Thursday, August 2, 2012

ကန်စွန်းရွက် ချဉ်ရည်ဟင်း



သုံးထပ်သား ၀က်စတူး ~

ဝက်သား သုံးထပ်သားကို ရေသေချာဆေးပီး အနေတော် အသားတုံး တုံးပီးတာနဲ့ ဆား၊ ဟင်းခတ်မှုန့် နှင့် အရင်နှယ်ထားပီး ... ပဲငံပြာရည် အနောက်နဲ့ နှယ်ထားပေးပါ။

ဆီ အနည်းငယ်ထည့်ထားတဲ့ ဒယ်အိုးထဲမှာ ဆီကို အပူပေးပီးတာနဲ့ သကြား ၂ ဇွန်းထည်။ သကြားများ အရည်ပျော်သွားအောင် ယောင်းမနဲ့ မွှေ ... သကြားအရည်ပျော်တာနဲ့ တပြိုင်နက် သုံးထပ်သားများထည့်ပီး နီယောင်သန်းလာတဲ့ အထိ ၀က်သား သုံးထပ်သားကို သကြား ဆီပူရည်ထဲမှာ ထည့်ပီး မွှေ ထားလိုက်ပါ။

ပီးမှ ကြက်သွန်ဖြူ၊ ဂျင်း ဓါးပြားရိုက်တို့နှင့် အတူ နာနတ်ပွင့်ကို ထည့်ပီး ခဏလောက်မွှေပေးထားပါ။

ရေကို အသားတုံးမြုပ်ရုံထည့်ပီး ၃ ရေ လောက် သုံးထပ်သားများ နူးမြေ့တဲ့ အထိ မီးမြေးမြေး ( အလယ်မီး ) ဖြင့် ချက်ထားပါ။

နောက်ဆုံး ဆီပြန်လာခါနီးမှာ မီးဖိုမီးပိတ်ပီး ခြွေထားသော ကန်စွန်းရွက်များ ထည့် .. မွှေပေးပါ။

ကန်စွန်းရွက်များက နူးလွယ်တဲ့ အတွက် ပူနေသော ၀က်သား သုံးထပ်သားများနှင့် ရောမွှေပီး ဟင်းအိုး အဖုံးပိတ် လိုက်တာနဲ့တင် ကန်စွန်းရွက်များက စားလိုရတဲ့ အနေအထား ကျက်သွားပါပီ။


သုံးထပ်သား ၀က်စတူး



ဆီ ၁ ဇွန်းလောက် ထည့်ထားသော ဟင်းအိုးကို မီးဖိုပေါ်မှာ အပူပေး .. ဆီပူပီ ဆိုတာနဲ့ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထည့်မွှေ၊ ငရုတ်သီး အရောင်တင်မှုန့် အနည်းငယ်ထည့် မွှေ .. ပီးမှ ပါးပါးလှီးထားသော ခရမ်းချဉ်သီး ထည့်လုံး .. ခြွေထားသော ကန်စွန်ရွက်များ ထည့်မွှေ ... 

( ခရမ်းချဉ်သီး ) အသီး အရွက်များ ( ကန်စွန်းရွက်များ ) နွမ်းသွားပီ ဆိုမှ ပုစွန် ငပိ အနည်းငယ်ကို ရေဖျော်ထည့်ပီး ထည့်လုံး ... ပီးမှ ရေထည့် .. ငရုတ်သီးစိမ်းတောင့်များ အညှာခြွေထည့်၊ ဆားထည့်၊ ဟင်းခတ်မှုန့်ထည့်၊ ချဉ်ရည်ဟင်းရည်အိုး ကျတဲ့ အထိ .. ချဉ်ရည်အိုး ပွက်ပွက်ဆူအောင် တည်ပီးမှ မန်းကျည်းမှည့်ရည် ထည့် .. ( အပေါ့ အငံ မြည်း ) နံနံပင် အုပ် ချက်ထားသော ကန်စွန်းရွက် ချဉ်ရည်ဟင်း ...


ကန်စွန်းရွက် ချဉ်ရည်ဟင်း


ချဉ်ရည်ဟင်း နှင့် လိုက်ဖက်ဖို့ ငပိရည် နှင့် မျှစ်၊ ရုံပတေသီးပြုပ်၊ ငရုတ်သီးစိမ်း


ထမင်းကို ငပိရည်ဆမ်းပီး ချဉ်ရည်ဟင်းထည့် ... တို့စရာ မြုပ်ပီး စားသောက်ရတာကို နှစ်သက်ပါတယ်။

0 comments :