Wednesday, August 1, 2012

ဖရဲသီးခြင်းတောင်း


အိမ်နီးချင်း လင်ဒါ လက်ဆောင်ပေးတဲ့ ဖရဲသီးခြင်းတောင်း


တံခါးဝမှာ လင်ဒါကို ဖရဲသီးခြင်းတောင်းနဲ့ တွေ့တော့ အံသြသွားမိတယ်။ သူမရဲ့ အချိန်၊ ဖော်ရွှေမှု နှင့် respect ကိုလည်း နှစ်ခြိုက်မိပါတယ်။

ကိုယ် သူမကို အစားအသောက်များ လက်ဆောင်ပေးတိုင်း .. သူမက ပန်းကန်များကို ပြန်လာပေးတဲ့အခါမှာ ကျေးဇူးတင်ကြောင်း ပိုစ့်စကတ်ပြားလေးမှာ စာ အမြဲတန်းရေးပီး ပေးတတ်ပါတယ်။


ကိုယ် ... တို့ ငယ်ငယ်တုန်းက လိမော်သီးကိုပဲ ခြင်းတောင်းပုံစံ လုပ်ပီး စားတတ်နေတာလေ။ ဒီလိုမျိုး ဖရဲသီး အကြီးကိုကျတော့ ခြင်းတောင်းပုံစံ မလုပ်ဖြစ်ခဲ့ပါဘူး။

ရန်ကုန်မှာတော့ ဖရဲသီးကို အမျိုးမျိုး ပုံဖော်ပီး ဆွမ်းတော်တင်တတ်ကြပါတယ်။


ဖရဲသီးခြင်းတောင်း က လိမော်သီးခြင်းတောင်း လုပ်ရသလိုမျိုး လွယ်လွယ်လေးပါ။ အရင်ဦးဆုံး အလယ်အူကြောင်းကို ဓါးနဲ့ရာထားပီး .. လက်ကိုင် ကိုင်းကို အရင် ဓါးနဲ့ရာ ... ပီးမှ ဘေးနားဖက်ကို အရာ ပေါ်လွင်နေပီမို့ ဓါးနဲ့ နက်နက် ထိုးပီး မလိုအပ်တဲ့ ဘေး ၂ ဖက်က အသားတွေ ဖယ် ... အထဲက ဖရဲသီးအသားတွေကို ဖရဲသီး ကလော်တဲ့ ဇွန်း နဲ့ ခပ် ထုပ် ထုပ် သွားရင် တဖြည်းဖြည်းနဲ့ ဖရဲသီးခြင်းတောင်း ပုံပေါ်လာမှာပါ။ ပီးမှ ခြင်းတောင်ထဲမှာ အရည် စုပ် ဖို့ အတွက် တစ်သျှူး ခင်းပီး အပေါ်ကနေ ဖရဲသီးဘောလုံးတွေ စီလိုက်ရင် ရပါပီ ...

လိမော်သီးခြင်းတောင်းလည်း လုပ်နည်း တူတူပါပဲ ...


အိမ်က ကလေးများ အကြိုက် ဘေကွန် ...



အမဲသားမွှကြော်

0 comments :