Sunday, December 23, 2012

သီးနှံရိတ်သိမ်းချိန်


Obstacle Inflatable


 တန်းစီနေကြတာပါ။


လေသွင်းထားတဲ့ လေဘောလုံးပေါ်မှာ အဟန့်အတား၊ အတားအဆီးတွေကို ကျော်ဖြတ်တန်း ဆော့နေကြတာပါ။


သားသား တွယ်တက်ပါတော့မယ်။




တွယ်တက်နေရင်းနဲ့ အနောက်က မမ များ မှီလာမလားဆိုပီး လှမ်းကြည့်နေပါသေးတယ်။


မမ ကို အနိုင်လိုချင်ဇောနဲ့ ခပ်မြန်မြန်လေး တွယ်တက်နေသော သားသား


လျှောဆင်းလာတာ၊ မြန်ချက်က အမေ တောင် ကင်မရာ ရိုက်ဖို့ မမှီ။ သူ့က အောက်တောင် ရောက်နေပီ။


မမက အခုမှ လျှောစဆင်းခါစ၊ သားသား နိုင်သွားပီ ဆိုပီး လက်မြောက်ပီး ကြွေးကြော်နေသော သားသား။


Bounce House


Bounce House


အိမ်ထဲမှာ ခုန်ဖို့ တန်းစီနေကြတာပါ။


သားသားက ရန်ကုန် ကလေးကစားကွင်းမှာ တနှစ်သားကတည်းက ခုန်နေကြမို့ ... အားရ ပါးရကို ခုန်နေတော့တာပါပဲ။ သူ့က ခုန်ရင်းနဲ့ လူလည်း ရှောင်တတ်တယ်။ တနှစ်သားကတည်းက ကစားလာတာဆိုတော့ အတွေ့အကြုံရင့်နေပီလေ။




ကျောင်းရဲ့ ကစားကွင်းမှာ ကျင်းပတဲ့ ကောက်ရိတ်သိမ်းပွဲတော် ( Harvest Festival )



မာမီ .. မာမီ .. သားသား ရူးရူးပေါက်ချင်တယ်။


ဒယ်ဒီ ချီပီး အိမ်သာလိုက်ပို့ရပါတယ်။


ကလေးတွေ နှင့် မိဘတွေလည်း အများကြီးပါပဲ။


ကလေး ကစားကွင်းကလည်း အကျယ်ကြီးပါပဲ။




အနောက်နားမှာ တောင်တွေ လေ။ တောင်ပေါ်မှာ ပေါက်နေတဲ့ သစ်ပင်တွေက အရွက်တွေ တဖြည်းဖြည်း နီလာလိမ့်မယ်။

Fall season ဆို အဲဒီ တောင်က အနီရောင် ဖြစ်နေပီး။
Winter season ဆို အဲဒီ တောင်က အဖြူရောင်။
Sumer ဆို မီးခိုးရောင် ဖြစ်နေတယ်။

ကွန်နက်တီကတ်မှာ တောင်တွေ ပတ်လည်ဝိုင်းထားတဲ့ တောင်ပေါ် နေရာလည်း ရှိသလို .. ရေတွေ ပတ်လည် ၀ိုင်းထားတဲ့ နယူးယောက်မြို့နှင့် နီးသော နေရာလည်း ရှိပါတယ်။

ရာသီဥတု အနေဖြင့် ကြည့်ရင် - ရေတွေ နှင့် နီးသော နေရာတွေက မုန်တိုင်းဆို သူတို့က ပိုထိတယ်။ တောင်တွေနှင့် နီးတဲ့ နေရာတွေက စနိုးဆို ပိုထိတယ်။ ပိုအေးတတ်ပါတယ်။


Harvest Festival မှာ ဘာတွေ ရှိလည်း ဆိုရင်
* Pumpkin Contest
* Games
* Hayrides
* Pony Ride
* Popcorn
* Obstacle Inflatables
* Face Painting
* DJ Music and Dancing
* Cupcake Walk/ Donut Bite
* Bounce House
* Food Available
Cost - Children - $9.00/ Adlts - Free


လေယာဉ်ပျံ


သမီးလေး မြင်းစီးနေတာ


မြင်းစီးနေသော သားသား










ဂိမ်းကစားနေကြတဲ့ အဖွဲ့



စကားမစပ် .. ကိုယ် ဘာသာစကားနှင့် ပတ်သက်ပီး တခုလောက် ပြောချင်ပါတယ်။
ကိုယ်တို့ ရွှေမြန်မာနိုင်ငံမှာ နေထိုင်စဉ် အချိန်တုန်းကလည်း အများသုံး ဘာသာစကား ဖြစ်တဲ့ မြန်မာစကား မတတ်တဲ့ တိုင်းရင်းသားများနှင့် ကိုးကန့် ယူနန်တရုတ်လူမျိုးတွေကို တွေ့ဖူးပါတယ်။
အဲဒီအချိန်တွေတုန်းက .. မြန်မာနိုင်ငံမှာလည်း နေသေးတယ်။ မြန်မာစကားလေးတောင် မတတ်ဘူးဆိုပီး အပေါ်ယံ လူ့စိတ်၊ လူ့သဘာဝဖြင့် မျက်မှောင်ကျုံဖူးပါတယ်။
ဒီအတိုင်းပါပဲ .. အမေရိကန် နိုင်ငံမှာလည်း ..
အမေရိကားမှာ နေထိုင်တဲ့အခါမှာ အမေရိကန် ဘာသာစကား ကျွမ်းကျွင်စွာ ပြောဆိုနိုင်မှ ... လူရာဝင်ပီး ...
အသေးစိတ် ကိစ္စ ပါ မကျန် ... အောင်မြင်စွာ ဆောင်ရွှက်နိုင်မှာပါ။
အမေရိကန်မှာ နေထိုင်ပီး အမေရိကန် ဘာသာစကားကို မကျွမ်းကျင်ရင် ဘေးဖယ်ထားတာတွေ၊ နောက်ချန်ထားတာတွေ၊ နေရာမရတာတွေ၊ ဦးစားပေး မခံရတာတွေ ရှိတတ်ပါတယ်။
ရုံးပိုင်းဆိုင်ရာ ကိစ္စ၊ ကျောင်းကိစ္စတွေ ဖြေရှင်းတဲ့ နေရာမှာလည်း အမေရိကန်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်မှ ကိုယ်က တပန်းသာတာပါ။
နို့မို့ဆို မလွယ်ပါဘူး။
မွေးရပ်မြေ မဟုတ်တဲ့ ပြည်ပမှာ နေထိုင်တဲ့အခါမျိုးမှာ မျက်နှာငယ်ခြင်း၊  မငယ်ခြင်းဆိုတာကလည်း ... အဲဒီနိုင်ငံရဲ့ ဘာသာစကားကို ကျွမ်းကျွင်စွာ ပြောဆိုတတ်ခြင်း၊ မပြောတတ်ခြင်းနဲ့ အနည်းငယ် သက်ဆိုင်ပါတယ်။
အမေရိကားမှာ တခု ကောင်းတာက rescept ကို အမေရိကန်လူမျိုး culture အနေဖြင့် ကျင့်သုံးတာမို့ ... လူတိုင်းကို rescept ပေးပါတယ်။
အကျင့်တခုလို rescept ပေးတာမို့ .. တကူးတကကြီးတော့ မဟုတ်ပါဘူး။ ကိုယ့်ဘက်ကလည်း ပေါ့ပေါ့ပါးပါးပဲ rescept ပြန်ပေးရုံပါပဲ။
အမေရိကန် ပြည်ထောင်စုမှာ နေထိုင်ပီး rescept အပေး မခံရဘူးဆိုရင်တော့ ကိုယ့်အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ကိုယ့်တော့ ဒီမှာ အပြူအမူ ရိုင်းတဲ့လူမျိုးကို သိပ်မတွေ့ဖူးသေးဘူး။ ကိုယ်တို့ နေထိုင်တဲ့ Connecticut မြို့ကလေးက Classic စတိုင် ဖြစ်နေတာလည်း ပါ, ပါလိမ့်မယ်။
ဒါကြောင့် ကိုယ့်နေထိုင်တဲ့ နိုင်ငံရဲ့ ရုံးသုံးဘာသာစကားကိုလည်း ကျွမ်းကျွင်ဖို့ လိုသလို ... မူရင်း .. မိရိုးဖာလာ ဘာသာစကားကိုလည်း ပြောတတ်ဖို့ လိုပါတယ်။
မွေးရပ်မြေရဲ့ ရုံးသုံး ဘာသာစကားဖြစ်တဲ့ မြန်မာစာ၊ မြန်မာစကားကိုလည်း တတ်မြောက်တာ ပိုကောင်းပါတယ်။
( ၂၀၀၉ ) ပတ်ဝန်းကျင်လောက်က မြန်မာဘလော့တွေမှာ မျိုးဆက်သစ်ကလေးတွေရဲ့ မြန်မာစာ နှင့် ပတ်သက်ပီး ဘလော့ဂါ တော်တော်များများ ရေးဖူးကြ၊ စိုးရိမ်ခဲ့ကြပါသေးတယ်။
အဲဒီတုန်းက ကိုယ့်ပေးခဲ့ဖူးတဲ့ မှတ်ချက်က ...
အဲဒီအချိန် ပတ်ဝန်းကျင်မှာ ကိုယ် မြန်မာမှာ နေထိုင်စဉ် အချိန်မို့လို့ ...
လက်တွေ့ကျကျပဲ မှတ်ချက်ပေးလိုက်တယ်။
အိမ်မှာ မိဘက မြန်မာလို ပြောရင် ကိုယ်မွေးလာတဲ့ ကလေးက မြန်မာလိုပဲ ပြောမှာပါပဲ။
မြန်မာစာက စာချုပ်၊ စာတမ်းတွေ ဖတ်တတ်ဖို့ မတတ်၊ မဖြစ် သင်ပေးရမယ့် စာပါ။
အခု လတ်တလော အချိန်မှာ ~
အမေရိကားမှာ ရောက်နေပေမယ့် အိမ်မှာ မြန်မာ ထမင်း၊ ဟင်း ချက်စားတတ်သလို၊ နိုင်ငံတကာ အစားအသောက်များလည်း ချက်စားပါတယ်။ ကိုယ်ကြိုက်ရင် ကြိုက်သလို ချက်စားတတ်ပါတယ်။
သမီး နှင့် သားသားကတော့ ၄ နှစ်ကတည်းက က၊ခ သင်နေတာမို့ မြန်မာစာဆိုတာလည်း  တကူးတက ရိုက်၊ ပုတ်ပီး သင်နေတာ မဟုတ်ပါဘူး။
ကျောင်းမှာ အေ၊ ဘီ၊ စီ၊ ဒီ ကို ပျော်ရွင်စွာ ကစားပီး သင်နေသလိုမျိုးပဲ။ မြန်မာစာကိုလည်း ဖတ်တတ်၊ ရေးတတ်အောင် သင်ပေးရုံပါပဲ။ ဘာမှ မခက်ပါဘူး။
ကိုယ့် အတွေးက မြန်မာစာ မတတ်လို့ မဖြစ်ဘူး။ မြန်မာစာ မတတ်ရင် ဒုက္ခရောက်သွားမယ်။
စာချုပ်၊ စာတမ်းတွေ ကိုယ် ကိုယ်တိုင် မဖတ်တတ်ရင်၊ သူများ လိမ်တာ ခံရလိမ့်မယ်။
ကလေး ၂ယောက်စလုံး မွေးစာရင်းတောင် မြန်မာလို ရေးထားတာ။
ကိုယ့် ကလေး နှစ်ယောက်စလုံးအတွက် မြန်မာစာက မတတ်၊ မဖြစ် တတ်အောင် သင်ရမယ့် မြန်မာစာပါ။
ပီးတော့ အိမ်မှာ  မြန်မာစကားပြောပဲ ပြောတာမို့ မြန်မာစာက သင်ရတာ လွယ်ပါတယ်။
တိုင်းရင်းသား လူမျိုးတွေ ဘက်ကို ကြည့်ရင် ... နားလည်ပါတယ်။ တွေ့လည်း တွေ့ဖူးပါတယ်။
တခါ .. ရန်ကုန်အိမ်မှာ အလုပ် လာလုပ်တဲ့ ကရင်မလေးဆို မြန်မာစကား ဘယ်သူ သင်ပေးလိုက်မှန်းမသိဘူး။
ရန်ကုန်အနေ နဲ့ နားထောင်ရင် ရိုင်းတယ်။ နားထဲကို ကန့်လန့်ကြီး ၀င်လာတယ်။
သူတို့ ကိုယ်တိုင် ဒီလို ပြောဆိုတာ မယဉ်ကျေးဘူး။ ရိုင်းတယ်ဆိုတာကိုလည်း သူတို့ နားမလည်ပါဘူး။
သူတို့ကို မြန်မာစကား စ သင်ပေးတဲ့လူကြောင့်ပါ။ သူတို့လည်း ... မြန်မာစကားကို ... နားလည်သလို .. ပြောတတ်သလို ပြောဆိုတာပါ။
သူတို့ ပင်ကိုစိတ်ရင်းက ရိုးသားပါတယ်။
ပအို့တွေဆို ပို ရိုးသားတယ်။ ဒါပေမယ့် သူတို့ စီကုံးပီး ပြောလိုက်တဲ့ မြန်မာစကားဆို ဒုတ်ထိုး၊ အိုးပေါက်။
သူတို့တွေ မြန်မာစကားမတတ်လို့ဆိုပီး နှိမ်စရာ မလိုပါဘူး။ ဘာလို့ဆို ကိုယ်တို့တွေ ကရင်စကားနှင့် ပအို့စကား မတတ်ကြလို့ပါ။
အမူအကျင့်က ပြုပြင်လို့ရပါတယ်။
အဓိက က လိုက်လျောညီထွေ အဆင်ပြေအောင် နေတတ်ဖို့ပါပဲ။
မြန်မာစကား စသင်ရင်လည်း အဆင့်မှီတဲ့ စကားပြောကိုပဲ တခါတည်း တင်တာ ပိုကောင်းပါတယ်။
အင်္ဂလိပ်စကားပြောဆိုရင်လည်း ... အဆင့်မှီတဲ့ အင်္ဂလိပ်စကားပြောကိုသာ တန်းပီး သင်တာ အကောင်းဆုံးပါပဲ။
( ဒါမှ ကိုယ့်ပြောလိုက်တဲ့ စကားလုံး အကြီးကြီး .. လေယူ လေသိမ်းကို နားထောင်ပီး လူတွေ ရှိန်သွားမှာပါ ) :P
မြန်မာမှာမွေး .. မိရိုးဖာလာ မြန်မာတိုင်းရင်းသား တချို့တလေ ... အတွက်က မြန်မာစကားမတတ်ပေမယ့် ...
လိုအပ်တဲ့အချိန်၊ မသင်မဖြစ် သင်ရမယ့် အချိန်ကျရင် သူတို့တွေ ... တတ်လာမှာပါ။
မြန်မာနိုင်ငံရဲ့ ရုံးသုံးဘာသာစကားဖြစ်တဲ့ မြန်မာစကားကို တတ်တော့ မြန်မာတိုင်းရင်းသားပေါင်းစုံ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ရှိတာပေါ့။
ပိုပီးတော့လည်း စည်းလုံး၊ ညီညွှတ်နိုင်ပါတယ်။
ကိုယ့်ဘလော့ကို လာဖတ်တဲ့ သူတွေထဲမှာ တချို့ဆို မြန်မာလို ဖတ်တတ်၊ ရေးတတ်ပေမယ့် မြန်မာလို ကွန်ပြူတာ မရိုက်တတ်တဲ့သူတွေ အများကြီးပါပဲ။ :D
ကိုယ်တို့ မိသားစု အတွက်ကတော့ အမေရိကန် ဘာသာစကားကလည်း အရေးပါသလို
မြန်မာစာ၊ မြန်မာစကားကလည်း အရေးကြီးပါတယ်။
နောက်ထပ်ပီး စကားမစပ် ...
ကယားလူမျိုးကို သိပ်မတွေ့ဖူးဘူး။

၂၀၁၂၊ ၉ လပိုင်း ၂၈ ရက်နေ့က ရေးသော ဘလော့ပိုစ့်ပါ။


ဒီ ပုံကတော့ ၂၀၀၉ တုန်းက ဘလော့ဂါ တယောက်ရဲ့ စီဘောက်မှာ သွားရေးထားတဲ့ ကိုယ့်ရဲ့ ခြေရာလေးပါ ...
( ပုံကို ချဲ့ချင်ရင် ကလစ်နှိပ်ပီး ဖတ်ကြည့်လို့ရပါတယ်။)
ကိုယ့်နာမည် အတိုကောက်အနေနဲ့ TND ဆိုပီး စီဘောက်တွေမှာ ခြေရာချန်လေ့ ရှိပါတယ်။
အရင်တုန်းကပါ .. အခုတော့ စီဘောက်မှာ ခြေရာချန်ဖို့ နေ .. နေ .. သာ .. သာ .. ကွန်မန့်တောင် မနည်း အချိန်လုပီး ပေးနေရပါတယ်။
အဲဒီ အချိန်တုန်းကများ .. မွေးရပ်မြေ ... ရွှေမြန်မာပြည်ကြီးမှာ မိဘ၊ မောင်ဘွား .. ဆွေမျိုး အသိုင်းအ၀ိုင်း အလယ်မှာ နေ .. နေရလို့လား မသိဘူး .. ကိုယ်ရေးထားတဲ့ စာရေးတဲ့ စတိုင်က မာန်ပါတယ်နော် ...
အခု .. ဆွေမျိုး၊ မောင်နှမ မရှိ အမေရိကားမှာ နေပီး ရေးထားတဲ့ စတိုင်နဲ့ သိပ်မတူဘူး။ :)


0 comments :