Saturday, October 20, 2012

ကိုယ်ချင်းစာတတ်စေချင်တယ်။

အလုပ်က အပြန် .. ထမင်းစားရင်း အင်တာနက် ခဏ သုံးတယ်။
ဘလော့တခုမှာ မြန်မာက Private school အကြောင်း ရေးထားတာတွေ့တယ်။
ပထမဦးဆုံး သမီး ဓာတ်ပုံကို သူ့ ဘလော့မှာ ရုတ်တရက် တွေ့လိုက်တော့ စိတ်မကောင်းဘူး။
တကယ် ၀မ်းနည်းတယ်။

ကိုယ်တို့နဲ့ ... ဘာမှလည်း မဆိုင်ဘူး။

အဲဒီလူတွေကို ကိုယ်မသိပါဘူး။
မြန်မာ့ အကျိုးပြုစာတွေ ရေးနေတဲ့ လူတွေပါပဲ။

မြန်မာ အကျိုးပြုစာများ ရေးသားသော သူများ ... သူတပါး မိသားစု၏ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံများကို ပိုစ့်တင်သင့် မတင်သင့် စဉ်းစား၊ ချင့်ချိန်နိုင်သော .. ကိုယ်ချင်းစာနာစိတ်များ ထားတတ်ကြရင် သိပ်ကောင်းမှာပဲ။

အဲဒီ ဓာတ်ပုံ တပုံ ဟာ .. သမီးလေး ပုံ အပြင် ... သမီး ၄ နှစ် သမီးကတည်း ILBC Preschool မှာ ခင်လာသော ... ငယ်သူငယ်ချင်းများ ဓာတ်ပုံလည်း ပါ ... ပါတယ်။ အခု ထက်ထိလည်း Facebook မှာ ခင်မင်နေတုန်း .. အဆက်အသွယ်လည်း မပြတ်ကြသေးပါဘူး။

အဲဒီ ဓာတ်ပုံဟာ ကိုယ့်ရဲ့ သီရိရတနာ ဘလော့မှာ ဆိုရင် မိသားစု အမှတ်တရ အချိန်လေးမို့ မိသားစု မှတ်တမ်း အနေနဲ့ တင့်တင့်တယ်တယ် ရှိနေပေမယ့် ... တခြား ... တနေရာမှာတော့ ...

ဘလော့မှာ ဓာတ်ပုံများ ကော်ပီ မကူးဖို့ တားမြစ်ထားပေမယ့်လည်း ....


Blog Link ..." မြတ်လေးငုံ "

http://myatlayngon.blogspot.com/2012/10/blog-post_6000.html



 Facebook Fan Page ... " People Development For Knowledge "

http://www.facebook.com/photo.php?fbid=433217250067851&set=a.308587945864116.72317.307904635932447&type=1 

Myanmar - ILBC Private School မှာ အင်္ဂလိပ်စာအပြင် ...  မြန်မာစာလည်း သင်ပါတယ်။ မြန်မာ့သမိုင်းလည်း သင်ပါတယ်။
2009 ခုနှစ် .. ဘလော့ အဟောင်းမှာ ရေးခဲ့ဖူးပါတယ်။

၂၀၀၀၉ ခုနှစ် အချိန်တုန်းက ရေးခဲ့ဖူးသော ပိုစ့်များ ....

အခုရက်ပိုင်း တကယ့်ကို မအားဘူး။ ခဏလောက် အင်တာနက် သုံးတာ ... တကယ်ကို စိတ်ညစ်သွားတယ်။

ကိုယ့်က အကျိုးပြု စာပေများကို မရေးသားပါဘူး။ ကိုယ်ရေးကိုယ်တာ .. မိသားစု အမှတ်တရ အချိန်လေးတွေကို အမှတ်တရ မှတ်တမ်းတင်တတ်တဲ့သူပါ။

ကိုယ့် ကိုယ်ပိုင် ဓာတ်ပုံ မဟုတ်ရင် ... ကျင့်ဝတ်နှင့် အညီ ( ဌား ) credit ပေးတတ်ရတယ်ဆိုတာ စာတတ်တဲ့သူတိုင်း သိပါတယ်။

2009 ခုနှစ် မှာ ရိုက်ထားသော ဓာတ်ပုံပါ။ အတန်းထဲမှာ ရိုက်ထားသော ဓာတ်ပုံတွေ အများကြီးထဲကမှ ... ပိုစ့် နှင့် မသက်ဆိုင်သော ဓာတ်ပုံကို ယူသွားပါတယ်။

My Blog Post ( Original ) ==> My Daughter's birthday -  2009 I.L.B.C - Birthday  


စကားလုံးတွေ အများကြီး မပြောချင်ပါဘူး။ လူတိုင်း နေရာ တစ်နေရာမှာ အောင်မြင်အောင် မနည်း ကြိုးစားထားရတာပါ။ ဘယ်သူ့မှ အလကား ရထားတာတွေ မရှိပါဘူး။

ဘ၀မှာ အောင်မြင်စွာ ရပ်တည်နိုင်အောင် ကြိုးစားနေသော ကလေးများကို အနှောင့်အယှက် မပေးပါနဲ့လား .... 


အဆက်အစပ် ဘလော့ပိုစ့်များ -



15 comments :

Candy said...

အင်း.. အဲ့လိုမလုပ်သင့်ဘူးနော်.. ကိုယ်ချင်းစာမိပါတယ် မမရယ်... ကန်ဒီဆိုလည်း စိတ်မကောင်းဖြစ်မိမှာ အမှန်ပဲ... မေ့မေ့ပျောက်ပျောက်ပဲ နေလိုက်ပါနော်.. ဒါမှ ကိုယ်စိတ်သက်သာရာ ရမှာလေ.. ဒီနောက်ပိုင်း စာရေးကျဲနေတယ်နော်... အလုပ်တွေ အရမ်းရှုပ်နေတယ် ထင်တယ်

Thameesan said...

ခံစားရတဲ့သူအတွက်ကော..
မသိတတ်တဲ့သူအတွက်ပါ
စိတ်မကောင်းဘူးအစ်မရယ်..
နောက်ကို..တင်တဲ့ပုံတိုင်းမှာ
ရေဆာစာလုံးလေးတွေသုံးကြည့်ပါလားအစ်မ








THIRIYATANAR said...

@ Candy & Thameesan,

အိမ်လာလည်တာကော ... မျှဝေ ခံစားပေးတဲ့ အတွက်ပါ ... အန်တီသက်က ကျေးဇူး အထူးတင်ပါတယ်။

အန်တီသက်အတွက် ... Myanmar bully တွေက ပိုကြောက်ဖို့ ကောင်းတယ်ဆိုတာ သိလိုက်ရပါတယ်။

သူတပါးရဲ့ ကိုယ်ရေးကိုယ်တာ မိသားစု ဓာတ်ပုံကို အလွှဲသုံးစား မသုံးရဘူးဆိုတာကို နားမလည်တာ။ စာမတတ်တာကို တကယ့် အံ့သြမိပါတယ်။

အကျိုးပြုဆိုပီး ခေါင်းစဉ်တပ်ပီး အလွှဲသုံးစားလုပ်တာ ခံလိုက်ရလို့ တကယ့်ကို စိတ်ထိခိုက်မိတာပါ။ တကယ့်လည်း ၀မ်းနည်းတယ်။ ဒီနေ့ ဒီအချိန်ထိ အင်တာနက်ပေါ်မှာ ဘယ့်သူ့ကိုမှလည်း bully မလုပ်ခဲ့ဖူးဘူး။

ဘလော့ရေးတာ 2007 ခုနှစ်ကတည်းက ၀ါသနာ အရ ရေးနေတာမို့ ...

အွန်လိုင်းပေါ်က ကိုယ့် မိသားစုအိမ်လေးအတွက် ... ပိုပီး စိတ်ထိခိုက်မိတာပါ။

သမီးလေးရဲ့ ငယ်သူငယ်ချင်းများနှင့် အတူ သူတို့နှင့် ပတ်သက်သော မိသားစုကိုလည်း အားနာပါတယ်။

ရေးထားသော Myanmar Private School အကြောင်းနှင့် သမီးလေး တက်ခဲ့သော ILBC ကျောင်း နှင့် မဆိုင်သလို ... ပိုစ့် နှင့် အတူ တွဲပီး တင်ထားသော သမီးလေးနှင့် ငယ်သူငယ်ချင်းများ ကျောင်းဓာတ်ပုံနှင့်လည်း လုံးဝကို မဆိုင်ပါဘူး။

ILBC ကျောင်းမှာ မြန်မာစာလည်း သင်တယ်။ မြန်မာ့သမိုင်းတောင် အင်္ဂလိပ်လို သင်ပေးတယ်။ Trip ကိုတောင် ပုဂံ ဘုရားဖူး သွားရင်းနှင့် ကျန်စစ်သား အကြောင်း ရှင်းပြတာမို့ ILBC ကျောင်းက ကလေးများ မဏိစနာကို သိသလို .. ကျန်စစ်သားကိုလည်း သိတယ်။ သမီးလေး ရန်ကုန်၊ တိုင်းရင်းသား ကျေးရွာမှာ ရိုက်ထားသော မဏိစနာ ၀တ်စုံနှင့် ဓာတ်ပုံလည်း အင်တာနက်ပေါ် တင်ထားပါတယ်။

Qt said...

တကယ် စိတ်မကောင်းဖြစ်မိပါတယ်
ုမြင်ရတဲ့ ကျူတီတောင်
ဒေါသတွေထွက်မိတယ်...
.တီတီသက် ဘယ်လိုခံစားရမယ်ဆိုတာ ကိုယ်ချင်းစာမိပါတယ်
သူတို့ရေးချင်တဲ့စာ သူတို့ပြောပြချင်တဲ့ အကြောင်းအရာအတွက် .....
အင်တာနက်ပေါ် တင်ထားလို့ ယူတယ်ဟာ ပုံစံမျိုး လုပ်သွားတာ
အဲ့လို မလုပ်သင့်ဘူး

လူလို သိတက်ရင်ပေါ့...

THIRIYATANAR said...

@ Qt - ကျေးဇူးပါ ကျုတီ, တကယ် ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံ နှင့် ပိုစ့် ...
ဖွဘုတ် ...
အားလုံး အဆက်အစပ် နှင့် ကြည့်ရင် သိသာပါတယ်။

တမင် တကာကို ဖွဘုတ်မှာ ... bully ကျဖို့ အတွက် ..

ဘလော့မှာ ရှိသော ...
ILBC ကျောင်း နှင့် ပတ်သက်သမျှ ဓာတ်ပုံများ နှင့် ... 2009 သမီးလေး မွေးနေ့ ILBC classroom ပိုစ့်မှာ ရှိသော ILBC ကျောင်း ဓာတ်ပုံတွေ ...

အားလုံးထဲကမှ ... တမင်တကာ bully ကျချင်လို့ အဲဒီ ဓာတ်ပုံကို ယူပီး ဖွဘုတ်မှာ share ထားတာပါ။

သိသိချင်း ... ဖွဘုတ် " People Development For Knowledge " ဖွဘုတ် ပေ့ခ်ျမှာ သွားပီး ဓာတ်ပုံ ဖြုတ်ပေးဖို့ ပြောလို့ ဖြုတ်ပေးပါတယ်။

ဘလော့ဂါ စိတ်ဓာတ်မရှိသော မြတ်လေးငုံကိုလည်း အဲဒီ မြတ်လေးငုံ ဘလော့မှာ ဖွဘုတ် လိပ်စာ တွေ့လို့ ကိုယ်ချင်းစာစိတ် ရှိမလားဆိုပီး ... Facebook ကနေ message လည်း ပို့ပီးပါပီ။ မဖြုတ်ပေးတဲ့အပြင် လုံးဝကို အရေးတယူလည်း မရှိ၊ ဂရုလည်း မစိုက်လို့ မြတ်လေးငုံ စိတ်ဓာတ်ကို အံ့သြမိပါတယ်။

သူ့ရဲ့ blog မှာလည်း Traffic Feed ရှိတယ်။
blogspot မှာလည်း Traffic Entry ရှိတယ်။ သိရဲ့သားနဲ့ တမင်တကာ bully ကျတာကိုလည်း အံ့သြလို့ မဆုံးပါဘူး။

သူ့မှာလည်း သမီးရှိရဲ့သားနဲ့ ကိုယ်ချင်းစာစိတ် မရှိတာကို အံ့သြတယ်။

Qt said...

တီတီသက် ...
မီးမီးလေးပုံ ဖြုတ်ပေးလိုက်ပီ...
စာတွေပဲရှိတော့တယ်...
ဖေ့ဘွတ်လင့်လည်း မရှိတော့ဘူး....
စိတ်မကောင်းဖြစ်မိပါတယ်
တီတီသက် ဘလော့က ဟင်းတွေ အလွဲသုံးစားလုပ်တာ
ဖွဘုတ်နဲ့ ရောသမဘလော့တွေထဲမှာ တွေ့နေရပေမယ့်
ပြောရ မြင်ရတာ မောလို့ မမြင်ချင်ယောင်ဆောင်နေခဲ့မိတယ်
family blog က ပုံတွေကို.... အလယ်ကနေဖြတ်ပြီး...ရေဆာ ရေးပြီး ကောင်းမယ် ထင်တယ်....

THIRIYATANAR said...

@ Qt ...

ဟုတ်ပါတယ်။
People Development For Knowledge - Facebook Fan Page က အန်တီသက် ကိုယ်တိုင် .. သွားပြောပီးပီးချင်း သူတို့တွေ ပိုစ့် နှင့် အတူ ဓာတ်ပုံကို ပြန်ဖြုတ်ပေးပါတယ်။

Facebook မှာ ... ဓာတ်ပုံ ပြောင်းပီး ပိုစ့်ကို ထပ်တင်လိုက်တာကို တွေ့ရပါတယ်။

ဒါပေမယ့် .. အဲဒီ Fan Page ကနေ ယူပီး ပိုစ့်တင်ထားတဲ့ မြတ်လေးငုံ ဘလော့က ဒီနေ့ထက်ထိ ဓာတ်ပုံလည်း မဖြုတ်ပေးတဲ့အပြင် .. အန်တီသက် ကိုယ်တိုင် .. မြတ်လေးငုံဆီကို Facebook Message လည်း ပို့ပီးပီ။ ဒါပေမယ့် လုံးဝ ကို အရေးမစိုက်လို့ မြတ်လေးငုံကို အံသြမိတာပါ။

အမှန်ဆိုရင် ... သူတို့တွေက မြန်မာ့အကျိုးပြု .. မြန်မာ့ ကောင်းစားရေးအတွက် ... ရေးနေကြ ... share နေကြတဲ့လူတွေပါ။

အတတ်နိုင်ဆုံး ကိုယ်တင်လိုက်တဲ့ ပိုစ့်မှာ ဓာတ်ပုံ သုံးရင် ... သူတပါး မိသားစု ၏ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံများကို မသုံးသင့်ဘူး။ မသုံးရဘူးဆိုတဲ့ ကျင့်ဝတ် .. အသိတရားလေး ရှိရင် သိပ်ကောင်းမှာပါပဲ။

နောက်တခု စိတ်ညစ်တာက .. အဲဒီ ဘလော့က နိုင်ငံရေး ဘလော့ဖြစ်နေတော့ မြန်မာ အကြောင်းဆို တခု မှ အကောင်းမပါဘူး။ အဲလို ပိုစ့်တွေကြားမှာ ... ကိုယ့်မိသားစု ဓာတ်ပုံ ပါသွားတော့ စိတ်ပူတာပေါ့ ...

တယောက်နှင့် တယောက် စိတ်ပိုင်းဆိုင်ရာ ခံစားချက်ခြင်း၊ အခြေခံခြင်း မတူပါဘူး။

ဥပမာ - အဲဒီ ဓာတ်ပုံ တပုံပါ ...
QT ဘလော့မှာ တင်ထားတာ ဆိုရင် ... QT ဘလော့ရဲ့ တည်ဆောက်ပုံ အရည်အသွေး နှင့် တီသက် ဘာမှ ပြောနေမှာ မဟုတ်ပါဘူး။

( ဥပမာ - ပေးတာနော်။ တီသက်ကို စိတ်မဆိုးပါနဲ့။ QT က ကိုယ်ပိုင် ဓာတ်ပုံပဲ တင်တတ်ပီး .. သူများဓာတ်ပုံဆို credit ပေးတတ်တဲ့လူဆိုတာကို သိပါတယ်။ ) ဒါဟာ ဘလော့ဂါတိုင်းရဲ့ ကျင့်ဝတ် နှင့် ဘလော့ဂါရဲ့ personality ပါပဲ။

မြတ်လေးငုံ ဘလော့က မြန်မာ့ နိုင်ငံရေးဘလော့ ... မြန်မာ့ အကြောင်းဆို .. ပိုစ့် မှန်သမျှ ... အကောင်းတခုမှ မရှိဘူး။ သတင်းတွေ ဆိုပေမယ့် ... အမည်မသိ ရေးသားသူများ၏ အာဘော်တွေ .. တဖက်သက် အရေးအသားတွေကြားမှာ ... မိသားစု၏ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံ တပုံ ပါသွားတာမို့ တီသက် စိတ်ညစ်သွားတာပါ။

Facebook မှာဆို ... ဖွဘုတ် လောက အကြောင်း ကောင်းကောင်းသိလို့ .. သိတာနဲ့ ချက်ချင်း လိုက်ပြောတာ။

ကံကောင်းသွားတာက .. အဲဒီ ပေ့ခ်ျ က လူ သိပ်မသိသေးသော ပေ့ခ်ျ .. Like 2000 ကျော်ပဲ ရှိသေးလို့ သိပ် မဖွ သွားတာပါ။

တီသက် အပေါ်မှာထားရှိတဲ့ QT ရဲ့ အချိန်တွေ အတွက် အရမ်း ကျေးဇူးတင်ပါတယ်။

အခု Connecticut မှာ လာမယ့် အောက်တိုဘာ ၂၉ မှာ Sandy Hurricane လာမှာမို့ ကြိုတင် ပြင်ဆင်နေရပါတယ်။

မနှစ်က စက်တင်ဘာလ ထဲမှာ ... ဟာရီကိန်း အိုင်းရင်း ...

မနှစ်က အောက်တိုဘာ ၂၉ မှာ October Snowstorm ...

ဒီနှစ် အောက်တိုဘာ ၂၉ မှာ ဆန်ဒီ ဟာရီကိန်း ...

အခု လာမှာက ဟာရီကိန်းမို့ .. တီသက်တို့ နေတဲ့ ရပ်ကွက်က သိပ်ပီး စိုးရိမ်ရတဲ့ နေရာမှာ မပါပေမယ့် မီး တပတ်လောက်များ ပြတ်မလားဆိုပီး စိတ်ပူနေတာမို့ ဒီက ကုန်ပဒေသာ ဆိုင်တွေမှာ ရေသန့်လည်း ပစည်းပြတ်နေပီ။ ready made food တွေ အသားဗူးတွေ၊ မီးစက်၊ ဖယောင်းတိုင်လည်း ပစည်းတွေ ပြတ်နေပါပီ။

အိမ်မှာ လိုရ မယ်ရ .. အားလုံး အသင့်ဆောင်ထားပါတယ်။

ပြူတင်းပေါက် မှန်က အစ .. တိတ်တွေနဲ့ x ပုံစံ လိုက်ကပ်ထားတယ်။ မနှစ်က လိုမျိုးပေါ့။
ရေးခဲ့ဖူးတဲ့ we are ready for hurricane irene .. ပိုစ့် နှင့် စနိုးမုန်တိုင်း တုန်းက မီးမရှိတဲ့မြို့တော် ပိုစ့်မှာ ရေးခဲ့ဖူးပါတယ်။

တီသက်တို့ နေရာက တောင် နှင့် နီးတာမို့ စနိုးမုန်တိုင်းဆို ကြောက်ရတယ်။

ရေနှင့် နီးတဲ့ နေရာတွေက ဟာရီကိန်းဆို သူတို့က ပိုကြောက်ဖို့ ကောင်းတယ်။





မေမြို့မိုး said...

အော်..အစ်မ..ခုမှ ၀န်ခံရတော့မယ်..ကျွန်တော် တကယ်မသိလို့ပါ..။ Facebook မှာအစ်မဆီကပုံတစ်ပုံယူပြီးရှယ်ဖူးတယ်..။ဒါပေမယ့်
အစ်မဘလော့က ယူပြီးရှယ်ကြောင်းကြေငြာထားပါတယ်.။
တကယ်လို့အစ်မခွင့်မပြုရင်ကျွန်တော်ပြန်ဖြုတ်ပေးပါ့မယ်.။
ကိုယ်ရေးကိုယ်တာပုံတွေကိုတော့ လုံးဝ မသုံးပါခင်ဗျာ.။ ဒါက Privacy နဲ့ငြိတာပါပဲ.။ အစ်မဘလော့ကိုဟိုးအရင်ကတည်းကလည်းလာပါတယ်.။ တန်းပလိတ် အနီရဲရဲလေးကတည်းပါ.။ အခုပို့စ်ကိုဖတ်မိတော့ အရမ်းအားနာသွားတာပါ..။
ပုံလင့်ခ်က ဒီမှာပါအစ်မ.။
https://www.facebook.com/photo.php?fbid=105471122942897&set=pb.100004400285952.-2207520000.1351386950&type=3&theater

THIRIYATANAR said...

@ မေမြို့မိုး ...

ဓာတ်ပုံကို Credit ပေးလို့ ပြန်ပီးတောင် ကျေးဇူးတင်ရပါအုံးမည်။

အခုက မိသားစု ကိုယ်ရေးကိုယ်တာ ဓာတ်ပုံ ဖြစ်နေတာတကြောင်း၊ ပိုစ့် နှင့် မသက်ဆိုင်ပဲ ဓာတ်ပုံကို တင်ထားတာ မို့ပါ။

ဖွဘုတ် အကြောင်းလည်း မေမြို့မိုး သိမှာပါ။

တမင်တကာ bully ကျချင်လို့ကို အဲဒီ ဓာတ်ပုံ တပုံတည်းကို ရွှေးထုတ်ပီး ဖွထားတာပါ။

ဘလော့က အစားအသောက် ဓာတ်ပုံများက ယူလို့ရပါတယ်။ Credit ပေးမယ်ဆို ကိုယ်ကတောင် ပြန်ပီး ကျေးဇူးတင်ကြောင်း ပြောမိမှာ အမှန်ပါပဲ။

အခကြေးငွေ ဖြင့် ယူသော ဂျာနယ်တို့ မဂဇင်းတို့ဆိုရင်တော့ လုံးဝ ခွင့်မပြုသလို ကြော်ငြာပါသော ၀ပ်ဆိုဒ်ဆိုရင် ဆောရီးပါ။

အခုက ကိုယ်ရေးကိုယ်တာ မိသားစု ဓာတ်ပုံမို့ ဘလော့ဂါ ကျင့်ဝတ်နှင့် အညီ ယူမသုံးသင့်ပါဘူး။
ကိုယ်ချင်းစာစိတ် ရှိမယ်ဆိုရင် သူတပါး မိသားစုရဲ့ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံကို မြန်မာ့အရေး .. မကောင်းပြောဆိုထားသော ပိုစ့် နှင့် အတူ တွဲပီး မတင် သင့်ပါဘူး။

ပိုစ့် ပါ အကြောင်းအရာ နှင့် သမီးလေး မြန်မာ မှာ တက်ခဲ့သော ILBC ကျောင်းနှင့်လည်း မသက်ဆိုင်ပါဘူး။


san htun said...

တီသက်ရေ.ဟုတ်ပါ့ ကိုယ်ချင်းစာတတ်စေချင်တယ်..ခွင့်ပြုချက်မတောင်းဘဲ ဓာတ်ပုံတင်တာ လွန်တယ်..တီသက်တို့  မိသားစု ဆန်ဒီမုန်တိုင်းဘေးက ဝေးပါစေ..အားရင် ဟင်းချက်နည်းတွေ တင်ပါဦး အမ..

THIRIYATANAR said...

@ San Htun

ကိုယ်ချင်းစာနာပေးလို့ ကျေးဇူး အထူးတင်ပါတယ်။

သူတပါး မိသားစု စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ပီးမှ ကာရာအိုကေသီချင်းဆို ပျော်နေတဲ့လူစားမျိုး ( Myanmar Political Blogger ) မိန်းမကိုလည်း တွေ့ဖူးသွားပါပီ။

kokoseinygn said...

မိသားတစ်စုလုံး ဘေးကင်းကြပါစေဗျာ
ကိုယ်စိတ်နှပါးလုံးအေးချမ်းသာယာပြီးကောင်းသောလိုရာဆန္ဒ
အားလုံးနဲ့ပြည့်စုံကြပါစေ။

THIRIYATANAR said...

@ Ko Ko Sein - YGN

မင်္ဂလာ ရှိလိုက်တာ .. အကို ...
ကျေးဇူး အထူးတင်ပါတယ်။

ကျွန်မရဲ့ သီရိရတနာ မိသားစု အမှတ်တရ ဒိုင်ယာရီလေး .. အမြဲတမ်း မင်္ဂလာရှိပီး ... ပျော်ရွှင်ဖွယ် မိသားစု အမှတ်တရပိုစ့်လေးတွေပဲ အမြဲ ပိုစ့်တင်ချင်တာပါ။

အကိုရဲ့ ဆုတောင်းကြောင့် .. မိသားစု အားလုံး Connecticut မှာ မီးလည်း မပျက် .. Hurricane Sandy နှင့်လည်း မကြုံဆုံရ .. ဘေးကင်း ကျန်းမာပါ၏။

အကိုတို့ မိသားစု အားလုံး .. ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး .. ကျန်းမာ၊ ချမ်းသာပါစေကြောင်း သီတင်းကျွတ် မင်္ဂလာရက်မြတ်မှာ ဆုတောင်း မေတ္တာပို့ သလိုက်ပါတယ်။

Thu said...

မမရေ..ခုလိုကြားရတာစိတ်မကောင်းပါဘူး။
မမဘလော့ဂ်ကိုခဏခဏတော့လာလည်ဖြစ်ပါတယ်။
ခုမှဒီပို.စ်လေးဖတ်ဖြစ်လို.ပါ။
International schoolမှာမြန်မာစာမသင်ဘူး။မြန်မာ့ယဉ်ကျေးမှု မသင်ဘူးဆိုတာကို သူဘယ်လောက်သိလို.လဲ။
ဆရာမတွေတောင်မြန်မာဝတ်စုံကိုဝတ်ရတာပါ။စကတ်လုံချည်အကွဲဝတ်ခွင့်မရှိပါဘူး။ဒေါက်ဖိနပ်၊လက်သည်းနီခွင့်မပြုပါဘူး။ဘာလို.ဆရာမတွေကို ဒီလိုတားထားတာတုန်းဆိုတော့ ကလေးတွေကိုအနီးကပ်အတုယူစရာမမှားအောင်ပါ။ကလေးတွေကျလုပ်ရမယ်။ဆရာမတွေကျနေချင်သလိုနေဆိုတာမျိုးကျွန်တော်တို.ILBCမှာမရှိပါဘူး။ မြန်မာ့ရိုးရာပွဲလမ်းတိုင်းကိုလဲကျောင်းမှာလုပ်ပေးပါတယ်။မြန်မာ့အစားအစာရောင်းပွဲတွေလဲနှစ်တိုင်းလုပ်ပါတယ်။သူကInternational schoolအကြောင်းပြောချင်တယ်ဆိုရင်သေသေချာချာလေ့လာပြီးမှပြောသင့်ပါတယ်။ဒီလိုကျောင်းဝတ်စုံနဲ.ကလေးပုံကိုယူသုံးပြီး ဝါးလုံးသိမ်းပြောတာကတော့မကောင်းပါဘူး။
သူ.ထဲကိုကွန်.မန်.နဲ.ဝင်ပြောချင်ပေမယ့်ပိတ်ထားလို.မပြောခဲ့ရပါဘူး။
ဒီလိုသူများဓါတ်ပုံတွေကို ဗရမ်းဗတာယူသုံးပြီးပြောတာတော့မကောင်းပါဘူး။
မမအတွက်လဲစိတ်မကောင်းပါဘူးမမရေ.
နောက်ခါ ရေစာလေးတွေထည့်သုံးပေါ့မမရေ။

THIRIYATANAR said...

@ Thu ...

ကွန့်မန့်အတွက် ကျေးဇူးတင်ပါတယ်။

2008၊ 2009၊ 2010 အမ တောင့်လျှောက် .. သမီးလေး ကျောင်းတက်နေတဲ့ ILBC ကျောင်းဓာတ်ပုံတွေ update ပိုစ့် တင်နေခဲ့တာပါ။
ILBC school concert, science fair, fun fair, pay homage ceremony, trip, sport ပိုစ့်တွေ blog မှာ ... update တင်လာတာပါ။
ဖွဘုတ်ခေတ် 2012 အမေရိကားမှာ ကျောင်းလာတက်တဲ့ အချိန်မှာ .. 2009 ခုနှစ်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံနှင့် ဖွဘုတ်မှာ ဖွသွားတာပါ။

Facebook Fun Page " People development For Knowledge " က အရင်ဦးဆုံး ..
" နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကစာသင်ကျောင်းများ မိခင်စာပေနှင့် ဘာသာစကားကို စိန်ခေါ်နေပြီလား?" ပိုစ့် နှင့် အမရဲ့ မိသားစု ကိုယ်ရေးကိုယ်တာ ဓာတ်ပုံကို တွဲပီး တင်ထားတာပါ။
အမ သိ သိချင်း .. သွားပြောပါတယ်။ နာရီပိုင်း အခြားမှာ .. အဲဒီ Fun page က ဓာတ်ပုံကို ဖြုတ်ပေးပါတယ်။
ရေးသားသူ အမည်မသိ နှင့် ပိုစ့်တင်သူ အမည်မသိ၏ ကျင့်ဝတ် မရှိ .. ဖွခြင်း သပ်သပ်ပါပဲ။

မြတ်လေးငုံ ( myanmar political blogger ) က အဲဒီ FB Fun Page ကနေ ယူပီး သူမ၏ ဘလော့မှာ copy and paste လုပ်ပါတယ်။
မြတ်လေးငုံ ဘယ်သူလဲး ဆိုတာကို အမလည်း မသိပါဘူး။
သူမ ရဲ့ ဘလော့မှာ FB လိပ်စာ နှင့် အတူ gmail တွေ့ပါတယ်။
mail က သတင်းပေးပို့လိုလျှင်ဖြင့် ဆိုတော့ mail ကို မပို့တော့ဘူး။
အမက သူမဆီကို ဖွ သတင်း ပေးပို့မှာ မဟုတ်ဘူးလေ။
အမရဲ့ ကိုယ်ရေးကိုယ်တာ မိသားစု ဓာတ်ပုံကို နေ့စဉ် လူ ၀င် လူ ထွက် များပြားတဲ့ သူမ၏ ဘလော့မှာ ပိုစ့်နှင့် မသက်ဆိုင်တာမို့ .. ကိုယ်ချင်းစာစိတ်ရှိမယ်ဆိုရင် ဖြုတ်ပေးဖို့ FB ကနေပဲ message ပို့လိုက်တာပါ။
FB ကို နေ့စဉ် မြတ်လေးငုံ သုံးတာ တွေ့ပေမယ့် ဓာတ်ပုံကို မဖြုတ်ပေးလို့ ..
Google ကို မြတ်လေးငုံ ဘလော့မှာ တင်ထားတဲ့ အမရဲ့ Family Personal Photo ကို ဖြုတ်ပေးဖို့ Report လုပ်လိုက်ပါတယ်။ Report လုပ်ပီး ရက်ပိုင်း အကြာမှာ Google က ဓာတ်ပုံကို block လိုက်ပါတယ်။ Google ရဲ့ Location က Mountain View, California ပါ။

အမ အံ့သြတာက .. မြတ်လေးငုံက ဘလော့ရေးနေတာ အနည်းဆုံး ၃ နှစ်လောက် ရှိမယ်။ ပီးတော့ ဘလော့မှာ Trafic Feed လည်း ရှိတယ်။ အမ ဘလော့ကနေ အဲဒီနေ့မှာ မြတ်လေးငုံ ဘလော့ကို သွားကြည့်ကြတဲ့ လူတွေ အများကြီးပါပဲ။ Refer from ဘလော့ လိပ်စာလည်း မြင်နေရပါတယ်။ ဘယ်လို နိုင်ငံရေးဘလော့ဂါလည်း မသိဘူး။ သူ့ကို အမ လုံးဝ ကို မသိတာတော့ အမှန်ပဲ။ အခုမှ မြင်ဖူးတယ်။

2007, 2008 မှာ ရေးတဲ့ wordpress blog ခေတ်တုန်းကတောင် ဒီလိုမျိုး မကြုံဖူးဘူး။ အခု ဖွဘွတ်ခေတ်ကြမှ ကြုံရတာမို့ တကယ်ပါ ... အဲဒီ ရက်တွေတုန်းက အမ အိပ်လို့တောင် မပျော်ဘူး။