Saturday, December 22, 2012

ဝက်သား အငံ စွန်တန်ဟင်းရည်


( Turkey ) ကြက်ဆင် အသားလုံးကြော်၊ ( Turkey ) ကြက်ဆင် ခရမ်းချဉ်သီး အစာသွပ်ပေါင်း၊
ဝက်သားအငံ စွန်တန်ဟင်းရည်


ဝက်သားအငံ စွန်တန်ဟင်းရည်


ဝက်သားအငံ စွန်တန်ဟင်းရည်

 


 



Salt Pork ၊ စွန်တန်ခြောက်



ဝက်သား အငံကို လေးထောင့်တုံး ပုံစံ တုံးပါ။
ငရုတ်သီးစိမ်း
ဓါးပြားရိုက် - ကြက်သွန်ဖြူ၊ ဂျင်း
စွန်တန်ခြောက်
ခရမ်းချဉ်သီး ၈ စိတ်ခြမ်း



ဟင်းအိုးထဲမှာ ၀က်သား အငံ၊ စွန်တန်ခြောက်၊ ဓါးပြားရိုက် ကြက်သွန်ဖြူ။ ဂျင်း၊ လုံးချက်ပီးမှ ခရမ်းချဉ်သီးထည့်ပါ။
ခရမ်းချဉ်သီး ဖတ်တွေ လိပ်တက်လာတဲ့ အထိ လုံးချက်ပီးမှ ရေဖြည့်ထည့်ပါ။ ငရုတ်သီးစိမ်းထည့်ပါ။
ဝက်သား အငံမှာ အငံ အရသာ ပါနေတာမို့ ဘာမှ ထပ်ဖြည့် ထည့်စရာ မလိုပါ။
စွန်တန် နှင့် ခရမ်းချဉ်သီး က အချဉ်အရသာ ပါနေတာမို့ ဘာမှ ထပ်ဖြည့် ထည့်စရာ မလိုပါ။
ဂျင်းကို ပုံမှန် ချက်နေကျ ဟင်းရည်ထက် ပိုထည့်ပီး ချက်ပါက အနံသင်းပီး ပိုပူလောင် တာမို့ သောက်လို့ ပိုကောင်းပါသည်။
စွန်တန်ဟင်းရည်က အရည်ကျနေအောင် တည်ပီး အရည်ကျဲကျဲဆို ပိုသောက်လို့ ကောင်းပါတယ်။ .. ဒီတခေါက် အသားနဲ့ ချက်တာမို့ .. လေးခြမ်းကွဲ ကြက်သွန်နီ ထပ်မထည့် ချက်ထားပါဘူး။

2 comments :

Crystal said...

ဟင်းချက်ရမှာ ခပ်ပျင်းပျင်းနဲ့ သူများတွေ ချက်တာ လျှောက်ငမ်းနေပါသည်။

သီရိရတနာ said...

@ Crystal - တူတူပဲ Crystal ရေ ... လက်ဖ၀ါးချင်း ရိုက်လိုက်ရအောင် ( Give me five )