Saturday, December 8, 2012

အမဲသား ဂျင်းအစပ်ကြော်


အမဲသား - ဂျင်းစပ်ကြော်


အမဲသား - ၂ ပေါင်ခွဲ

 


အမဲသားများကို ပါးပါး .. ၁ လက်မ ဆိုဒ် လှီးဖြတ်ထားပါ။


Beef - 2.5 lb
Rice Vinegar - 2 tbsp
Soy Sauce - 5 tbsp
Honey - 1 tbsp
Salt - 1/2 tsp
Ginger - 4 tbsp
Dried Chilli - 15
Corn Starch - 1 tbsp
Vegetable Oil - 1/4 cup
Garlic - 3 cloves
Green Onion


အမဲသား ... ခပ်ပါးပါးလှီးထားပါ။
ဆား - လက်ဘက်ရည်ဇွန်း တ၀က်
ဂျင်း - ထမင်းစားဇွန်း - ၂ ဇွန်း နှင့် အရင် နှယ်ထားပါ။


( Rice Vinegar ) ဆန်ဗီနီဂါ - ထမင်းစားဇွန်း - ၂ ဇွန်း
ပျားရည် - ထမင်းစားဇွန်း - ၂ ဇွန်း ထည့်နှယ်ပီး
 ရေခဲသေတ္တာထဲမှာ တညလောက် ထည့် နှပ်ထားပါ။ အနည်းဆုံး ( ၄နာရီ မှ ၈နာရီ ကြာချိန် ) အထိ ထည့်ပီး နှပ်ထားပါ။


 ငရုတ်သီးခြောက်


( Medium Hat ) မီးမြေးမြေးဖြင့် ကြော်ထားသော ငရုတ်သီးတောင့်ကြော်


တ၀က်ကို ထက်ပိုင်းချိုးထားပါ။


အမဲသားကို မချက်ခင် တနာရီ အလိုလောက်ကတည်းက ရေခဲသေတ္တာထဲမှ ကြိုထုတ်ထားပါ။
ဆီ - 1/4 cup ကို အပူပေးပီး
ဆီပူပီ ဆိုတာနှင့် ..
ဓါးပြားရိုက် ကြက်သွန်ဖြူ - ၃ မွှာ နှင့် အတူ
 ဂျင်း - ထမင်းစားဇွန်း ၂ ဇွန်းစာလောက် ထည့်ပီး ဆီသတ်ပါ။
နှပ်ထားသော အမဲသားများကို ထည့်ကြော်ပါ။
အမဲသားထဲက လုံးရေများဖြင့် မွှေကြော်ထားပါ။


Dark Soy Sauce
Soy Sauce
၂ ခု စလုံး ပဲငံပြာရည် အကြည် ပါပဲ။
Dark Soy Sauce က ပိုပီး အရောင် ပိုနက်ပါတယ်။
ပဲငံပြာရည် အနောက် က  ( Sweet Soy Sauce ) ပါ။ ပြစ်လည်း ပြစ်တဲ့အတွက် ... သူ့ကို ပဲငံပြာရည် အပြစ်လို့လည်း ခေါ်တတ်ကြပါတယ်။


Natural Soy Sauce - ထမင်းစားဇွန်း ( ၅ ) ဇွန်း ထည့်မွှေပီး
( Medium Heat ) မီးမြေးမြေးဖြင့် အဖုံး အုပ်ချက်ထားပါ။
အမဲသားကို ပါးပါးလွှာလွှာ လှီးထားတာမို့ တစ်ရေထဲ နှင့် အသား ကျက်ပါတယ်။


Corn Starch - 1 tbsp
ကော်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း စာလောက်ကို ရေအေး အနည်းငယ်ဖြင့် အရည်ဖျော်ထားပီး


ရေခမ်းပီးဆိုတာနှင့် ကော်မှုန့် အရည်ဖျော်ထားတာ လောင်းထည့်ပီး မွှေပေးထားပါ။


( Low Hat ) အထိ မီးလျှော့ချပီး
ငရုတ်သီးတောင့်ကြော်
 နှင့် အတူ
 ကြက်သွန်မြိတ်
လက်မ၀က်လောက် ပိုင်းဖြတ်ထားတာ အုပ်ပေးပါ။


အမဲသား ဂျင်းစပ်ကြော်


Fried Ginger Beef

 
Soy sauce အမျိုးမျိုး ရှိပါတယ်။ 
ပိုစ့်တခု .. ချက်နည်းမှာ ... Low sodium soy sauce ကို ထည့် ချက်ထားဖူးပါတယ်။
Low sodium soy sauce က ဆိုဒီယမ် 0.1% ပဲ ပါဝင်တယ်။ Gluten Free ပါ။
ဂျုံ၊ ပဲ တို့နှင့် မတည့်သောသူများ အသုံးပြုတဲ့ soy sauce အမျိုးအစားဖြစ်သလို ... အသားတွေမှာ နာရီဝက် ၊ တနာရီလောက် နှပ်ချက်ထားတဲ့ အခါမျိုးတွေမှာလည်း အရသာ ပိုကောင်းတတ်ပါတယ်။
ဟင်းသီးဟင်းရွက် နှင့် အသားတွေကို သုပ်စားတဲ့အခါမှာလည်း Low sodium soy sauce ကို ထည့်တတ်ပါတယ်။

အခု ဟင်းမှာ ထည့်ထားတဲ့ soy sauce က 
Natural soy sauce ပါ။
Dark soy sauce ပဲငံပြာရည် အကြည်က ဟင်းထဲကို ထည့်ချက်လိုက်ရင် ပိုပီး အရောင်ပိုမဲတယ်။
ပုံမှန် ပဲငံပြာရည် အကြည်က အဲလောက် အရောင်မမဲပါဘူး။ 
ပုလင်း တံဆိပ် အရောင်ကွာပါတယ်။ သူက အပြာရောင်တံဆိပ်ပါ။
low sodium soy sauce ကျတော့ ပုလင်း တံဆိပ် အစိမ်းရောင် ...
soy sauce တွေက အများကြီးပဲ ...
Natural soy sauce
Low sodium soy sauce
organic soy sauce
Sushi sashimi soy sauce
Japanese tamari soy sauce
Gluten free soy sauce
Sweet soy sauce
Dark soy sauce  & etc ...


* * My recipe blog - Colourful Recipes

1 comments :

:P said...

အမဲသား သိပ်ကြိုက်တယ်.. ဒါမျိုးကြော်မစားဖူးသေးဘူး..

လုပ်စားကြည့်အုံးမယ်