Saturday, May 26, 2012

ကလေးထိန်း

မနေ့ညက ကိုယ်ရဲ့ Google + ( circle ) ထဲက တယောက် share ထားလို့ အဲဒီ YouTube ဗီဒီယို ကြည့်လိုက်မိပါတယ် ...

ဟူး ... ကလေး လေး သနားပါတယ် ...

မတော်တဆ ဆိုပေမယ့် သတိတော့ ထားပါ .. အစစ အရာရာပေါ့ ...

အ၀တ်လျှော်ဆိုင်က လုံခြုံရေး ကင်မရာမှာတော့ ကလေးက လမ်းလျှောက်တတ်ခါစ အ၀တ်လျှော်စက်တွေ ကိုင်ကြည့်နေတဲ့ အချိန် ...ကလေးထိန်း နှင့် သူမရဲ့ ယောက်ျားလေးမိတ်ဆွေက ...  ကလေးထိန်းနဲ့ စကားပြောနေရင်းနဲ့ ကလေး ( ၁၃လသား ယောကျာ်းလေး ) ကို ကောက်ကနဲ ချီလိုက်ပီးတော့ အ၀တ်လျှော်စက်ထဲ ကလေးထည့်ပီး ... တံခါးပိတ်လိုက်တယ် ...

အ၀တ်လျှော်စက် တံခါး lock ကျတာနဲ့ အ၀တ်လျှော်စက်က လည်ပါလေရော ..

ကိုယ် အဲဒီနေရာမှာ စကားဖြတ်ပြောမယ် ... ( ကိုယ်တို့လည်း အမေရိကားမှာ အဲလို အ၀တ်လျှော်စက်နဲ့ပဲ လျှော်တာပါပဲ ... အ၀တ်လျှော်စက်က coin နဲ့လျှော်တာပါ ... အဲလို စက်ကြီးဆို တမတ်စေ့ 22 စေ့ US$ 5.50 လောက် ထည့်ပီးမှ အ၀တ်လျှော်စက်က စက်လည်တယ်။ ပိုက်ဆံ အကြွေစေ့ မပြည့်မချင်း စက် က လည်ကို မလည်တာ ။ )

ကံတရားပေါ့နော် ... အဲဒီ ကလေးနဲ့ ကလေးကို ကောက်ထည့်လိုက်တဲ့ လူရဲ့ ကံတရားပဲ ...

အရှေ့ပိုင်းမှာ လျှော်သွားတဲ့ လူက နာရီ မပြည့်ခင်မှာ အ၀တ်တွေ ထုပ်သွားလို့လား မသိဘူး .. အ၀တ်လျှော်စက်က တံခါးပိတ်လိုက်တာနဲ့ စက်လည်လို့ ...


ဒါမှ မဟုတ် - ကလေးထိန်းက စက်တွေထဲ ပိုက်ဆံ ကြိုထည့်ပီးနေလို့ပဲလားမသိ ...

သေချာတာတော့ .. အဲဒီ အ၀တ်လျှော်စက်တွေက ပိုက်ဆံ အပြည့်ထည့်မှ စက်လည်တာပဲ ...

ကိုယ်တို့ အ၀တ်သွားလျှော်ရင် အကြွေ့စေ့ မထည့်ခင် ဒီအတိုင်းပဲ တံခါးပိတ်လိုက်တာပါပဲ .. စက်က မလည်ပါဘူး။ အဲဒီ အချိန်မှာ ... တံခါး အဖွင့် အပိတ်တောင် လုပ်လို့ရသေးတယ် .. အကြွေစေ့ အကုန်ထည့်မှ .. စက်က လည်တာပါ ...

ကိုယ်တို့ လျှော်နေကျတော့ .. အဲဒီစက်တွေက လျှော်ချိန် Timer - ၂၃ မိနစ်လောက်ကြာတယ် ... ပိုက်ဆံ အတိအကျ ထည့်ပီးမှ စက်က လည်ပီး .. အ၀တ်တွေ လျှော်ပီးသွားတဲ့ အချိန် စက်ရပ်သွားမှ အ၀တ်လျှော်စက် တံခါးက ဖွင့်လို့ရပါတယ် ...

တချို့စက်တွေကျတော့ .. လျှော်ရင်း တန်းလန်း နဲ့ အ၀တ်လျှော်စက် တံခါးကို ဖွင့် .. ဆပ်ပြာရည် ( သို့ ) အရောင်ချွတ်ဆေး ထည့် .. စက်ကို ပြန်လည်ဖို့ start ခလုတ်ကို နှိပ်ပီး ပြန်လျှော်လို့ရသေးတယ် ...

အဲဒီ စက်ကြီး ဆိုရင်တော့ ဆပ်ပြာရည်က စက် အပေါ် အပေါက်ကနေ လောင်းထည့်ရုံပဲ ...

အ၀တ်ခြောက်စက်လည်း အဲလိုပဲ run နေတုန်း တံခါး ဖွင့်လို့ရတယ် .. အကြွေစေ့ timer မကုန်မချင်း .. စက်ကို ပြန် run ခိုင်းလို့ရတယ် .. တံခါး ပြန်ပိတ်ပီးရင် start ခလုတ်ပဲ ပြန်နှိပ်လိုက်ရုံပဲ ...

အဲဒီ ကလေးကို ကောက်ထည့်လိုက်တဲ့သူက ကလေးနဲ့ ဆော့ ချင်လို့ ( တူတူပုန်းတမ်း ကစားချင်လို့ ) ပြောပေမယ့်လည်း ...

အ၀တ်လျှော်စက်ဆိုတာ ကလေး ကစားကွင်းမှ မဟုတ်တာ ...

မတော်တဆပဲ ဖြစ်မှာပါ .. တမင်တကာ ထည့်တာ မဟုတ်လောက်ပါဘူး။ အဲလိုမျိုးကြီးတော့ ဆော့တာ မကောင်းပါဘူးနော်။

အဲဒီစက်တွေက တကျော့ ၂ ကျော့ လှည့်ပီးရင် ရေတွေ နည်းနည်းချင်းစီကျလာတတ်တယ် ... အထဲမှာ ဒလက်ရယ်လို့တော့ မရှိဘူး။ ကလေး အမေက ဖြစ်ဖြစ်ချင်းမသိသေးဘူး။ တီဗီကနေ သတင်းတွေ တက်လာတော့မှ သိတာ။

နယူးဂျာဆီမှာ ဖြစ်တာဆိုတော့ ကိုယ့်တို့ စတိတ်က တီဗီချယ်နယ်မှာ မပါဘူး။ ပီးခဲ့တဲ့ အပတ်က သတင်းတွေမှာ တော်တော်တက်နေပေမယ့် မနေ့ညကမှ Google + မှာတွေ့လို့ သိလိုက်တာ ...







YouTube : http://youtu.be/FiBJCQebTHs

အဲဒီ အချိန်မှာ အ၀တ်လျှော်ဆိုင်ပိုင်ရှင် ( သို့ ) ၀န်ထမ်း ... မပြာ ပဲနဲ့ အ၀တ်လျှော်စက် ခလုတ်ပိတ်ပီး တံခါးဖွင့် ခလေးကို ကယ်တင်လိုက်ပုံကို သဘောကျတယ် ...

ကိုယ်ပြောပြပေးချင်တာက .. ဒီလိုအဖြစ်အပျက်မျိုးတွေလည်း ရှိပါတယ် ဆိုတာပါပဲ ...



ဒီဗီဒီယိုက ကိုယ် ကြိုက်တဲ့ ဗီဒီယို create.

05.26.2012 - ဒီနေ့ စနေနေ့မို့ တပတ်စာ အ၀တ်တွေကို အ၀တ်လျှော်စက်နဲ့ သွားလျှော်ရင်း ဒီပိုစ့်ကို သတိရမိလို့ အ၀တ်လျှော်စက်တွေကို ဓာတ်ပုံရိုက်လာရင်း ဈေးဝယ်ထားတဲ့ ပုံတွေပါ ကိုယ့်ရဲ့ Update status အနေနဲ့ တပါတည်း တင်လိုက်ပါတယ် ....


ယူကျု့ဗီဒီယိုထဲမှာ .. NJ က ၁၃ လသား ကလေး လေးကို ထည့်တာ ဒီလိုမျိုး ဆိုဒ်ကြီး အ၀တ်လျှော်စက် ..  $ 5.50 တမတ်စေ့တွေ အားလုံးထည့်ပီးမှ စက်က လည်ပါတယ်။


ကြာချိန် - ၂၃ မိနစ်


ကိုယ်တို့ ကွန်နက်တီကတ်က အ၀တ်လျှော်ဆိုင်မှာ ဒီလိုမျိုး ကလေးတွေ ကစားဖို့ နေရာလေး သပ်သပ် လုပ်ပေးထားပါတယ် ...


ဂိမ်းစက် ရှိတယ်။


အ၀တ်စလျှော်ပီး ၃ မိနစ် အကြာဆို ဆပ်ပြာရည်တွေ ကျလာပါပီ ...


timer က မိနစ်တွေ စားသွားတာမို့ ၂၃ မိနစ်ကနေ မိနစ် ၂၀ ရောက်နေတဲ့ အချိန်


စက် အကြီးဆုံးမို့ နေရာတော်တော်ကျယ်ပါတယ် ...


မျက်နှာကျက်မှာ လုံခြုံရေးကင်မရာ နှင့် (မီးလောင်ရင် အလိုအလျောက်) ရေဖြန်းတဲ့စက် တွေ ရှိပါတယ်။


အ၀တ်လျှော်ပီးတော့ ဈေးဝယ်


မုန့်ဝယ်




ဌက်ပျော်သီးဆနွင်းမကင်းအတွက် ဌက်ပျော်သီးတဖီး ၀ယ်လာသေးတယ်။



မုန်လာဥဖြူ


မုန်လာဥချဉ်ဖတ်လုပ်ဖို့


ဆန်စေးရည်လည်း ကြိုက်ပါတယ်။ အခုတခေါက်တော့ rice vinegar ( သကြားပါတဲ့ ဆန် ဗီနီကာ ) နဲ့ ချဉ်ဖတ်လုပ်မှာမို့ ၀ယ်လာလိုက်တယ်။


မြေအိုး တအိုးဝယ်လာပီး မြေအိုးမြီးရှည် ချက်စားဖို့ ပဲငပိ .. ၀က်နံရိုးမြေအိုးထမင်းပေါင်းလည်း ချက်စားချင်သေးတယ်။


မုန့်လက်ဆောင်း


သူတို့ ဗီယက်နမ် အခေါ် မုန့်လက်ဆောင်း





မုန့်ဟင်းခါး နှင့် ကော်ဖီခါး


8 Qrt အိုးအပြည့် မုန့်ဟင်းခါးတွေကို ငါး အသား ၂ပေါင်ခွဲကျော်နှင့် ချက်ထားတာမို့ အိမ်ချင်းနီးရင် အပြင်မှာ တကယ်ကျွေးမယ့် ပဲကြော်၊ အိုးဘဲဥ မုန့်ဟင်းခါး


ဆေးဘဲဥ



ဆေးဘဲဥသုပ်

အရင်ပိုစ့် -


ဆေးဘဲဥသုပ်

ဒီပိုစ့် update တင်နေတုန်း ဘေးနားက တီဗီ NBC connecticut ချယ်နယ်ကနေ ၂ နှစ်သမီးလေး ၄ ထပ်တိုက်ပေါ်ကနေ ဒီနေ့ ပြုပ်ကျပီး ကွယ်လွန်သွားတာ ကြည့်မိတော့ စိတ်မကောင်းဘူး။

http://www.nbcconnecticut.com/news/local/Baby-Falls-Out-of-Fourth-Floor-Window-154551515.html

အားလုံးပဲ ကျန်းမာ၊ ပျော်ရွှင် ဘေးကင်းကြပါစေ ...


7 comments :

:P said...

အစစ သတိထားမှ၊ ကလေးတဘက်နဲ့ဆိုအစစ သတိထားမှ


စင်စင်

Thet Nandar Family said...

@ :P - အစစ သတိလည်း ထားရင်း ဘေးကင်းဖို့လည်း ဆုတောင်းရင်းပေါ့ ...

တခါတလေကျရင် မတော်တဆ ဆိုတာလေးတွေလည်း ကလေးတွေ ကြုံရတတ်လို့လေ ...

မနှစ်က Yahoo - ရာဟူးမှာ Hot သွားတဲ့ ဗီဒီယိုဆို ကလေး အမေက ဆော့ရင်းနဲ့ ဘောလုံးကန်တာ သူ့သား မျက်နှာ ထိသွားတယ် .. သူ့သားက ဖြစ်ဖြစ်ချင်း ငိုတာပေါ့နော် .. ငိုတာ ခဏပဲ .. တအောင့်ကြာ အငိုတိတ်သွားတယ် ...
အနီးကပ် ကန်ဘောဆိုတော့ တော်တော်နာမှာ ...

ကလေးကို ထိန်းပေမယ့်လူကလည်း တမင်တကာ လုပ်တာရယ်လို့ မဟုတ်ပေမယ့် .. မတော်တဆ ဆိုတာလည်း ကြုံတတ်တယ်လေ ...

အရမ်းကြီးတော့ မစိုးရိမ်ပဲ ဘေးကင်းဖို့ ဆု လည်းတောင်း .. အမြဲမပြတ် ဂရုတစိုက် ကြည့်ရင်း .. ကလေးတွေကို လွတ်ပေးသင့်တဲ့ နေရာလည်း လွတ်ပေးမှပဲ ကလေးတွေ ကိုယ်ရည်ကိုယ်သွေး တိုးတက်မှာ ..

ကလေးတွေကိုလည်း ခေတ်နဲ့ အညီ ချုပ်ချယ်ထားလို့က မရ .. :)))

မေမြို့မိုး said...

အဲ့လူကို အရေးမယူဘူးလား အစ်မ.။ နောက်တယ်ဆိုသော်လည်း ကလေးတစ်ခုခုဖြစ်သွား၇င် ဘယ်လိုလုပ်မလဲ . ။ကျွန်တော်သာ ကလေး အဖေဆိုရင်တစ်ခုခုလုပ်ပစ်မှာ အဲ့လူကို.။

Thet Nandar Family said...

@ မေမြို့မိုး - NJ Prosecutor က မနေ့က ပြောသွားတယ်။ အဲဒီ လူကို အပြစ်ပေးလို့ မရပါဘူးတဲ့ ...

A New Jersey prosecutor said Thursday no charges would be filed.

Authorities say the man was unaware the machine would automatically start.

ကလေးအမေကတော့ ကလေးထိန်းကို အပြစ်ပေးစေချင်တယ် ...

ကလေး နဖူးနားမှာ အနာဖြစ်သွားတာကို လှေကားပေါ်က ပြုပ်ကျတာပါလို့ ပြောတယ် ..

David said son was treated at a hospital for scrapes and bruises. But she wants more tests.

David says the baby sitter told her the child had fallen down some steps.

http://www.myfoxtwincities.com/story/18613320/mother-of-child-in-washer-wants-babysitter-punished

သတင်းထဲမှာ ကလေး အမေက Single Mother လို့ပြောတယ်။

The boy's father is currently in prison.

http://youtu.be/UmYaNBmmXCM

san htun said...

အဝတ်လျှော်စက်ထဲ ကလေးကို ဘယ်လိုနည်းနဲ့ မှ မထည့်ဘူး..

AH said...

ဟိုနေ့က CNN မှာ လာသွားလို့ ကြည့်လိုက်ရသေးတယ်... အ၀တ်လျှော်စက်က အော်တိုဆိုတော့ ချက်ချင်းရပ်မရလို့ ဘေးက ဖိလစ်ပိုင်တစ်ယောက်က ပလပ်ဖြုတ်တော့မှ ရပ်သွားတယ်။ တစ်ချို့ကတော့ နာမည်ကြီးချင်လို့ လုပ်ကြတယ်လို့ ပြောကြတာပဲ... :P

Thet Nandar Family said...

@ AH - အ၀တ်လျှော်စက်ထဲ ရောက်သွားတဲ့ မသိနားမလည်တဲ့ ကလေး လေးကိုပဲ သနားမိပါတယ်။