Sunday, April 7, 2013

ဒီနေ့ အမေရိကားကို ရောက်ရှိတာ ( ၂ ) နှစ်ပြည့်ပြီ

Myanmar to USA ....


April 6, 2011 ဖေဖေ၊ မမိုး၊ကိုကို တို့ ၃ ယောက်စလုံး သက်တို့ကို လေဆိပ် လိုက်ပို့ပေးတယ်။ လေဆိပ်ရောက်တာနဲ့ မမိုးတို့က ဧည့်သည် ၀င်တဲ့ ဖောင် သွားလုပ်တယ်။ သက်တို့က ပစ္စည်းတွေချပေါ့။

ပထမ Hand carry က ပေါ့ပေါ့ပါးပါး ၁ လုံးပဲ တွန်းလှည်း အိတ် ယူသွားမလို့ပဲ။ ဒါပေမယ့် သူ့က 7kg ကျော်နေတာနဲ့ အိတ် ထပ်ယူလိုက်ရတယ်။ 28 နာရီနီးပါးလောက် လေယာဉ် ၂ ဆင့် စီးမှာဆိုတော့ အိတ်ထဲမှာ စာအိတ်ထုပ် အပြင် အနွေးထည်၊ ဆေးဝါး၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ မုန့်။ အရည်တော့ မပါဘူးပေါ့။ လေယာဉ်စီးတဲ့အခါ အရည်တွေက သယ်လို့ မရဘူးလေ။ လေယာဉ်ဖောက်ခွဲမှာကြောက်လို့ hand carry မှာ အရည် ပေးမသယ်ဘူး။ အိတ်တလုံး နဲ့ မိသားစု ၃ယောက်။ ပစည်းတွေ အိမ်မှာ ကလေးတွေ ပေါင်ချိန်တဲ့ ပေါင်ချိန်စက်နဲ့ ချိန်လိုက်တော့ ၇ kg ကျော်နေတာနဲ့ ။ အိတ် နောက်တလုံး ယူတော့ Angel ကျောင်းကျောပိုးအိတ်ထဲ ခွဲထည့်လိုက်တယ်။ Angel က သူ့ ဘာဘီအရုပ် ၈ ရုပ် နဲ့ မွေးပွ အရုပ် သေးသေးလေးတွေ ထပ်ယူချင်တော့ သူ့ရဲ့ တွန်းလည်း ကျောပိုးအိတ် ထဲ ထည့်တာနဲ့ ဆို။ hand carry့  ၃ လုံး ဖြစ်သွားတယ်။ ဖေဖေ တို့ မမိုး တို့ ကိုကို ကိုလည်း ကောင်းကောင်းတောင် နှုတ်မဆက်လိုက်ရဘူး။ ပြန်လာမယ် ။ ဒီအတိုင်းပဲ ခရီး ထထွက်သွားတဲ့ ပုံစံမို့လို့ အိမ်က မထွက်ခင် ဖေဖေကို သက်တစ်ယောက်တည်း ထိုင်ကန်တော့။ ဖေဖေကလည်း ဆုပေး။ လေယာဉ်က ၄း၄၀မှ ထွက်မှာပေမယ့် လေယာဉ်ထိုင်ခုံ ရှေ့ဆုံးတန်းလောက် လိုချင်တယ်လေ။ လေယာဉ် လက်မှတ်ကလည်း တလလောက်ကို ကြိုဝယ်ထားတာ။ လေယာဉ်ထိုင်ခုံက ဘွတ်ကင်တင်ကတည်းက ကြိုယူလို့ မရဘူးဖြစ်နေတာမို့ check in 23း0မှာ စောစောဝင်လိုက်တာ။ ကလေး နဲ့ ဆိုတော့ လေယာဉ်ထိုင်ခုံ အလယ်နားတို့ ကြားခုံတို့ မလိုချင်ဘူး။ ရှေ့ဆုံးတန်းမှာပဲ သီးသီးသန့်သန့် ထိုင်ချင်တာလေ။ အိုး .. တကယ့်ကို ကတိုက် က ရိုက်ပါပဲ။ ဘယ်လောက်ပဲ ကြိုတင် ပြင်ဆင်ထားထား။ အနားနီးမှ ကပ်လုပ်တတ်တဲ့ သက် ရဲ့ အကျင့် နဲ့ လေဆိပ်ထွက်ခါနီးတောင် အိတ်တွေက သော့မခတ်ရသေး၊ ဇစ်မပိတ်ရသေးနဲ့လေ။

လေဆိပ်ရောက်တော့ မြန်မာက ထွက်ခွါ depature card ၀ယ်မယ် အလုပ်မှာ ပွဲစားက သူလိုက်လုပ်ပေးမယ်။ တယောက်ကို ၂၅၀၀ ကျပ် ဆိုတာနဲ့ သူ့ကို အပ်လိုက်တယ်။ myanmar airport tax က တစ်ယောက်ကို မြန်မာနိုင်ငံသားဆို ၃၀၀၀ ကျပ်၊ နိုင်ငံခြားသားဆို ၁၀ဒေါ်လာမို့ ပွဲစားကို ၉၀၀၀ ကျပ် ပေးလိုက်တယ်။ ကတ်ဝယ်ဖို့။ သူ့ နဲ့အတူ လေဆိပ်ထဲ တန်းဝင်လိုက်တာ။
ဖေဖေ၊ မမိုး၊ ကိုကိုတို့က မှန်ချပ် အပြင်မှာ ကျန်ခဲ့တာပေါ့။ (မှန်ချပ် အထဲလိုက်ဝင်ချင်ရင် မှတ်ပုံတင်ပေးလိုက်ရင် မှတ်ပုံတင်ထဲကလူ အထဲဝင်လို့ရတယ်ပြောတယ်။ check in counter အထိ ရတယ်နဲ့တူတယ်)
အိတ်တွေကို ကားပေါ်က ချတော့ အလုပ်သမားတွေက ထရော်လီပေါ် တင်ပေးတယ်လေ။ ထရော်လီ ၂စီး။ သူတို့ပဲ စက်တွေပေါ် တင်ပေးတာ။ immigration မှာ အိတ်တွေ scan စစ်ဖို့အတွက်။ ( ထရော်လီနဲ့ သယ်ပေးတဲ့သူတို့ကို မုန့်ဖိုး တစ်ယောက်ကို ၂၀၀၀ ကျပ်စီ ပေးလိုက်တယ်)
ပထမ immigration ၀န်ထမ်းက အိတ်တွေကို scan ဖတ်၊ သက်တို့ကို body check တယ်။ မြန်မာမှာတော့ ဘိနပ် မချွတ်ခိုင်းဘူး။ ရင်ဘတ်တွေလည်း မိန်းမဆို မိန်းမ အချင်းချင်း ကိုင်စစ်တယ်။ သယ်စရာတွေကို body မှာ မ၀ှက်ထားတာ အကောင်းဆုံးပဲ။

ပီးတာနဲ့ silk air counter ကို သွားတယ်။ အဲဒီမှာ လေယာဉ်လက်မှတ်ပေး။ ပတ်စပို့ စာအုပ်ပေး။ အဲဒီ အချိန်မှာ ပွဲစားက depature card မှာ သက်တို့ရဲ့ အချက်အလက်တွေ ဖြည့်ပေး။
အိတ်တွေကို weight ချိန်။ hand carry ကို 7 kg ထက် တစ်လုံးကို မကျော်ရင် ရတယ်။ တယောက် ကို ၂ လုံးလားပဲ။ သက်တို့က ၃ယောက် ၃ လုံးတည်းပဲ။ အိတ်ကျတော့လည်း တစ်ယောက်ကို  ပေါင် ၅၀ အိတ် ၂ လုံးလောက် ရပေမယ့် သက်တို့က 98kg ၂၁၅ ပေါင်လောက်ပဲ ရှိတယ်။ အခုမှ နှမြောလိုက်တာ။ နောက်ထပ် ပေါင် ၈၅ (38 kg) လောက် သယ်လို့ ရသေးတယ်။ အိတ်တွေက ကမန်းကတန်းဆိုတော့ သော့မခတ်တဲ့ အိတ်တွေကို အဲဒီမှာပဲ ပလပ်စတစ် စည်း နဲ့ သူတို့ ကို ပြောပီး ပိတ်ခိုင်းလိုက်တယ်။ silk air counter မှာ အိတ်ချိန်ပေးတဲ့ သူတို့ကို တစ်ယောက်ကို မုန့်ဖိုး ၂၀၀၀ ကျပ်စီ ပေးလိုက်တယ်။

boarding pass က ၂စောင်ထုပ်ပေးတယ်။ တခါတည်း ထိုင်ခုံ နံပါတ်တွေ အပါပေါ့။ အဲဒီမှာ သက်တို့ကို ဆူးလေဘုရားလမ်း sakura tower မှာရှိတဲ့ silk air line က အမ ရန်ကုန်မှာကတည်းက meet and assistance တောင်းလို့ ရတယ်။ အမ ကို သူတို့က အိတ်တွေ သယ်ပေးလိမ့်မယ်။ silk air counter မှာ boarding pass ထုပ်ပီးရင် check in ၀င်တဲ့အခါ လ၀က ဖြတ်တာ ကူညီပေးလိမ့်မယ်။ ကလေးကိုလည်း ကူထိန်းပေးမယ်ဆိုလို့ တောင်းတော့ သူတို့က ပွဲစားပါတယ်လေ အမ။ လို လိုလားတဲ့။ အပေါ်ကို တက်လိုက်ရင် ရပါပီ ဆိုလို့ သက်တို့လည်း အပေါ်ကို escalator နဲ့တက်တယ်။ မတက်ခင် မှန်ချပ်အပြင်ကနေ လက်ပြ နှုတ်ဆက်နေတဲ့ ဖေဖေ၊ မမိုး၊ ကိုကိုတို့ကို နှုတ်ဆက်။


" ဖေဖေရဲ့ သမီးငယ် သက် ပြန်လာခဲ့မယ် ဖေဖေ၊ ဆက်ဆက် ကို ရွှေမြန်မာနိုင်ငံကို ပြန်လာခဲ့မှာပါ၊ နိုင်ငံခြားမှာ ကလေးတွေ ကျောင်းတက်ရုံပါ။ သက်တို့ ပြန်လာခဲ့မှာပါ " မှန်ချပ်ကြီးက ကာနေလို့ အပြင်က နှုတ်ဆက်တဲ့ ဖေဖေ နဲ့ သက်တို့ ပြောတဲ့ စကားသံကို မကြားရဘူး။ မမိုးက လက်ဟန် ခြေဟန်နဲ့ အပေါ်ရောက်ရင် ဖုန်းဆက်ဖို့ သူ့ဟမ်းဖုန်းကို ခေါ်ဖို့ ပြောပေမယ့် သက် အပေါ်မှာ ဖုန်းကို ဆက်ကြည့်သေးတယ်။ မခေါ်တတ်ဘူး။ ဒါနဲ့ ဖုန်းမဆက်ဖြစ်တာပါ။ (အိမ်ဖုန်းတွေပဲ ဆက်လို့ ရတယ်ပြောတယ်)

escalator နဲ့ အပေါ်ရောက်တော့ လ၀က ကို ဖြတ်တဲ့ နေရာမှာ တန်းစီလိုက်တာနဲ့ ပွဲစားက လိုက်လို့ မရတော့ဘူးလေ။ silk air က လူဆိုရင် လေယာဉ်အပေါက်ဝ အထိကို သူတို့ လိုက်လို့ ရတယ်။
သက်တို့မှာ hand carry ၃ လုံးပါတယ်လေ။ ဒီ မြန်မာဘက်မှာက hand carry ကို တင်မယ့် ထရော်လီ လည်း မရှိဘူး။ ကလေး ၂ယောက်နဲ့ အိတ်က သုံးလုံး တကယ့်ကို ကိုးလို့ ကန့်လန့်။ သားသားက အိမ်ကအထွက် လေဆိပ်လာခါနီး ကားပေါ်မှာ အိပ်ပီး လိုက်လာတာမို့ သူ့ကို နိုးရသေးတယ်။ အိပ်ချင်မူးတူး ဖြစ်နေတဲ့ သားသားကို လမ်းလျှောက်ခိုင်းရတာပေါ့။ သားသားကို လက်ဆွဲ ထား ချင်သေးတယ်။ သားလေး တခု ခု ဖြစ်မှာစိုးလို့။ ချော်လဲကျတာတို့ ဟိုးလျှောက်သွား ဒီလျှောက်သွား မှာစိုးလို့။

စင်ကာပူ လေဆိပ်၊ ဂျာမဏီ လေဆိပ်၊ အမေရိကားလေဆိပ်က airport meet and assistance တွေ အားလုံး။ ကလေးကိုလည်း ၀ိုင်း ပီးတော့ ကူညီစောင့်ရှောက်ပေးတယ်။ အိတ်တွေလည်း ကူ လွယ်ပေးတယ်။ ကူပီးတော့ တွန်းလှည်းကို တွန်းပေးတယ်။ လေယာဉ်အပေါက်ဝကနေ လာကြိုပီး နောက်ထပ် လေယာဉ်တစ်စီး အပေါက်ဝ အထိကို လိုက်ပို့ပေးပီးမှ ပြန်တာ။ check in ၀င်တာတောင် အထဲထိ လိုက်လာပီး လေယာဉ်အပေါက်ဝ လေယာဉ်မယ် လက်ထဲ ထိ လိုက်ပို့ပေးပီးမှ ပြန်တာ။

မြန်မာလေဆိပ်က လ၀ကမှာ သက်တို့ ၃ယောက်ကို ဓာတ်ပုံ ရိုက်တယ်။ web cam နဲ့။ ကလေးတွေကို ဓာတ်ပုံရိုက်တော့လည်း web cam က position ပြောင်းလို့ ရတယ်လေ။ မြန်ပါတယ်။ ခဏလေးပဲ။ သက်တို့က အစောဆုံး ၊ ပထမဦးဆုံး ရောက်တာ။ ပီးတာနဲ့ gate 3 ကနေ ဖြတ်။ check in ၀င်တယ်။ hand carry စစ်တာပေါ့နော်။ အိတ်တလုံးဖွင့်ပြရတယ်။ ကျောက်တွေ သယ်လို့ မရဘူး။ ဒေါ်လာကိုတော့ သူတို့ ဘာမှ မမေးဘူး။ ဘယ်လောက်သယ်သွားလည်း ဘာလည်းတို့ မမေးဘူး။ အဲဒီက လ၀က ၀န်ထမ်းက အမ ကလေးတဖက်နဲ့ အိတ်တွေနဲ့မို့ လှေကားက မဆင်းပဲ ဆင်ခြေလျှောက ဆင်းဖို့ ညွန်ပေးသေးတယ်။ ပီးတာနဲ့ ထိုင်ခုံမှာ စောင့်ရတယ်။ နည်းနည်းကြာတယ်။ သက်တို့က ထိုင်ခုံ အရှေ့နားလောက် လိုချင်တော့ check in စောစောဝင်လိုက်တာလေ။ bangkok air line က ထိုင်ခုံကို ကြို ယူလို့ ရတယ်။ အွန်လိုင်းကနေ။ silk air က မရဘူး ဆိုလို့လေ။ ကလေးတွေ နဲ့ ဆိုတော့ အရှေ့နားပဲ ထိုင်ချင်တယ်။


အင်တာနက်ကနေ meet and assistance ရဲ့ တာဝန်တွေကို ဒီမှာလည်း ဖတ်လို့ ရပါတယ်။ သူ့က ကလေးတွေ နဲ့ လေယာဉ်စီးတဲ့ မိဘ တို့၊ ဘာသာစကား မတတ်ကျွမ်းတဲ့ လူငယ်တွေ ဖြစ်ဖြစ် အသက် အပိုင်းအခြား မရွေး နဲ့ တွန်းလှည်းနဲ့ သွားတဲ့ ခရီးသည်တွေ အားလုံး assistance ကို တောင်းလို့ ရတယ်။




ဒါက Singapore Changi airport ရောက်တော့ သက်တို့ကို နောက်ဆုံးမှ ဆင်းရတယ်။ သက်တို့ကို လေယာဉ်မယ်က အရင် လာခေါ်တယ်။ လေယာဉ်ရဲ့ အပေါက်ဝမှာ လာကြိုတဲ့ ယူနီဖောင်း လိမော်ရောင်ပုပ်ပုပ်၊ စကပ် ဒေါင်းမြီးလို အမဲ ၀တ်ထားတဲ့ assistance က လာကြိုတယ်။ သူ နဲ့အတူ special room ကို သွား။ အဲဒီမှာ သက်တို့ ခဏ စောင့် အိမ်သာတက်ကျတယ်။ တီဗီကြည့်ကျတယ်။ အဲဒီမှာ မြန်မာ ၀န်ထမ်း နှင်းဆိုတဲ့ သူ နဲ့လည်း တွေ့တယ်။ သူ့က အဲဒီ special room မှာ တာဝန်ကျတာလေ။ ပီးတာနဲ့ နောက်တယောက်နဲ့အတူ sky train စီးပီး terminal 2 က နေ terminal 3 ကို ကူးကျတယ်။ လမ်းမှာ orchard garden လည်း တွေ့သလို၊ play ground မှာလည်း အိန်ဂျယ် ခဏ ၀င်ကစားသေးတယ်။ အဲဒီ အရှေ့မှာ ကာတွန်းကားပြလို့ သူ့ ခဏ လောက် ကြည့်နေသေးတယ်။ ပီးတာနဲ့ check in ၀င်တယ်။ check in ၀င်တော့ တွန်းလှည်းက ဆက်ယူလို့ မရတော့ဘူးလေ။ assistance က ကျောပိုးအိတ် လွယ်ပေးတယ်။ သက်နဲ့ အိန်ဂျယ်က တွန်းလှည်းအိတ်ကို တွန်းပေါ့။ အဲဒါ လေယာဉ် တံခါးပေါက်ဆီ လိုက်ပို့ပေးတာ။ လေယာဉ်မယ် လက်ထဲ အပ်ပီးတော့မှ ပြန်သွားတာ။ စင်ကာပူ check in က boarding pass နဲ့ ပတ်စပို့ စစ်၊ ပီး အပေါ်မှာထပ်ဝတ်ထားတဲ့ အကျီတွေ ကို ခွက်ထဲ ထဲ့ ခိုင်းပီး စက် နဲ့ စစ်၊ body ကို စက်နဲ့ တချက်ပဲ စစ်တာပါ။ body ကို ကိုင်တောင် မစစ်ဘူး။ သက်တို့ စင်ကာပူကနေ ဂျာမဏီ၊ ဂျာမဏီ ကနေတဆင့် နယူးယောက် ကို စီးမယ့် လေယာဉ်က 747 လေယာဉ်။ ဘေးတဘက်စီမှာ ထိုင်ခုံ ၃ လုံး နဲ့ အလယ်မှာ ၄ လုံးမို့ တတန်းကို ၁၀ လုံး။ မြန်မာကနေ စင်ကာပူ ကို စီးလာတဲ့ လေယာဉ်က ဘေးတဘက်ချက်စီကို ထိုင်ခုံ ၃ လုံးစီ။ အစစ အဆင်ပြေပါတယ်။


အထူးသဖြင့် ဒီခရီးစဉ် အစ အဆုံးမှာ မအေး ၊ မမျိုးတို့က သက်တို့ သားအမိတွေ လေယာဉ်မစီးခင် ဘာတွေ ကြိုတင်ပြင်ဆင်ရမယ်ဆိုတာ ပြောပြ မှာတာနဲ့တင် ခရီးတ၀က်လောက်က အဆင်ပြေနေပီ။ meet and assistance ရှိပေလို့ပဲ။ သက်တို့ သားအမိတွေ ကလေးတဖက် နဲ့ပေမယ့်လို့ ဒီခရီးကသွားရတာ သက်တောင့် သက်သာ ရှိပါတယ်။


ဒါက sky train နားမှာ။ သားသားကိုင်ထားတဲ့ လေယာဉ်ပျံ အမွေးပွ အရုပ်ကလေးက အဲဒီက လေဆိပ်ဝန်ထမ်းက အိတ်နဲ့ လွယ်ပီး ဝေနေတာလေ။ သူပဲ သက်တို့ကို ဓာတ်ပုံတွေ လိုက်ရိုက်ပေးတာ။ အိန်ဂျယ်ကတော့ စင်ကာပူ လေယာဉ် မြေပုံကို shape ပြောင်းတဲ့ အရုပ်၊



Singapore air port က duty free shop




ကိုယ့်တို့ သားအမိတွေ ဟိုငေး ဒီငေးနဲ့ လျှောက်နေကြတာလေ။ meet and assistant က သဘောကောင်းတယ်။ စောင့်ပီးတော့ ခေါ်သွားပေးတယ်။






recycle အမှိုက်ပုံးလေးတွေကို သဘောကျနေကြတာလေ။ ဒီပုံဆို ဒီဗူးတွေ ပစ်ဖို့ ဆိုပီး ကလေး ၂ယောက် သဘောကျနေကျတာ။


ပလပ်စတစ်ဗူး အမှိုက် သပ်သပ်၊ သံဗူး အချိုရည် အမှိုက်သပ်သပ်၊ သတင်းစာ အမှိုက်သပ်သပ်စီ ခွဲထားတာကို သူတို့တွေ သဘောကျနေတာ။ (အမှိုက်ပုံးတွေကို သဘောကျနေတဲ့ ရွှေမြန်မာဖွား  မြန်မာကလေးတွေပေါ့)။


လေယာဉ်မစီးခင် နာရီဝက်လောက်က အိန်ဂျယ်က merislon တစ်လုံးသောက်တယ်။ ၇ နာရီ ခြား တခါ ဆေးသောက်သွားတယ်။ သားသားကတော့ မသောက်ဘူး။ မြန်မာက စင်ကာပူ လေယာဉ် မှာ စင်ကာပူ လေယာဉ်ဆင်းခါနီးကျတော့ မမိုးပြောတဲ့အတိုင်း လေယာဉ်မယ်ဆီက cotton for ear ဆိုပီးတောင်းတော့ သူ့က နားပိတ်တဲ့ ear form ပေးတယ်။ လေယာဉ်ဆင်းတဲ့အချိန် လေထု အပြောင်းအလဲ ကြောင့် ကလေးတွေ နားကိုက်မှာ စိုးလို့ တပ်ပေးထားတယ်။ သားသားက မရဘူး။ ပြန်ချွတ်လို့ ၊ ခါးပတ်လည်း မပတ်ဘူး။ သူ့ကို ဖက်ထားပီး နားကိုပိတ်ထားပီး လေယာဉ်ဆင်းတာကို ဖြတ်ကျော်ခဲ့ရတယ်။ သူ့ ဘာမှ တော့ မဖြစ်ပါဘူး။ လေယာဉ်ဆင်းခါနီးရင် အရမ်းဆူညံတယ်လေ။ တခါတလေ လေယာဉ်မီးလည်း ပိတ်ထားသေးတော့ သူ့ကို နားကို လက်နဲ့ ပိတ်တာ သူ ဘာမှ မဖြစ်ဘူး။ စင်ကာပူ ကနေ နယူးယောက်သွားတဲ့ လေယာဉ်ကတော့ မောင်းတာ တော်တယ်။ လေယာဉ်အတက်အဆင်း ဘာမှ တောင် မသိသာလိုက်ဘူး။ လေယာဉ်မယ်ဆီက candy လည်း တောင်းသေးတယ်။ သူ့က ကလေးကို ကျွေးရင် သတိထားဖို့ ပြောသေးတယ်။ သက်က လို ရ မယ်ရ သကြားလုံးကို အိတ်မဖွင့်ခင် သွားနဲ့ ကိုက်ချွေပီးမှပဲ သားသားကို ဖဲ့ ကျွေးလိုက်တယ်။ သူ့ လေယာဉ် အတက်အဆင်း အဲဒီ နည်းနဲ့ သတွေး မြိုချလို့ ရအောင်လို့လေ။ နားမပိတ်အောင်လို့။



ခေါက်ဆွဲစားလိုက်၊ လိမ္မော်ရည်သောက်လိုက်၊ တီဗီကြည့်လိုက် သားသားက လေယာဉ်စီးနေတယ်လို့ ထင်ပါ့မလား မသိဘူး။ ရုပ်ရှင်ရုံထဲက ရုပ်ရှင်ကြည့်နေရသလိုမျိုးလေးမို့။


လေယာဉ်ပေါ်မှာ ကျွေးတဲ့ အစားအသောက်


အစားအသောက်က ၂နာရီ တခါလောက်ကို ကျွေးတာဆိုတော့ ကိုယ်တို့ ရွှေမြန်မာ ဗိုက်နဲ့ မဆန့်တော့ဘူး။ 
မစားနိုင်ဘူးလေ။ ကျွေးတဲ့ အခေါက်တိုင်းကို ကုန်အောင် မစားနိုင်ကြဘူး။ 


ဒါက beef roast နဲ့ ပဲသီး၊ မုန်လာဥ၊ အားလူးထောင်းလိုမျိုး။



ထိုင်ခုံ လက်တန်းတွေ တင်ထားတော့ ထိုင်ခုံသုံးလုံးက အလွတ်ဖြစ်သွားတော့ သမီးက ခြေဆန့်ပီး အိပ်နေတာလေ။ သားသားက ရန်ကုန်လေဆိပ် အလာ လမ်းမှာ အိပ်ထားတော့ မအိပ်ချင်သေးဘူး ဖြစ်နေတယ်။


လေယာဉ်ပေါ်မှာ ကလေးတွေက ဗီဒီယို ကြည့်လိုက်၊ ဂိမ်းကစားလိုက်။ စားလိုက် သောက်လိုက်ပဲ။ coke တော့ ခဏ ခဏ တောင်းတယ်။ သံဗူးလိုက်ကို ချပေးတာ။ သူများတွေက ၀ိုင်တွေ သောက်တယ်။ ဘီယာဆိုလည်း သံဗူးလိုက်ကိုပေးတာ။ ကျွေးတာလည်း အစားအသောက်ကောင်းတယ်။ ပုဇွန်လည်း ပါတယ်။ ခဏ ခဏ ကို ကျွေးနေတာ။ သက် ထိုင်ခုံက အရှေ့ဆုံးတန်းရဲ့ နောက်တတန်းမို့။ အိမ်သာနဲ့လည်း နီးတယ်။ အရှေ့ဆုံးတန်းက တီဗီကို ထိုင်ခုံဘေးကနေ ထုတ်တာ။ သက်တို့ ကျတော့ တီဗီက အရှေ့ခုံရဲ့ အနောက်ဖက်မှာ။ ထိုင်ခုံလက်တန်းတွေကလည်း တင်ထားလို့ ရတော့ လေယာဉ်အဆင်းအတက်က လွဲလို့ လက်တန်းတွေ အကုန်တင်ထားလိုက်တော့ ထိုင်ခုံက ပိုကျယ်သွားတယ်လေ။ ရှေ့ဆုံးတန်းရဲ့ ထိုင်ခုံ အောက်နားမှာ ခြေထောက်တင်ဖို့ တန်းလေးလည်း ပါတယ်။ ခြေထောက်မတင်ချင်ရင် ခေါက်ထားလိုက်ရုံပဲ။



အိန်ဂျယ် အိပ်နေတာ။ လာပို့သမျှ အစားအသောက်တိုင်းမှာ ကိုယ့်တို့တွေ ဒိန်ချဉ်နဲ့ ကျန်တာ အနည်းငယ်ပဲ စားကျတယ်။ ဗိုက်ပြည့်နေလို့။ အစားအသောက်တွေက ကောင်းတယ်။ မကုန်ရင် သိမ်းထားလို့ ရတယ်။ အသီးဆို သူ့ ဘူး လေး နဲ့ သူ ပြန်ပိတ်ပီး ယူထားလို့ ရတယ်။ စင်ကာပူမ တစ်ယောက် အဲဒီ လေယာဉ်ပေါ်မှာ ကျွေးတဲ့ အသီးခွက်လေးကို သိမ်းထားပီး ဂျာမဏီ လေဆိပ်မှာ သူ့ခလေးကို ကျွေးနေတာ တွေ့တယ်။


ကြက်ဥကြော်နဲ့ sausace ၊ ပဲ


ဒါက လေယာဉ်ပေါ်က တီဗီ၊ ကာတွန်းကားကြည့်နေတာ။ အဲဒီ တီဗီမှာ ရောက်နေတဲ့ နိုင်ငံ၊ အချိန်၊ ရာသီဥတု၊ ပျံသန်းမယ့် လမ်းကြောင်းတွေ channel ရွှေးကြည့်လို့ ရတယ်။ ရုပ်ရှင်လည်း ကြည့်လို့ရတယ်။ remote control နဲ့ပဲ လေယာဉ်ပြတင်းပေါက် အပေါ်နားက မီးလုံးနားမှာ အလုံးလေး ရှိတယ်။ အဲဒါကို ချိန်ပီး လေယာဉ်မယ်ကိုလည်း ခေါ်လို့ ရတယ်။ 



မှိုနဲ့ ခေါက်ဆွဲကြော်



ဝက်ချိုချဉ်ကြော် နဲ့ ခေါက်ဆွဲ



ကြက်ဥကြော် နဲ့ sausace (breakfast) စားနေကြတာ။ အိပ်ရေးဝသွားပီ ဆိုတော့ ကာတွန်းကားကြည့်ရင်းပျော်နေကြတာ။





လေယာဉ်ပေါ်မှာ ခြေအိတ်၊ သွားတိုက်ဆေး၊ သွားတိုက်တံ ပေးတယ်။ မနက် မိုးမလင်းခင် ၅ နာရီလောက်မှာကတည်းက ကိစ္စအားလုံး လုပ်ထားလိုက်တယ်။ အိမ်သာကလည်း အရှေ့နားမှာ ဆိုတော့ တန်းစီပီး စောင့်နေစရာမလိုဘူး။ အဆင်ပြေတယ်။ အနံလည်း မထွက်ဘူး။ အပြင်ကို။ 



ဂျာမဏီ frankfurt ကို လေယာဉ်ဆီ ၀င်ဖြည့်ဖို့ အတွက် သက်တို့ လေယာဉ်ပေါ်က ခဏ ဆင်းရတယ်။ April 7, 2011 ဂျာမဏီ အချိန် မနက် ၆း၃၀ ကျော်ပေါ့။ အဲဒီမှာ နည်းနည်း အေးတယ်။ လေယာဉ်ပေါ်က ဆင်းခိုင်းတာက သူတို့ သန့်ရှင်းရေး လုပ်တာလည်း ပါတယ်။ သက်တို့ကို နောက်ဆုံးမှ ဆင်းရပီး လေယာဉ်အပေါက်ဝ မှာကတည်းက uniform သပ်သပ်ရပ်ရပ်နဲ့ ၀န်ထမ်းလာကြိုတယ်။ ပီးတာနဲ့ သက်တို့ boading pass နဲ့ passport စာအုပ် ကိုင်ပီး ကလေး နဲ့ ခရီးသည် တွေ က သပ်သပ် တန်းစီရတယ်။ လူနည်းတာပေါ့ ။ တခြား ခရီးသည်တွေက သပ်သပ်လေ။ check in ၀င်ရတယ်။ အဲဒီမှာပဲ အမေရိကားဝင်မှာမို့ envelope ပါလား မေးတယ်။ ပါတယ်။ ထုပ်ပြစရာ မလိုပါဘူး။ ပီးတာနဲ့ သူ့က white card & declare form ပေးတယ်။ သက်က လေယာဉ်ပေါ်ရောက်မှပဲ ဖြည့်လိုက်တယ်။ xray ဖြတ်တော့ Angel ကော သက်ကော ဖိနပ်တောင် စစ်တယ်။ ပီးတော့ သမီး ရဲ့ ဘာဘီ အရုပ်ကို တရုပ်ယူသွားတယ်။ အရုပ်က ၈ ရုပ်လောက် ပါတာလေ။ ဘာဘီ အရုပ် ကျောကုန်းကို ဆေးအရည်တမျိုး သုပ်ပီး စစ်ဆေးတာ။ ဘာမှ မပါ ပါဘူး။ သားသားကတော့ ငယ်သေးလို့ သိပ်မစစ်ဘူး။ သက်တို့က အဲလိုမျိုး စစ်ဆေးတာ ဘာမှ မဖြစ်ပါဘူး။ ကိုယ့်စီးမယ့် လေယာဉ်လုံခြုံစိတ်ချရဖို့ အတွက်ပဲ ။ သူတို့ စစ်ဆေးတာကလည်း ၀တ္တရား အရပါ။ အလွန်အကျွံ မစစ်ဆေးပါဘူး။





ကလေးဆို ကလေး ရေခွက်လေးတွေ ပေးတယ်။ အားလူးပြုတ်နဲ့ ငါးအသားပြား



ဂိမ်းဆော့နေတာ။ ear phone တွေက တခါသုံးတွေ။





အော် .... မြန်မာကနေ စင်ကာပူ အသွားမှာ သက်က လေယာဉ်လက်မှတ် ဘွတ်ကင်ယူကတည်းက child meal ၂ ယောက် အတွက်ယူတယ်။ booking ယူကတည်းက သုံးယောက် တတွဲမို့ လေယာဉ်ထိုင်ခုံကလည်း တတွဲထဲပဲ ရတာလေ။ အဲဒါ လေယာဉ်မယ်က သားသားကို pasta စားမလားမေးတယ်။ ဘေးက မြန်မာ တစ်ယောက်က အမ ခေါက်ဆွဲတဲ့။ ဒါနဲ့ စားမယ် ဆိုတော့ heinz က ထုပ်တဲ့ baby food တွေ ပုလင်း ၃ ပုလင်း ၃ မျိုး နဲ့ လာပေးတယ်။ Angel နဲ့ သက်ကတော့ ရီတာပေါ့။ အဲဒီ အစာတွေက သားသား ၆ လ သားကနေ စ စားပီး အခု အရွယ်မစားတော့ဘူးလေ။ အဲဒီဗူးတွေက ရန်ကုန် စီးတီးမတ်မှာ ၀ယ်လို့ ရတယ်။ banana နဲ့ fruit jerry ။ နောက်တခုက chicken curry ။ သားသားက fruit jerry ပဲ စားတယ်။ အိန်ဂျယ်က လည်း အဲဒီ ဗူး စားချင်နေတယ်။

ဂျာမဏီ လေဆိပ်ရောက်တော့ သူတို့က အရည်ပေးမသယ်ဘူးလေ။ လေယာဉ်ဖောက်ခွဲမှာ ကြောက်လို့။ အဲဒီပုလင်းကို မေးသေးတယ်။ နောက်မှ သားသားကို မြင်တော့ pass ပေးတယ်။ စစ်တယ်။ အဲဒီ ဘက် မှာ တော်တော်ကိုစစ်တာ။ body လည်း ကိုင်စစ်တယ်။ မိန်းမ အချင်းချင်းပါ။ one by one ကို စစ်တာမို့ ကြာတာပေါ့။ လေဆိပ်ကတော့ သန့်တယ်။



US ရောက်ခါနီး ရေခဲချောင်း တစ်ယောက်တခုစီ ပေးတယ်။ ကလေး ၂ယောက် သဘောကျနေတာ။ စားလိုက်၊ ရုပ်ရှင်ကြည့်လိုက်။




နယူးယောက်ကို မနက် ၁၀း၁၅မှာ ရောက်တယ်။ လေယာဉ်ပေါ်က ဆင်းတာနဲ့ နက်ပြာဝတ်စုံနဲ့ အမျိုးသမီးချောချောက ဖိုင်တွေ ကိုင်ပီး လာကြိုတယ်။ သူနဲ့အတူ အင်မီဂရေးရှင်းကို တန်းသွားရတယ်။ ဟိုမှာ လူတွေ ရှင်းနေတာပဲ။ ကောင်တာကလည်း များတာကို တန်းတောင်မှ စီ စရာ မလိုဘူး။ အဲဒီမှာ ဒီဘက်က သံရုံးက ပေးတဲ့ စာအိတ်ထုပ်တွေပေးတယ်။ declare form ပေးလိုက်တယ်။ သက်ကို တစ်ယောက်တည်းပဲ ဓာတ်ပုံရိုက်တယ်။ ပြုံးပြပီး ရိုက်ခိုင်းတယ်။ ဒီဘက်မှာ အင်တာဗျူး ၀င်တုန်းက သက်ရဲ့ ဗီဇာ နဲ့ တခြားသူ ကြားဝင်ပီး ခိုးဝင်လို့ မရအောင် ဒီဘက်က အင်တာဗျူးမှာကတည်းက finger print ယူထားတာမို့ အဲဒီမှာ တချက်စစ်တယ်။ finger print စစ်တယ်။ ပတ်စပို့ စစ်တယ်။ ဗီဇာ ကို စစ်တယ်။ အားလုံး စက်တွေ နဲ့ပဲ။ မြန်တယ်။ ခဏလေးပဲ။ ပီးတာနဲ့ နောက် ထပ် ၀န်ထမ်းတယောက်စီ သွားပီး စောပိုင်းက တယောက် ဖောက်လိုက်တဲ့ စာအိတ်ထုပ်နဲ့ white card ပေး။ သူ့က white card မှာ sign ယူတယ်။ ပီးရင် လက်ညိုး ညာဘက် ကို လက်ဗွေ ယူတယ်။ ပီးပီ။ သက် အဲဒီလို ရုံးပိုင်းဆိုင်ရာတွေ နဲ့ အလုပ်ရှုပ်နေချိန်မှာ ကလေး နဲ့ အိတ်တွေကို စောပိုင်းက air port meet and assistance က ကြည့်ပေးတယ်။

ပီးတာနဲ့ အိတ်တွေကို သွားယူဖို့ စက်ဆီ သွားတယ်။ ထရော်လီကို 5 dollar ပေးပီး ယူရတယ်။ သက်ဆီမှာ ပိုက်ဆံက ၁၀ တန်မို့ အဲဒီက ၀န်ထမ်းက စက်ထဲ ပိုက်ဆံ ထည့်ပေးတယ်။ ထရော်လီကို ဆွဲပေးတယ်။ trolly တစီးတည်း ပထမ ယူပီး စမ်းကြည့်ဖို့။ ရန်ကုန်ကတည်းက check through နဲ့ တင်လာတဲ့ အိတ်က ၆ လုံး နဲ့ hand carry က ၃ လုံး။ ၉ လုံးလေ။ ဆန့်တယ်။ တစီးတည်းနဲ့။ push လုပ်ပီး တွန်းရတာလည်း အရမ်း ပေါ့တယ်။ တွန်းလည်းပေါ်ကို အဲဒီ JFK air port ၀န်ထမ်းပဲ တင်ပေးတာ။ မြန်တယ်။ အားလုံး စက်တွေနဲ့ လုပ်သွားတာမို့လို့ အရမ်းမြန်တယ်။ သယ်လာတဲ့ အိတ်တွေကို custom မှာ သော့ဖွင့်ပီး အစစ်ဆေး မခံရဘူး။ ရန်ကုန်က သော့ပိတ်လာတဲ့အတိုင်းပဲ အိတ်တွေကို အမေရိကားက အိမ်ကို သယ်သွားလိုက်ရုံပါပဲ။ အိတ်တွေ ယူပီး အပြင်ထွက်တာနဲ့ မျိုးကို တွေ့တာပဲ။ သားသားက သူ့ ဒယ်ဒီကို တွေ့တာနဲ့ အသံတွေ ပြောင်းသွားပါတယ်။ မာန်တွေ တက်လာတယ်။ သက် နဲ့ အိန်ဂျယ်ကို နည်းနည်း ဗိုလ်ကျချင်လာတယ်။ အဖေ အားကိုးနဲ့။



ဒယ်ဒီကတော့ ၃နှစ်သား သူ့သားကို မွေးကတည်းက အင်တာနက် vzo နဲ့ပဲ နေ့တိုင်းတွေ့နေရပေမယ့် အခု အပြင်မှာ သားအဖတွေ ပထမဦးဆုံးအကြိမ် နဖူးတွေ့ ဒူးတွေ့ တွေ့ဆုံပေမယ့် တစ်ယောက်နဲ့ တယောက် မစိမ်းဘူး။ သားသားက ဒယ်ဒီကို အပြင်မှာ တွေ့တာနဲ့ ဒယ်ဒီ .. ဒယ်ဒီပဲ။
အိတ် ၈ လုံးကို trolly နဲ့ တင်ထားတဲ့ ပုံစံလေ။





ဒါက သားသား ကားပေါ်မှာ ဂျီကျနေတာ။

26 comments :

မိုးသက် said...

မိသားစုတွေအဲ့ဒီလောက်အကြာကြီးဝေးနေတာကိုး.........
အဲဒီလိုဆုံဆည်းမှုလေးကိုတွေ့တော့ ကြည်နှုးမိပါတယ်.။

Thet Nandar Family said...

@ မိုးသက် .... ကျေးဇူးပါ ... အိမ်လာလည်တာရော . ကွန်မန့်လေး အတွက် ကျေးဇူးပါနော် ....း)

Anonymous said...

ဖတ်လို့ကောင်းလိုက်တာ
အမ အရှည်ကြီးရေးနိုင်တယ်နော်။

မိသားစုတွေ တွေ့တာ ပျော်စရာကြီး
အမြဲဖတ်ဖြစ်ပေမယ့် ကော်မန့် မရေးဖြစ်ဘူး။
ခါတိုင်း ရုံးကနေဖတ်နေတာမို့လို့။

ဆက်ရေးနောမ အမ
အားပေးတယ်

Anonymous said...

အမ

အားပေးနေတယ်
ဆက်ရေးနော်

Thet Nandar Family said...

@ Anonymous ; တချို့ပိုစ့်တွေက စာလုံးရေ ၁၅ လုံးလောက်ပဲ ရှိလို့ ဒီပိုစ့်ကို ဖတ်ရတာ အားရ သွားတာလားဟင် .... :P

Phyo Evergreen said...

အရှည်ကြီးဖတ်ရတာ ဖတ်လို့ကောင်းတယ်အစ်မ..။ အားလုံးအဆင်ပြေလို့တော်သေးတယ်...။ ကျွန်တော်သွားတုန်းကလည်း တစ်ခုပြီးတစ်ခုလာကျွေးတာမစားနိုင်ဘူး.... နာရီ ၂၀ ကျော်လေယာဉ်စီးရတာတော့ အီစလံဝေတယ်... ညောင်းလို့..။ အမတို့ ရောက်တာ ၁ နှစ်တောင်ရှိသွားပြီကိုး...အချိန်တွေသိပ်မြန်တယ်..။

MK said...

မသက်ရေ .. မိသားစုတွေ ပြန်ဆုံတာ ပျော်စရာကြီးနော။ ဝမ်းသာပါတယ် နော် အမ။ ကလေးတွေလဲ တော်တော် ကြီးပြီနော်။ ၂ ယောက်စလုံး အချောလေးတွေး)

Thet Nandar Family said...

@ Phyo Evergreen .. အမ က သားသားရဲ့ ပထမဦးဆုံးအကြိမ် လေယာဉ်စီးတဲ့ ခရီးစဉ်မို့ရယ် ... တခု ခု တစုံတရာများဖြစ်ရင် ... အမ တယောက်တည်း မလုပ်တတ် မကိုင်တတ် ဖြစ်မှာ ကြောက်နေတာနဲ့ ... ကလေး ၂ယောက်ကို လေယာဉ် မစီးခင်ကရော .... လေယာဉ်စီးနေတဲ့ အချိန်ပါ .. အရမ်းကို ဂရုစိုက်တာ ... လေထဲမှာ မပြောနဲ့ ကုန်းပေါ်မှာတောင် ကလေးတွေ ကိုယ့် ပူချိန် ၁၀၁ ဆို ရင် အမ က ပြာ နေပီ ... ကိုယ့် ကိုကိုယ် ဘယ်လောက် စိတ်ထိန်း ... ထိန်း မရပါဘူးကွယ် ..

အဲဒါကြောင့် နောက်ပိုင်း သိနေ ... ခင်နေတဲ့ တူမ အရွယ် သူငယ်ချင်းတွေကို ကလေးမွေးပီးရင် အိမ်တွင်းပုန်း .. အိမ်ရှင်မ မလုပ်ဖို့ ... ထက်ထက်မြက်မြက် ... အိမ်ရှင်မ လုပ်ဖို့ ... စီးပွားရေးပဲ လုပ်ဖို့ တိုက်တွန်းနေတာ Gtalk မှာလေ ...

တနှစ်ဆိုတဲ့ အချိန်ကို ... အမ ... သာ ... ဒီဘလော့လေးမှာ online diary အနေနဲ့ မမှတ်ထား ... မှတ်တမ်း မတင်ထားရင် ... တနှစ် အတွင်း ဘာတွေ ဘယ်လို ကုန်သွားတာလဲးဟင် ???? လို့ ပြန်မေးရမယ့် အဖြစ် ...းD

ဟုတ်တယ်နော် ....သူတို့တွေက ... ၂ နာရီခြား တခါ လောက် ရှိမယ်နော် .. လာ လာ ကျွေးနေတာ .. ဥပမာ ... ၂ နာရီ ခြား တခါ ဆို မုန့်ဟင်းခါးဖြစ်ဖြစ်၊ အသုပ်စုံဖြစ်ဖြစ်၊ ပေါက်ဆီဖြစ်ဖြစ် ... ဘဲကင် ဖြစ်ဖြစ် .. ကြက်ဆီထမင်း . ဒန်ပေါက် ... ကြေးအိုး ... အဲလိုမျိုးလေး လာချကျွေးရင် ၂ နာရီခြား တခါ စားရလဲး ... စားမှာပဲ ... စားမှာပဲ .. ငါ့ကို လာမတားနဲ့းP

@ MK .... မိသားစု ... စုစုစည်းစည်းနဲ့ နေရတာ တနှစ်ပဲ ရှိပါသေးတယ် ... အဲဒါကြောင့်မို့လို့ မိသားစု ဘ၀ လေးကို တန်ဖိုးထားတာပါ ...ကျေးဇူးပါနော် ...

Phyo Evergreen said...

ဟုတ်တယ်အစ်မ ဒိုင်ယာရီလေးလုပ်ထားတဲ့အစ်မအိုင်ဒီယာ သဘောကျတယ်.. ကိုယ်ဘာတွေလုပ်ခဲ့တယ်ဆိုတာ ပြန်ကြည့်လို့ရတယ်..။ တစ်ချို့လွတ်သွားတဲ့ အစ်မပို့စ်အဟောင်းတွေတောင် ပြန်ဖတ်နေတာ....များလို့တဖြည်းဖြည်းလိုက်ဖတ်ရတယ်..။ စားပါ မတားပါဘူး.. :P

Thet Nandar Family said...

@ Phyo Evergreen ...

မျိုးကြီး သီချင်းလိုပဲ ..

♪♫ နားနားပီး ဖတ်ပါ .... ♪♫

စောပိုင်းက အဲလက်စ် သီချင်း ..

♪♫ စားမှာပဲ ... စားမှာပဲ .. ငါ့ကို လာမတားနဲ့းP ♪♫

The Queen said...

Happy anniversary for family reunion mama.

Thet Nandar Family said...

@ The Queen ... Thank you so much, The Queen.

Anonymous said...

သိပ်ပျော်ဖို့ကောင်းတဲ့မိသားစု....
ကလေးတွေကလည်းချစ်စရာလေးတွေ...
အမကလည်းတမျိုးပြီးတမျိုး လုပ်ကျွေး...
အမြဲတမ်းလာဖတ်ဖြစ်ပါတယ်..
ကလေးတွေ ကျောင်းအကြောင်းရေးလည်းလာဖတ်...
အမ ဟင်းချက် မုန့်လုပ်စားရင်လည်းလာသွားရည်ကျ...
မြင်ရ (ဖတ်ရ) တာစိတ်ချမ်းသာပြီး အားကျတယ်.. မမသက်ရေ...

သီရိရတနာ said...

@ Anonymous - ကျေးဇူးပါ ..

maynyeinchan said...

အစ်မ
အစ်မရဲ့စာတွေကို ဖတ်ဖြစ်တာ ကြာနေပြီပေမဲ့ တစ်ခါမှမရေးဖူးဘူး။သားတို့သမီးတို့ အကြောင်းရေးထားတာဖတ်ရတာကို အရမ်းနှစ်သက်တယ်။အစ်မ အများကြီးရေးနိုင်ပါစေ။
မေငြိမ်း

maynyeinchan said...

အစ်မ
အစ်မရဲ့စာတွေကို ဖတ်ဖြစ်တာ ကြာနေပြီပေမဲ့ တစ်ခါမှမရေးဖူးဘူး။သားတို့သမီးတို့ အကြောင်းရေးထားတာဖတ်ရတာကို အရမ်းနှစ်သက်တယ်။အစ်မ အများကြီးရေးနိုင်ပါစေ။
မေငြိမ်း

maynyeinchan said...

အစ်မ
အစ်မရဲ့စာတွေကို ဖတ်ဖြစ်တာ ကြာနေပြီပေမဲ့ တစ်ခါမှမရေးဖူးဘူး။သားတို့သမီးတို့ အကြောင်းရေးထားတာဖတ်ရတာကို အရမ်းနှစ်သက်တယ်။အစ်မ အများကြီးရေးနိုင်ပါစေ။
မေငြိမ်း

maynyeinchan said...

အစ်မ
အစ်မရဲ့စာတွေကို ဖတ်ဖြစ်တာ ကြာနေပြီပေမဲ့ တစ်ခါမှမရေးဖူးဘူး။သားတို့သမီးတို့ အကြောင်းရေးထားတာဖတ်ရတာကို အရမ်းနှစ်သက်တယ်။အစ်မ အများကြီးရေးနိုင်ပါစေ။
မေငြိမ်း

maynyeinchan said...

အစ်မ
အစ်မရဲ့စာတွေကို ဖတ်ဖြစ်တာ ကြာနေပြီပေမဲ့ တစ်ခါမှမရေးဖူးဘူး။သားတို့သမီးတို့ အကြောင်းရေးထားတာဖတ်ရတာကို အရမ်းနှစ်သက်တယ်။အစ်မ အများကြီးရေးနိုင်ပါစေ။
မေငြိမ်း

maynyeinchan said...

အစ်မ
အစ်မရဲ့စာတွေကို ဖတ်ဖြစ်တာ ကြာနေပြီပေမဲ့ တစ်ခါမှမရေးဖူးဘူး။သားတို့သမီးတို့ အကြောင်းရေးထားတာဖတ်ရတာကို အရမ်းနှစ်သက်တယ်။အစ်မ အများကြီးရေးနိုင်ပါစေ။
မေငြိမ်း

maynyeinchan said...

အစ်မ
အစ်မရဲ့စာတွေကို ဖတ်ဖြစ်တာ ကြာနေပြီပေမဲ့ တစ်ခါမှမရေးဖူးဘူး။သားတို့သမီးတို့ အကြောင်းရေးထားတာဖတ်ရတာကို အရမ်းနှစ်သက်တယ်။အစ်မ အများကြီးရေးနိုင်ပါစေ။
မေငြိမ်း

maynyeinchan said...

အစ်မ
အစ်မရဲ့စာတွေကို ဖတ်ဖြစ်တာ ကြာနေပြီပေမဲ့ တစ်ခါမှမရေးဖူးဘူး။သားတို့သမီးတို့ အကြောင်းရေးထားတာဖတ်ရတာကို အရမ်းနှစ်သက်တယ်။အစ်မ အများကြီးရေးနိုင်ပါစေ။
မေငြိမ်း
အစ်မရေ
comment မပေးတတ်လို့ အကြာကြီးလုပ်နေရတယ်။

may said...

အစ်မ
အစ်မရဲ့စာတွေကို ဖတ်ဖြစ်တာ ကြာနေပြီပေမဲ့ တစ်ခါမှမရေးဖူးဘူး။သားတို့သမီးတို့ အကြောင်းရေးထားတာဖတ်ရတာကို အရမ်းနှစ်သက်တယ်။အစ်မ အများကြီးရေးနိုင်ပါစေ။
မေငြိမ်း


Anonymous said...

အစ်မ
အစ်မရဲ့စာတွေကို ဖတ်ဖြစ်တာ ကြာနေပြီပေမဲ့ တစ်ခါမှမရေးဖူးဘူး။သားတို့သမီးတို့ အကြောင်းရေးထားတာဖတ်ရတာကို အရမ်းနှစ်သက်တယ်။အစ်မ အများကြီးရေးနိုင်ပါစေ။
မေငြိမ်း

maynyeinchan said...

အစ်မ
အစ်မရဲ့စာတွေကို ဖတ်ဖြစ်တာ ကြာနေပြီပေမဲ့ တစ်ခါမှမရေးဖူးဘူး။သားတို့သမီးတို့ အကြောင်းရေးထားတာဖတ်ရတာကို အရမ်းနှစ်သက်တယ်။အစ်မ အများကြီးရေးနိုင်ပါစေ။
မေငြိမ်း

သီရိရတနာ said...

@ May Nyein Chan - သီရိရတနာ မိသားစုအိမ်ကို လာလည်တာ ကျေးဇူးတင်ပါတယ် ...

ကွန်မန့်တွေက ရေးပြီးရင် Publish နှိပ်လိုက်တာနှင့် save ဖြစ်သွားပါတယ်။ အမရဲ့ Blog ပေါ်ကို Auto မတက်လာပါဘူး။

အမရဲ့ Blog မှာ Comment Moderation? ( On ) ထားလို့ပါ ...

တခြား ဘလော့တွေမှာ Comment Moderation? ( Off ) လုပ်ထားရင် ဘလော့ကို လာလည်သော ဧည့်သည်က ကွန်မန့်ပေးလိုက်တာနှင့် ဘလော့ပေါ်ကို ချက်ချင်းတက်ပါတယ်။

Blogspot မှာက တခါတရံမှာ ကြော်ငြာများပါသော ကွန့်မန့် နှင့် ဘလော့ပျက်အောင် လုပ်သော Spam comments များ ရှိတာမို့ ဘလော့ကို အမက Moderation လုပ်ပြီးမှ ကွန်မန့်တွေကို Approve လုပ်ပေးတာပါ။

Comment ကို လူတိုင်းပေးလို့ရအောင် Anonymous ပါ ဖွင့်ပေးထားပါတယ်။

ကွန်မန့် အမှတ်တရ ခြေရာချန်သွားတာ ကျေးဇူးတင်ပါတယ်ရှင် ~~~