Tuesday, May 8, 2012
ပုစွန် - ကြေးအိုး
 ပုစွန်ကြေးအိုး
 ပုစွန်ကြေးအိုး နှင့် ဆော့စ်
*** ချက်နည်း .... ***
 ဒီလိုမျိုး pressure cooker နဲ့ တစ်နာရီလောက် ပြုတ်လိုက်ရင် .... ၀က်ရိုးပြုတ်ရည်ကို ကြည်နေတာပဲ။ 
 ငုံးဥကို အခွံခွါရလွယ်အောင် ပြုတ်မယ့်အိုးထဲ ဆားထည့်ပီး နာရီဝက်လောက် ပြုတ်ပီးမှ ရေအေးစိမ်ပီး အခွံခွါထားလိုက်ပါ။
 ပဲပြားကို လှီး
ကြိတ်ထားသော ၀က်သားကို ကြိတ်ထားသော ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့် နဲ့ နှယ်။
ဝက်သားလုံး .. လုံးထားလည်း ရသလို ... ဇွန်းဖြင့် တဇွန်းခြင်းစီ ထည့်ပီး ကြေးအိုးပြုပ် ချက်လို့ လည်း ... ရသည် ...
ဝက်လျှာ နဲ့ ၀က်သည်းကို ရှည်ရှည် နဲ့ သေးသေး လှီးပီး၊ ဆား၊ ဟင်းခတ်မှုန့်၊ သကြားတို့နဲ့ နှယ်ပေးထားလိုက်ပါ။
 မုန်ညင်းကို လှီး
 ဆန်ကြာဇံကို ရေနွေးနွေးနဲ့ဆို ၁၀ မိနစ်လောက်စိမ်ပီး ရေစစ်ထား၊ ရိုးရိုးရေနဲ့ဆို ၁၅ မိနစ်လောက် စိမ်ပီး
 ဇကာနဲ့ ရေစစ်ထားပါ။
 အစပ်စားချင်လို့ ငရုတ်ဆီမှာ ကြက်သွန်ဖြူ တင်မကပဲ ငရုတ်သီးစိမ်းပါ ကြိတ်ပီး ... ငရုတ်ဆီ၊ ထညက်ရည်ဖြင့် အချဉ် စပ်ထားပါ ...
ကြေးအိုး ချက်မယ့် အိုးမှာ ၀က်နံရိုးပြုတ်ရည်ကို အရင်ထည့်။ ဟင်းရည်ဆူပွက်လာပီဆိုတာနဲ့ ၀က်သည်း၊ ၀က်လျှာ၊ ၀က်သားလုံးထည့်၊ ၀က်လျှာ နူးပီဆိုတာနဲ့ ( ပုစွန်ကျောခွဲပီး ပုစွန် ချေးကြောင်း အမဲကို ထုတ် ... ဆား၊ သကြား၊ ဟင်းခတ်မှုန့် အနည်းငယ်စီ နှင့် နှယ်ထားသော ) ပုစွန်ထည့် ... 
ပုစွန်ကွေးကွေး အနေအထား ရပီ ဆိုမှ ... ကြာဇံထည့်၊ ပဲပြား၊ ငုံးဥ၊ ၀က်ဦးနှောက်ထည့်၊ မုန်ညင်းထည့်။  ကြာဇံ အရမ်း အနူးကြီး မပြုပ်ရပါ ... ကြာဇံ နူးပီဆိုတာနှင့် ငရုတ်ကောင်းမှုန့် ဖြူးလိုက်ရုံပါပဲ။
ဒါဆို  အရသာ ရှိသော ပုစွန်၊ ၀က်ဦးနှောက် ကြေးအိုး တပွဲကို ရရှိပါပီ ...
အုန်းရေ
အုန်းသီး နုနုဖတ်ဖတ်
အရင်ပိုစ့် ......
မြန်မာမှာ ချက်စားခဲ့သော ကြေးအိုး
အမေရိကားရောက်ခါစက ချက်စားခဲ့သော ကြေးအိုး
ဝက်ကြေးအိုး
2 comments :
Qt said...
ရှလွတ် ရှလွတ်
တော်တော်ကောင်းမယ် နော်
ဂလု ဂလု နဲ့ နေတာပဲ
မျိုမျိုချနေရတာများ မြင်စေချင်တယ် တီတီသက်
နည်းနည်း ချန်ထားနော် :D
Thet Nandar Family said...
@ Qt - စားမယ် ဆိုရင် တီတီသက် .... ပုစွန်များများ ထည့်ပေးမယ်နော် ... ၀က်ဦးနှောက်ကော ကြိုက်လား .. အိအိလေးနဲ့ ၀က်နံရိုးပြုပ်ရည် ပူပူနဲ့ ၅ မိနစ် ကျော်လောက် ချက်လိုက်ပီး ငရုတ်ကောင်းမှုန့် ဖြူးလိုက်တာနဲ့ကို ၀က်ဦးနှောက်က စားလို့ ကောင်းနေပါပီ ... ကြိုက်ရင် ပုစွန်ကြေးအိုးမှာ အများကြီး ထည့်ချက်ပီး ပါဆယ် Tag လိုက်မယ်နော် ... ဟီး .. ဟီး ... =)