Wednesday, July 11, 2012

သတင်း - ပြောပြမယ်




Source : Falling Tree Hits, Injures Simburry Man

တခါတရံ ကိုယ် ဘလော့မှာ စတိတ်က သတင်းတွေကို ပြောပြပါ့မယ်။

အခုရက်ပိုင်း သတင်းတွေကို ပြောပါမယ်။ ဓာတ်ပုံမှာ တွေ့မြင်တဲ့ အတိုင်းပါပဲ - helicoper၊ မီးသတ်ကား၊ ဆေးရုံကား၊ ရဲကား အများကြီးပါပဲ။

ဘာဖြစ်တာလဲးဆိုရင် ....

ဒီလ ဂျူလိုင် ၃ ရက်၊ ၂၀၁၂ မနက် ၁၁ နာရီခွဲကျော် အိမ်နားမှာ ရဲကားသံ၊ မီးသတ်ကားသံတွေ အဆက်မပြတ်ကြားပြီးနောက်ပိုင်း ... အိမ်ခေါင်မိုးပေါ်မှာ helicopter ၀ဲနေသံကိုပါ ကြားရတော့ လူဆိုးများ လိုက်ဖမ်းတာလား။ အရမ်း အရေးကြီးလို့ helicopter ဆင်းတာလားဆိုပီး စိတ်ဝင်စားမိလို့ သွားကြည့်ပါတယ်။

မနှစ်က အောက်တိုဘာနှင်းမုန်တိုင်း သင်ခန်းစာ ရှိနေတော့ ကွန်နက်တီကတ် စတိတ်မှာ .. အခုကတည်းက ဓာတ်တိုင်နဲ့ မလွတ်မကင်း ရှိနေတဲ့ သစ်ပင်ရဲ့ သစ်ကိုင်းတွေကို သစ်ခုတ်သမားက ခုတ်ဖြတ်နေတဲ့ အချိန် -

အသက် ( ၇၃ ) နှစ် အရွယ် ရှိတဲ့ ရပ်ကွက်နေ ပြည်သူ တဦးက Crane Place မှာ နေ့စဉ် လမ်းလျှောက်နေကျ အတိုင်း လျှောက်တဲ့ အခါ ၅ လက်မ ~ ၆ လက်မ အချင်း ( ၅ လက်မ ~ ၆ လက်မ ပတ်လည် ) သစ်လုံး ( သစ်ကိုင်း ) ဖြတ်စ  ဟာ ပထမ သူ့ရဲ့ ခေါင်းပေါ်ကျပီးမှ ခြေထောက်ပေါ်ပါ ကျသွားပါတယ်။ အဲဒါနဲ့ အနီးစပ်ဆုံး ဆေးရုံ St. Francis Hospital ကို အမြန်ပို့ဖို့ Helicoper နဲ့ သယ်နေတာပါ။ ပထမ ဆေးရုံကားနဲ့ သယ်ပီးမှ Helicoper ရပ်ဆင်းလို့ ရတဲ့ လမ်းထိပ်က မြက်ခင်းပြင်ကျယ်ရောက်မှ Helicoper ပေါ်ကို ပြောင်းသယ်တာပါ။ အရေးပေါ် အခြေအနေဆိုရင် Helicoper နဲ့ ဆေးရုံပို့ပေးပါတယ်။

source : Man in critical condition after tree hits his head






  • " New York - Summer School " 
ကျောင်းကားပေါ်မှာ  Bus Monitor ကို ကျောင်းသားတွေက  ( ဘူလီကျတာ ) နောက်ပြောင်တဲ့ ဗီဒီယို ထွက်ပေါ်လာပါတယ်။ အဲဒီ Bus Monitor က ပင်စင်ယူပီး အပန်းဖြေ ခရီးထွက်ဖို့ အတွက် သူမကို အင်တာနက်ကနေ ၀ိုင်းဝန်း ထောက်ပံ့ လှူဒါန်းတာ ဒေါ်လာ ၅ သိန်း တောင်မှ အလှူငွေ ရတဲ့ သတင်းပါ။

source : http://mashable.com/2012/06/20/bus-monitor-vacatio

ဘူလီကျတဲ့ ကျောင်းသားကတော့ သေချာပါတယ်။ အခုလာမယ့်နှစ် ကျောင်းဖွင့်ချိန်မှာ ကျောင်းကား စီးပိုင်ခွင့် နှင့် အခြား အခွင့်အရေးတွေ ဆုံးရှုံးသွားတော့မှာပါ။ ဒီက ကျောင်းတွေမှာ ဘူလီကျတာကို တားမြစ်တဲ့ အပြင် .. ကိုယ့်တို့ စတိတ်က  ကျောင်းတွေမှာ မလုံ မခြုံ ၀တ်စားတာတွေကိုလည်း တားမြစ်ပါတယ်။

July - 20, 2012 - မှာ ကရုဏာကြေး ဒေါ်လာ ၇ သိန်းကျော်သွားပါပြီ။ လောကကြီးမှာ သူတော်ကောင်းများ နှင့် စာနာတတ်တဲ့လူတွေ .. ကရုဏာရှင်တွေ အများကြီးပဲ ရှိတယ်ဆိုတာ ကရုဏာကြေး အလှူငွေ တွေ ကြည့်ပီး မှန်းဆလို့ ရမှာပါ .... 

source :  http://www.indiegogo.com/loveforkarenhklein

  • CT က Pet Store မှာ Tan English Bull Dog ( ခွေးဘီးလူး ) အမျိုးအစား puppy လေးကို ခိုးလာတဲ့ credit card ကို အသုံးပြုပီး ပါပီလေးကို ကောင်တာမှာ ငွေချေနေစဉ် သားအဖ ၂ယောက် ခွေးကိုချီပီး ထွက်ပြေးကြတာပါ။ 


ခွေးက ဒေါ်လာ လေးထောင် တန် ... ပါပီလေးပါ။ ခွေးအခိုးခံရတဲ့ ဗီဒီယို ၀ပ်ဆိုဒ်လင့် - Stolen Credit Card Used to Purchase Puppy


  • ဒါက ကမ်ဘာပေါ်မှာ ဈေးအကြီးဆုံး ခွေးတွေပါ .. အမေရိကန် ဒေါ်လာ $ 1.5 million ~ $ 4,500 - The Most Expensive Dog

  • အိုးဘားမားက တရားမ၀င်နေထိုင်တဲ့ သူတွေရဲ့ အရွယ်ရောက်ပီး ပညာသင်ကြားနေတဲ့ သူတို့ သားသမီးတွေကို နေရပ်နိုင်ငံကို ပြန်မပို့တော့ဘူးဆိုတဲ့ သတင်းပါ ... http://www.cnn.com/2012/06/15/politics/immigration/index.html

1 comments :

Mary Grace said...

Hi your blogs looks so impormative and interesting.would you come and visit us back too
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog