Saturday, July 28, 2012

အမဲသား ထောပတ်ကင်



အမဲသားကို ဂီးလ်ထောပတ်နဲ့ ကင်ပီး ချက်စားဖြစ်ပါတယ်။ ဒီလို အမဲသား .. အသားမျိုးကို ကြိုက်တယ်။ အဆီလည်း ပါတယ်။ အသား ကို က ကောင်းနေတာမို့ အမဲသားရဲ့ အရသာ ပေါ်လွင်အောင် ဘာ ဟင်းခတ် အမွှေးအကြိုင်မှ ထည့်စရာ မလိုပဲ ကင်ပါတယ်။

အသားက မညှီအောင်ပြုလုပ်ပီး ရောင်းချထားတာမို့ ချက်ရတာလည်း အရမ်းလွယ်သလို အရသာလည်း ရှိပါတယ်။



ဂီးလ်ထောပတ်ဖြင့် ကင်ထားသော အမဲသားကင်




အမဲသားဈေးနှုန်း


အမဲသားကို ရေဆေးပီးတာနဲ့ ဆား၊ ဆနွင်းမှုန့်၊ ဟင်းခတ်မှုန့် နဲ့ နှယ်ပီး oven မှာ 300º F ဖြင့် တနာရီ ခွဲကျော်လောက် ဟိုဘက် ဒီဘက် လှန်ပီး ကင်ပေးရုံပါပဲ။ နောက်ဆုံးမှ ဂီးလ်ထောပတ်ကို သုပ်ပီး ၂ မိနစ်လောက် ထပ်ကင်ပေးလိုက်ရုံပါပဲ။

0 comments :