Wednesday, November 28, 2012

ဝက်နံရိုးအစပ်ကင်


Spicy pork ribs


ဝက်နံရိုး ရှုးရှုးရှဲရှဲ အစပ်ကင်


ဝက်နံရိုး အစပ်ကင်


စားလိုက်ရင် လျှာလည်သွားပါမယ်။


အစပ် စားနိုင်သူများက ကြိုက်နှစ်သက်နိုင်ပေမယ့် အစပ် မစားနိုင်သူများက စားမိရင် ... မျက်ရည်တောက်တောက်ကျပါလိမ့်မည်။


ဝက်နံရိုးက ပျားရည် အရသာ အချိုနှင့် အတူ၊ လိမော်ရည် နှင့် သံပုရာရည် ကြောင့် အချဉ်အရသာ၊ အရသာရှိရှိ အရသာမှုန့်များဖြစ်သော ဆားနှင့် ငရုတ်ကောင်းမှုန့်ပါဝင်မှု့၊ အစပ်အရသာ ငရုတ်သီး အကြမ်းမှုန့် အပြင် ငရုတ်သီး အရောင်တင်မှုန့်ကို ထည့်နှယ်ပီး ကင်ထားတာမို့ အရသာက ချို၊ ချဉ်၊ ငံ၊ စပ် အရသာပေးပါတယ်။ စားလိုက်ရင် စပ်သွားပေမယ့် ပျားရည် နှင့် သံပုရာရည်၊ လိမော်ရည်ပါ ပါဝင်တာမို့ စပ်ပေမယ့် နံရိုးအသားက အချိုလေးတာမို့ ထပ်စားနိုင်ကြပါတယ်။


၎ပေါင်ကျော် ၀က်နံရိုး အသားတုံး


$1.99/lb
$8.70/4.37lb


oven 350ºF ကြိုဖွင့်ထားပါ။
ဝက်နံရိုးအသားကို -
ဓါးပြားရိုက် ကြက်သွန်ဖြူ -  ၅မွှာ
ပိုင်းဖြတ်ထားသော ငရုတ်သီးစိမ်း -  ၅ တောင့်
ဆား - ထမင်းစားဇွန်း ၂ ဇွန်း ( သို့မဟုတ် ) ၁ ဇွန်း
ငရုတ်ကောင်းမှုန့် - လက်ဘက်ရည်ဇွန်း ၁ ဇွန်း ( သို့မဟုတ် ) လက်ဘက်ရည်ဇွန်း တ၀က်
ငရုတ်သီး အရောင်တင်မှုန့်ကို မီးဖိုပေါ်မှာ မီးမြေးမြေး ဖြင့် လှော်ထားသော ငရုတ်သီး လှော်မှုန့် ( smoked paprika ) - လက်ဘက်ရည်ဇွန်း ၂ ဇွန်း
ငရုတ်သီး အကြမ်းမှုန့် - လက်ဘက်ရည်ဇွန်း ၁ ဇွန်း
ဆီ - ထမင်းစားဇွန်း ၄ ဇွန်းဖြင့် အသားထဲကို စိမ့်ဝင်သည်အထိ နှယ်ပါ။


ဝက်နံရိုးကို oven foil ဖြင့် လုံနေအောင် ထုပ်ပီး preheat oven မှာ 350ºF - 20 minutes ကင်ပါ။
oven foil ဖြင့် မိနစ် ၂၀ လောက် ကင်လိုက်ပီးရင် ..
oven tray ထဲကို ပြောင်းထည့်လိုက်ပါ။
အသားထဲက ထွက်လာသော အသားရည် နှင့် အတူ ...
လိမော်ရည် - ထမင်းစားဇွန်း ၄ဇွန်း
သံပုရည်ရည် - ထမင်းစားဇွန်း ၄ ဇွန်း
ပျားရည် - ထမင်းစားဇွန်း ၃ ဇွန်း လောင်းထည့်ပီး
ဝက်နံရိုး တဖက်စီကို oven 375ºF - 25 minutes ( two times ) စီ နံရိုးများကို လှည့်ပီး ကင်ပါ။


ချို၊ ချဉ်၊ ငံ၊ စပ် အရသာပေးသော ၀က်နံရိုး အစပ်ကင်ကို ရရှိပါပီ။


ကင်ပီး ထွက်လာတဲ့ ဆော့စ် အရည် အရသာက ငရုတ်သီး အရောင်တင်မှုန့် ကြောင့် နီရောင်သန်းနေပါလိမ့်မယ်။
သံပုရာ ၊ လိမော်ရည်ကြောင့် ချဉ်နေတဲ့ အရသာ
ကင်ထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီး အကြမ်းမှုန့် ကြောင့် အစပ်အရသာ ပါဝင်နေတာမို့ ၀က်နံရိုးအစပ်ကင် ကို အဲဒီဆော့စ်ဖြင့် တို့စားရင် စားလို့ ပိုကောင်းပါတယ်။


ငရုတ်သီး အစိမ်းမှုန့်


ငရုတ်သီး အရောင်တင်မှုန့်


မုန့်ဟင်းခါးထဲ ထည့်စားသော ငရုတ်သီး အကျက်မှုန့်လောက် ညက်နေအောင် မကြိတ်ထားသော ငရုတ်သီး အကြမ်းမှုန့်

** My blog - Colourful Recipe

0 comments :