Wednesday, May 16, 2012

ကြိုက်တဲ့ စကားလုံး


Credit * YouTube Link : http://youtu.be/sjjwW9L2P68


ကျောင်းသား မေးခွန်း ။   ။

အန်တီဟာ အသက်ငယ်ငယ်လေး အတွေ့အကြုံနည်းနည်းနဲ့ အိမ်က ထွက်သွားခဲ့ပေမယ့် တက်တက်ကြွကြွ နေနိုင်ခဲ့ပါတယ်။ ဒီက ကျောင်းသားတော်တော်များများနဲ့ ကမ်ဘာတစ်ဝှမ်းက လူငယ်တွေက ကြီးကျယ် ခမ်းနားတဲ့ အရာတွေကို လုပ်နိုင်စွမ်း ရှိကြပါတယ်။

 ဒါပေမယ့် တစ်ခါတစ်လေကျတော့ အာရုံစူးစိုက်မှု နဲ့ လှုံဆော် အားပေးမှုတွေ နည်းတတ်ကြတာ ပါတယ်။ ကိုယ်လိုချင်တာကို ရလာဖို့အတွက် ကိုယ့်ကိုယ်ကို ဘယ်လိုများ အားပေးပါသလဲ ။

အန်တီစု အဖြေ ။   ။

ဒါက ကိုယ် ကြီးပြင်းလာခဲ့ပုံနဲ့ ဆိုင်ပါလိမ့်မယ် ကျွန်မငယ်ငယ်တုန်းက တာဝန်ဆိုတာ ဘ၀မှာ အရေးကြီးဆုံးအရာတွေထဲက တစ်ခုလို့ သင်ကြားခဲ့ရပါတယ်။ အဲဒီအတွေးအခေါ်က ခေတ်နောက်ကျကောင်း ကျနေနိုင်ပါတယ်။ လူတွေက တာဝန်ဆိုတာ သိပ်အရေးမကြီးတော့ပါဘူးလို့ ထင်ချင်လည်း ထင်ကြပါလိမ့်မယ်။ ပျော်ပျော်နေဖို့က ပိုပြီး အရေးကြီးတယ်လို့ ထင်ချင်ထင်ကြပါလိမ့်မယ်။ ကျွန်မကတော့ ဒီလိုပုံစံနဲ့ ကြီးပြင်းလာခဲ့တာ မဟုတ်ပါဘူး။

ကျွန်မအခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမှာ တာဝန်ထဲမှာ စိတ်နှစ်ထားတာထက် ဘ၀မှာ အရေးကြီးတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အားတင်းခဲ့ပါတယ်။ အဲဒီစိတ်ကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။ ကျွန်မ ခေတ်နောက်ကျကောင်း ကျပါလိမ့်မယ် .. ဒါပေမယ့် မင်းတို့လည်း ဒီနည်းကို ကြိုးစားကြည့်လို့ရတယ်။ တာဝန်ကို ဘ၀မှာ အရေးကြီးဆုံးအရာလို့ တွေးလိုက်ရင် အရင်တုန်းက ရှိနေတယ်ဆိုတာတောင် မသိခဲ့တဲ့ ဧည့်သည်တွေ အများကြီးအတွက် တံခါးတွေ ပွင့်သွားပါလိမ့်မယ်။ ဒါဟာ ကျဉ်းမြောင်းသွားစေတဲ့ နည်းလမ်းမဟုတ်တဲ့အပြင် ဖွင့်ပေးတဲ့ နည်းလမ်းပါ။



အဲဒီ ဗီဒီယိုထဲက ကိုယ် ကြိုက်နှစ်သက်တဲ့  အန်တီစုရဲ့ စကားလုံးတွေပါ ...

အခုရက်ပိုင်း .. မအားဘူး ..

 ကြည့်စရာတွေလည်း အများကြီးပဲ ... ( ရုပ်ရှင်ကား )

အခုရက်ပိုင်း ကြည့်ဖြစ်နေတဲ့ ကားတွေက -

Mirror Mirror : http://www.movie2k.to/Mirror-Mirror-watch-movie-1273117.html

New Year's Eve : http://www.movie2k.to/New-Year-s-Eve-watch-movie-1268360.html

အဲဒီကား ယူကျူ့မှာ အခုရက်ပိုင်း ဌားကြည့်ရင် ၃.၉၉ ဒေါ်လာ

Ice Age 3 - http://www.movie2k.to/Ice-Age-3-Die-Dinosaurier-sind-los-online-film-1360445.html

Burma Conspiracy : http://www.movie2k.to/The-Burma-Conspiracy-watch-movie-1358796.html

The Illusionist : http://youtu.be/_fqaiNpxmDo ( မြန်မာစာတန်းထိုး )
  
Vanessa Mae - Beethoven

ဖတ်စရာတွေလည်း အများကြီးပဲ ( ဖွဘုတ် )

အခုရက်ပိုင်း .. မွှေနှောက်ဖတ်နေတဲ့ ဖိုရမ်က - http://www.scamwarners.com/forum

ဒီအောက်က ဖိုရမ် ခေါင်းစဉ်တွေမှာ အများဆုံး ၀င်ဖတ်ဖြစ်တယ် ... အဲဒီ ဖိုရမ်ထဲက စာချုပ် အတု တွေလည်း ဖတ်ဖို့ ကျန်နေသေးတယ် ...

စင်ကာပူ အိမ်ဌား
pw နဲ့ credit card no ခိုးတဲ့ ၀ပ်ဆိုဒ်
အတု ထီပေါက်

အများကြီးပါပဲ .. ကမ်ဘာကျော် လိမ်တာကို ဖော်ထုတ်ပီးတော့ ဖိုရမ်ပေါ်တင်ပေးထားတာ .. အဲဒီလို ဖိုရမ် ရှိတာ တကယ် ကောင်းပါတယ် ...

နောက်တခုက .. unicode နှင့် ဇော်ဂျီ ... window 8 တက်လာရင်တော့ win 7 ကို upgrade မလုပ်ပဲ .. win 8 တင်ထားပီးသား ဖြစ်တဲ့ ကွန်ပြူတာ အသစ်ဝယ်မလားလို့ ... window 8 မှာ မြန်မာ့ဖောင့်ပါမယ် ကြားတယ်။ window upgrade လုပ်လည်း ဒေါ်လာ ၁၀၀ ကျော်လောက် ကျမယ့် အတူတူ ... ကွန်ပြူတာ အသစ် နောက်တလုံးပဲ ၀ယ်လိုက်တော့မယ် ...

စေတန်ဂေါ့ နှင့် ထူးတေဇာ ဘလော့ကို မြန်မာဖောင့် မရှိတဲ့ ကွန်ပြူတာ နှင့်လည်း ဖတ်လို့ရတာကို သဘောကျတယ်။

Google translate မှာ မြန်မာဘာသာ ပါလာတဲ့ တစ်နေ့ နေ့ကျရင် ဘာ Font ကို ကိုယ်စားပြုပီး ဂူဂယ်က ဘာသာပြန်ပေးမလဲး မသိဘူး။


မြန်မာနိုင်ငံကို အလည်သွားရောက်ခဲ့တဲ့ အမေရိကားက လူရဲ့ ခရီးသွား အတွေ့အကြုံ - ကိုယ် အဲဒါ ဖတ်ဖြစ်တာ မြန်မာနိုင်ငံကို အလည်သွားရောက်တဲ့ နိုင်ငံခြားသားရဲ့ အမြင် နှင့် အတွေ့အကြုံ တွေကိုပါ ... ( တဖက်လူရဲ့ အမြင်ကိုလေ့လာတာ )

Google + သူရဲ့ ပရိုဖိုင်း - https://plus.google.com/u/0/116416314233992548280/posts

ဖွဘုတ်မှာ ဖတ်ပီး ခေါင်းမူးလာတဲ့အခါ ( မူးတော့ မူးပေမယ့် မတ်ဆေ့ခ်ျ ရပါတယ်။ ပတ်ဝန်းကျင် ကျယ်တယ်။ ရင့်ကျက်တဲ့ အမြင်ပိုင်ရှင်တွေ အများကြီးပဲ ... )

Google + ကို ရွှေ့ပါတယ် ...

Google + က Explore ကို သဘောကျပါတယ် .. hot တဲ့ post တွေ ကို သီးသန့် စီပေးထားတာ .. 

( Google + ဖတ်ရတာ အမြင်ကျယ်ပါတယ် )

အခုရက်ပိုင်း ချက်စားဖြစ်နေတဲ့ ဟင်းတွေက -


ဝက်သားငပိနှပ်

ဝက်သားမျှစ်ချဉ် ချက်တဲ့ base အတိုင်းပဲ ၀က်သားနဲ့ ကြိတ်ထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးပွ နှင့် ဆီသတ် လုံးချက်ပီး အသားတွေ လိပ်တက်လာတာနဲ့ ရေဖျော်ထားတဲ့ မျှင်ငပိဖျော်ရည်ကို ထည့်မွှေပီး ချက်ထားတဲ့ ၀က်သားငပိနှပ်။


ရွှေချီ ဆနွင်းမကင်း ထိုးနည်း base အတိုင်းပဲ ရွှေချီထိုးပီး


ဒူးရင်းသီးအရသာ - လက်ဘက်ရည်ဇွန်း ၁ ဇွန်း အပါ ထည့်ထိုးထားသော
 

ဒူးရင်းသီး ရွှေချီ ဆနွင်းမကင်း


ပဲငပိ (အချို)


ဈေးနှုန်း


အကျဲ


ဝက်သားငပိနှပ် ချက်တဲ့ base အတိုင်းပဲ ၀က်သားနဲ့ ကြိတ်ထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးပွ နှင့် ဆီသတ် လုံးချက်ပီး အသားတွေ လိပ်တက်လာတာနဲ့ ပဲငပိ ၃ဇွန်းလောက် ထည့်မွှေပီး ချက်ထားတဲ့ ၀က်သားပဲငပိနှပ်။


ဝက်သားပဲငပိချက်



ဝက်သား မျှစ်ကြော်  


မျှစ်ပြုပ်


ထောင်းနေကျ ငပိထောင်း ( ကြိတ်နေကျ ငပိထောင်း ) base အတိုင်းပဲ ... 

ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငပိဖုတ်၊ ဆား နှင့် အတူ မျှစ်ပြုပ် ပါ ရောကြိတ်ပီးမှ 

စားနေကျ ငပိထောင်း base အတိုင်းပဲ သံပုရာသီး ညစ်ထည့်ထားသော မျှစ် ငပိထောင်း


မျှစ် ငပိထောင်း


ပုစွန်ငပိ


ကြိတ်စက်ဖြင့် ညက်နေအောင် ကြိတ်ထားသော ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း


ငပိဖုတ်


ငပိထောင်း


မှိုကြော်


ဘဲကင် base အတိုင်းပဲ ပျားရည်နှင့် မကင်ပဲ ပဲငပိ နှင့် ကင်ထားသော


ပဲငပိ ဘဲကင်


ဘဲကင် နှင့် မှိုကြော်


ဘဲကင်


ဘဲကင်ကို ပျားရည် သုပ်ပီး ကင်စားလည်း စားကောင်းသလို .. ပဲငပိ သုပ်ပီး ကင်လည်း ကြိုက်တယ် ...


ဒီပိုစ့်မှာ မတ်ဆေ့ခ်ျပေးချင်တာက အန်တီစုရဲ့ Duty ဆိုတဲ့ စကားလုံးပါ ...

Base မဟုတ်ပါဘူး ...





အရင်ပိုစ့်

ဝက်သား ငပိနှပ်
ဝက်သား မျှစ်ချဉ်ဟင်း
ဝက်သားမျှစ်ကြော်

ရွှေချီ ဆနွင်းမကင်း

ကော်ရည်ခေါက်ဆွဲ
အီကြာကွေးနှင့် ကော်ရည်ခေါက်ဆွဲ

ဘဲကင်
ဘဲကင် နှင့် စွန်တန်ဟင်းရည်

6 comments :

Crystal said...

ကြိုက်တာချင်းတူလိုက်တာာာာ

စကားးမစပ် ဘဲကို အကောင်လိုက်ပြထားတာ သက်သက် ရက်စက်လွန်းပါတယ်၊ ချားချင်လိုက်တာာာာား)

Thet Nandar Family said...

@ Crystal - အန်တီစုရဲ့ စကားလုံးတိုင်းက အနှစ်ရှိတယ်။ အန်တီစုကိုတော့ တကယ်လေးစားတယ်။ အန်တီစုက တကယ် အစစ်အမှန်ကို တော်တာပါ။

ဘဲကင်ချက်နည်းက အိမ်မှာ ချက်ရတာ အလွယ်ဆုံးနဲ့ .. ကရိကထ မရှိ .. အိမ်ရှိ လူအားလုံးကြိုက်မို့လို့ပါ ..
တကယ် ကျွေးတယ်နော် .. ဘဲတကောင်လုံး ကို ကျွေးထားတား)

NSA said...

DASSK ကြည့်ဖူးတယ်...

စားစရာတွေ ....

ရှလွတ်

Thet Nandar Family said...

@ NSA - comment - စာပြန်တာ နောက်ကျသွားတာ ဆောရီးပါ .. အခုရက်ပိုင်း S ဂဏာန်းတွေ သွားကြည့်လိုက် ... ချိန်လိုက်နဲ့ အလုပ်ရှုပ်နေတာမို့ ဘလော့ကို လှည့်မကြည့်ဖြစ်ဘူး ဖြစ်သွားတယ် ..

ဟုတ်ပါတယ် ... အဲဒီ ဗီဒီယို ထွက်တာ တော်တော်ကြာပါပီ ... စထွက်ကတည်းက side bar မှာ လင့် ချိတ်ပေးထားပါသေးတယ် ...

ကိုယ့် အန်တီစု ရဲ့ တချို့သော စကားလုံးတွေ ကို အရမ်းသဘောကျတယ် ... အဲဒီအထဲကမှ တာဝန် ဆိုတဲ့ အန်တီစု ရဲ့ ခံယူချက်ကို သဘောကျမိလို့ပါ ...

ကိုယ့်တို့မှာလည်း မိဘ တာဝန်၊ ဇနီးမယား တာဝန် ကိုယ်စီ ရှိကြသလို .. ကလေးတွေကိုလည်း သူတို့ စာကြိုးစားရမယ်ဆိုတဲ့ တာဝန်ကို သူတို့ဘာသာ သိတတ်အောင် ညွန်ပြပေးလို့ ရတယ်လေ ...

တာဝန် ဆိုတဲ့ push တခု နဲ့ ကိုယ့်ကိုကိုယ် push လုပ်တာပါ .. ပျင်းရိစိတ် ၀င်သွားမှာ စိုးလို့ .. စိတ်လေနေတဲ့ အချိန်ဆို ဒီ တာဝန် ဆိုတာနဲ့ ထိန်းသိမ်းလို့ရသလို ... တာဝန် ယူတတ်ရင် ဘ၀မှာ အမှားလည်း ကင်းသွားပါမယ် ...

san htun said...

အဲဒီစကားလေးကို သဘောကျတယ်..ဗိုက်ဆာသွားပြီ အမရေ...

Thet Nandar Family said...

@ San Htun - အားလုံးကို စိတ်တိုင်းကျ သုံးဆောင်ပါရှင် ~~~