Sunday, December 2, 2012
ဝက်ခေါက်ကင်
Crispy Pork Belly
အခေါက်ကင်
ဝက် အခေါက်ကင် ကြွပ်ကြွပ် နှင့် တို့စားဖို့ အတွက် ပဲငပိ
ကြွပ်ကြွပ်လေး ကင်ထားတာမို့  ရာသီဥတုအေးအေးလေးမှာ special meal ပါပဲ။
ဝက်သား ၀မ်းဗိုက်သား ကြွပ်ကြွပ်
Chili Sauce ဖြင့်လည်း တို့စားလို့ ရပါသည်။ ငရုတ်ဆီ နဲ့ ခပ်စပ်စပ် အရသာ တို့စားတာ အအီလည်း ပြေသလို ပိုပီးတော့လည်း စားကောင်းတယ်။
ပဲငပိ အချို ဈေးနှုန်း
Black bean in Soy Sauce
ဝက်အခေါက်ကင် နှင့် တို့စားဖို့ ပဲငပိဆော့စ်
အခေါက်ကင်
Pork Belly - 2.48lb = US$ 8.66
Pork Belly ( ၀က်သား ၀မ်းဗိုက်သား ) ကို
ဆား - လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း
ငရုတ်ကောင်းမှုန့် - လက်ဘက်ရည်ဇွန်း ( လေးပုံ ၁ ပုံ )
ဖြင့် နှယ်ပါ။
ကြက်သွန်ဖြူ - ၃ မွှာ
ကရဝေးရွက် - ၃ ရွက်
ရေ - ½ ခွက် ဖြင့်
မီးမြေးမြေး ( အလယ်မီး ) ဖြင့် ၁၅ မိနစ် ရေခမ်း ပြုပ်ပါ။
Oven ..
 အလယ်စင် နေရာမှာ ပြုပ်ပီးသား ၀က်သားပြုပ်ကို ဆား လက်ဘက်ရည်ဇွန်း တ၀က်လောက် အပေါ်ယံ ဖြူးပီး ထားပါ။
အောက်ဆုံးစင်မှာ ... ၀က်သားကင်မှ ကျလာသော အဆီများကို oven foil ဖြင့် ခံထားပါ။
350ºF - 90 မိနစ် ( တကြိမ် မီးမြေးမြေး အနေအထားဖြင့် အသားများ ကျက်အောင် ကင်ပါ။ )
450ºF - 30 မိနစ် ( နောက်ထပ်တကြိမ် အခေါက်များ ကြွပ်အောင် မီးပြင်းပြင်းဖြင့် ကင်ပါ။ )
 ကင်ပီးသား ၀က်ခေါက်ကင်
( Camera - Flash အရမ်းများသွားတယ်။ )
 အခေါက်ကင် လှီးဖြတ်ပီး အနေအထား
** My Recipe Blog - Colourful Recipe
တနင်္ဂနွေနေ့ အလုပ် အားလပ်ရက်မှာ ပျင်းနေတာနဲ့ 
Wordpress blog က ပိုစ့် အဟောင်းတွေ ဒီဘက် Blogspot  မှာတင် ...
ဒီဘက် Blogspot က ပိုစ့် အဟောင်းတွေကို
 ဟိုဘက်မှာ လာလည်တဲ့ နိုင်ငံတကာက လူတွေအတွက် Wordpress မှာ ပြန်တင်နှင့် 
တစ်ယောက်တည်း အလုပ်တွေ ရှုပ်ပေမယ့် ပျော်ပါတယ်။ 
ဟိုဘက်တင်လိုက် .. ဒီဘက် တင်လိုက်နဲ့ .... 
ဟိုဘက် Wordpress မှာက ဖတ်တဲ့သူ တော်တော်များများက မြန်မာလို လေးထောင့်တုံးတွေကို သူတို့ နားမလည်ပေမယ့် ဓာတ်ပုံ ကြည့်ပီး သဘောကျ ကျပါတယ်။
ဒီဘက် Blogspot ကျတော့ လာလည်သူတော်တော်များများက ...  မြန်မာ တွေမို့ မြန်မာလို ရေးထားတာကို ဖတ်လို့ ရကြပါတယ်။
ဟိုဘက် ဘလော့ နှင့် ဒီဘက် ဘလော့ကို လာလည်သောသူဆို စိတ်လေမယ်။ 
ဖတ်ပီးသား ပိုစ့် ဖြစ်နေလို့ .... 
:D
ဒါကြောင့်မို့ ပိုစ့် အများကြီး တပြိုင်တည်း မတင်ပဲနှင့် နည်းနည်းပဲ တင်ပါမည်။
ဒီနေ့ ....
သီရိရတနာ မိသားစုအိမ်ကို လာလည်ကြသော ၀က်သား စားသူများအတွက် ၀က်ခေါက်ကင်လေးပါ။
အီတယ်ဆိုရင် ငရုတ်ဆီနှင့် တို့စားနော်။ 
အဲဒါဆို အအီလည်း ပြေတယ်။ စားလို့လည်း ပိုကောင်းတယ်။ အခေါက်ကင် ကြွပ်ကြွပ်လေးမို့ စားလို့ ပိုကောင်းတယ်။ :)
8 comments :
Q-te said...
မလေပါပု တီတီနန္ဒာရဲ့
ဟိုဘတ်မှာ သရေကျလိုက်
ဒီဘတ်မှာ ဂလု လိုက် ဟီးးးဟီးးး
ရှာရတာလည်း ပိုလွယ်သွားတယ် :) :)
သီရိရတနာ said...
@ Q-te - ဒီလို အမာခံ ဧည့်သည် ( Good Value Visitor ) ရှိလို့ အမောပြေသွားပါပြီ။
အခုမှ အလုပ်ကနေ ပြန်လာတာ။
ကျေးဇူး ကျူတီ ...
NSA said...
ဝက်ခေါက်ကင် စားချင်စရာလေး..။ ကိုယ့်ဘာသာ ကင်မစားဖူးဘူး..အပြင်မှာ အလွယ်ပဲ ဝယ်စားနေတာ..။
သီရိရတနာ said...
@ NSA - တူတူပဲ .. ရန်ကုန် ( သို့ ) စင်ကာပူမှာဆို အလွယ်တကူ ၀ယ်လို့ ရနေတော့ ၀ယ်ပဲ စားလိုက်တာပဲ ...
ဒီက အေရှန် စားသောက်ဆိုင်မှာတော့ ၀က်ခေါက်ကင် ၀ယ်လို့ရပါတယ်။ ဒါပေမယ့် .. အခေါက်က ရန်ကုန်ကလောက် မကြွပ်ဘူး။ ရန်ကုန်မှာက အခေါက်ကင်ကို ကြွပ်နေအောင်ကင်ပီး အတုံး သေးသေးလေးတွေ လှီးဖြတ် စိတ်ထားတာလေ ...
အခု ၀က်ခေါက်ကင် ချက်နည်းက ရန်ကုန်က ၀က်ခေါက်ကင်လိုမျိုး အခေါက်က ကြွပ်တယ်။ ရန်ကုန် အလွမ်းပြေလေးပေါ့ ....
da zout kann said...
အန်တီသက်ရေ... အစားအသောက်နဲ့ပတ်သက်တဲ့မြန်မာဆိုဒ်လေး ၄ ခု ကို ကျွန်တော် android apk လေးလုပ်ထားတယ်... အဲဒါ အန်တီသက် ဆိုဒ်လည်းထည့်ထားတယ်... အောက်မှာ ဒေါင်းလုပ်လင့်ခ်ပါတယ်... အဆင်မပြေရင်တော့ပြောနော် ကျွန်တော်ပြန်ဖျက်ပေးမယ်... ကိုယ့်ဖာသာသုံးဖို့လုပ်ထားတာ... အန်တီသက်တို့လည်း အသုံးလိုမယ်ထင်လို့လာပေးတာပါ...
http://www.directmirror.com/files/SDCBW4RF
သီရိရတနာ said...
@ Da Zout Kann - blog ကနေ အစားအသောက်တွေပဲ ယူသွားတာဆို ရပါတယ်။
Android ဆိုလို့ Android ဖုန်းနဲ့ ဒေါင်းလော့ ဆွဲရမှာလား။ ကွန်ပြူတာနဲ့ကော ဒေါင်းလော့ ဆွဲလို့ရလား။ သိပ်မသေချာတာနဲ့ အန်တီသက် မသုံးထားဘူး။ ဂျီတော့မှာ တွေ့မှာပဲ မေးတော့မယ်။
( Before November, 2012 ) - အရင်တုန်းကတော့ ဘလော့က ဓာတ်ပုံတွေကို ကော်ပီကူးရင် သိပ်မကြိုက်ဘူး။
နောက်ပိုင်း ... အခုခေတ်ကလေးတွေ ... Facebook တို့ တခြားနေရာတွေမှာ attention လိုချင်တော့ ဘလော့က အစားအသောက် ဓာတ်ပုံတွေကို ကော်ပီကူးပီး သူတို့ ဖေ့ဘုတ်မှာ တင်လာကြတယ်။ အစတော့ အမြင်သိပ်မကြည်လင်ချင်ပေမယ့် နောက်ပိုင်း .. ကလေးတွေရဲ့ attention လိုချင်တာကို သိလာ၊ သဘောပေါက်လာတာမို့ .. အန်တီသက် ဘာမှ သိပ်မပြောတော့ပါဘူး။
ကိုယ့်ကလည်း sharing ခေတ်ကြီးထဲမှာ ကိုယ် သိထား၊ တတ်ထားတာကို share တာလေ ....
ဒါပေမယ့် အခကြေးငွေ ယူထားတဲ့ မဂဇင်းတို့ .. ဂျာနယ်တို့ အစရှိသဖြင့် နှင့် ကြော်ငြာပါသော ၀ပ်ဆိုဒ်တွေဆိုရင်တော့ ဆောရီးပါ ... ( သူများ ... ဥစာနှင့် ပိုက်ဆံဝင်ငွေ ရှာနေကြတဲ့လူတွေလေ ... အရင်တုန်းကတော့ မြန်မာဗီဒီယိုတွေပေါ့ .. နောက်ပိုင်း အစားအသောက်ပါ လူတွေ စိတ်ဝင်စားလာတာကို သိတော့ .. ၀ပ်ဆိုဒ်ပိုင်ရှင်က ကိုယ်တိုင်လည်း မချက်နိုင်၊ မချက်တတ်တော့ သူများ ဘလော့က ပိုစ့်တွေနှင့် အွန်လိုင်း ၀င်ငွေ ရှာတတ်ကြတယ်။ )
da zout kann said...
အန်တီသက်ရေ... အဲဒီဟာက android ဖုန်းတွေမှာ google reader နဲ့ဖတ်သလိုမျိုး ဖတ်လို့ရအောင်လုပ်ထားတာပါ... အန်တီရဲ့ပိုစ့်လေးတွေကိုဖတ်လို့ရအောင်လုပ်ထားတာပါ...
သီရိရတနာ said...
@ Da Zout Kann ...
ဟုတ်လား .. အန်တီသက် နောက်မှပဲ ဒေါင်းလော့ဆွဲကြည့်လိုက်အုံးမယ်။
ဘလော့က ပိုစ့်ကို ပေါ့ ... google reader မှာကျတော့ Feed ကို ယူထားတာဆိုတော့ ပိုစ့်က အပေါ်ပိုဒ်လောက်ပဲ ပေါ်တယ်။
တွေ့ဖူးတယ်။ ဘလော့ကို တခုလုံး ဒေါင်းလော့ဆွဲပီး လာဖတ်တဲ့လူတွေကို နယူးယောက်က တယောက်နဲ့ မြန်မာက MPT က သူရဲ့ location က ဂျာမဏီဆိုပေမယ့် ISP က MPT DNS server no. change ထားပီး သုံးတယ်လို့ ထင်တာပဲ ... ဘလော့ကို ကွန်ပြူတာထဲမှာ ဒေါင်းလော့ဆွဲပီး လာကြည့်တာလို့ ယူဆရတာပဲ .. ဒီဘက်မှာ C drive hard disk နေရာ ... မြင်နေရလို့ ...
ဒေါင်းလော့လုပ်ထားသလောက်ပဲ မြင်ရတာပေါ့နော် .. အသစ်တွေ Feed တက်လာတာတော့ မမြင်ရဘူးနဲ့တူတယ်။
ရပါတယ်။ အစားအသောက်တွေပဲ ယူသွားနော်။
ဖုန်းထက်လေ .. iPad နဲ့ ကော download ဆွဲလို့ရလား ...
ဖုန်းနဲ့ ချက်နည်း ကြည့်တာထက် .. iPad ကို မီးဖိုထဲ ယူပီး ချက်နည်း ကြည့်ပီး ချက်ရတာ အဆင်ပြေတယ်ဆိုပီး အသိ သူငယ်ချင်း တယောက်က ပြောနေလို့ ... သူ့က မျက်မှန်သမားလေ ...
ပိုစ့်တွေကော ရှာရတာ အဆင်ပြေလား ... ဥပမာ .. label တူတာတွေ ကြည့်ချင်တယ်ဆိုရင်ပေါ့ ...
အန်တီသက်တော့ နောက်မှပဲ ဒေါင်းလော့ဆွဲကြည့်တော့မယ်။ မေးခိုင်းတဲ့ တယောက်ကလေ .. သူ့ အမဲသား ချက်နည်း သိချင်ရင် Label က အမဲသားကို နှိပ် ... ချက်နည်း အမျိုးမျိုး ရှိတဲ့အထဲက ကြိုက်တဲ့ အမဲသားဟင်း ကြည့်ပီး ချက်နေတာမျိုးလေ ... ၀က်သားတို့ ကြက်သားတို့ဆိုလည်း အဲလိုမျိုးပဲ ...