Wednesday, May 2, 2012

ကြက်ဥ ဒန့်သလွန်သီးချဉ်ရည်ဟင်း


ကြက်ဥပြုပ် ဒန့်သလွန်သီးချဉ်ရည်ဟင်း

 

 ရေနွေးစိမ် - ငရုပ်ပွ .. ကြက်သွန်ဖြူ .. ကြက်သွန်နီ ... ဂျင်းတို့ကို ကြိတ်စက်ဖြင့် မညက် တညက် ကြိတ်ထားပါတယ်။


အိမ်မှာ မဆာလာ အမှုန့် ကုန်နေလို့ ဒီနေ့ ချက်တဲ့ ချဉ်ရည်ဟင်းက ... ချဉ်ရည်ဟင်းကျက်ခါနီးမှ မဆာလာ အုပ်ချက်တာ မဟုတ်ပဲ ....

ချဉ်ရည်ဟင်း ... စချက်ကတည်းက မဆာလာအမှုန့်မှာ ပါတဲ့ ဟင်းခတ်အမွှေးအကြိုင် ( အချို့ ) ကို ဆီသတ်ပီး ချက်ထားပါတယ်။


ကြက်ဥပြုပ် ကို ၄၅ မိနစ်လောက် မီးအားများများနဲ့ ပြုပ်ပေးထားပါတယ်။ ကြက်ဥပြုပ် ဘေးပတ်ပတ်လည်ကို ဓါးနဲ့ အရာပေးပီး ရွှေအိုရောင် သန်းတဲ့ အထိ ကြော်ပေးထားတယ်။


ဆီပူအိုးထဲမှာ ... ဖာလာစေ့ထည့် ... မွှေ ... စမုံစပါးထည့် ... ငရုတ်သီးတောင့်ထည့်ကြော် ... ပျဉ်တော်သိမ်ရွက် ဆီသတ်ပီးမှ ....  ကြိတ်ထားသော အနှစ်များထည့် ... ဆနွင်းမှုန့် ထည့် ... ဆား ထည့် .. ဒန့်သလွန်သီးတောင့်တွေ ထည့် .. ကြော်ထားသော ကြက်ဥပြုပ်ကြော်ထည့် .. မွှေ ... ရေ ထည့်ပီး ... ဟင်းအိုး ပွက်ပွက်ဆူလောက်မှ မန်ကျည်းမှည့် ရည်ထည့် ... ဆီကျန် ရေကျန်အနေအထား ချက်ထားသော  ....


ကြက်ဥ ဒန့်သလွန်သီး ချဉ်ရည်ဟင်း



ကြိတ်ထားသော ခရမ်းချဉ်သီး နှင့် ငရုတ်ပွ + ကြက်သွန်ဖြူ + ကြက်သွန်နီ တို့ဖြင့် ချက်ထားသော ...


ခရမ်းချဉ်သီး ငံပြာရည်ချက်


ခရမ်းချဉ်သီး ငံပြာရည်ချက် + သခွါးသီး



ခရမ်းချဉ်သီး ငံပြာရည်ချက်


 
ပီဇာ


သမီးကြိုက်တဲ့ မုန့်


 
spaghetti



   အရင်ပိုစ့် 

ဂေါ်ရင်ချီ မဆလာ အုပ်ပီး ချက်ထားသော ဘဲဥ ဒန့်သလွန်သီးချဉ်ရည်ဟင်း

အမေရိကားမှာ ၀ယ်လို့ရသော ဒန့်သလွန်သီး အထုပ် နှင့် ငါးရံခြောက် ဒန့်သလွန်သီးချဉ်ရည်ဟင်း

ဘဲဥကြော်သုပ်

ဘဲဥပြုပ်သုပ်

ဘဲဥချဉ်ရည်ဟင်း

ဒယ်ဒီ၏ ဘဲဥကို အကြာကြီးပြုပ်ပီးမှ ချက်ထားသော အိုးဘဲဥ ချဉ်ရည်ဟင်း

Candy ၏ ချက်နည်းအတိုင်း ချက်ထားသော ရွှေခေါင်းပြောင်ဟင်း

ခရမ်းချဉ်သီး ငံပြာရည်ချက်


0 comments :