Friday, April 13, 2012

NYC - Dallas BBQ




ကိုယ့် အရင်ပိုစ့် တခု : Sun Far ( USA - Vacation ) မှာ ပြောဖူးတဲ့ ရန်ကုန်ကနေ အမေရိကားကို Sun Far Tour Group နဲ့ အလည်လာတဲ့ အမျိုးတွေကို တွေ့ဆုံဖို့  Connecticut ကနေ New York ကို အသွား ...


လမ်းမှာ မြင်ရတဲ့ ရှုခင်း အမှတ်တရ ....


Connecticut ကနေ New York ကို ... ကား ၂ နာရီခွဲ မောင်းရတာမို့ ... ဓာတ်ဆီ ၀င်ဖြည့် ..


ဓာတ်ဆီ ဖြည့်ရင်း နဲ့ သံဗူး အချိုရည်တွေ ၀ယ် ... သားသား နဲ့ သမီးလေး က ကားစီးရင်း အအေးဗူး သောက်ရတာကို သဘောကျတယ် ...


Spring Season မို့ သစ်ရွက် ရောင်စုံ နဲ့ တချို့ နေရာတွေမှာ အရမ်း လှသလို ... တချို့ သစ်ပင်များလည်း သစ်ရွက် မစုံသေးပါဘူး .. ကိုယ်တို့တွေ ကြိုက်တဲ့ သစ်ပင် အရောင်က ပန်းရောင်သစ်ပင် နှင့် ခရမ်းရောင်သစ်ပင်ပါ ... အရမ်းလှတယ် ...


သမီးလေး


မြို့ပြင် ထွက်ခါနီး အရောက်မှာ ...


ဒါလေးက အိမ်သာ အဆောက်အဦး 


ရာသီဥတုကလည်း သာသာယာယာ ...


နယူးယောက်မြို့ထဲကို ၀င်လာခါနီး ...


မက်ဟမ်တန် ဘက်ကို သွားမှာပါ ...


iPad ကြော်ငြာ ဆိုင်းဘုတ်


မက်ဟန်တန် ( Manhattan, New York ) ကို အသွား 



Gate ကို အဖြတ် ...


ဂိတ်ကြေးက $ 6.50 , မြို့ဝင်ကြေးက အသွားကော အပြန်ကော ၂ ခါ စလုံး ပေးရပါတယ် ...


နယူးယောက်မြို့ထဲ ၀င်ပါပီ ... တိုက်တာ အဆောက်အဦးမြင့်များနှင့် ဒီနေ့က ရာသီဥတု သာသာယာယာ မို့ အရမ်းလှပတယ် ..


ညဘက်ဆိုရင် အရမ်းကို လှပါတယ် .. ကားက အရမ်းကို မောင်းတာ မြန်နေလို့ .. ပုံမှန် အမြန်နှုန်းပဲလေ ... နောက်ကားတွေလည်း အများကြီး ရှိတော့ ပုံမှန် အမြန်နှုန်း နဲ့ ရိုက်ထားသော ဓာတ်ပုံများ ....



ညဘက်ဆို အဲဒီ တံတား မီးထွန်းထားတာ အရမ်းလှတယ် ....


ကွန်နတ်တီကတ်ကနေ ကိုယ်တို့တွေ ညနေ ၄ နာရီခွဲ သာသာ လောက်မှာ ထွက်လာတာပါ ....




နယူးယောက်မြို့ထဲ ၀င်တော့ ည ၇ နာရီ ရှိပါပီ ... အခုက ည ၈ နာရီကျော်လောက်မှ နေ၀င်ပါတယ် ... ဆောင်းတွင်းဆို ညတာ ရှည်တယ် .. နေ က ညနေ ၅ နာရီလောက်ဆိုရင် မှောင်သွားပီ ... Spring Season ကျတော့ ည ၈ နာရီ ... ၉ နာရီလောက်မှ မှောင်တယ် ... 

အရှေ့နားက Taxi ကို လှမ်းရိုက်တာ .... ကားက ရှေးခေတ်က ကားပုံစံမျိုး .... အဲယားကွန်းလည်းပါတယ် တဲ့ ... ကားမှန် အနောက်မှာ ရေးထားတာ ....


မြို့ထဲက ဒီ Taxi ကျတော့ ရှေ့ထိုင်ခုံ နောက်ကျောမှာ TV screen တပ်ပေးထားတယ် ... 
ရန်ကုန်က ကားပစည်း ရောင်းတဲ့ဆိုင်မှာလည်း car TV အဲလိုမျိုး တက်ထားတာတွေ ၀ယ်လို့ရပါတယ် ... VCD, DVD လည်း ဖွင့်လို့ရတယ် ... ကားမှာ wifi တပ်ထားရင် ရန်ကုန်မှာ ကားမောင်းရင်းနဲ့လည်း အင်တာနက် သုံးလို့ရပါတယ် ....

စကားမစပ်  .. DNS server no. ပြောင်းပီး ကြည့်ရင် ကွန်နက်ရှင်း မြန်မယ်လို့ ထင်ပါတယ် ... ကိုယ့် ရဲ့ မိသားစု personal blog တောင် ရွှေမြန်မာနိုင်ငံကနေ ရတနာပုံ နှင့် DNS ပြောင်းထားပီး သုံးပုံရတယ် .. ဒီဘက်မှာ ဂျာမဏီ နှင့် စင်ကာပူ နိုင်ငံ ဆိုတာ ပေါ်ပေမယ့် .. isp က ရတနာပုံ ...
ကိုယ် ရန်ကုန်မှာ နေစဉ်တုန်းက bagan net ( Unlimited ) ပါ .... DNS ပြောင်းထားပီးသုံးပါတယ် ... သူများတွေ လိုင်း တအားကျနေတာတောင်မှ ကိုယ်တို့တွေ ... လိုင်းမကျဘူး ..
ကိုယ့် ရဲ့ Thet Nandar Family : wordpress ... ဘလော့ ဧည့်သည်များသာ မေးကြည့်ပါ ... ရန်ကုန်ကနေ ဘလော့ပိုစ့်လည်းတင်တယ် ... ဓာတ်ပုံ ဗီဒီယိုလည်းတင်တယ် ... FB Game ..  လည်းဆော့တယ် ...  
မိုဒမ် တခုမှာ ကွန်ပြူတာ အလုံး ၂၀ ကျော်လောက်ဆိုရင်တော့ လိုင်းက ကျမှာပါပဲ ... 
မိုဒမ် တခုမှာ ... ကွန်ပြူတာ ၄ ... ၅ လုံး လောက်ပဲ သုံးတာ ကောင်းပါတယ် ...
နီးစပ်ရာ . အင်တာနက် ဆိုင်ကောင်းကောင်းမှာ DNS  မေးကြည့်ပီးသုံးတာပါ ...



မြေအောက်ရထား ... လှေကားကနေ တက်လာနေကြတာ ...


အဆောက်အဦးက အမြင်မှာတင် ခိုင်နေလွန်းလို့ အမှတ်တရ ရိုက်ထားတာ ....


Chelsea ... Dallas BBQ ဆိုင်ကို သွားမှာမို့ ... 8th Ave ကို HTC - GPS ညွှန်တဲ့ အတိုင်း ကားမောင်းနေကြတာ .... 


Fifth Ave ... တလမ်းလုံး Shopping Mall တွေ ချည်းပဲ ... Sun Far Tour က အဲဒီ အချိန် 5th Ave မှာ ဈေးဝယ်နေတဲ့ အချိန် ... 
ပီးမှ 8th Ave က Dallas BBQ မှာ ညစာ စားပီး ... Time Square သွား ... ပီးရင် Crowne Plaza မှာ ညအိပ် တည်းခို မှာလေ ....


ရောက်ပါပီ ... Dallas BBQ ကို ....


ဒီနှစ် .. တရုတ်နှစ်သစ်ကူးက ပီးသွားပေမယ့် အခုမှ အမျိုးများနှင့် ဆုံတာမို့ .... အမျိုးဆီက ... တရုတ်နှစ်သစ်ကူး အမ်းပေါင်း ရပါတယ် ... မြန်မာနှစ်သစ်ကူးချိန်မှာ ... 


ညစာ အကင်များနှင့် ဟမ်ဘာဂါ မှာစား ... ဂဏာန်းအသားလုံး နှင့် ပုစွန်ကြော် ကောင်းပါတယ် ...


ဟမ်ဘာဂါ ပေါင်မုန့်ကလည်း အကြီးကြီးပဲ ....



အမျိုးများ နှင့် အမျိုး ရဲ့ နယူးယောက်မှ သူငယ်ချင်း ၂ ယောက်နှင့် အတူ မိသားစု ညစာ စားကြပါတယ် ....
 


အမျိုးများ ... အမေရိကားလာမှပဲ ... ဆုံဖြစ်ပါတော့တယ် ... ကိုယ်တို့တွေ မိသားစုလိုက် .... မြန်မာ အလည်ပြန်ဖို့က .... စဉ်းစားတုန်း ... 


ရန်ကုန်မှာ နေထိုင်သော ဖေဖေ ကို ပြဖို့ မိသားစု အမှတ်တရ ဓာတ်ပုံ ရိုက်နေကြတာပါ ....

 

ဆိုင်ရှေ့က မြင်ကွင်း 


ဆိုင်ထဲက အထွက် .... Crowne Plaza Hotel ကို သွား ..


အဲဒီနေ့က sun far tour group က New York က Liberty ကို သွားလည်ထားတာမို့ အမျိုး ၀ယ်လာသော Liberty အရုပ် ကို အမှတ်တရ ဓာတ်ပုံ ရိုက်လာတာ ... 


ရန်ကုန်က သမီးရဲ့ အရမ်း ပြန်လိုချင်နေတဲ့ ရန်ကုန်မှာ ထားခဲ့သော သမီး အရုပ် ... ကြောင် အရုပ် နှင့် ဖား အရုပ်လေး ကို အမျိုး အမေရိကားကို သယ်လာပေးတာမို့ ... ဟိုတယ်မှာ လိုက်ယူကြတာ ....


သမီး အတွက် အမျိုး လက်ဆောင်ပေးသော iPad




သမီး အကြိုက် ... ပန်းရောင် ကာဗာ ...


iPad ကို အဖြူရောင်ပဲ သမီး ရွှေးဝယ်တယ် ...


iPad သုံးရင်း သဘောကျနေသော မောင်နှမ နှစ်ယောက် ...


ဒါက ... အမေရိကားမှာ အလည် ရောက်နေသော အမျိုးသုံးဖို့ ၀ယ်ပေးသော metro PCS ( CDMA ) ဖုံး .. အင်တာနက်က 4G .. တလလုံး ကြိုက်သလောက်ပြော . ကြိုက်သလောက် စာပို့ ... ကြိုက်သလောက် အင်တာနက်သုံးပဲ ( Unlimited )... oversea call - $ 10 ထည့်ပေးထားတော့ စင်ကာပူကို ကြိုက်သလောက် ဆက်လို့ ရတယ် ... Unlimited = $ 50, Hand Set = $ 39.99 ....  မြန်မာနိုင်ငံကျတော့ ခေါ်လို့ မရဘူး ... ဒီနေရာမှာ သွားပီး ဘယ်နိုင်ငံတွေကို တလ $ 10 နှုန်းနဲ့ ဒီ အမျိုးအစားဖုန်းက ခေါ်လို့ရလည်းဆိုတာ ဖုန်းနံပါတ် ရိုက်ထည့်ပီး ....  Search : http://www.metropcs.com/metro/browse/feature/cat610035/cat610036/0ILD  လုပ်လို့ရသလို ... web site မှာ online service အနေနဲ့ chat box လည်း ရှိတာမို့ .. တခါတည်း chat ရင်းနဲ့ သိချင်တာတွေကိုလည်း လှမ်းမေးလို့ ရပါသေးတယ် ...

Sin card လည်း ၀ယ်လို့ရပါတယ် ... Sin card က $ 50 ... hand set . ယူလာရင် sin card ပဲ ၀ယ်ပီး ထည့်လိုက်ရုံပါပဲ .. Unlimited Talk, Text, Web ပါပဲ ...


*** အရင်ပိုစ့် ... ***



3 comments :

Anonymous said...

အစ်မရေ US မှာကလေးက ရှေ့မှာထိုင်လို့ရတယ်လား။ Europe နဲ့အော်စီမှာတော့ ကလေးရှေ့မှာထိုင်ခွင့် မပေးဘူး။ Europe မှာပိုတင်းကျပ်တယ်။ (၁၃)နှစ်အောက်ကလေးတွေ ရှေ့ခုံမှာထိုင်ခွင့်မရှိဘူး။ အသက်(၇)နှစ်အထိ သတ်မှတ်တဲ့အတိုင်း Child Seat မဖြစ်မနေပါရတယ်။ US မှာတော့ အဲလိုမရှိဘူးနဲ့ တူတယ်နော်။ သားသားနဲ့ မီးမီးလဲ တော်တော်ကြီးလာကြပြီ။

တီချမ်း said...

အသိအမကြီးတယောက်နဲ့နာမည်တူလို့ ရောက်လာတယ်
တီလဲ ဟင်းချက်တွေ ချက်တယ် လာလည်အုံးနော်

Thet Nandar Family said...

@ တီချမ်း ...

ပြောတဲ့ အသိ အမကြီးကို ... ကိုယ် သိပါတယ် ...

ကိုယ်နဲ့ နာမည်တူတဲ့ သူမလည်း အမေရိကားမှာ နေတယ် ...

နာမည်လည်းတူတယ် ...
နေတဲ့ နိုင်ငံလည်း တူပါတယ် ...

မတူတာက ... သူမက Single ..
ကိုယ်က Double ပါ :P