Sunday, December 30, 2012

ဝက်အူမကြော်

May this new year bring many opportunities your way, To explore every joy of life & turning all your dreams into reality & all your efforts into great achievements.

¸☆´.•´
.•´✶`*.
*.*¸v . ¸•´ ¸´,•*´¨¸ Ձ๏13
¸✶.•´¸.•*´✶
☆´¸.•★´ ¸.✶* ☆★
╱◥◣
│∩ │◥███◣ ╱◥███◣
╱◥◣ ◥████◣▓∩▓│∩
│╱◥█◣║∩∩∩ ║◥█▓ ▓█
๑۩๑๑۩๑๑۩๑๑۩๑๑۩๑๑۩๑๑۩
۩๑ ӇƛƤƤƳ ƝЄƜ ƳЄƛƦ!﹗๑۩



ခေါက်ဆွဲပြားကြော် နှင့် ၀က်အူမကြော်၊ လိမော်ရည်၊ ကြက်သွန်နီ ငရုတ်ဆီ


ဝက်အူမကြော် နှင့် အချဉ်


ဝက်အူမကြော် -

လွယ်လွယ်လေးပါ။
အရင်ဆုံး ၀က်အူမ တတွဲလုံးကို ရေသေချာဆေးပါ။
ပီးရင် ဆား၊ သကြား၊ ဟင်းခတ်မှုန့် နှင့် အရင်နှယ်ပါ။
ပဲငံပြာရည် အနောက်၊ ပဲငံပြာရည် အကြည်၊ ရှာလကာရည် နည်းနည်း ထည့်နှယ်ပါ။
အိုးထဲကို ထည့်ပါ။
အိုးပူပီး ဆိုတာနဲ့ ၀က်အူမ ကို လိမ့်ပေးပါ။ ( အိုးပူတိုက်တယ်လို့ ခေါ်ပါတယ် )
ဝက်အူမ ထဲက ထွက်လာတဲ့ လုံးရေ နှင့်ပဲ အရင်ဆုံး အိုးပူတိုက်ပီး လှိမ့်ပီး ချက်သွားပါ။
အိုးထဲမှာ ၀က်အူမ ထဲက ထွက်လာတဲ့ ရေလည်းခမ်း ပီးဆိုမှ ကြက်သွန်ဖြူ ဓါးပြားရိုက်၊ ဂျင်းဓါးပြားရိုက်တို့နှင့် အတူ နာနတ်ပွင့်ကို ထည့်ပါ။
ရေကို ၀က်အူမ မြုပ်ရုံလောက်ပဲ ရေထည့်ပီး မီးမြေးမြေး အနေအထားဖြင့် ချက်ပါ။ ၃ ရေ လောက်ဆို နူးပါပီ။
ဝက်အူမကို အအေးခံပီး အ၀ိုင်းလေးတွေ လှီးပါ။

ငရုတ်ဆီမှာ ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ နှင့် အတူ ထညက်ရည်ပါ ထည့်ဖျော်ထားတဲ့ ငရုတ်ဆီ နှင့် ပိုလိုက်ဖက်ပါတယ်။

 


 

ဝက်အူမ စွပ်ပြုပ်လည်း စားလို့ကောင်းပါတယ်။
ဝက်အူမ စွပ်ပြုပ်ကျတော့ ၀က်အူမ တွေကို အိုးထဲမှာ အိုးပူတိုက်ပီးတာနဲ့ ရေ အနည်းငယ်ထည့် ..  အဖုံးဖွင့် ပြုပ်ပါ။  ရေ အနည်းငယ်နှင့် ၀က်အူမတွေကို ပြုပ်နေစဉ် အိုးပူတိုက်သလိုမျိုး ၀က်အူမတွေကို လိမ့် .. လိမ့်ပီး ချက်သွားပါ။
ဝက် အနံတွေ ပျောက်သွားပါလိမ့်မယ်။

ပီးမှ ငရုတ်ကောင်းစေ့ များများဖြင့် ရေထည့်၊ ၀က်အူမကို စွပ်ပြုပ် ချက်ပါ။

ဝက်အူမ အဖြူထည် အသား နူးနူး နှင့် အတူ ပူ ပူလောင်လောင် ၀က်စွပ်ပြုပ်ရည်ကို ရပါလိမ့်မည်။

မညီအောင် ... ၀က်အူမ အသားကို အိုးပူတိုက်ပီးမှ ရေထည့်ချက်တာပါ။
ငရုတ်ကောင်းစေ့ကြောင့်လည်း ညီနံ ပျောက်တာပါ။

အသားတွေကို အနံပျောက်ချင်ရင် ... အိုးပူတိုက်ပီး မှ ( အသားစိမ်းများကို ရေ မထည့်ချက်သေးခင်မှာ အိုးထဲမှာ အပူပေး အသားတုံး လှိမ့် ... လှိမ့်ပီး ချက်ပီးမှ ဟင်းခတ် အမွှေးအကြိုင် တခု ခု ထည့်၊ ရေထည့်ပီး အသားနူးတဲ့ အထိ ချက်ရင် အသား ညီနံ မထွက်ပါဘူး )

သိုးသား၊ ဆိတ်သားကျတော့ သံပုရာသီး ညစ်ဆေးပီးမှ ချက်ပါ။

 

 
အရင်ပိုစ့် -




0 comments :