" Fall in Leaves "

I love fall season. Fall season like colorful pictures. It's the most colorful time of the year. The leaves are beginning to turn, with trees taking on golden, amber and scarlet hues.

Shwe Kyi Sa Nywin Makin

( "Shwe Kyi Sa Nywin Makin" include Cashew Nuts, Raisins, Walnut, Almond, Coconut Cream, Butter and ..... I can only eat a little, because after I took about 5 bites, I feel full already.) My son like "Shwe Kyi Sa Nywin Makin" because there are mix nuts .... My son also likes poppy seeds that are on the "Shwe Kyi Sa Nywin Makin" very much, that's why I have to give my son extra poppy seeds about 1 small cup.

မုန့်ဟင်းခါး ....

blog မှာ ပိုစ့် မတင်ဖြစ်တာ ကြာနေပြီမို့ ... ဘလော့လည်း အသက်သွင်းရင်း ... ဘာရေးရမှန်းလည်း မသိဖြစ်ရင်း ... ထုံးစံ အတိုင်း ဓာတ်ပုံပဲ တင်လိုက်ပါတယ်။ ... ဓါတ်ပုံကတော့ ...

Have a lucky and wonderful 2014!

Happy new year everyone! Wishing you all a healthy, prosperous, and love filled new year. May the New Year bring to you warmth of love, and illuminates your path of life towards a positive direction.

ရွှေတောင်ခေါက်ဆွဲ အတွက် ကြက်သား အုန်းနို့ချက်

ကြိုက်နှစ်သက်သော . . . အန်တီစု စကားလုံး - ကျွန်မအခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမှာ တာဝန်ထဲမှာ စိတ်နှစ်ထားတာထက် ဘ၀မှာ အရေးကြီးတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အားတင်းခဲ့ပါတယ်။ အဲဒီစိတ်ကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။

Tuesday, February 28, 2012

ငါးသလောက်ပေါင်း



Dadddy ချက်သော ငါးသလောက်ပေါင်း ( Hilsa fish curry )


ဒယ်ဒီ အသိ နယူးယောက်က အပြန်မှာ ၀ယ်လာပေးတဲ့ ငါးသလောက်ကို ဒယ်ဒီ ကိုယ်တိုင် pressure cooker နဲ့ ချက်ထားတဲ့ ဟင်း ...


ငါးသလောက် ငါးက .. ဒီတခါ အကောင်ကြီးတယ်။ အသားတွေ အများကြီးပဲ ...


ထမင်းများများ .. ငါးသလောက် အသား နည်းနည်းစီ ဖဲ့ ဖဲ့ပီး စားတာမို့ စားပီး အကြောတော့ မတက်ဘူး။ 


မနက်ကတည်းက ဒီပိုစ့် တခါတည်း တင်မလို့ပါပဲ။ သတင်းတွေ FB မှာ share ထားတာ တွေ့တာနဲ့ .. လိုက်ဖတ် ... ကြည့်နေတာ ....

ဟိုတလောကလည်း ... ဆယ်ကျော်သက် ကောင်မလေး အိမ်နီးချင်း ကလေးမလေး ၃ နှစ် အရွယ်ကို သတ်လိုက်တာ ထောင်ဒဏ် တသက်တကျွန်း ကျသွားတဲ့ အကြောင်း ...

သတင်းကိုလည်း စိတ်ဝင်စားတယ်။ 

ဘာကြောင့် ဒီလို အကြောင်း ဖြစ်လာတာလည်းဆိုတဲ့ နောက်ကြောင်းကိုလည်း စိတ်ဝင်စားတယ်။



* credit : http://video.today.msnbc.msn.com/today/46553663#46553663

မနေ့က မနက်  ၇း၃၀... အိုးဟိုင်းယိုး အထက်တန်းကျောင်းမှာ သေနတ်ပစ်ခံရတဲ့ သတင်း NBC ( FB ) ကနေ မနက် ... ၈း၃၀ မှာ သတင်းတက်လာကတည်းက စိတ်ပူနေတာ ...


ဆယ်ကျော်သက် တွေ ....

T.J. Lane

နောက်ပိုင်း ... စုံထောက်တွေက FB ပါ တွဲပီး စစ်ဆေးလာကြတယ် ..

http://www.huffingtonpost.com/2012/02/28/tj-lane-facebook-photos_n_1307836.html#s736080

တီ ဂျေ သေနတ်ပစ်လို့ ကွယ်လွန်သွားသော ဆယ်ကျော်သက် ကျောင်းသားလေး ရဲ့ ၀မ်းနည်း မှတ်တမ်း ( FB )


အိမ်က သားတော်မောင် pencil grip နဲ့ ရေးထားတဲ့ ပဲပင်ပေါက် ကောက်ကြောင်းကိုလည်း ပြင်နေရသေးတယ်။ 

ဒီနေ့ သမီးရဲ့ အတန်းထဲမှာ Craw fish ( classroom pet ) ၈ ကောင်ကို မဲနိုက်ပီး ကျောင်းသားတွေကို အလကားပေးတယ်။ အိမ်မှာမွေးဖို့ .. အတန်းထဲမှာ ဆက်မမွေးတော့ဘူးလေ .. အဲဒီ craw fish နဲ့ အတန်းထဲမှာ စာသင်ပီး ပီးလေ ...  သမီးက သူ မဲ မပေါက်လို့ pet shop ကနေ ၀ယ်ခိုင်းနေသေးတယ်။ တကောင်ကို ၃ ဒေါ်လာ လောက် ရှိတယ်။ အကောင်ကြီးရင်တော့ ၄ဒေါ်လာပေါ့ ... သူပုံစံက ပုစွန်လိုမျိုးပဲ .. အကောင်ကြီးရင် ချက်စားလို့ရတယ်။ အဲဒါကြီးတော့ မမွေးချင်ပါဘူး။

အရမ်းချွဲတတ်တဲ့ ... ကြောင်တော့ မွေးချင်တယ်။ လောလောဆယ်တော့ ကြောင်မွေးဖို့ ... အဆင်မပြေပါဘူး။ 


ငါးသလောက်ဥကြော်


*** အရင်ပိုစ့် ***



ဖေဖော်ဝါရီ စနိုး


ဖေဖော်ဝါရီလ  ၂၅ ရက်နေ့ ညနေ လောက် အပြင်သွားခါနီး စနိုးမိုး ရွာနေတဲ့ အချိန်တုန်းက ....



စနိုးမိုးတွေက နှင်းမှုန် အဖတ်လေးတွေနဲ့ ချစ်စရာလေးတွေ ...



မာမီ ပါ ..... မာမီ ၀ နေတာ မဟုတ်ပါဘူး။ မာမီ အကျီ ၅ ထပ်လောက် ၀တ်ထားလို့ပါ။ :P



သားသား .. စနိုး လိုက်ဖမ်းနေတဲ့ ဗီဒီယို


ဒီလ ရာသီဥတုက အေးတော့ အေးတယ်။ ဒါပေမယ့် အရိုးကွဲအောင်တော့ မချမ်းဘူး။ အပြင်သွားရင်တော့ အေးတယ်။ 


လမ်းပေါ်မှာ ရွာနေသော စနိုးမှုန်လေးများ


စနိုးက ကွက်ကြားမိုးလည်း ရွာတတ်သေးတယ်။ ကားနဲ့ လာတော့ အိမ်ရှေ့နားမှာ စနိုးမိုး သည်းနေပီး ... နောက် ထပ် ၂ လမ်းကျော်မှာ စနိုးမိုး မရွာသေးဘူး။


အချိန်တူတူပဲကို .. စနိုးမိုးက ကွက်ကြား ရွာနေတယ်။ 


အုံ့မှိုင်းနေသော မိုးကောင်းကင် နှင့် ကားပါကင်ဝင်း


အဲဒီ Fresh Market မှာ .. ကိုယ်တို့ ရွှေမြန်မာတွေ ရှိတယ်။ မြန်မာပတ်စပိုစ့်မှာ ...  နိုင်ငံသားနေရာမှာ မြန်မာဆိုရင် ... အားလုံးက ရွှေမြန်မာနိုင်ငံသားပဲ မှတ်လား ... လူမျိုးတွေ ... ဘာတွေ ခွဲမနေတော့ပါဘူး။ အမှန်တကယ်က .. ကိုယ် နားမလည်တာလည်း ပါတယ်။ ရန်ကုန်မှာ မွေး .. ရန်ကုန်မှာ နေတာမို့ .. တခြား တိုင်းရင်းသား ဘာသာစကားလည်း နားမလည်သလို ... ဓလေ့ ထုံးစံလည်း မသိဘူး။ အားလုံးကို ရွှေမြန်မာပဲ သတ်မှတ်လိုက်တာပဲ ....


ညမိုးချုပ်တော့မယ် အချိန်


Marshalls Shopping Mall


မှောင်ရီ .. မှိုင်းကာ .. ညို့ညို့ .. 


YouTube : http://youtu.be/QNN8kEi8gYc

စနိုးရွာနေတုန်းက ရိုက်ထားတဲ့ ဗီဒီယို


ဖေဖော်ဝါရီ  ၂၄ရက် သောကြာ မနက်ဖက် .. 



သစ်ပင်က အရွက်တွေလည်း ကြွေပီးသွားပီ .. အရွက် အသစ် ထပ်ထွက်ဖို့ အဖူးလေးတွေတောင် ဖူးနေပါပီ၊ အဲဒီ သစ်ကိုင်းခြောက်ပေါ် တင်နေတဲ့ စနိုး .. မေ လ လောက်ဆို ချဉ်ပေါင် အရွက် ပုံသဏ္ဍာန်မျိုး အရွက်အသစ်တွေ ထွက်လာတော့မယ်။ မနှစ်က အဲဒီ အရွက်တွေကို .. မျက်စိ ကယောင်ခြောက်ခြားနဲ့ ချဉ်ပေါင်ရွက်လို့ ထင်နေမိတာလေ ...


စနိုးတွေက ကျပီးရင် နေပူတာ .. ဒါမှ မဟုတ် မိုးရွာလိုက်တာနဲ့ပဲ .. အရည်ပျော်သွားတယ်။



ဓာတ်ပုံ အမှတ်တရ ရိုက်နေတဲ့ အချိန်တုန်းက စနိုးမိုး ဖွဲဖွဲလေး ရွာနေတုန်းပဲ ...



ထီးဆောင်းထားသော သမီးလေး နှင့် စနိုး ကော် ... ဂေါ်ပြား ကိုင်ပီး ဆော့နေသော သားသား 


အိမ်နီးချင်း ရုရှား ကလေးမတွေ နှင့် ကျောင်းကား အလာကို စောင့်နေရင်း snow man လုပ်နေသော သမီး 


snow man က ကောင်းကောင်း မလုပ်ရသေးဘူး။ အဲဒီ နေ့ကလည်း သမီး ကျောင်းကား မလာခင် ... snow man လုပ်ထားတာ။ ကျောင်းဆင်းမှ snow man လုပ်ချင်ရင်တော့ စနိုး မရှိတော့ဘူး။ မိုးရွာ၊ နေပူလို့ စနိုးတွေ ခဏလေးနဲ့  ပျောက်သွားပီ ... 



စနိုးကို အရင်ဆုံး ပုံပီး အလုံးလေး လုံးလိုက်။ ပီးရင် ဘောလုံးကို လိမ့်သလိုမျိုး လိမ့်လာလို့ ရှိရင် စနိုးဘောလုံး က လိမ့်ရင်း လိမ့်ရင်းနဲ့ အကြီး ကြီး ဖြစ်လာလိမ့်မယ်။ လိမ့်လာတဲ့ လမ်းကြောင်းက စနိုးတွေပါ ကပ်ပါလာပီး လိမ့်လာတာမို့ စနိုးဘောလုံး အကြီးကြီး ဖြစ်လာရင် snow man ခြေထောက် အပိုင်းအတွက် .. နောက်ထပ် အလယ်အလတ် စနိုးဘော တလုံးနဲ့ snow man ခေါင်း အသေး .. သုံးခုကို ထပ်ပီး တင်လိုက်ရင် ရပီ။ 

သားသားက snow man လည်း ကြိုက်တယ်။ စနိုး ပစ်ရတာကို ပိုသဘောကျတယ်။ 


စနိုးထဲမှာ လမ်းလျှောက်ရတာကို ကြိုက်နေသော သားသား



အဝေးကြီးကနေ စနိုးဂေါ်နဲ့ စနိုး လှမ်းပက်နေတာ ...



ရုရှား အမျိုးသမီးကလည်း ဓာတ်ပုံ အမှတ်တရ ရိုက် .. ကိုယ်ကလည်း အမှတ်တရ ရိုက် ...


ကလေးတွေ စုပီး snow man လုပ်နေတာ ...


သစ်ပင် အောက်ကနေ လှမ်းရိုက်လိုက်တာ။ သစ်ကိုင်းပေါ် တင်နေတဲ့ စနိုးတွေကို ...


snow ball လုပ်ပီး လက်နဲ့ ပုတ်ပေးနေတာ ။ စနိုးလေးတွေ ကျစ် ကျစ် လစ်လစ် ဖြစ်သွားအောင် ...




ကျောင်းကား လာပါပီ။ ကျောင်း ... ကနေ ပြန်လာတဲ့ အချိန် ကျတော့ .. စနိုးတွေလည်း မရှိတော့ဘူး။
ဒီလ စနိုးကျတာ နည်းတယ်။ မနက်ဖြန် ည စနိုးကျဖို့တော့ ရှိတယ်။

weather alert မှာတော့ မတ်လ ၁ ရက်နေ့ ညနေ ၆ နာရီ မတိုင်ခင်အထိ ဆောင်းနှင်းမုန်တိုင်း သတိပေးထားတယ်။

မနက်ဖြန် နေ့လည် ၁ နာရီလောက်ကနေ စ ကျမယ့် စနိုးက 2.8 inches ထု ရှိတယ်။

NBC က ပြောတာတော့ CT မှာ စနိုးထု က 2" ~ 5 "


*** အရင်ပိုစ့် ***


  • Snow

    • 2012 


  
    • 2011

ငါးအသားလုံးကြော်သုပ်


Fried fish salad


ချဉ်၊ ငံ၊ စပ်


Ready made - Fried fish ( အိမ်မှာတော့ ငါးဖယ်ကြော်လို့ပဲ အလွယ်တကူ ခေါ်လိုက်တယ်။ )


ငါးဖယ်ကြော်ကိုပါးပါးလှီးပီး၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်းနှင့် အတူ ကုလားပဲ အကျက်မှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ သံပုရာသီး ၊ ငရုတ်သီး အကျက်မှုန့်၊ ကြက်သွန်ဖြူ ဆီချက်၊ ကြက်သွန်ကြော်


ငရုတ်သီးစိမ်း ပါးပါးလှီးထားတာ ထည့်သုပ်ထားပေမယ့် ငရုတ်သီး အကျက်မှုန့်ပါ ထည့်သုပ်ထားသေးတယ်။ အသုပ်ထဲမှာ ပိုပီး ငရုတ်သီး အစပ် နံစပ်သွားအောင် ငရုတ်သီး အကျက်မှုန့် နည်းနည်း ထည့်သုပ်ထားတယ်။ 


ဂေါ်ဖီရဲ့ ကြွပ်ဆတ်ဆတ် အရသာ အသုပ် နှင့် အတူ ကြက်သွန်ဖြူ ဆီချက် နဲ့ နှယ်ထားတာမို့ စားလို့ ကောင်းတယ်။  

မှတ်မိသေးတယ်။ အမေရိကား ရောက်ခါစ ... မနှစ်က ဧပြီလ ... 
တလ လုံး နီးပါးလောက် အိမ်မှာ အသုပ်တွေပဲ နေ့တိုင်းနီးပါး သုပ်စားဖြစ်တယ်။ 

ရောက်ခါစက ... မနေတတ် မထိုင်တတ်နဲ့ ....
စားတာ .. သောက်တာ ဘ၀င်မကျလို့လား။ 
အရာရာ ကို ကြည့်လိုက်ရင် မစားရသေးဘဲနဲ့ အီသလို ဖြစ်နေလို့လား မသိပါဘူးကွာ ...

အဲဒီ လတွေတုန်းက နေ့တိုင်း ချဉ်၊ ချဉ်၊ ငံ၊ ငံ၊ စပ်၊ စပ် သုပ်စားနေမိတာ မှတ်မိနေသေးတယ်။ 


Monday, February 27, 2012

ဆိတ်သားဒန်ပေါက်


ဆိတ်သား ဒန်ပေါက်


သရက်သီးသနပ်၊ ပူစီနံ အချဉ်၊ ဆိတ်သား ဒန်ပေါက်၊ ဘာလချောင်ကြော်


ဆိတ်သား ဒန်ပေါက်


ဘာလချောင်ကြော်


သရက်သီးသနပ်
 

ဆိတ်သားဒန်ပေါက်

**** ချက်၊ စားနည်း ****


ဆိတ်သား ဈေးနှုန်း ။ တကဒ်ကို တပေါင် သာသာ အလေးချိန်


ဆိတ်သား ၄ ကဒ်၊ ၄ ပေါင် လောက် ရှိတဲ့ ဆိတ်သားတုံးတွေကို ရှာလကာရည် နှင့် ဖြစ်ဖြစ်၊ သံပုရာသီး တလုံးလောက် ညစ်ပီး ရေသေချာ ဆေးထားလိုက်ပါတယ်။  


ဘီဒို အပေါ်ဆုံးထပ်က ready made ဒန်ပေါက်ဗူးကို ယူ ...
 

အခု ချက်စားတဲ့ ဒီ တံဆိပ် နှင့် ... 


Date


ဒန်ပေါက် စချက်ခါစက Youtube ကနေ ... ကြက်သားဒန်ပေါက် ဗီဒီယိုကို ကြည့်ပီး ... အိမ်မှာ အသားပဲ ပြောင်းသွားတယ်။ ချက်နည်း အဆင့်ဆင့်က ဒီအတိုင်းပါပဲ။ ဒီအတိုင်း ချက်စားတာ အဆင်ပြေတာလည်း ပါသလို ... စားလို့လည်း ကောင်းတယ်။ အဲဒီ အရသာကို ကိုယ်လည်း ကြိုက်နှစ်သက်တယ်။

 နောက်မှ ... အချိန်လေးယူ ...Youtube ကြည့်ပီး ... ချက်ပုံ ချက်နည်း ပြောင်းချက်ကြည့်ပါအုံးမည်။ 



ကိုယ့် အိမ်ကို google ကနေ ဒန်ပေါက် search နှင့် ရောက်လာခဲ့ရင် .. AYL ( as u like ) ပါ ... အင်တာနက်မှာ ချက်နည်း အမျိုးမျိုး ရှိပါတယ်။ YouTube မှာဆို အများကြီးပါပဲ။ 



ဆိတ်သား - ၄ ပေါင် ... ကို ဒန်ပေါက် မဆလာ တ၀က် နှင့် အရင်နှယ် ပီး ... ဒိန်ချဉ် ( ဆန်ချိန်ခွက် ) ၁ ခွက် နှင့် နှယ်ပီး နှပ်ထားလိုက်တယ်။ 


ဘီဒိုထဲကနေ Ghee ( ထောပတ် ) ဗူး နှင့် အ၀ါရောင် အရောင်ဆိုးဆေးမှုန့်ပုလင်းကို ထုတ် ...


Ghee ... 1 cup ကို အပူပေးပီး ...


Ghee ဈေးနှုန်း


ပျဉ်တော်သိမ်ရွက် ဈေးနှုန်း 


ကြက်သွန်နီကို ပါးပါးလှီးပီး ရေစစ်ထား ...


Ghee - 1 cup ကို အပူပေးပီး ထောပတ်အရည်ပျော်လာတာနဲ့ ကြက်သွန်နီတွေကို ကြော်ပီး ဇကာပေါ် ဖြန့်ထားလိုက်တယ်။

ပီးတာနဲ့ ပျဉ်တော်သိမ်ရွက် ၂ ခက်လောက်ကို အရွက်တွေ ခြွေထားပီး Ghee ထောပတ်ဆီ နှင့် ဆီသတ်ကြော်လိုက်ပီးမှ  နှပ်ထားတဲ့ ဆိတ်သားထည့် ဆီသတ်တယ်။ ဆိတ်သား အသားတွေ ကျစ်လာမှ ...
pressure cooker အဖုံးမပိတ်ခင် ကျန်နေတဲ့ မဆလာ အထုပ် တ၀က်ကို ထည့်မွှေတယ်။


ဒီမဆလာ အထုပ်က အသား 750 g = ၁ပေါင်ခွဲ အတွက် မဆလာအမှုန့်
အဲဒီ တံဆိပ်က ကိုယ်တို့ မိသားစု အတွက်ဆိုရင် တော်တော်စပ်တယ်။
ဒါကြောင့် ၁ပေါင်ခွဲ အသား အတွက် ... မဆလာကို အိမ်မှာ ဆိတ်သား ၄ ပေါင် နဲ့ ချက်တာမို့ .... 
မဆလာ ကို အသားနဲ့ တ၀က် နှယ်ပီး ထောပတ်ဆီသတ် ...
အဖုံးအုပ် ချက်ခါနီးမှ .. နောက်ထပ် ဒန်ပေါက်မဆလာ တ၀က်ကို ထည့်အုပ်ပီး ချက် တယ် ....
ရေ မထည့်ပဲ .... ဆိတ်သားထဲက လုံးရေ နှင့်ပဲ pressure cooker မှာ ၁၅ မိနှစ် လောက် မီးမြေးမြေး နှင့် ချက်ထားသော ဆိတ်သားဟင်း။ ၁၅ မိနစ်ပြည့်ရင် အဖုံးကို ဒီအတိုင်းပဲ ဆက်ပိတ်ထားပီး pressure cooker lock ကျမှပဲ အဖုံးဖွင့်လိုက်တယ် ....


အရောင်ဆိုးဆေး - အ၀ါရောင် အမှုန့်ကို လက်ဘက်ရည်ဇွန်း ၃ ပုံ ၁ ပုံ .. နွားနို့ ... ၇ ဇွန်း နဲ့ ဖျော်ထားလိုက်တယ်။  


ဘီဒိုထဲက aluminum foil ထုတ် ...


ဘီဒိုထဲက စပျစ်သီးခြောက် နှင့် သီဟိုဠ်စေ့ ထုပ်


 မီးဖိုပေါ်က ရေနွေး ပွက်ပွက်ဆူထဲ .. ဆားကို ထမင်းစားဇွန်း ... ၄ ဇွန်း ထည့် .. ဖာလာစေ့ ၇ စေ့ ထည့် ... basmati 6 cups .... 12 မိနစ် လောက် ချက်လိုက်ရင် မနှပ်တနှပ် ထမင်းကို ရပါပီ ...

ထမင်းကို ဇကာ နှင့် ထမင်းရည် စင်နေအောင် စစ်ထားလိုက်တယ်။

ထမင်း ချက်နေတုန်း .. oven ကို ၃၅၀º F ကြိုဖွင့်ပီး ပူနေအောင် ထား ထားလိုက်တယ်။ 
 

ထမင်းဖြန့် .. သီဟိုဠ်စေ့၊ စပျစ်သီးခြောက်ထည့်၊ ဆိတ်သားထည့်၊ ကြက်သွန်ကြော်ဖြန့်၊ ဆိတ်သား အသား အနှစ် နှင့် ဆီပါ ထည့် ...


အပေါ်ကနေ ထမင်း ထပ်ဖြန့် ... အရောင်ဆိုးဆေး ဖြန်း 


aluminum foil အုပ် 


oven ထဲ ထည့် ...


350º F - 30 minutes


ဆိတ်သား ဒန်ပေါက် ရပါပီ ...


ဇွန်း နှင့် မွှေအပီး ....


ဆိတ်သားဒန်ပေါက်

အရင်ပိုစ့် ...