Thursday, December 27, 2012

ကြက်တောင်ပံ ပျားရည်ဆမ်းကြော်

ကြက်တောင်ပံ ပျားရည်ဆမ်းကြော်
ကြက်တောင်ပံ ပျားရည်ဆမ်းကြော် ချက်နည်းက လွယ်လွယ်လေးပါပဲ ... ( Easy Cook ) ပါ။


စားရတာ အရသာလည်း ရှိသလို .. ကလေးများလည်း ကြိုက်နှစ်သက်ပါတယ်။

ကြက်တောင်ပံ

ကြက်တောင်ပံများကို ရေသေချာဆေးပီး -
ဆား၊ ဟင်းခတ်မှုန့် ( သို့ ) အချိုမှုန့်၊ သကြား နှင့် အရင်ဆုံး နှယ်ပီးတဲ့ အခါမှာ ပျားရည် ချိန်ခွက် နှင့် ဆိုရင် ခွက်တ၀က်လောက်  ထည့် ... ပျားရည် နှင့် ထပ်နှယ်ပီး
ဆီဖြင့် ကြော်စားရုံပါပဲ။

တောင်ပံများ ကြွပ်အောင်ကြော်ပီး အပေါ်ကနေ ပျားရည်+ပဲငံပြာရည်+သကြား နှင့် ဖျော်ထားတာ ဆမ်းလိုက်ရုံပါပဲ။
ကြက်တောင်ပံများကို အကြော်မှုန့် နှင့် ကြော်ပီး ပျားရည်ဆမ်း၊ ကြက်သွန်မြိတ် အုပ်ချက်လည်း စားကောင်းပါတယ်။
အခု တခေါက် ချက်ထားတာက တောင်ပံတွေကို ဆား၊ ဟင်းခတ်မှုန့်၊ သကြား၊ ပျားရည်နှင့် နှယ် ... ဆီပူပီ ဆိုတာနဲ့ ထည့်ကြော်၊ အရည်လိုချင်တာမို့ ရေ ခွက် တ၀က်လောက်ထည့် ... ဟင်းအိုး အဖုံးအုပ် ...မီးမြေးမြေးဖြင့် ချက်ပါက  ကြက်တောင်ပံများက နူးလွယ်တာမို့ ရေခမ်းခါနီးမှာ ပျားရည်+ပဲငံပြာရည်+သကြားနည်းနည်း စပ်ထားတဲ့ အရည်ကို ဖျမ်းလိုက်ရုံပါပဲ။ ကြက်သွန်မြိတ်လေးပါ အုပ်ပေးပေါ့နော်။

နောက်တနည်းက -

ကြက်တောင်ပံများကို ဆား၊ ဟင်းခတ်မှုန့်၊ သကြား၊ နှင့် နှယ်ပီး ( အကြော်မှုန့် + ကြက်ဥ အနှစ် ) ကပ်ပီးကြော်ပါ။
ရွှေအိုရောင် သန်းလာပီးဆို အကြော်မှုန့်ကပ်ပီး ကြော်ထားတဲ့ ကြက်တောင်ပံကြော်များကို ဆယ်ယူလိုက်ပါ။
မီးဖိုပေါ်မှာ ဆီ ၁ ဇွန်းလောက်ထည့်၊ လေးခြမ်းခွဲ ကြက်သွန်နီ တဥ ထည့်၊ ပဲလုံး ( Green pea ) မုန်လာဥနီ ထည့် ၊ ရေလေး နည်းနည်းဖျန်းပီး အဖုံး ၃ မိနစ်လောက် အုပ်ထားပေးပါ။ ပီးမှ ပျားရည်ကို - အသား တပေါင်ဆိုရင် ပျားရည် ၄ ပုံ ၁ ပုံ 1/4 cup နှုန်း ထည့်ပါ။

ခုဏက ကြော်ထားသော ရွှေအိုရောင် ကြက်တောင်ပံကြော်များပေါ် လောင်းထည့်ပီး အပေါ်ကနေ ကြက်သွန်မြိတ် ဖြူးပေးရုံပါပဲ။

ကြက်တောင်ပံ ဈေးနှုန်း

2 comments :

စံပယ်ချို said...

စားချင်တယ် ကြက်တောင်ပံအရမ်းကြိုက်တယ်
ထမင်းနဲ့မစားချင်ဘူး သူ့တိုင်းစားတာကိုပိုပြီးကြိုက်တယ်

သီရိရတနာ said...

@ စံပယ်ချို ...

ဟုတ်တယ် .. ဒီဟင်းက ပူပူနွေးနွေး .. ပျားရည်ဆမ်း ထားတဲ့ ကြက်တောင်ပံကြော် ပဲ စားရင် ပိုစားကောင်းတယ်။

အိမ်က ကလေးများ အကြိုက်လေ ...

ကိုယ် .. ပိုပီး စားချင်တာကလေ .. ကြက်တောင်ပံကို ကင်ပီး ချဉ်၊ ငံ၊ စပ် သုပ်ထားတာမျိုးပါ။

ကြက်တောင်ပံ အစိမ့်သုပ် ...လည်း ကြိုက်တယ်။

ကြက်တောင်ပံကို အကြွပ်ကြော်ပီး ( နှုတ်နှုတ်စင်းထားတဲ့ ဂေါ်ဖီ၊ မုန်လာဥနီ၊ ပန်းသီး၊ ထောပတ်သီး၊ mayonnaise၊ ဆလတ်ရွက် ) နဲ့ သုပ်စားတာပဲ ဖြစ်ဖြစ် .. ကြက်တောင်ပံ အကြွပ်ကြော် နှင့် တွဲစားတာမျိုးလည်း ကြိုက်တယ်။

အိမ်လာလည်ပီး ကွန့်မန့်ပေးသွားတာ ကျေးဇူးနော် ... :)