Thursday, December 27, 2012

ပူတင်း


Pudding



ကြက်ဥပူတင်း


ပူတင်း

နွားနို့ - ၂ ခွက်
သကြား - လေးပုံ ၁ ပုံ - ခွက်
မီးသင်း သကြား အတွက် .. သကြား - ထမင်းစားဇွန်း ( ၃ ) ဇွန်း
မီးသင်း သကြား အတွက် .. ရေ - ထမင်းစားဇွန်း ( ၁ ) ဇွန်း
ကြက်ဥ - ၃ လုံး
ဗီနီလာ အမွှေးဆီ - လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း


မွှေစက်ဖြင့် ...
နွားနို့ - ၂ ခွက်
သကြား - လေးပုံ ၁ပုံ - ခွက်
ကြက်ဥ - ၃ လုံး
ဗီနီလာ အမွှေးဆီ - လက်ဘက်ရည်တဇွန်း မွှေစက်ဖြင့် မွှေထားပါ။

 မီးသင်း သကြားရည် ပြုလုပ်ဖို့ အတွက်
non stick pan ထဲမှာ သကြား - ထမင်းစားဇွန်း ( ၃) ဇွန်းထည့်ပါ။
ရေ - ထမင်းစားဇွန်း ( ၁ ) ဇွန်း ထည့်မွှေပါ။
တအောင့်ကြာလျှင် သကြား အရည်ပျော်သွားပါလိမ့်မည်။
ဆက်မမွှေဘဲ ဒီ အတိုင်း ထားလိုက်ပါ။
ပူစီပေါင်းလေးတွေ တက်လာလိမ့်မည်။
တဖြည်းဖြည်း သကြားရည် အရောင်ပြောင်းလာလိမ့်မည်။
အညိုရောင် ( သို့မဟုတ် ) ရွှေအိုရောင် သကြားရည် ရပီဆိုလျှင် ...
ချက်ချင်း ပူတင်းမုန့်ဖုတ်မည့် pan ထဲသို့ လောင်းချလိုက်ပါ။

မွှေစက်ဖြင့် မွှေထားသော ( နွားနို့+ကြက်ဥ+သကြား+ ဗီနီလာ ) အရည်လောင်းထည့်ပါ။
ပူတင်း ထည့်ထားသော ခွက်ထက် ပိုကြီးသော pan ထဲမှာ ရေ ကို တ၀က်ဖြည့်ပီး ...
ပူတင်း pan ကို ရေရဲ့ အလယ်ကောင်နေရာမှာ ထားပီး preheat oven ထဲ ထည့်ပါ။

Preheat oven 375ºF - 45 minutes ပူတင်းမုန့်ဖုတ်ပါ။

ပီးလျှင် ရေခဲသေတ္တာ အောက်ထပ်ထဲမှာ ၃ နာရီလောက် အအေးခံပီးလျှင် လှီးစားလို့ရပါပြီ။

... ချက်ရတာ အရမ်းလွယ်သော ပူတင်းမုန့်ဖုတ်နည်းပါ ....

ဒါက မနှစ်က သြဂုတ်လမှာ ချက်သော ကြက်ဥပူတင်းပေါင်း ပိုစ့်ပါ။


အခု ပူတင်းမုန့်ဖုတ်တဲ့နည်းနဲ့ ကွာပါတယ်။

အရင်ပိုစ့်က ပူတင်းက မီးဖိုပေါ်မှာ ရေ၏ ခလယ်ကောင်မှာ ထားပီး ပူတင်းပေါင်းတာပါ။

အခုပိုစ့်က oven ထဲမှာ ရေ၏ ခလယ်ကောင်မှာထားပီး ပူတင်းမုန့်ဖုတ်ပီးမှ ရေခဲသေတ္တာမှာ အအေးခံတာမို့ ပိုပီးတော့လည်း စားကောင်းသလို မုန့်လည်း လှပါတယ်။


2 comments :

Aungnyc said...

တော် တယ် ဗျာ.. ကျွန်တော် ဖြင့် သကြား ကြို တဲ့ အဆင့် နေ ကို အဆင့် မ တက် ဘူး ။ သကြား ကြို လိုက် တိုင်း ရွှေအို ရောင် မဖြစ် ပဲ သကြာ အဖြူ ရောင် အတိုင်း ဖြစ် နေ ပြီး ကပ်စေး နည်း ဖြစ် သွား ရော။ အဲဒီ အဆင့် က နေ နောက် ဆုတ် တာ ၄ ၅ ခါ ရှိ ပြီး ။ အခု တော့ ၀ယ် ပဲစား တော့ တယ်။ Custard Pudding ကို ကြိုက် တယ် ။။

သီရိရတနာ said...

@Aung NYC -

မီးသင်း သကြားရည် လုပ်တာ လွယ်လွယ်လေးပဲ သိလား ...
အမ အမြင် ... သကြား ကြိုလိုက်တိုင်း ရွှေအိုရောင် မဖြစ်ပဲ သကြား အဖြူရောင် အတိုင်းပဲ ဆိုတာ .. ရေများသွားလို့ နေလိမ့်မယ်။

မီးသင်း သကြားကို ရေ မထည့်ပဲ မီးဖိုပေါ်မှာ သကြားချည်းပဲ မီးမြေးမြေး ( Medium Heat ) ဖြင့် အဆက်မပြတ် မွှေပေးရင်တောင် မီးသင်း သကြားရည်ကို ရရှိနိုင်ပါတယ်။

အခု ဒီပိုစ့်မှာ ပါတဲ့ မီးသင်း သကြားရည်အတွက်ကလေ ..
ထမင်းစားဇွန်းနဲ့ သကြား ၃ ဇွန်း ..
ရေ ၁ ဇွန်း ဖြင့် မီးဖိုပေါ်မှာ သကြားအရည်ပျော်တဲ့အထိပဲ မွှေပေးပီး ...
သကြား အရည်ပျော်ပီဆိုတာနဲ့ ဒီအတိုင်းပဲ ထားလိုက်တာပါ။
ပူစီပေါင်းလေးတွေ တက်လာမယ်။ သကြား အရောင် ပြောင်းလာလိမ့်မယ်။
ရွှေအိုရောင် ရပီဆိုတာနဲ့ ချက်ချင်း ပူတင်းမုန့်ဖုတ်မယ့် pan ထဲ လောင်းထည့် ( ချက်ချင်း မထည့်ရင် မီးသင်း သကြားရည်က အိုးကပ်သွားလိမ့်မယ် )
အပေါ်ကနေ အဆင့်သင့် မွှေထားသော နွားနို့ ကြက်ဥ စတာတွေ လောင်းထည့်လိုက်ရုံပဲ။

အရမ်းလွယ်ပါတယ်။

အိမ်က ကလေးတွေလည်း ပူတင်းဆို အရမ်းကြိုက်တယ်။

သကြားအရည်က ဒီလောက်ပမာဏဆို အတော်ပါပဲ ...
နည်းနည်းများသွားရင် အရမ်းချိုတော့ ကလေးတွေ ချောင်းဆိုးမှာ စိုးလို့ပါ။

Enjoy your cooking, Ko Aung NYC!!!

Happy New Year 2013 to Ko Aung NYC!!!