၄ ဖြတ်လောက် ဖြတ်လိုက်ပီး ...
 ဂျုံ ၁၀ ပိုင်းလောက် ဖြတ်ထားပါ ...


ဂျုံ ၁ တုံးကို ဂျုံ အချောင်း ရှည် ရှည် လက် ၂ ဖက်ဖြင့် လိမ့် လိမ့်ပေးပီး နောက် ...


ဂျုံချောင်းကို တပတ်လျှို လေး ထုံးပေးလိုက်ပါ ... ( ဆံထုံး ထုံးသလို ) .. 

( ကိုယ် မြင်တာ တပတ်လျှို ဆံထုံး ပုံစံ ပါ .. )
( အိမ်က သားသား မြင်တာ .. အမြင်တမျိုးပါ .. မပြောတော့ပါဘူးလေ .. အစားအသောက်မို့လို့ :P ) 


မုန့်ဖုတ်ဗန်းပေါ်က  မုန့်ဖုတ်စကူပေါ် တင် ပီးလျှင် လက်ကိုင်ပုဝါဖြင့်  မိနစ် ၂၀ လောက် အုပ်ထားပါ ...

oven ကို မုန့်မဖုတ်ခင် 375ºF ကြိုဖွင့်ထားပါ ...

( တနာရီလောက် လက်ကိုင်ပုဝါ .. အုပ်ထားလည်း ရပါသည် ...
၁ နာရီလောက် အုပ်ထားပီး လက်ကိုင်ပုဝါ ဖယ်လိုက်လျှင် Yeast တန်ခိုးဖြင့် မုန့်များ ကြီးထွားနေတာကို မြင်ရပါမည် )


ကြက်ဥ တလုံးကို .. ရေ ထမင်းစားဇွန်းနဲ့ ခေါက်ထားတဲ့ အရည်ကို စုတ်တံလေး နဲ့ ပေါင်မုန့် ကို နေရာ အနှံ လိုက်သုတ်ပေးပီး နောက် ... 
 ဆားလေး အနည်းငယ်လောက် နှမ်း ပက်သလို ပက်ပေးပါ ...
နှမ်းလေး အနည်းငယ်လောက် နှမ်း ဖြူးသလို ဖြူး ပေးပါ ...


၁၅ မိနစ် မုန့်ဖုတ်အပီး ခရုပုံစံ ပေါင်မုန့်များ ....

 ............ ... ... ............

 ကိုယ့် ဒီနေရာလေးမှာ  .. အတွေ့အကြုံလေး တခု နဲ့ ပြောပြပေးချင်တာက ...

ဂျုံကို စက် နဲ့ နှယ်တာပဲ ဖြစ်ဖြစ် ... လက်နဲ့ နှယ်တာပဲ ဖြစ်ဖြစ် ဂျုံကို နှယ်နေတုန်းမှာ ရေ ( သို့ ) နွားနို့ ( သို့ ) ထောပတ် အရည်ကို ထည့်ပီး နှယ်သွားပါ ...

နွားနို့ကို ကြွေဇလုံထဲ အရင် ထည့်ပီးမှ ဂျုံမှုန့် ထည့်ပီး နှယ်ရင် အဆင်မပြေတတ်တာကို တွေ့ရပါတယ် .. 

( အားလုံး ပါပဲ .. ဆန်မှုန့် ၊ ကောက်ညင်းမှုန့်၊ ဂျုံမှုန့် နှယ်တာ အမှုန့်တွေကို ထည့်ပီးမှ ရေကို ဖြည်းညင်းစွာ ထည့်ပီး လက်နှင့် ဖြစ်ဖြစ် .. စက်ဖြင့် မွှေပါ ) 

မုန့်ဖုတ်တဲ့ အခါမှာ oven ကို ပူနေအောင် ကြိုပီး မိနစ် ၂၀ လောက် ကြိုဖွင့်ထားပေးပါ ....

oven ထဲ ထည့်တဲ့ အခါမှာလည်း oven အလယ် နေရာမှာပဲ မုန့်ဖုတ်မယ့် ဗန်းကို ထားပါ ...

............ ... ... ............


အိမ်မှာ အုန်းသီးဖတ်လေးတွေ ရှိတာနဲ့ ပေါင်မုန့်လုံး ထဲ ဌာပနာ လိုက်ပါတယ် ...


အုန်းသီး ဖတ်များဖြင့် ပြုလုပ်နိုင်သော မုန့် .. ချက်နည်းများ  


အုန်းသီး အိတ်ပေါ်မှာ ပါသော မုန့်ဖုတ်နည်း နောက်တမျိုး ...


ဂျုံလုံး လုံးလေး ဆိုရင်တော့ စားပွဲပေါ်မှာ ဂျုံကို လက်နှင့် ဖိပီး လိမ့်ပေးလိုက်ရင် ဂျုံက လုံးသထက် လုံးသွားပါလိမ့်မယ် ..

အဲဒီ ဂျုံလုံးကို ပြားပြားလေး လုပ်လိုက်ပီး အုန်းသီးဖတ်ထည့် ...


အနားစ လေးတွေကို ပြန်စု လိုက်ပီး


အလယ်မှာ စုနေတဲ့ ဂျုံ ထုံးကို ခပ်ပြားပြား ပြန်ဖိလိုက်ပါ ..

( ပေါက်စီ ဆိုရင်တော့ ဒီနေရာမှာ ကွတ်ကီး စကူ သေးသေးလေး ကပ်ပီး ပေါင်းလိုက်ပါတယ် ... )

ပက်လက်လှန်လိုက်ရင် တဖက်က ခပ်ပြားပြား ဂျုံလုံး အနေအထား ဖြစ်နေပါလိမ့်မယ် ...


oven foil ထဲမှာ ကွတ်ကီး စကူ ခင်းပီး ဂျုံလုံးတွေကို စီထားလိုက်ပါ ...

လက်ကိုင်ပုဝါဖြင့် မိနစ် ၂၀ လောက် အုပ်ထားပါ ...


တဆက်တည်းမှာပဲ .. oven ကို 375 ºF နံပါတ် ထားပီး ကြိုဖွင့်ထားပါ ...


မိနစ် ၂၀ ပြည့်လို့ လက်ကိုင်ပုဝါကို ဖယ်လိုက်ရင် Yeast တန်ခိုးဖြင့် ဂျုံလုံးများ ဖြောင်းကြွနေတာကို မြင်ရပါလိမ့်မည် ...

ကြက်ဥ အရည်ကို စုတ်တံဖြင့် နေရာ အနှံ သုပ်ပေးပီး နောက် ....


နှမ်းလေး ဖြူးပေးပါ ...


oven ရဲ့ အလယ် နေရာမှာ မုန့်ဗန်းကို ထားပီး ...
350 ºF - 30 မိနစ်လောက် ဖုတ်ပေးပါ ...


ပေါင်မုန့် တလုံးခြင်းစီ ကြက်ဥ အရည်သုပ်ပီး မုန့်ဖုတ်လျှင် ...

preheat oven ဖြင့် ... 

375 ºF - 15 မိနစ်

ပန်းပွင့်ပုံ ပေါင်မုန့်များ ဂျုံလုံး ဆက်ထားလျှင် ...

350 ºF - 30 မိနစ်

လောက် မုန့်ဖုတ်မှ ပေါင်မုန့် ဂျုံသား များ အလယ်မှာ ဆက်နေသော ဂျုံသား အတွင်းပိုင်း များ ကျက်ပါလိမ့်မည် ...

* Kitchen appliances

  
ပေါင်မုန့် နှင့် cheese 










ရန်ကုန်က ကော်ဖီဆိုင်တွေမှာ sandwich မှာစားလျှင် ဒီလိုမျိုး ပေါင်မုန့်ကင်ပေးပါတယ် ...

ဒီ အောက်က waffle မုန့် လုပ်တဲ့ စက်တွေလေ ...

ရန်ကုန်က စားသောက်ဆိုင် တော်တော်များများ မှာ ရှိတယ် .. ရေခဲမုန့်နဲ့ တွဲစားလို့လည်း ရပါတယ် ...





အရင်ပိုစ့် ....

ရန်ကုန် .. East Point Shopping Mall မှ waffle မုန့် ရောင်းတဲ့ စားသောက်ဆိုင်