Monday, July 23, 2012

မြီးရှည်၊ ရှမ်းခေါက်ဆွဲ


* ရှမ်းခေါက်ဆွဲ *


ရှမ်းခေါက်ဆွဲ ( သုပ်ပီး )


ရှမ်းခေါက်ဆွဲ ( မသုပ်ခင် )


ငရုတ်သီး ဆီချက်၊ ငရုတ်သီးတောင့်ကြော် နှင့် အသားတုကြော်


ကြက်သွန်မြိတ် ခတ်ထားသော ဟင်းရည်


ရှမ်းခေါက်ဆွဲ မုန့်ဖတ်၊ မြေပဲထောင်း၊ ကြက်သားအနှစ်၊  ဆီချက်၊ ကော်ရည်၊ ကြက်သွန်မြိတ်၊ ပဲပင်ပေါက်၊ ပဲငံပြာရည် အနည်းငယ်၊ မုန့်ညင်းချဉ်၊ အချိုမှုန့် ( သို့မဟုတ် ) ဟင်းခတ်မှုန့်



* မြီးရှည် *



မြီးရှည် အတွက် -
ဝက်သားပြုပ်၊ ပဲငပိ ၊  ပဲငံပြာရည် အကြည်၊ ကော်ရည်၊ မြေပဲထောင်း၊ ကြက်သွန်မြိတ်၊ ရေနွေးဖျော်ထားသော ပဲပင်ပေါက်၊ မုန်ညင်းချဉ်၊ ငရုတ်သီး ဆီချက်၊ နှမ်းဆီချက်၊ ကြက်သွန်ဖြူ နှင့် နံနံပင် အနှစ်ရည်၊ ဟင်းခတ်မှုန့် ( သို့မဟုတ် ) အချိုမှုန့်



ဒီတခါ အိမ်မှာ မြီးရှည် သုပ်စားတာ ပဲငပိ ကို အစပ် သုံးတယ်။ အရင်တခေါက် ပဲငပိ က ရိုးရိုး ပဲငပိ






အသားတုကြော်


ဝက်ခေါက်ကြော် ( အချို နှင့် အစပ် )

* ချက်နည်း *


မြီးရှည် နှင့် ရှမ်းခေါက်ဆွဲ


ရှမ်းခေါက်ဆွဲ


မြီးရှည်

* ရှမ်းခေါက်ဆွဲ - ချက်နည်း *


အိမ်မှာ ရှမ်းခေါက်ဆွဲ ချက်စားသော မုန့်ဖတ် တံဆိပ်


ရေနွေးပွက်ပွက်ဆူထဲကို မုန့်ဖတ် ၁၀ စကန့်ပဲ ထည့်ပြုပ်၊ ဆယ်ပီးတာနဲ့ တပြိုက်နက် ရေအေးလောင်းချပီး မုန့်ဖတ်ကို ဇကာဖြင့် ရေစစ်ထားပါ။


မုန့်ဖတ် ချက်နည်း အညွှန်း


မုန့်ဖတ်



ပြုပ်အပီး


ဝက်သားကို အတုံးသေးသေးလေးတွေ တုံးပီး ဆား၊ ဆနွင်းမှုန့် တို့ နဲ့ နယ်ပီး ခဏ နှပ်ထားတဲ့ အချိန်မှာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ထောင်း၊ ငရုတ်သီး အစိမ်းမှုန့်ပါ ရောထောင်းထားပီးနောက် ခရမ်းချဉ်သီး များကို ပါးပါးလေးလှီးထားပါ။ ချက်မယ့် အိုးထဲ ဆီထည့်ပီး ဆီပူလာပီ ဆိုတာနဲ့ ထောင်းထားသော အစာများထည့် ခရမ်းချဉ်သီးထည့် ခရမ်းချဉ်သီးများ လိပ်တက်လာပီ ဆိုရင် ဇွန်းနဲ့ ခြေပီး နှပ်ထားသော ၀က်သားတုံးသေးသေးလေးများထည့်ပါ။ ရေ အနည်းငယ်မျှ ထည့်ပီး ဆီပြန်လာတဲ့ အထိ ချက်လိုက်ပါ။


မြေပဲကို ကြိတ်စက်ဖြင့် ကြိတ်ထားသော မြေပဲ ... ( ရှမ်းခေါက်ဆွဲ နှင့် မြီးရှည် - ၂ မျိုး စလုံးအတွက် )


 ကြက်သွန်ဖြူကို ကြိတ်စက်ဖြင့် ကြိတ်။ ဆီအိုးတည်။ ဆီပူလာပီ ဆိုတာနဲ့ ကြက်သွန်ဖြူထည့် နာနတ်ပွင့် နှင့် စောကော်သီး ထည့်ပီး ကြော်ပါ။


ကြက်သွန်ဖြူ ဆီချက်


ပန်းကန်လုံးထဲ ကော်မှုန့် ထမင်းစားဇွန်း ၂ ဇွန်း လောက်ထည့်ပီး ရေအေးအေးနဲ့ ဖျော်လိုက်ပါ။ ပီးရင် မီးဖိုပေါ် တင်ပီး မီးအေးအေး နဲ့ အဆက်မပြတ် မွှေပေးလိုက်တဲ့ အခါ ကော်မှုန့် အရောင် အဖြူ ရောင် ပြစ်ပြစ်ကနေ အရောင်လေး ကြည်လာပီး နည်းနည်းလည်း ကျဲသွားပါလိမ့်မယ်။

( ရှမ်းခေါက်ဆွဲ နှင့် မြီးရှည် - ၂ မျိုး စလုံးအတွက် )


မုန့်ညင်းချဉ်  ( ရှမ်းခေါက်ဆွဲ နှင့် မြီးရှည် - ၂ မျိုး စလုံးအတွက် ) 


ငရုတ်သီး ဆီချက် ( ရှမ်းခေါက်ဆွဲ နှင့် မြီးရှည် - ၂ မျိုး စလုံးအတွက် )


ငရုတ်သီးခြောက်ကြော် ( ရှမ်းခေါက်ဆွဲ နှင့် မြီးရှည် - ၂ မျိုး စလုံးအတွက် )


အမြစ် ရှင်းပီးသား - ပဲပင်ပေါက်


ပဲပင်ပေါက်ကို ရေနွေး ပွက်ပွက်ဆူ အိုးထဲ ၃ စကန့်လောက်ထည့်ပီး ရေနွေးဖျော်ပီးတာနဲ့ ချက်ချင်းဆယ်ပါ။

( ရှမ်းခေါက်ဆွဲ နှင့် မြီးရှည် - ၂ မျိုး စလုံးအတွက် )


ရန်ကုန် စူပါဝမ်းမှာ ရောင်းသော ၂၀၀ ကျပ်တန် ဂျုးမြစ် ၂ ပင်


ဂျူးမြစ် ( ရှမ်းခေါက်ဆွဲ နှင့် မြီးရှည် - ၂ မျိုး စလုံးအတွက် )



ကြက်သွန်မြိတ်များကို ပါးပါး လှီးထားလိုက်တယ်။ ( ရှမ်းခေါက်ဆွဲ နှင့် မြီးရှည် - ၂ မျိုး စလုံးအတွက် )


ဝက်ခေါက်ကြော် ( အချို နှင့် အစပ် ) 
( ရှမ်းခေါက်ဆွဲ နှင့် မြီးရှည် - ၂ မျိုး စလုံးအတွက် )

* မြီးရှည် - ချက်နည်း *


မြီးရှည် မုန့်ဖတ်


ဆန်ခေါက်ဆွဲ အလုံး


ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲ စကန့် အနည်းငယ်ပဲ ထည့်ပြုပ်ပီး ရေအေးနှင့် စိမ်၊ ဇကာ နှင့် ရေစစ်ထားပါ။


ကြိတ်ထားသော ကြက်သွန်ဖြူ၊ ဂျင်း၊ ၀က်သားတို့ကို ဟင်းခတ်မှုန့်ဖြင့် အသား နူးတဲ့ အထိ ပြုပ်ထားသော ၀က်သား၊ အရည်ကို ငရုတ်ကောင်းမှုန့် နှင့် ကြက်သွန်မြိတ်ဖြူး။ အသုပ်ဖြင့် တွဲသောက်လို့ရသော  ဟင်းရည်


ကြက်သွန်ဖြူ နှင့် နံနံပင်ကို ကြိတ်ပီး အရည်ဖျော်ထားသော အနှစ်ရည်


နှမ်းကို ဆီပူထဲ မီးမြေးမြေး ဖြင့် ခဏလေးပဲ ဆီသတ် ကြော်ထားသော နှမ်းဆီချက်


ပဲငပိ


ဒီတခေါက် ... ပဲငပိ အစပ်ဗူးဖြင့် ချက်စားတာမို့ ဒီဘက်က Soy Bean Paste with Chili ကို သုံးပါတယ်။

အရင်ပိုစ့်

ရှမ်းခေါက်ဆွဲ
ရှမ်းခေါက်ဆွဲ ( အရည် နှင့် အသုပ် )
မြီးရှည်

0 comments :