Tuesday, July 24, 2012

အာဗြဲခြောက်



အာဗြဲခြောက်ကြော် ( ကြွပ်ကြွပ်၊ မွမွလေး )


ကောက်ညှင်းဆီထမင်း၊ အာဗြဲခြောက်ကြော်၊ ကြက်သွန်နီကြော်၊ ပုစွန်ခြောက်၊ ပဲပြုပ်၊ နှမ်းထောင်း


အာဗြဲခြောက်ထုပ်


ရန်ကုန်အပြန် လက်ဆောင်ရထားသော အာဗြဲခြောက်များ


လက်တဆစ် နီးပါးလောက် ပိုင်းဖြတ်ပီး .. ကြော်ဖို့ အဆင့်သင့်


ဆီပူအိုးထဲမှာ မီးမြေးမြေး အနေအထားနှင့်ပဲ ကြော်ထားသော အာဗြဲခြောက်ကြော် 


အကျက်လည်း ညီအောင် ... အာဗြဲခြောက်ကြော်များ တူးသွားရင် အရသာ ခါးသွားတတ်တာမို့ ကြော်စဉ်အချိန်မှာ မီးမြေးမြေးဖြင့် ဟိုဘက် ဒီဘက် မွှေပီး ကြော်ပေးရင် အာဗြဲခြောက်ကြော်ထဲ ဆီစိမ့်ဝင်ပီး မွ လည်း မွ သလို ကြွပ် လည်း ကြွပ်ပါတယ်။


ပဲပြုပ်


ကောက်ညှင်းဆန် - ( ၄ ) ခွက်
ဆီ - ၁ ၁/၂ ( တစ်ခွက်ခွဲ )
ဆနွင်းမှုန့် - လက်ဘက်ရည်ဇွန်း - ၁ ဇွန်း
ရေ - ၅ ခွက် ခွဲ
မီးမြေးမြေး အနေအထား
မိနစ် - ၂၀

( ဂျိုးမကပ်သော အိုးဖြင့် ချက်လျှင် ပိုကောင်းပါသည်။ )


ကြက်သွန်နီကြော်များ ကြော်ပီး ဇကာဖြင့် ဆီစစ်ထားပါက ကြက်သွန်ကြော်များ ကြွပ်ကြွပ်လေးမို့ ပိုစားကောင်းပါတယ်။


နှမ်းကို လှော်ပီး ဆား အနည်းငယ်ထည့် .. ငရုတ်ဆုံဖြင့်သော်လည်းကောင်း၊ ကြိတ်စက်ဖြင့် မှုန့်နေအောင် ကြိတ်ထားသော နှမ်းလှော်ထောင်း


အမေရိကားမှာ နေထိုင်စဉ် အချိန်ကာလ .. ကောက်ညှင်းဆီထမင်းကို အာဗြဲခြောက်ကြော်နှင့်အတူ ရေနွေးကြမ်း၊ ကော်ဖီခါးများဖြင့် မနက်စာ စားသောက်ခဲ့ဖူးသော မိသားစု အမှတ်တရ အချိန်လေးပါပဲ ...


နှစ်ပြန်ကြော် နှင့် လက်ဘက်ပွဲ


ကြက်သွန်ကြော် အ၀ိုင်းကြီးကြီးက တကယ့်ကို စားကောင်းပါတယ်။ ကြွပ်နေအောင် ကြော်ထားတာမို့ ကြိုက်နှစ်သက်ပါတယ်။


ရန်ကုန် အပြန် လက်ဆောင်ရထားသော ပုစွန်ခြောက်၊ လက်ဖက် နှင့် အကြော်စုံ၊


* အရင်ပိုစ့် *

အာဗြဲခြောက် ထောင်းကြော်၊ ပဲနီလေးဟင်းချို၊ ငပိရည် နှင့် တို့စရာ

ကောက်ညှင်းဆီထမင်း နှင့် ဘူးသီးကြော်
ကောက်ညှင်းဆီထမင်း နှင့် ငါးရံခြောက်ဖုတ်
ကောက်ညှင်းဆီထမင်း နှင့် ပုစွန်ခြောက်၊ ဘူးသီးကြော်၊ ပိန်းဥကြော် 
ကောက်ညှင်းဆီထမင်း နှင့် ပဲပြုပ် ( အစားအသောက် စုံစုံလင်လင်)





1 comments :

Mary Grace said...

Hi your blogs looks so impormative and interesting.would you come and visit us back too
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog