Saturday, December 1, 2012

ပုစွန်အစိမ်းသုပ်


Raw shrimp salad
 

အရသာ - ချဉ်စပ်
 


ပုစွန် အစိမ်းသုပ်




ပုဇွန် - ၁၅ ကောင်
 

 အခွံခွါထားပါ။
 

 ပုဇွန် ကျော အလယ်ကို ဓါးဖြင့် ခွဲပီး ပုဇွန် အစာကြောင်း အမည်းကို ဖယ်ထုပ်ပစ်ပါ။
 

ကြိတ်စက်ဖြင့် သော်လည်းကောင်း၊
ငရုတ်ဆုံဖြင့် -
ကြက်သွန်ဖြူ - ၅ မွှာ
ငရုတ်သီးစိမ်း - ၈ တောင့်
ပါးပါးလှီးဖြတ်ထားသော နံနံပင် - ထမင်းစားဇွန်း ( ၃ ) ဇွန်း
 

ညက်နေအောင် ကြိတ်ထားသော ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင် ပန်းကန်ထဲသို့
သကြား - ထမင်းစားဇွန်း ( ၁ ) ဇွန်း
ငံပြာရည် - ထမင်းစားဇွန်း ( ၃ ) ဇွန်း
သံပုရာရည် - ထမင်းစားဇွန်း ( ၃ ) ဇွန်း
ထည့်မွှေထားသော ပန်းကန်ထဲသို့
 

ပုဇွန်များ ထည့်မွှေပီး
၅ မိနစ် မှ ၁၀ မိနစ် နှပ်ထားပါ။
 

တခြား အစာများလည်း ထပ်ထည့်လို့ ရပါသေးတယ်။
ပူစီနံ၊
ပါးပါးလှီးထားသော ကြက်သွန်နီ၊
အစေ့မပါ ပါးပါးလှီးထားသော ခရမ်းချဉ်သီး၊
ပါးပါးလှီးထားသော ထောပတ်သီး၊
ပါးပါးလှီးထားသော စပါးလင်၊
ပါးပါးလှီးထားသော မုန်လာဥနီ
 

ချဉ်၊ စပ် အရသာ ပုဇွန် အစိမ်းသုပ်

** My blog - Colourful Recipe

2 comments :

NSA said...

တစ်ခါမှ မစားဖူးဘူး...
ပုံထဲ ကြည့်ရတာ အတော်လေးစပ်လိမ့်မယ်ထင်တယ်။
အစက်ကြောက်ပေမယ့် အသုပ်ကြိုက်တော့ ပုံကြည့်ပြီး သွားရည်တွေ စိမ့်လာတယ်။

THIRIYATANAR said...

@ NSA - ချဉ်စပ်လေး သုပ်ထားတာပါ။
ပုစွန်အစိမ်းကို သံပုရာရည်ထဲမှာ ၁၀ မိနစ် ~ ၁၅ မိနစ်လောက် နှယ်ပီး နှပ်ထားတာမို့ ပုစွန်က အချဉ်ဓာတ်ကြောင့် အသားလည်း အစိမ်း အရသာ မဟုတ်တော့ဘူး။
ထောပတ်သီး ပါ ထည့်သုပ်ရင် သိပ်မစပ်တော့ပါဘူး။

အမ သူငယ်ချင်း ဗြိတ်သားတွေဆို ငါးသလောက် ကို ရှာလကာရည်ထဲမှာ တညလောက် စိမ်ပီး ကြက်သွန်နီ၊ ရှောက်သီး၊ ငရုတ်သီးစိမ်း၊ ဆီချက် နဲ့ ငါးသလောက်သုပ် စားတာ အရမ်း စားလို့ ကောင်းတာပဲ။