Sunday, December 23, 2012

ကြက်သားစပါးလင်ချက်


ကြက်သားစပါးလင်ချက်


ကြက်သား - ၄ပေါင်ခွဲ
ဆား - လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း
ဟင်းခတ်မှုန့် - လက်ဘက်ရည်ဇွန်း တ၀က်
ဆနွင်းမှုန့် - လက်ဘက်ရည်ဇွန်း - လေးပုံ၁ပုံ
ငရုတ်သီး အရောင်တင်မှုန့် - လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း
နှယ်ပီး နှပ်ထားပါ။


စပါးလင်ကို ညက်နေအောင် ထောင်းမယ်ဆိုရင် စပါးလင် - ၂ ပင်
မထောင်းဘူးဆိုရင် .. စပါးလင် - ၃ ပင်ကို ငရုတ်ကျည်ပွေ့ဖြင့် ပြားနေအောင် ထုပီး ထိပ်ပိုင်းကို ထုံးထားပါ။


Lemon Grass ( စပါးလင် )


ဂျင်းဈေးနှုန်း


Ginger root ( ဂျင်း )


ကြက်သွန်ဖြူ - ၃ မွှာ
ကြက်သွန်နီ ဥကြီး - ၁ဥ
ဂျင်း - လက်တဆစ်
ကို ထောင်းပါ။


ဆီ - 1/4 ခွက်ကို အပူပေးပီး
ဆီပူပီ ဆိုတာနှင့် စပါးလင်ကို ထည့် ဆီသတ်ကြော်ပါ။
စပါးလင် အနံမွှေးတက်လာတာနှင့် ထောင်းထားသော ( ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ) ကို ထည့် ဆီသတ်ကြော်ပါ။
နှပ်ထားသော ကြက်သားထည့်ပါ။
ကြက်သား အသားကျစ်လာမှ အဖုံးအုပ်ပီး မီးမြေးမြေးဖြင့် ကြက်သားထဲမှ ထွက်လာသော အရည်ဖြင့် ချက်ပါ။
( မီးမြေးမြေးဖြင့် အဖုံးအုပ်ပီး ချက်လိုက်ပါက ကြက်သားထဲမှ အရည်များထွက်လာပါလိမ့်မည် )
 အသားလည်း နူးပီး ဆိုမှ ဆား လက်ဘက်ရည် ဇွန်း ( ၁ ) ဇွန်း ထည့်ဖြူးပီး မွှေပါ။
ငရုတ်သီးစိမ်း - ၁၀တောင့် ထည့်ပီး အဖုံးအုပ် ..
မီးကို Low Heat အထိ လျှော့ချပီး ဆီကျန် ရေကျန်တဲ့ အထိ တည်ထားပါ။
အရသာက စပါးလင်နှင့် ကြော်ချက်ထားတာမို့ အနံလည်း မွှေးသလို ငရုတ်သီးစိမ်း ကို ဟင်းဆီပြန်ခါနီးမှ ထည့်အုပ်တာမို့ ငရုတ်သီးစိမ်း ... အနံလည်းမွှေးတာမို့ စားချင်စဖွယ်ဟင်းလျှာဖြစ်ပါတယ်။
ဟင်းအနှစ်ဖတ်တွေမှာ စပါးလင် ကို မကြိုက်ရင် စပါးလင် အချောင်းကို ထုပီး ချက်ပါ။


အုန်းနို့ဟင်းမှာ အုန်းနို့ ( ခို ) ချင်တယ်ဆိုရင် ဟင်းအိုး ဆီပြန်လာခါနီးမှာ အုန်းနို့ပြစ်ပြစ်ကို ထည့်ပီး မွှေပါ။
မဆလာ အမှုန့် ( ခို ) ချင်တယ်ဆိုရင် ဟင်းအိုး ဆီပြန်လာခါနီးမှာ မဆလာအမှုန့်ကို ထည့်ပီး မွှေပါ။
ဆား ( ခို ) ချင်တယ်ဆိုရင် ဟင်းအိုး ဆီပြန်လာခါနီးမှာ ဆားကို ထည့်ပီး မွှေပါ။
ဆိတ်သားဒန်ပေါက် ပိုစ့် မှာ မဆလာအမှုန့် ကို ( ခို ) ပီး ချက်ထားပါတယ်။

5 comments :

Candy said...

ကန်ဒီက များသောအားဖြင့် ကြက်သားပဲစားတာဆိုတော့ ဒီဟင်းလေးက ကွက်တိပဲ။ ချက်စားကြည့်ဦးမယ်။ စပါးလင်နဲ့တစ်ခါမှ မချက်ဖူးဘူး။ မီးအတိုးအလျော့တွေပါ ပြောပြထားတာ သဘောကျတယ် တီတီ။ အမေပြောဖူးတယ်။ ဟင်းချက်ရင် မီးကအဓိကပဲတဲ့။ ကန်ဒီက မီးကို မချိန်တတ်ဘူး။ အဲ့ဒါကြောင့်လည်း ဟင်းတွေ စားမကောင်းတာနေမှာ >.<

Mon Petit Avatar said...

I will try this recipe later this week, thank YOU for sharing in details!

Anonymous said...

မမ

Anonymous said...

မမကျေးဇူးပါ မျှဝေပေးတဲ့ အတွက်။

သီရိရတနာ said...

@ Candy - စပါးလင်ကို ဆီသတ် ကြော်ပီး ချက်ရင် စပါးလင် အနံမွှေးမွှေးလေးနဲ့ ပိုစားကောင်းတယ်။ ကလေးတွေကျတော့ ဟင်းအနှစ်ဖတ်မှာ စပါးလင် အနှစ်ဖတ်တွေနဲ့ ထမင်းနှယ်စားရတာ မကြိုက်တော့ သူတို့အတွက်ဆို စပါးလင်ကို ဓါးပြားနဲ့ ထု .. စပါးလင်ထုံးပီး ချက်တာ ပိုအဆင်ပြေပါတယ်။

ဒီက ကြက်သားကလေ အရေခွံထူတယ်။ ပီးတော့ အဖုံးအုပ်ပီး ချက်လိုက်ရင်လေ .. ကြက်သားထဲက ကြက်ဆီကော .. ကြက်သားရည်ကော ထွက်လာတာမို့ အခုချက်တဲ့ဟင်းမှာ ရေတောင် ထည့်မချက်ထားပါဘူး။ တနိုင်ငံနှင့် တနိုင်ငံ ကြက်သား အနေအထားတော့ ကွာမှာပေါ့နော် ...

မီးကလေ ... အခု နောက်ပိုင်း ဟင်းချက်ရင် ဆီကို လျှော့ထည့်နေတော့ ...

ဟင်းအိုးကို အနှစ်ဖတ် ဆီသတ်နေတဲ့အချိန် ( High Heat ) ...
အသားထည့်လုံးပီး အသားကျစ်လာတဲ့အချိန်မှာ ရေထည့်ရင် ( Medium Heat )
ရေခန်းခါနီးရင် ( Low Heat ) ပြောင်းချက်လိုက်တော့ ဟင်းအိုးလည်း မတူးတဲ့အပြင် .. ဆီလည်း ပြန်တယ် .. အသားလည်း ပိုနူးတယ်။ ( မီတာတော့ ကုန်တယ် :P )

အန်တီတို့ အမေခေတ်တုန်းက မီးသွေးနဲ့ ချက်တာ ဆိုတော့ ဒီလိုမျိုး မီးကို ဂီယာထိုးပီး ကားမောင်းသလို မီးကစား စရာမလိုဘူးပေါ့နော် ..

မီးသွေးမီးဖိုကျတော့ ...

စ စ တည်ချင်း ဟင်းချက်ရင် မီးအားကောင်းတော့ ( High Heat )
နောက် တဖြည်းဖြည်း .. မီးသွေး စားသွားတော့ ( Medium Heat )
မီးသွေးကုန်ခါနီးတော့ ( Low Heat ) ပေါ့ ...

မီတာခ မကုန်ဘူး .. အရမ်းသက်သာတယ် ... :P

@Mon Petit Avatar ...

Thanks for visit, My dear.
Merry Christmas and Happy New Year!

@Anonymous ...

ကိုယ်က အရမ်း ... အရမ်းကို မျှဝေပေးချင်တာလေ ...
မိသားစု အိမ်ကိုလာလည်တာ ကျေးဇူးနော် ....:)

❊..(
✿.(,)
❊|::::|.☆¸.¤ª“˜¨
✿|::::|)/¸.¤ª“˜¨˜“¨
❊|::¸.¤ª“˜¨¨˜“¨
✿%¤ª“˜¨¨ᴳᴼᴼᴰ
❊#ª“˜¨ ᴺᴵᴳᴴᵀ﹗
Merry Christmas and Happy New Year 2013!