Wednesday, May 2, 2012

ချောကလက် ဒိုးနတ်



အိမ်မှ ကလေးများ အကြိုက် ချောကလက် ဒိုးနတ် ....


ရိုးရိုး ဒိုးနတ်၊ ချောကလက် ဒိုးနတ် နှင့် အစိမ်းရောင် ဒိုးနတ်


All purpose flour - 2 cups
Bread flour ( Whole Wheat Flour ) - 1 cup
Yeast - 7 g
Milk - 1 cup
Sugar - 1/3 cup
Egg - 2
Butter - 1 stick ( 1/2 cup )
Vanilla accent - 1 tsp
Salt - 1 tsp


All purpose flour - 2 cups
Bread flour ( Whole Wheat Flour ) - 1 cup


( -  ) ပေါင်မုန့် ဖုတ်တဲ့ ဂျုံမှုန့် ( ဂျုံမှုန့် အိတ် အနောက်ဖက်မှာ ပေါင်မုန့် ဖုတ်နည်း အညွှန်း )


ထောပတ်
Butter - 1 stick ( 1/2 cup )


Yeast - 7 g
တထုပ်ကို 7 g ရှိတယ် ...


( - ) ( yeast တံဆိပ်အိတ် အနောက်မှာ yeast နှင့် ပေါင်မုန့် ဖုတ်နည်း အညွန်းပါတယ် )


Yeast အမှုန့်ကို ဖောက်ထုပ်ပီး ခပ်နွေးနွေးလေး အပူရှိတဲ့ နွားနို့ ထမင်းစားဇွန်း ( ၅ ) ဇွန်း + သကြား ၁ ဇွန်း နဲ့ Yeast အမှုန့် ပျော်နေအောင် အသင့် ဖျော်ထားပါ ...


ကြက်ဥ ၂ လုံးကို ခေါက်ထားပါ
ကျန်နေသော နွားနို့
Yeast အမှုန့် ဖျော်ထားသော cup
vanilla accent
ဆား
ကျန်နေသော သကြား


ဂျုံမှုန့် ၂ မျိုးကို နှံစပ်နေအောင် အရင် မွှေထားပီးမှ ...
အသင့်ဖျော်ထားသော yeast ခွက်ကို လောင်းထည့် ... ( လက်တဖက်က နှယ်နေပေးပါ ) ( စက်နဲ့ နှယ်လည်း ရတာပါပဲ )
နွားနို့ထည့်
သကြားထည့်
ဆားထည့်
vanilla accent ထည့်
ကြက်ဥထည့်


နောက်ပိတ်ဆုံးမှ ...
ထောပတ် 1 stick = 1/2 cup ကို မီးမြေးမြေး နဲ့ ထောပတ်ရည် ဖျော်ထားတာ လောင်းထည့်ပီး လက်ဖနောင့်နဲ့ ဖိနှယ်ပေးရင် မုန့်သား ညက်လာပါလိမ့်မယ် ....

( အဲဒီမှာ တခုပြောပြချင်တာက ... ကိုယ့် dough nut ကို ပေါင်မုန့် ဂျုံသား အရသာမျိုး ကြိုက်နှစ်သက်လို့ ပေါင်မုန့် ဂျုံ ရောစပ်ထားတာပါ ။ ဂျုံ နူးနူးညံညံ ကို ပိုကြိုက်နှစ်သက်သူက ပေါင်မုန့် ဂျုံ မထည့်ပဲ ... all purpose flour နဲ့ မုန့်သားနှယ်လို့ ရပါတယ် ... ဒါဆိုရင် အဖြူရောင် မုန့်သားကို ရရှိမှာပါ .. အခုကတော့ ပေါင်မုန့်လိုမျိုး အညိုရောင် မုန့်သား )


ပလပ်စတစ်နဲ့ ကြွေဇလုံကို ပိတ်ပီး ... နွေးသော နေရာမှာ ၁ နာရီ ( သို့မဟုတ် ) ၂ နာရီ ထားပေးထားပါ ...

အိမ်မှာတော့ oven ထဲ ထည့်လိုက်တယ် ... oven နံပါတ်က 200ºF ကနေ စပါတယ် ...
ပလပ်စတစ် လုံနေအောင် ပိတ်ထားတဲ့ ကြွေဇလုံကို oven ထဲ ထည့် .. oven ခလုပ် စဖွင့်တဲ့ နေရာမှာပဲ ထားလိုက်တယ် .. အဲဒါဆို 160 ºF လောက် အပူရှိန် ရှိမယ်လို့ ထင်တာပဲ ...
oven နံပါတ် 200ºF နား ထိ မရောက်ပါဘူး ...
ရာသီဥတုက ပူတယ်ဆိုရင် အပြင်မှာ ထားတာ ကောင်းပါတယ် ...
အခုက အမေရိကားမှာ spring season ပါ ... အိမ်ထဲမှာ ဆိုရင် ... ခြင်လုံဇကာပိတ်ပီး ပြူတင်းပေါက် ဖွင့်ထားတာမို့ အဲယားကွန်းဖွင့်ထားသလိုမျိုး အေးပါတယ် ..
Spring Season က March - 20, 2012 ~ June - 19, 2012 ထိ ဆိုတော့ ... ဒီရက်ပိုင်း ရာသီဥတုက မပူသေးဘူး ... နေ့ခင်းနေ့လည် ပူရင် အဲယားကွန်းဖွင့်တတ်တာမို့ အိမ်ထဲမှာ Yeast နဲ့ နှယ်ထား သော ဂျုံထည့်ထားတဲ့ ကြွေဇလုံကို ထားစရာ နေရာမရှိလို့ oven ထဲ ၁ နာရီလောက် ထည့်လိုက်တယ် ...


Yeast ( ပွဆေး ) နဲ့ ဂျုံကို နှယ်ပီး
လေလုံ ပလတ်စတစ် ဖြစ်ဖြစ် .. အ၀တ်စိုနဲ့ အုပ်ပေးထားပီး
၁ နာရီ ( သို့) ၂ နာရီ ပတ်ဝန်းကျင် ...
 ပူနွေးသော နေရာမှာ ထားရင် ...
Yeast တန်ခိုးနဲ့ ဂျုံတွေက ၂ ဆ လောက် ပွတက်လာပါလိမ့်မယ် ...


စားပွဲပေါ်မှာ ဂျုံမှုန့်ကို ဖြူး ...
ကြွေဇလုံ ကို မောက်ချ ...


ဂျုံကို ၂ မိနစ် မှ ၅ မိနစ်လောက် နှယ်ပီးတာနဲ့ အပြား ဖြစ်အောင် ဒလိမ့်တုံးနဲ့ လိမ့် ...


ဂျုံပြားကို လက် တဆစ်လောက် အထူ ဆို ပိုကောင်းပါတယ် ...


cookie cutter အ၀ိုင်းကြီး ၁ ခု နဲ့ အ၀ိုင်းသေး ၁ ခု ယူပီး ဖြတ် ...

အိမ်မှာ အသေး cookie cutter ပဲ ရှိလို့ ... အကြီးအတွက် ဖန်ခွက်ကို သုံးလိုက်တယ် ...

ဖန်သားနဲ့ ဖြတ်ရတာ ဆိုတော့ ဖြတ်ရင်းနဲ့ ဖန်ခွက်ကို လှည့်ပေးမှ ဂျုံ က ပြတ်တယ် ...


ဒိုးနတ် မုန့်သား ဖြတ်ထားတာတွေ ...


ကျန်နေတဲ့ ဂျုံသားတွေကို စားပွဲပေါ် ဂျုံမှုန့် အနည်းငယ်ဖြူးပီး ဂျုံသားနှယ် ...


ဒလိမ့်တုံးနဲ့ အပြား လုပ်


cutter နဲ့ ဖြတ် ...
( E.T )


cookie ဖုတ်တဲ့ နေရာမှာ သုံးတဲ့ paper ပေါ်ကို ဖြတ်ပီးသား ဂျုံ ၀ိုင်းတွေ တင် ...

oven ထဲ ထည့် ... မိနစ် ၃၀ လောက် .... oven ခလုပ် ဖွင့်ကာစပဲ ( 160º F သာသာ လောက်ပဲ ထားပါ )

အိမ်က နွေးနွေး ဆိုရင်တော့ အပြင်မှာပဲ အ၀တ် ဖြစ်ဖြစ် အုပ်ပီး မိနစ် ၃၀ လောက် ထားပီးမှ ဆီနှစ်ပီး ကြော်ပါ ....


နောက်ဆုံး လက်ကျန် ဂျုံသားတွေကို ဂျုံချောင်း တချောင်း လုပ်လိုက်ပီး ... ဟိုဘက် ဒီဘက် တပြိုင်တည်း လိမ်လိုက်တယ် ..
( မျက်စိမှာ ပုံဖော်မြင်အောင်ဆိုရင် စောင်တထည်ကို လူ ၂ယောက် ဟိုဘက် ဒီဘက် တပြိုင်တည်း ရေညစ် နေသလိုမျိုး )


morning buns ကို ဒီလိုပုံစံမျိုး လုပ်ပီး အပေါ်ကနေ နှမ်းဖြူးပီး ပေါင်မုန့် ဖုတ်လို့လည်း ရပါတယ် ...


အလွယ်တကူ ဒီ ချောကလက်ရည်ပဲ သုံးလိုက်တယ် ...


အစိမ်းရောင် အတွက်က ...
ထောပတ် အရည် .. သကြားပေါင်ဒါမှုန့် ... အစိမ်းရောင် ဆိုးဆေး
( အနီရောင်ဆိုးဆေး၊ ခရမ်းရောင်ဆိုးဆေး၊ ပန်းရောင်ဆိုးဆေး )
 ( ခပ်ပြစ်ပြစ် ) လေးဖျော်ပီး
ဖျော်ထားတဲ့ ပန်းကန်ထဲ ဒိုးနတ် မုန့် အ၀ိုင်းကို ထည့်ပီး ပြန်ယူလိုက်တာနဲ့ ချောကလက် အရည် သုပ်ပီးသွားပါပီ ..
အပေါ်ကနေ ကြိုက်နှစ်သက်ရာ အလှဆင် ချောကလက်ဆန်လေးတွေ ထပ်ထည့်ဖြည့်လိုက်ရုံပါပဲ ...


အိမ်မှာ မီးဖို ကွိုင် နံပါတ် ၄ ( မီးဖိုမီးခလုတ် - နံပါတ် ၄ ) နဲ့ ဆီနှစ်ပီး ကြော်တာပါ ...


ပေါင်မုန့် ဂျုံသားမို့ မုန့်သားက ဆီထဲ နှစ်ပီး ကြော်လိုက်တာနဲ့ မုန့်သား ခပ်မြန်မြန် တက်ပါတယ် ...


တုတ်ချောင်း အရှည်နဲ့ ကြော်တာ ပိုကောင်းတယ် ...


ကြော်ပီးသား ဒိုးနတ် မုန့်များ


ပေါင်မုန့် ဖုတ်တဲ့ ဂျုံ မှုန့် ရောကြော်ထားတာမို့ ဒိုးနတ်မုန့် ညို ညိုလေးတွေ ...




အတွင်းပိုင်း အနေအထား


မုန့်သား ပွလည်း ပွတယ် ... ပေါင်မုန့် ဂျုံမှုန့် ထည့်ပီး ... သကြားလည်းပါတာမို့ စားလို့ကောင်းပါတယ် ...


ချောကလက် ကြိုက်နှစ်သက်သော မိသားစုမို့ ချောကလက်ရည် စိမ်ထားတဲ့ ဒိုးနတ်မုန့်က ပိုစားကောင်းပါတယ် ...

ဒီဘက်က အစိမ်းရောင်က အိမ်မှာ သကြားအမှုန့် များသွားပီး ဖျော်တာ သကြားမညက်တာမို့ ခပ်ပြစ်ပြစ်လေး ဖြစ်နေတယ် ...


မိနစ် ၃၀ လောက် ထားလိုက်ရင် ချောကလက် အရည်တွေက ခဲပီး ပြောင် ပြောင် လက် လက် လေး ဖြစ်လာလိမ့်မယ် ...


မြန်မာမုန့် - မုန့်လက်ကောက် .. ထညက်ရည် ပြစ်ပြစ် ဆမ်းထားသလိုမျိုးပဲ ...


ဒါက သကြားအမှုန့် ကပ်ထားတာ ... 
သကြားအမှုန့် ( sugar powder ) ပန်းကန်ထဲကို ဒိုးနတ်မုန့် ကျပီး မှိုတက်နေသော မျက်နှာနဲ့ ပြန်ထွက်လာသလိုမျိုး ...
 ချောကလက်မှိုတက် ဒိုးနတ်မုန့် ...


S ပုံစံ ဒိုးနတ်မုန့်

.... အရင်ပိုစ့် ....

မုန့်လက်ကောက်ကြော်

ချောကလက်ရည်ဗူးဖြင့် သမီးလေး ကိတ်မုန့် ဖုတ်ထားသော ချောကလက် မွေးနေ့ကိတ်မုန့်

Chocolate chip cookie

Morning Buns


သားသား ကြိုက်တဲ့ သီချင်း နှင့် အက


This video can also be seen on the YouTube website : http://youtu.be/pYYNWODcCvY

2 comments :

Anonymous said...

I love your step by step photo instructions! Thank you so much for making it easier! Have a great day!

Kit Kit

Thet Nandar Family said...

@ Kit Kit - Thanks * lot :)