Monday, May 7, 2012

အဝေးမှုန်




Web Site : http://tinypic.com/m/51eqah/1



အိမ်ပြင်က အရာတွေကို လိုက်ရှာတမ်း ကစားခြင်း ဗီဒီယို 

သမီးတို့ ခေတ်ကျတော့ အင်တာနက်၊ တီဗီဂိမ်း၊ ၂၄နာရီ ကာတွန်းတီဗီလိုင်းနဲ့ဆိုတော့ သမီးလေး အဝေးမှုန်မှာ စိုးလို့ ခဏ ခဏ ပြတင်းပေါက်ကနေ အဝေးကို ကြည့်ပီး ဟိုပစ္စည်းလေး ရှာလိုက်ပါအုံး။ ထီးအနီရှိတဲ့အိမ် အစရှိသဖြင့် အဲလိုမျိုးလေး ရှာခိုင်းပီး သမီးလေးကို အဝေး မမှုန်ဖို့ eye exercise ပေါ့။ မာမီအတွက်လည်း ပါတာပေါ့။ ၃၆ နှစ်ဆိုတော့ မျက်မှန် တပ်ခါနီး အရွှယ်နဲ့ နည်းနည်း နီးစပ်နေသလားလို့လေ။

သမီး မမွေးခင်တုန်းက ကြားဖူးခဲ့တာက ။ အခု နောက်ပိုင်း ကလေးတွေက (၁၅)ပေ ပတ်လည် တိုက်ခန်းနဲ့ နေရတာ တကြောင်း၊ တီဗီ၊ တီဗီဂိမ်း၊ အင်တာနက်ဂိမ်းတွေကြောင့် နုနယ်တဲ့ ကလေးတွေရဲ့ မျက်ကြောတွေက သေသွားပီး အဝေးကို ဆိုရင် သိပ် မသဲကွဲတော့ဘူးတဲ့။ တချိန်လုံး အနီးပဲ ကြည့်ပါများသွားတော့ အဝေးဆိုရင် မှုန်သွားတာ။ ဘယ်အချိန်မှာ မိဘတွေက သတိထားမိသလဲး ဆိုရင် မူလတန်းကျောင်း စတက်တဲ့ ၅ နှစ်အရွှယ်မှာ ကလေးတွေက white board က စာတွေကို ကောင်းကောင်းမဖတ်တတ်တာကနေ သတိထားမိကြတာတဲ့။
 
တီဗီတို့ ကွန်ပြူတာတို့ကို အနီးကပ် ကြည့်လွန်းပြန်လို့ရှိရင် အားစိုက် ကြည့်ရတာဆိုတော့ eye ball လေးတွေက အလယ်မှာ လာစုပီး စလင်ဒါး စောင်းသွားတတ်တယ်တဲ့။ မျက်စိစွှေသွားတာ။
 
အဲဒါတွေ ကြားဖူးခဲ့လို့ ... မာမီတို့ သားအမိ ၃ယောက်က အိပ်တဲ့ အချိန်ပဲ တီဗီ၊ အင်တာနက် ပိတ်ကြတာဆိုတော့ စိုးရိမ်တာပေါ့နော်။


တီဗီဆို ခပ်ခွာခွာကြည့်။


  အင်တာနက်ဆိုရင်လည်း ခပ်ခွာခွာ သုံးကြတာပေါ့။


လွန်ခဲ့တဲ့ သုံးနှစ်က ရေးခဲ့ဖူးတဲ့ " online diary post " .....

ကိုယ့် အခု ၃၉ နှစ် .. မျက်မှန် မတပ်ရသေးဘူး ...  =)

အရင်ပိုစ့် ....

အဝေးမှုန်

0 comments :