Saturday, June 30, 2012

Hand made Birthday card

BD card စာအိတ် (အရှေ့ဘက်ခြမ်း)

BD card စာအိတ် (အရှေ့ဘက်ခြမ်း)
Angel အတန်းထဲက ဆုရတနာမောင် ရဲ့ ညီမလေး 1 နှစ်ပြည့် မွေးနေ့ အတန်းထဲမှာ မွေးနေ့ အမှတ်တရ အနေနဲ့ ( File folder ) လက်ဆောင်ပေးပီး မိုင်လို တိုက်တယ်။

ဆုရတနာမောင် ညီမလေးအတွက် မွေးနေ့ လက်ဆောင်ပေးရင်း တစ်နေ့က shopping mall မှာ တွေ့လို့ ၀ယ်လာတဲ့ sticker လေးတွေနဲ့ သမီးက hand made birthday card လေး လက်ဆောင်ပေးတယ်။
 
သမီး Angel က ပထမ ဦးဆုံး A4 pink paper ကို ခေါက်ချိုး - ချိုးပီး ဘေး ၂ဖက်ကို double tape ကပ် အပေါ်ကို ဖွင့်ထားတဲ့ နေရာကို စာအိတ် ခေါက်ဖို့ အပြား သေးသေးလေး ခေါက်ချိုး ချိုးထားလိုက်သေးတယ်။
 
ပီးတော့ သူက စာအိတ် မှာ ပေတံနဲ့ မျဉ်းကြောင်း ဆွဲပီး To. Hsu Yadanar Mg ဘေးက sticker ကပ်ထားတဲ့ ပုံက စာတိုက်ပုံးလေး။
 
အောက်နားမှာ From, Angel Mg Mg ဘေးက ကပ်ထားတဲ့ မှို မှာ Good friend ဆိုတဲ့ စာတမ်းလေးလည်း ပါတယ်။
စာအိတ် ကျောဘက်

စာအိတ် ( ကျောဘက်ခြမ်း )
စာအိတ်က သူ လုပ်ထားတာ ရိုးရိုး ရှင်းရှင်းပါပဲ။ ( စာအိတ် - ကျောဘက်ခြမ်း ) ကိုတော့ သူ့က တစ်ပုံပဲ ကပ်ထားတယ်။ ပန်းခြင်းလေး best wishes ဆိုတဲ့ စာတမ်းပါတဲ့ ပန်းခြင်းလေး။
BD card (page 1)

Birthday Card ( Page - 1 )

အထဲက Birthday Card ကတော့ ပန်းေ၇ာင် စက္ကူပဲ ။ အဲဒီမှာလည်း သူ့က မျဉ်းကြောင်းဆွဲပီး Happy Birthday ကို သမီး ဆီမှာ ရှိတဲ့ color soft pen တွေနဲ့ စာတစ်လုံးကို တစ်ရောင်စီေ၇းထားတာ။ ပီးတော့ ကပ်ထားတဲ့ စတစ်ကာက မွေးနေ့ ကိတ်လေး။
BD card (page 2)

Birthday Card ( Page - 2 )

ဆုရတနာမောင် ညီမလေး မို့လို့ ဘေဘီ မစ်နီမော့စ် က နို့ဗူးနဲ့ လေးဘက်ထောက်ကလေး ပုံ။ ဘေး ၂ဖက်ကတော့ လှုပ်မြင်းလေး ၂ကောင်ပုံ အပေါ်ထောင့်နားကတော့ Birthday sticker
BD card (page 3)

Birthday Card ( Page - 3 )

ဒါကတော့ သမီး Angel ရေးထားတာ။ ထုံးစံအတိုင်း မျဉ်းကြောင်း အရင် ဆွဲပီး။ အဲဒီ လိုင်းပေါ်မှာ ရေးထားတာ။ အောက်နားက Angel Mg Mg ပေါ်မှာ ကစ်တီ အိန်ဂျယ်က သမီးလေးကို ကိုယ်စားပြုပုံ ကပ်ထားတာတဲ့။
သမီးက baby brother မှတ်လို့ ကတ်မှာ ရေးပီး ပေးလိုက်တာ။ baby sister ဖြစ်နေတယ်။ 
BD card (page 4)

Birthday Card ( Page - 4 )

Birthday card ရဲ့ ကျောဖုံးလေး။ ကလေး မွေးနေ့ကတ်ဆိုတော့ ဘေဘီ မစ်ကီမော့စ်နဲ့ ဘေဘီ မစ်နီ မော့စ်က ကားမောင်းနေတဲ့ ပုံလေးတွေ။
Bubble (birthday present)
Birthday present
sticker

sticker

ဒါကတော့ shopping mall က တွေ့လို့ ၀ယ်လာတာ။ အဲဒီ ကတ် တစ်ကတ်ကို ၅၀၀ ကျပ် (ပုံကတော့ ၈ ခုကျော်လောက်ပါတတ်တယ်) စတစ်ကာက ၂ထပ်ဆိုတော့ တစ်မျိုးလေး ဆန်းတယ်။ မွေးနေ့ကတ်တွေကို သမီးက သူ့ဘာသာ သူ့ ဖန်တီး ရတာ သဘောကျတယ်။ shopping mall တွေကနေ birthday card တွေ ၀ယ်လို့ရပေမယ့် သူ့ကိုယ်တိုင် စာလေးတွေရေး ပုံလေးတွေဆွဲပီး စတစ်ကာလေးတွေ ကပ်တာကို သမီးက ၀ါသနာ ပါတာလေ။
သမီး ကျောင်းစတက်တော့ class room မှာ ထားဖို့ ကျောင်းသားအားလုံးရဲ့ ပစ္စည်းလေးတွေယူလာဖို့ စာရင်းထဲမှာ story book လည်း ယူလာခိုင်းတယ်။

(အိမ်မှာရှိတဲ့ story book အပြင် သမီး ဖန်တီးပီး ရေးထားတဲ့ story book လေးကို စာအုပ်ပုံစံ ချုပ်ထားတဲ့ ပုံပြင်စာအုပ်ကိုပါ သမီးက ကျောင်းက အတန်းထဲမှာ ထားတယ်။) သမီးလေးရဲ့ ၀ါသနာလေ။
ပန်းအိုး (အိမ်မှာ ပန်းအိုးမရှိလို့ ၀ယ်ပီး အတန်းထဲမှာ ထားတယ်။ ပန်းအိုး မယူလာလည်း ရပါတယ်။ ဒါကတော့ as u like ပါပဲ)
ကတ်ကြေး၊ ကော်ဗူး၊ class room pet ဖိုး တစ်ယောက်ကို တစ်ထောင်ပဲ ပေးရတယ်။ ကျေးကျုတ်လို့ ထင်တာပဲ။ သမီး ပြောပုံအရကို ခန့်မှန်းကြည့်တာပါ။ သမီးကတော့ parrot လို့ ပြောတယ်။ ၂ကောင်။ pet monitor စုဝေေ၀က ငှက်ကလေးအိမ် အတွက် အစာဖြည့်ရ။ ရေဖြည့်ရတယ်လို့ သမီးက ပြောတယ်။ တစ်တန်းလုံးက ငှက်ကလေး ၂ကောင်ကို အရမ်းချစ်ကြတယ်။ သမီးကတော့ uniform monitor. ယူနီဖောင်းဝတ်ထားတာတွေ သပ်ရပ်မှု ရှိ မရှိ စစ်ဆေးရတာ။
3 နှစ်သမီးကတည်းက I.L.B.C - Private School ( Yangon, Myanmar ) ကျောင်းမှာ တက်လာခဲ့တော့လည်း သမီးက ကျောင်းမှာ တော်တော်ပျော်ပေါ့။ သူငယ်ချင်းတွေကလည်း ကျောင်းစတက်ကတည်းက ငယ်သူငယ်ချင်းတွေချည်းပဲ။ အတန်းတွေက အတန်းကြီးတွေကျမှပဲ အတန်းခွဲပါတယ်။

ဘလော့ အဟောင်းမှ ပိုစ့် (06/16/2009) : http://thetnandarfamily.wordpress.com/2009/06/16/home-made-bd-card/

2 comments :

phung bella said...

hi impressive blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog

Anonymous said...

ခေါက်ထားတာလေးလှလိုက်တာ
ချစ်စရာလေး..
အိန်ဂျယ်လေးဆီကပြန်သင်အုန်းမှဘဲး))