Wednesday, August 8, 2012

Favourite TV Series


တီဗီကြော်ငြာ


အသက်ကြီးတဲ့လူတွေအတွက် ... တနည်းအားဖြင့် လမ်းကောင်းကောင်း မလျှောက်နိုင်တော့တဲ့ လူကြီးတွေ ( disabled people ) အတွက် ခလုတ်ပါတဲ့ scooter .. ကြော်ငြာ ... လှေကားတွေ ဘာတွေကိုလည်း အဲဒီ Scooter နဲ့ ဘေးတိုက်ကြီး ထိုင်ရက်နဲ့ တက်သွားလို့ရတယ်။ 


ကလေးတွေကို ကျောင်းပိတ်ရက် လိုက်ပို့ပေးမယ့် Museum http://www.thechildrensmuseumct.org
 


ဒီ TV Series က my Favourite TV series ပါ။  သဘောကျတယ်။ အမှု အသွားအလာကို တယောက်နဲ့ တယောက် အခြေအတင် စကား ပြိုင်ငြင်းရင်း လူတွေအကြောင်းကို ရိုက်ထားတဲ့ ဇာတ်လမ်း။ တခါတလေ ပြသနာလေး သေးသေးမွှားမွှားကို ပုံကြီးချဲ့ပီး ရုံးရောက် ဂတ်ရောက်သွားတဲ့ အမှုမျိုးတွေ ... ခွေးကို လုနေတဲ့ အမှုမျိုးတွေ နဲ့ အိမ်နီးချင်း ပြသနာတက်တဲ့ အမှုမျိုးတွေ ... အထူးသဖြင့် မိန်းမ အမှုတွေ များတယ်။


သူတို့ စကားပြောတာ ပိုရှင်းလင်းပီး နားလည်အောင် TV မှာ English Subtitle ဖွင့်ထားလိုက်တယ်။ ကြည့်ရတာ မျက်စိရှုတ်တယ်။ အမြင်မရှင်းဘူး။ ပိတ်ချင်တယ်ဆိုလည်း ရပါတယ်။ 
တခါတလေကျရင် အပေါ်က ဓာတ်ပုံလိုမျိုး စကားပြော စာသားတွေကြောင့် လူတွေ မျက်နှာ ဖုံးနေတတ်ပါတယ်။


နောက် series က အိမ်က ပရိဘောဂတွေ ပျက်ဆီးနေလို့ အသစ်ပြင်ဆင်ချင်တယ်။ ပိုက်ဆံလည်း သိပ်အများကြီး မကုန်တဲ့ Home decoration မျိုး။ အိမ်ရှင်လင်မယားနဲ့ ဒီဘက်က မဲမဲက Home decoration လုပ်ပေးမယ့်လူ ...


ဗီဒိုတွေ ပျက်ဆီးနေတာ။ ခုံတွေ ပေါက်ပြဲနေတာ။ စားပွဲတွေ ပွန်းနေတာကို ... 
အသစ်ဖြစ်အောင် ဆေးသုတ်တန် သုတ်၊ အဟောင်းတွေကို ရောင်းတဲ့ ဟာ ရောင်းပီးတော့ ...
နောက်ထပ် .... တပတ်နွမ်း အရောင်းဆိုင်က ပစည်းမျိုးတွေကို သွားဝယ်ပီး အဲဒီ ကပလီက ဆေးသုတ်၊ ပေါ်လစ်တိုက်၊ ဆိုဖာ ပိတ်သား အသစ်ပြန်ချုပ်လိုက်တာ ဒီလိုမျိုး ဧည့်ခန်းအလှ ပရိဘောဂတွေကို ပစည်းဖိုးအပါ ... ပြင်ဆင်စရိတ် ဒေါ်လာ ၃၀၀ ကျော်ပဲ ကျပါတယ်။

ခုံ အ၀ါ ဘေးနားက သေတာ အနီက Toy chest ပါ။ အဟောင်းဆိုင်မှာ ၀ယ်တာ ဒေါ်လာ ၂၀ ကို ဈေးဆစ်ပီး ၁၅ ဒေါ်လာနဲ့ ၀ယ်လာတယ်။ ဆေးပြန်သုတ်လိုက်တော့ အခုလိုမျိုး လှပ သွားသလို ... အဲဒီ သစ်သားနဲ့ လုပ်ထားတဲ့ Toy chest ရဲ့ အဖုံး အတွင်းပိုင်းမှာ ကပ်ထားတဲ့ စာက ၁၉၄၁ ခုနှစ်က လုပ်ထားတာတဲ့။ ရှေးဟောင်းပစည်းအနေနဲ့ ရောင်းရင် တော်တော် တန်နေပါပီတဲ့။






အဲဒီ side table ... အဟောင်းဆိုင်မှာ သူတို့ သွားဝယ်တာ ဘယ်လောက်မှ မပေးရဘူး။ အဲဒါကို ကော်ပတ်စားပီး အပြာရောင်ဆေးသုတ်လိုက်တော့ လှသွားပါတယ်။ 

( ကိုယ်ကတော့ မဟော်ဂနီရောင်ကိုပဲ ပိုသဘောကျပါတယ်။ ခေတ်က ပြောင်းသွားတော့ မဟော်ဂနီရောင်က ရှေးဟောင်း အရောင်ကာလာဖြစ်သွားပီး၊ လိမော်ရောင်၊ အပြာရောင်၊ အစိမ်းရောင် တောက်ပတဲ့ ကာလာ က ခေတ်ပိုဆန်သွားတယ် ...  )


ဒီ ဆိုဖာ အဟောင်းကိုလည်း ၀ယ်လာပီး ဆိုဖာ ပိတ်သား ပြန်ပြင်ချုပ်ထားတာပါ။ အတွင်းပိုင်း သစ်သားတွေ ခိုင်မာမှု ရှိနေ မရှိနေတော့ မပြပါဘူး။ 

ရန်ကုန်မှာတုန်းက ဆိုဖာ ၀ယ်ရင် အရင်ဆုံး ဆိုဖာ ဒီဇိုင်းနဲ့ အရောင်ကို ရွှေးလိုက်တယ်။ သေချာပီဆိုမှ ဆိုဖာကို လှန်ကြည့်လိုက်တယ်။ ဘာ သစ်သားနဲ့ လုပ်ထားတာလည်း ဆိုပီး။ တောသစ်နဲ့ လုပ်ထားရင် ချ စားတယ်။ လူမနေတာ ကြာတဲ့ အခန်းတို့ ... ချ ရှိတဲ့ မြေကြီးမှာ ဆောက်ထားတဲ့ တိုက်တို့မှာ ဆိုရင် .. သစ်သားပရိဘောဂတွေက သေချာ ဂရုစိုက်မှ ရပါတယ်။ ပျဉ်ကတိုးသားတို့ ကျွန်းသားတို့က ပူတော့ ချ က အပူဒဏ်ကို မခံနိုင်ဘူး။ ကျွန်းသစ်နဲ့ လုပ်ထားတဲ့ ပရိဘောဂ ဘီဒိုတို့ ကုလားထိုင်တို့၊ စားပွဲ၊ မျက်နှာကျက်က စိတ်ချရပေမယ့် အခြားသား၊ တောသစ်နဲ့ လုပ်ထားတဲ့ ပရိဘောဂ၊ နံရံကပ်ဘီဒို၊ မျက်နှာကျက် တို့က စိတ်မချရဘူး။
 

ပြန်ပြင်ဆင်လိုက်တော့လည်း ဆိုဖာ ကုလားထိုင်လေးက ချစ်စရာ ... ထိုင်ခုံ အရှည်နဲ့ တယောက်ထိုင် ကုလားထိုင်က ဒီဇိုင်းမတူပေမယ့် ထိုင်ခုံပေါ်တင်တဲ့ ခေါင်းအုံးလေးတွေကို ၀မ်းဆက် ဒီဇိုင်း တူတူ ဆင်လိုက်တော့ ဧည့်ခန်းထဲက ပရိဘောဂတွေက အမြင်မှာ ၀မ်းဆက်ဖြစ်ပီး ကြည့်လို့ကောင်းသွားပါတယ်။


ဒီ မီးဖိုချောင်နဲ့ ဧည့်ခန်းကို နံရံကန့်တဲ့ စားပွဲက ကောပတ်စားပီး အရောင် ချွတ်ထားတဲ့ ပုံစံမှာ ပေါ်လစ်ကို Natural တင်ထားတာ။ 
ရန်ကုန်မှာလည်း ပရိဘောဂတွေကို ပေါ်လစ်တင်တဲ့အခါ တချို့က ပေါ်လစ်ထဲ အ၀ါရောင်အမှုန့်ထည့်ပီး ပေါ်လစ် အရောင်တောက်တောက်ကို ကြိုက်နှစ်သက်လို့ ပေါ်လစ်တင်သလို ... တချို့ကလည်း သစ်သားရဲ့ နဂိုမူလ အရောင်ကို ကြိုက်တာမို့ ပေါ်လစ်တင်ရင် အရောင်မှုန့် မထည့်ပဲ ပေါ်လစ်တင်တယ်။ 

နောက်ပိုင်း ပေါ်လစ်တင်တာ စပ်ပီးသား ပေါ်လစ်ဗူးများလည်း နိုင်ငံခြားမှ ဆေးသုတ်ဗူး ပုံစံမျိုးနဲ့ လာသလို၊ ကိုယ် ကြိုက်တဲ့ ကာလာ ရဖို့အတွက် တိုနာနဲ့ ပေါ်လစ် ဆေး အရောင် စပ်ပီး Brush နဲ့ သုပ်လိုက်ရုံပါပဲ။ 

အရင်တုန်းက ပုံစံမျိုး စွပ်ကျယ် အထုပ် သေးသေးလေးနဲ့ သုပ်တဲ့ ပေါ်လစ်သုပ်တဲ့ ပုံစံမျီုးလည်း ရှိသလို ... Brush နဲ့ သုပ်တာ ပိုလည်း မြန်တယ်။ Brush အမျိုးအစား အထူအပါး ... အမျိုး အမျိုး ရှိတယ်။ Brush ဘေးတစောင်း၊ ညာတစောင်း ပုံစံအမျိုးမျိုး ရှိတယ်။ ထောင့်နားတွေကို ပေါ်လစ်သုပ်ရင် အဲလို Brush မျိုးနဲ့ သုပ်မှ ပိုအဆင်ပြေတယ်။


မဟော်ဂနီရောင် သစ်သားဗီဒိုကြီးကို ကော်ပတ်စားလိုက်ပီး ...  ဆေးတွေ ချွတ်ထားတဲ့ ပုံစံ ဗီဒိုကြီးကို ပေါ်လစ် အရောင်ပြေပြေလေး သုပ်ထားတဲ့ စတိုင်ကို သဘောကျနေကြပါတယ်။ 
ကိုယ့်ကတော့ နှမြောစရာကြီးလို့ မြင်တယ်။ ခေတ်အမြင် မရှိတာလား မသိဘူး။ မဟော်ဂနီရောင်ဗီဒိုပုံစံဆို ရှေးစတိုင်ပေါ့။ ကော်ပတ်ချွတ်လိုက်တဲ့ ပုံဆို ခေတ်ပုံစံ ဖြစ်သွားပါတယ်။
 

အဲလိုမျိုး ပြင်ဆင်လည်း ပီးရော ... အဲဒီ ဘီဒိုကြီးက ရှေးဟောင်းပစည်းမို့ ဒေါ်လာ တသောင်း ခုနှစ်ထောင်လောက် တန်သွားပါတယ်။

ကိုယ့်ရဲ့ Good Value Guest ကော ... အိမ်မှာ ရှေးဟောင်းပစည်းတွေ ဘာတွေ ရှိလည်း ... သေချာ သိမ်းထားပါ။ သစ်သားပရိဘောဂဆို တော်တော် တန်ဖိုးရှိနေပါပီ။ နည်းနည်းလေး ပျက်ဆီးသွားခဲ့ရင်လည်း ပြုပြင်ပီး ပြန်သုံးပါ။ အမှိုက်ပုံမှာ မလွှင့်ပစ်ပါနဲ့ ။ လွန်ခဲ့တဲ့ အနှစ် ၅၀ က ဆေးလိပ်ပြာခွက်တောင် ဒီနေ့ အချိန်ထိ ထိန်းသိမ်းထားနိုင်သေးရင် တော်တော် တန်ဖိုးရှိနေပါပီ။
ရှေးဟောင်းပစည်းတွေကို စုဆောင်းတတ်သူ .... ရှေးဟောင်းပစည်းတွေနဲ့ ရန်ကုန်မှာ နာမည်ကြီး ကော်ဖီဆိုင် ဖွင့်ထားတဲ့သူကိုတောင် သတိရမိပါသေးတယ်။

ကိုယ့်ကတော့ ရှေးဟောင်းပစည်းဆိုတာထက် ဆွေစဉ် မျိုးဆက် ...မပျက်မဆီးအောင် ခေတ် အဆက်ဆက် ထိန်းသိမ်းနိုင်လွန်းတဲ့ မိသားစုဂုဏ်၊ ခိုင်မာမှုကို ပိုသဘောကျတာပါ။

အခု ကိုယ် သဘောကျနေတာ ပစည်းနည်းနည်းလေးနဲ့ တန်းဖိုးကြီးတဲ့ ပစည်းတွေပါ။ :D

ဈေးပေါပေါ ပစည်းများနဲ့ တအိမ်လုံး အပြည့် မျက်စိရှုတ်နေအောင် ထားတာကို မကြိုက်တော့ပါဘူး။ :D

အိုးဘားမား ရဲ့ ပီးခဲ့တဲ့ အင်္ဂါနေ့က မိန့်ခွန်းထဲက အတိုင်း တကယ်ဖြစ်လာရင်တော့ နောက်ဆို အမေရိကန်တွင် လုပ်သည်ဆိုပီး အရည်အသွေးကောင်းပစည်းတွေကို  ကောင်းကောင်းတန်ဖိုးထား သုံးရတော့မယ် ထင်တာပါပဲ ..........

ဒီ တီဗီဇာတ်လမ်းတွေက လတ်တလော ကိုယ်ကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းလေးတွေပါ။



0 comments :