Wednesday, November 28, 2012

သားသား၏ စာမျက်နှာသစ်


သားသားကျောင်း - စာသင်ခန်းနှင့် မိတ်ဆက်ဖို့အတွက် သားသား၏ စတင်ခြင်းခြေလှမ်းများ


မမက သူ့မောင်လေး၏ ( ခေါင်းစဉ် အသစ် ) New Chapter  ခြေလှမ်းများကို အမှတ်တရ ဗီဒီယိုရိုက်ပီး မှတ်တမ်းတင်နေပါတယ်။


၎နှစ် ၉ လ သားလေး


ကွန်နက်တီကတ်မှာ - ဇန်န၀ါရီ၊ ၂၀၁၃ မှာ ၅ နှစ်ပြည့်တဲ့ ကလေးများ သူငယ်တန်း တက်လို့ရပါတယ်။
အမေရိကားမှာ State တခု နှင့် တခု အသက် အကန့်အသတ် - အပိုင်းအခြားနှင့် သူငယ်တန်းကျောင်းတက်ဖို့ ကွာခြားပါတယ်။
Connecticut - Jan, 2013
Florida -  September - 1, 2012
North Carolina - October - 16, 2012
California - December - 2, 2012
မြန်မာမှာဆိုရင် - ၆လပိုင်းမှာ ၅ နှစ်ပြည့်မှ သူငယ်တန်း တက်ခွင့်ရှိသလို
ILBC ကျောင်းမှာလည်း အောက်တိုဘာလမှာ ၅ နှစ်ပြည့်မှ သူငယ်တန်း တက်ခွင့်ရှိပါတယ်။
( ကလေးယူမယ်ဆိုရင် .. ကလေး ကျောင်းတက်ရမယ့် လ ပါ တွက်ချက် - စဉ်းစားပီး ယူတာ ပိုကောင်းပါတယ်။ )



အမှတ်တရ မှတ်တမ်းတင်နေသော မမ




သမီးလေး ... မှတ်တမ်းတင်ထားသော သားသား၏ ဘ၀အစ ... ပထမ ခြေလှမ်းများ



သားသား - သူငယ်တန်း စ မတက်ခင် တရက်ကြိုပီး စာသင်ခန်းနှင့် မိတ်ဆက်ပွဲ ကျင်းပပေးပါတယ်။


သူငယ်တန်း စာသင်ခန်းမှာ မိဘများ နှင့် ကလေးများ


စာသင်ခုံများ


စာအုပ်များ၊ စာရေးကိရိယာများနှင့် သင်ထောက်ကူ ပစည်းများ







Projector & Smart Board


သားသား colour ခြယ်၊ ပုံဆွဲနေတာ။ ဆံပင် ပုံဆွဲနေတာ။


သားသား အတန်းထဲက စာတိုက်ပုံး


သားသား နာမည်နှင့် ကျောပိုးအိတ်၊ အနွေးထည် ချိတ်ဖို့ နေရာ


သားသား - ကိုယ်တိုင် ကျောပိုးအိတ် ချိတ်နေစဉ်




Projector & Smart Board

ကျောင်းကို စာသင်ခန်း မိတ်ဆက်ပေးဖို့ သွားရင်းနှင့် School supplies တွေပါ ယူသွားပါတယ်။
ကျောင်းမတက်ခင်ကတည်းက အိမ်ကို စာပို့ထားပါတယ်။ ကလေးများ ကျောင်းစတက်သည့်အချိန်မှာ ကျောင်းကို ယူဆောင်လာရမည့် စာရေးကိရိယာများ -
သားသား ကျောပိုးအိတ်ထဲမှာ ထည့်ပေးပီး .. ကျောင်းရောက်တော့ ...  ခြင်းတောင်း ထဲ အမျိုးအစားတူ သားသားကိုယ်တိုင် ထည့်ပေးလိုက်ပါတယ်။


သားသား Last Name နာမည် အစ က L မို့ .. ဒီ List ထဲက စာရင်းအတိုင်း ၀ယ်ပီး ကျောင်းမှာ ပေးလိုက်ရုံပါပဲ။


သူငယ်တန်း ... အတန်းထဲမှာ နှစ်စ ထဲက ဘုံ သဘောမျိုး .. စာရေးကိရိယာတွေ စုထားလိုက်တာပါ။





အိမ်သာက သူငယ်တန်း စာသင်ခန်း ၂ ခန်းကြားမှာ ရှိပါတယ်။

School First Day …


( Thu )
( Fri )

အားမလျှော့နဲ့ ရောက်ရမည်။ ကြိုးစားတက်ပါမည်။


မောင်နှမ နှစ်ယောက် .. တစ်ယောက်ကို တစ်ယောက် လက်တွဲပီး ကျောင်းကားပေါ် တက်နေပုံ။


( School Lunch Box )





** My blog - Favourite Memories 

10 comments :

Nancy Moe Kaung said...

အမရေ ...

ကလေးတွေက ချစ်ဖို့ကောင်းလိုက်ကြတာ ...
ကျောင်းသွားတဲ့ ပုံစံလေးတွေက သူတို့ကို မြင်ရတာ ငယ်ငယ်တုန်းက မောင်နှမတွေ တူတူ ကျောင်းကားစီးပီး ကျောင်းတက်ခဲ့တဲ့ နေ့ရက်တွေကိုတောင် ပြန်အောင့်မေ့မိပါတယ်။

အမ ပိုစ့်အသစ်တင်ရင် ဒီဘက် ဘလော့စပေါ့မှာပါ တခါတည်း တူတူ တင်ပေးနိုင်မလားလို့ ...

ဘလော့ အသစ်က wordpress ဆိုတော့ ဘလော့စပေါ့ နဲ့ အမျိုးအစား မတူဘူးနော် ...

NSA said...

မောင်နှမ ၂ ယောက် အဖော်ရတယ် ..ကောင်းလိုက်တာ ... ။ သမီးက မောင်လေးကို အမြဲ ညှာတာေ ဖးမပုံလေး.. ဟိုး..ငယ်ငယ်လေး ပုံတွေ ထဲက သတိထားမိတယ်..။
သားကလေးက ကျောင်းသွားတာ ပြုံးပြုံးရွှင်ရွှင်နဲ့ ..ချစ်စရာလေး...။

NSA said...

မျက်လုံး မကောင်းလို့ word verify ၃ ခါတောင် လုပ်လိုက်ရတယ်

THIRIYATANAR said...

@ Nancy - လောလောဆယ် ... အမ တကယ်ကို မအားတာမို့ .. ပိုစ့် အသစ် သိပ် မတင်ဖြစ်ပါဘူး။

အကယ်လို့ ပိုစ့် အသစ် တင်ဖြစ်ခဲ့ရင်လည်း ... wordpress blog မှာပဲ တင်ဖြစ်မှာမို့ ...

စိတ်မကောင်းပါဘူး ညီမရယ် ...

@ NSA - word verification ပိတ်ပေးလိုက်ပီနော် ...

THIRIYATANAR said...

@ Nancy - Sorry, Nancy.

ကိုယ့်အိမ်လာလည်တဲ့လူကို စိတ်မကောင်းဖြစ်အောင် ပြောမိပြန်ပီ။

အမ .. အားရင် အားသလို ..

ဟိုဘက် ... ဘလော့အသစ်မှာ တင်ပီးသား ပိုစ့် အဟောင်းတွေ ..

ဒီဘက် ဘလော့အဟောင်းမှာ မတင်ရသေးတာတွေကို ပြန်တင်ပေးပါမယ်။

NSA said...

ကျေးဇူးပါ အစ်မ ... Word Verify မလုပ်ရတော့လို့ :)

THIRIYATANAR said...

@ NSA - ရပါတယ် ... NSA ရယ် ...
လိုအပ်တာရှိရင်လည်း ပြောနော် .... :)

Anonymous said...

Ma Ma Thet Nandar,
Merry X'mas and Happy New Year Ma!!

မမရေ.. သမီးလေးက လိမ်မာလိုက်တာ.. မောင်လေးကို ဂရုစိုက်နေတာများ လူကြီးလေးလိုပဲနော်.. ချောလည်း ချောလာတယ်. သားကတော့ သွက်မယ့်ပုံလေး.. Blog တွေ အရင်လိုလည်း မလည်ဖြစ်တော့ မမနဲ့လည်း အဆက်အသွယ်ပြတ်သလိုတောင် ဖြစ်သွားတယ်.. အခုလည်း ၀က်သားတုတ်ထိုးဆိုပြီး ရှာလိုက်ရင်း ဒီကို ရောက်လာပြီး တခြားပို့်စ်တွေပါ ထိုင်ဖတ်နေတာ.. :) မမရဲ့ colorful blog ကိုတော့ ခဏခဏ ၀င်ကြည့်ပြီး ဒီဘက်ကနေ သွားရည်ကျနေတာပါ.. အဲဒီမှာ မြန်မာအစားအစာတွေ အကုန်ရတယ်နော်.. ကောင်းလိုက်တာ.. :)

နုစံ

Unknown said...

အိပ်ချင်မူးတူးနဲ့ စာရိုက်နေတာ comment က ဘယ်ရောက်သွားလဲ မသိဘူးတော့. :P

သီရိရတနာ said...

@နုစံ ...

Japan က နုစံလားဟင် ...
အခု အမေရိကားမှာ စနိုးတွေကျနေတဲ့ ခရစ်စမတ်လေ ...
မိသားစု ရုပ်ရှင်ကြည့်ရင်းနဲ့ ဖေ့ဘွတ်ဂိမ်း ဆော့နေတာ ...
ဂျီမေလ်းကနေ ကွန်မန့်အသစ် ရောက်နေကြောင်း မေလ်း တက်လာတာ မြင်တာနဲ့ ဘလော့ဖွင့်ပီး comment approve လုပ်လိုက်တာပါ ...

I truly hope you and your family have a wonderful and safe Christmas and a very Happy New Year to The Nu San Family!!!

★˛˚˛*˛°.˛*.˛°˛.*★˚˛*˛°.˛*.˛°˛.*★Merry*★* 。*˛.
˛°_██_*.。*./ ♥ \ .˛* .˛。.˛.*.★* Christmas*★ 。*
˛. (´• ̮•)*.。*/♫.♫\*˛.* ˛_Π_____.♥The Nu San Family ♥ ˛* ˛*
.°( . • . ) ˛°./• '♫ ' •\.˛*./______/~\*. ˛*.。˛* ˛.*。
*(...'•'.. ) *˛╬╬╬╬╬˛°.|田田 |門|╬╬╬╬╬*˚ .˛ ...