Tuesday, August 7, 2012

ပဲငပိချက် ( အစပ် )


ပဲငပိချက်


ဆီ - 1/2 ခွက်
ကြက်သွန်ဖြူ - ၃ မွှာ
ကြက်သွန်နီ - ၁ ဥ
ဂျင်း - လက်တဆစ်
ခရမ်းချဉ်သီး - ၃ လုံး
ပဲငပိ ( soy bean paste with chilli ) - ထမင်းစားဇွန်း ( ၅ ) ဇွန်း
နံနံပင်


ပဲငပိ ( အစပ် )


ဆီ ... ခွက်တ၀က်ကို အပူပေးပီး .. ဆီကျက်ပီဆိုတာနဲ့ ကြိတ်ထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းထည့် ဆီသတ် ...
အရည်ရွှမ်း ခရမ်းချဉ်သီးမှည့် အနေတော်ကို ရှစ်စိတ်ခြမ်း ( ၃ ) လုံးကို ထည့် မွှေ ...
ခရမ်းချဉ်သီးများ လိပ်တက်လာအောင် အဖုံးခဏ အုပ်ပေးထားပီး
အပူငွေ့ကြောင့် ခရမ်းချဉ်သီးများ နူးသွားပီးမို့ ဟင်းချက်တဲ့ ဇွန်းနဲ့ ဖိပီး ခရမ်းချဉ်သီးများကိုချေပေးပါ ....
ခရမ်းချဉ်သီးများ ကြေသွားပီးဆိုတာနဲ့ ပဲငပိ ( အစပ် ) ပုလင်းထဲက ထမင်းစားဇွန်းနဲ့ ၅ ဇွန်း ထည့်မွှေပေးပါ။
ရေလေး အနည်းငယ်လောက် ခပ်စပ်စပ်လေး ဖြန်းပေးပီး အဖုံး ခဏအုပ်ထားပါ။
ပွက်ပွက်ဆူပီဆိုတာနဲ့ ပါးပါးလှီးထားသော နံနံပင် အုပ်ပီး ချက်ပါ။

..... ။။။ ..... ။။။ .....

  • ပဲငပိချက်ကို ဆီများများနဲ့ ပဲငပိ ချက်ချင်တယ်။ ပဲငပိက ဆီများများနဲ့ ချက်ရင် ပဲငပိ အငန် အရသာထဲမှာ ဆီများ စိမ့်ဝင်နေတာမို့ ထမင်းနဲ့ နှယ်စားတဲ့ အခါမှာ ဆီဝ နေတဲ့ ပဲငပိဟာ အရသာ စိမ့်နေတာပါပဲ .. ပဲငပိ အရသာ လေးလေးပင်ပင် နဲ့ စိမ့်စိမ့်လေး အရသာမျိုး ... အဲလိုမျိုး ကြိုက်တတ်ရင် .. ဆီကို ခွက် တ၀က်ကျော် ( ၂/၃ သုံးပုံ နှစ်ပုံ ခန့် ဆီသတ်ပီး ချက်ပါ )

  • အငန်ကို ပိုကဲအောင် .. ခံတွင်းရှင်းပီး ခံတွင်းလိုက်ချင်သပ ဆိုရင် ... ပဲငပိအိုး ကျက်ခါနီး နံနံပင် မအုပ်သေးခင်မှာ မန်းကျည်းမှည့်ရည် ပြစ်ပြစ် - ထမင်းစားဇွန်း နဲ့ ၂ ဇွန်းလောက် ထည့်ချက်ပီးမှ နံနံပင် အုပ်ပါ ... ( အဲဒါဆို ပဲငပိချက်က ချဉ်၊ ငံ၊ စပ် အရသာဖြစ်ပီး မန်းကျည်းသီးမှည့်အရသာကြောင့် ခံတွင်းလည်း လိုက်ပါတယ် )

  • ပဲငပိချက်ကို အရည်သောက်လိုမျိုး အရည် ကျဲကျဲလေးနဲ့ ချက်ချင်သပ ဆိုရင်လည်း ခရမ်းချဉ်သီးများ လိပ်တက်ပီး ပဲငပိ ( ၅ ) ဇွန်း ထည့်မွှေပီးတဲ့ အခါမှာ အရည်စပ်စပ် ဖြန်းရုံ မဟုတ်ပဲ .. ရေ တခွက်လောက် ထည့်ချက်ပါ .. ပွက်ပွက်ဆူမှ နံနံပင် အုပ်ပေါ့ .. ဒါဆို ပဲငပိချက်က အရည်သောက် မပြစ်မကျဲ အနေနဲ့လည်း စားလို့ ကောင်းပါတယ်။ ခပ်စပ်စပ်လေး စားချင်ရင်လည်း ... ငရုတ်သီးစိမ်း ထက်ခြမ်းခွဲပါ ထည့်ချက် ... လို့ ရပါသေးတယ်။



ဒီနေ့ အိမ်မှာ ချက်တဲ့ ပဲငပိချက်က ဆီ နှင့် ရေလည်း အနေတော် ပုံမှန်ပါပဲ ...
ဆား၊ ဟင်းခတ်မှုန့် ထပ်ကူစရာ မလိုပါဘူး။ ဗီယက်နမ် ဆိုင်က ၀ယ်လာတဲ့ ပဲငပိဗူးက အရသာ ပြင်ထားပီးသားမို့ အဆင့်သင့် ပဲငပိ ဆီပြန်ချက်ဟင်း ချက်လိုက်ရုံပါပဲ ....


ပဲငပိချက်



ပဲငပိ အဖတ်တွေ မြင်သာအောင် ဓာတ်ပုံရိုက်ချင်တာ သိပ် မသိသာဘူးဖြစ်နေတယ်။ အရသာကတော့ လေးလေးပင်ပင် စိမ့်စိမ့်လေးနဲ့ ထမင်းနဲ့ နှယ်စားပီး ... တို့စရာ သခွါးသီး အကြွပ်သီး ( သခွါးသီး အလုံးသေးသေး ) နဲ့ တို့စားရင် တော်တော် အရသာ ရှိပါတယ်။



ဂျူးမြစ် ( ရေခဲသေတာ ထဲမှာ ရှာရှည် အထားခံအောင် ဂျူးမြစ် တစည်းဆီကို တစ်သျူးနဲ့ လိပ်ပီး၊ ပလတ်စတစ်နဲ့ ထုပ်သိမ်းရင် ... တစ်သျှူးက ရေစုပ် သွားတာမို့ အအေးလည်းရတယ်။ ဟင်းသီးဟင်းရွက်လည်း မနွမ်းလွယ်ဘူး။ ကြာရှည်လည်း ခံတယ် )



ဂျူးမြစ် နှင့် ပဲငပိချက်

0 comments :