Friday, May 4, 2012

ကိုယ့်ကိုကိုယ် သတိပေးခြင်း - ၂

မှန်စားပွဲ ... စားပွဲ .... ဧည့်ခန်းထဲက စားပွဲလည်း မမ Angel အခန်းထဲ ထည့်သိမ်းထားလိုက်ပီ။  အိမ်လေးလည်း တဖြည်းဖြည်းနဲ့ ကစားကွင်းနဲ့ တူလာပီ။ :P



ဘာကြောင့် မာမီ ဧည့်ခန်းထဲက စားပွဲကို အခန်းထဲ သိမ်းထားလိုက်တယ် ဆိုတာ ဒေါက်တာ ကျော်စိန် - သင့်ရင်သွေး မိမိကိုယ်ကိုယ် မိမိ ယုံကြည်မှု ပျိုးထောင်ရေး ဘာသာပြန် စာအုပ် ။ မူရင်းကတော့ Dr. James Dobson - How to build confidence in your child စာအုပ်ကို ဖတ်ကြည့်ရင် သဘောပေါက်မှာပါ။
 
ကမ္ဘာပေါ်မှာ ရှိတဲ့ ကလေးတွေ အားလုံးကို နတ်ကောင်း နတ်မြတ်များ ကာကွယ် စောင့်ရှောက်ပါစေ။

စာရေးသူ၏ ၁၅ လ သမီးလေး အလွန်ပဲ ချစ်စရာ ကောင်းသော ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာများ ရှိခဲ့ပါသည်။ သူ့အမေကလည်း သမီးလေးကို အမြဲတစေ ၀တ်ကောင်းစားလှ ဆင်ပေးထားသည် ဖြစ်ရာ သမီးလေးအဖို့ သွားလေရာ မျက်နှာ ပွင့်လန်း မေတ္တာပန်းများနှင့်သာ ဆုံတွေ့ခဲ့ရပါသည်။

တစ်ညနေ ကျွန်တော်သည် ဆေးရုံမှ တာဝန်များ ပြီးဆုံးပီး အိမ်သို့ ပြန်အလာ အိမ်ရှေ့ ဆင်ဝင်အောက်တွင် ကျွန်တော်မိန်းမနှင့် ကလေးတို့ကို တွေ့လိုက်ရပါသည်။ အမေသည် သမီးကို ပွေ့ချီလျက် သူတို့ နှစ်ဦးလုံး၏ ကိုယ်တွင်လည်း သွေးတွေ နီရဲနေပါသည်။ ကျွန်တော်ဇနီးက ဖြစ်ပုံ ပျက်ပုံ အလုံးစုံကို တက်သုတ်ရိုက် ပြောပြပါသည်။

လမ်းလျှောက်တတ်ခါစ သမီးဖြစ်သူအား မိခင်က ကျီစယ်ပီး လိုက်ဖမ်းရာ သမီးက ထွက်ပြေးပါသည်။ ကံဆိုးချင်တော့ သမီးလေးသည် အရှိန်လွှန်ကာ ဧည့်ခန်းအတွင်းရှိ စားပွဲခုံစွန်းနှင့် မျက်နှာ တိုက်မိသွားပါသည်။ အရှိန်မည်မျှ ပြင်းထန်သနည်း ဆိုသော် ကလေး၏ ရှေ့သွားနှစ်ချောင်းသည် သွားဖုံးထဲသို့ နစ်ဝင်မြုပ်သွားကာ နှုတ်ခမ်းလည်း ကွဲပီး သွေးရဲရဲ နီလျက်ရှိပါသည်။ ပါးစပ်အတွင်းမှလည်း သွေးတွေ အရမ်းထွက်ကာ ရုတ်တရက် ကြည့်ပါက ရှေ့သွားများ အားလုံး ကျွတ်ထွက်ကုန်သည်ဟု ထင်ရလောက်အောင် အခြေအနေ ဆိုးဝါး လှပါသည်။

သမီးလေးမှာ လွန်စွာ ငယ်ရွှယ်သေးသဖြင့် နောက် (၆) နှစ်လောက်မှ ပေါက်မည့် သူ၏ ကြီးသွားများ ထိခိုက်သွားမည်ကို ကျွန်တော် စိုးရိမ်မိပါသည်။ သို့သော် ကံအားလျော်စွာ ကလေး၏ သွားဖုံးအတွင်း အကြောများ ရှင်သန်နေသေးသဖြင့် ထိုကိစ္စအတွက် ပူပန်စရာ မလိုတော့ပါ။ တဖြည်းဖြည်းနှင့် ကလေး၏ သွားဖုံး၊ နှုတ်ခမ်းနှင့် သွားများ ပုံမှန် ပြန်ဖြစ်လာပါသည်။ သမီးလေးသည် လေးနှစ်တာ ကာလအတွင်း သွားဆရာဝန်၏ လက်နက် ကိရိယာ အစုံအလင်ဖြင့် စစ်ဆေး ပြုပြင်မှုကို သုံးလေးခါထက်မနည်း ခံလိုက်ရရှာပါသည်။ နောက်ဆုံးတွင် သွားဖုံးတွင်းသို့ မြုပ်ဝင်နေသော သွားများ အပြင်သို့ ထွက်လာခဲ့ပါသည်။ သမီးလေး ရရှိသော ဒဏ်ရာမှာ ပါးစပ်အတွင်းပိုင်းတွင် ဖြစ်သောကြောင့် သူမ၏ ပါးစပ်မှာ ရွှဲ့စောင်းကာ ပုံပန်းမကျ ဖြစ်ခဲ့ရပါသည်။ ကလေးဘ၀က ရှိခဲ့သော ပါးဖောင်းဖောင်းနှင့် နှုတ်ခမ်းကြာငုံ နီရဲရဲ နေရာတို့တွင် အချိုးမကျ ရွှဲ့စောင်းသော နှုတ်ခမ်းက နေရာယူခဲ့ပါပြီ။

ဒီရက်ပိုင်း အိမ်ရှင်းရင်း ထွက်လာတဲ့ သမီး မမွေးခင်တုန်းက တူဒေး စာအုပ်တိုက်က ၀ယ်ထားတဲ့ ကလေးပြုစုစောင့်ရှောက်နည်း စာအုပ်တွေ ပြန်ဖတ်ဖြစ်ရင်း မိသားစု ဘလော့လေးမှာ မှတ်ထားလိုက်တာပါ။ သားနဲ့ သမီး ကလေးဘ၀က မာမီ ဖတ်တဲ့ ကလေးပြုစု စောင့်ရှောက်နည်း စာအုပ်တွေပေါ့။

အခု လတ်တလော ... တွတ်ပီ ကာတွန်းတွေကို iPad နဲ့ ဖတ်နေတယ် ...
ကိုယ့် လွန်ခဲ့တဲ့ .. July, 2009 ကတည်းက ၀ိညာဉ်သစ်ဆိုဒ်ကနေ တဆင့် ဖတ်နေတတ်တာပါ ...
ကြိုက်နှစ်သက်လွန်းလို့ .. ၀ပ်ဆိုဒ် လင့်ကို တစုတစည်းတည်း မှတ်ထားတာ ...

ကိုယ့် သိမ်းထားတဲ့ ... အဲဒီ ဘလော့မှာ .. ကလေးပြုစု တဲ့ စာပေတွေကို ကိုယ့် အဲဒီ အချိန်တုန်းက သိမ်းထားတတ်တယ် ..

အခုနောက်ပိုင်းတော့ မသိမ်းဖြစ်တော့ဘူး .. ကြိုက်တဲ့ စာတွေဆို ... Bookmark ပဲ လုပ်ထားလိုက်တယ် ...

ကိုယ့် မှတ်ထားတဲ့ ပိုစ့် - တွတ်ပီ ကာတွန်းများ

နောက်ထပ်ပီး ... လတ်တလော ...  ပြန်ဖတ်ဖြစ်နေတာက .. အပြင်မှာလည်း အဲလို လူမျိုးတွေ ရှိတယ်ဆိုတာကို ... ဖတ်ရင်းနဲ့ တိုက်ဆိုင်မှု့ ရှိလို့ ဘလော့ပေါ် စာရိုက်ပီး တင်လိုက်တာ ... လက်ညောင်းလာလို့ ပိုစ့် က တပိုင်းတစပဲ ...

ဇာတ်သိမ်းပိုင်းမပါသော စာရေးဆရာမ - ပုဏမီ ( ကိုယ့် ကီးဘုတ်က နှစ်လုံးဆင့် တွေ ရိုက်လို့ မရလို့ ) ရဲ့ ဘယ်လိုလူမျိုးလဲး ... ကိုယ့် အဲဒီ ပိုစ့်မှာ ကိုယ့် ကြိုက်နှစ်သက်တဲ့ စကားလုံးတွေကို Bold လုပ်ထားတယ် ....

ကြာတော့ ဟိုက သူ့နေရာ သူ သဘောပေါက်သွားပီလေ ... အထက်စီးကချည်း  ခပ်တင်းတင်းနဲ့ ပြန်မဆင်းနိုင်တော့ဘူးပေါ့ ...

 

2 comments :

:P said...

မသက်နန္ဒာရေ.. ဖတ်ပြီး တော်တော်ကြောက်သွားတယ်... အိမ်က သမီးလေးကလည်း လမ်းလျှောက်တတ်စ... အိမ်မှာလည်း စားပွဲတွေနဲ့.. အိမ်က စားပွဲစွန်းတွေက သူ့ခေါင်းနဲ့ မီနေပြီး .. တခါတလေ တိုက်မိနေပြီ...။
ဒီပို့စ်လေးကို ဖဘမှာ ရှဲပါရစေ...

Thet Nandar Family said...

@ :P - ဟုတ် .. အမလည်း သူများ အတွေ့အကြုံတွေကို လိုက် ဖတ် မှတ်ပီး ဆင်ခြင်နေတာပါ ...

အိမ်က ကလေးတွေကိုလည်း အရေးပေးပီး ဂရုတစိုက် ဆက်ဆံနေရတယ် .. ပီး .. ပီးရော ဆက်ဆံလို့ မရဘူး .. အိမ်က ကလေးတွေက ... အမေရဲ့ attention ကို လိုချင်တာလေ ... ၂ယောက်စလုံးပဲ .. တခု ခု ဆို အမေကို လာပြောပြ .. လာ ဖတ်ပြ .. ခေါ်ပီး ကြည့်ခိုင်းနဲ့ .. ပထမ .. ကိုယ်က ပီး .. ပီးရော .. စိတ်မ၀င်စားသလို ... လုပ်ရင် ကလေး ၂ယောက်စလုံးက စိတ်မကောင်းဖြစ်ကြလို့လေ .. အထူးဂရုစိုက်နေရတယ် ...